Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အချစ်အကြောင်းအဆိုအမိန့်များနဲ့ ကျနော်သယ်ဆောင်မိတဲ့ စိတ်ကူးတွေ – ၁

သူရႆဝါJuly 27, 20101min2151

All love is sweet, given or returned.
ပေးတာပဲဖြစ်ဖြစ်၊ ပြန်ရလိုက်တာပဲဖြစ်ဖြစ် အချစ်တွေ အားလုံးဟာ ချိုမြိန်တယ်။
(Percy Bysshe Shelly)

ဟုတ်ပါရဲ့။
ကျနော်တို့ ပေးလိုက်ရတာပဲဖြစ်ဖြစ်၊ လက်ခံရရှိမှုမှာပဲဖြစ်ဖြစ် အချစ်ရဲ့တန်ဖိုးဟာ ဘယ်လို ကြီးမြတ်မှုမျိုုးနဲ့မှ မယှဉ်သာအောင် ချိုမြိန်နေခဲ့မှာပါပဲ။
ကိုယ်ပေးလိုက်ရတဲ့ အချစ်အတွက်…. ဒါမှမဟုတ် ပြန်ရရှိလိုက်တဲ့ ချစ်ခြင်းအတွက်တော့ ကျနော်တို့ နှလုံးသားထဲက ချိုမြိန်မှုဟာလည်း နောက်ထပ်….. နောက်ထပ် ပေးနေဦးမယ့်….. လက်ခံရယူနေဦးမယ့် ချစ်ခြင်း တရားတွေအတွက် အလုံလောက်ဆုံးနဲ့ အခိုင်မာဆုံး စိတ်ဓါတ်မြှင့်တင်မှု တစ်မျိုးဖြစ်တယ် ဆိုတာ …….. သေချာလှပါရဲ့။

Love distils desire upon the eyes, love brings bewitching grace into the heart.
အချစ်ဟာ မျက်ဝန်းတွေအပေါ် စီးကျတယ်။ ရူးရူးမူးမူး စွဲမက်စေလောက်တဲ့ ဂုဏ်သရေကို နှလုံးသားထဲ ယူဆောင် လာတယ်။
(Euripedes)

ကျနော့် မျက်လုံးထဲ ယိုဖိတ်ကျလာတဲ့ ချစ်ခြင်းနှင်းမှုန်တွေ ကြားမှာတော့ ညီမလေးရဲ့ မျက်နှာလေးကို လင်းလင်းပြတ်ပြတ် မြင်နေတတ်ခဲ့ပါတယ်။
သူမနဲ့ပတ်သက်သမျှ ….. သူမကို အကြောင်းပြုမိတဲ့ စိတ်ကူးမှန်သမျှဟာ အထိန်းအချုပ် ကင်းမဲ့စွာပဲ ရဲရင့်ရူးသွပ် နေခဲ့တာပါ။
အဲဒီ ရူးရဲမှုက ရင်ဘတ်ထဲအထိ ထွင်းဖောက် လာကြတဲ့အခါ ………
ဟုတ်ပါရဲ့……………….
ကျနော်… ရင်ခုန်နေတယ်ဆိုတာ…. အဲဒီအကြောင်းအချက်တွေရဲ့ အစဉ်တစိုက် စီးဆင်းလာမှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

Two souls with but a single thought, two hearts that beat as me.
ဝိညာဉ်နှစ်ခုပေမယ့် အတွေးကတစ်ခုတည်း၊ နှလုံးသားနှစ်ခုဟာ နှလုံးသားတစ်ခုတည်းလိုပဲ ရင်ခုန်တယ်။
(John Keats)

အပြန်အလှန်ချစ်ကြသူနှစ်ဦး အတွက်တော့ အသက်ရှူသံတွေကအစ ထပ်တူကျ နေခဲ့ကြပါသလား။
ဒါဟာ …. ပေါင်းစည်းမှုတစ်ခုရဲ့ အဝင်မုခ်ဦးပဲဖြစ်ပါလိမ့်မယ်။
အပြုအမူပေါင်းများစွာ….. အပြန်အလှန် မျက်ဝန်းချင်း သွယ်ဆက်မှုပေါင်းများစွာကို တူညီတဲ့ စိတ်နှစ်ခုက ပေါင်းစပ် ပျော်ဝင်ဖို့ ကြိုးစားခဲ့ကြ ….
ချစ်သူနှစ်ဦးပေါင်းပြီး နှလုံးသားတစ်ခုတည်းနဲ့ ရင်ခုန်နေကြပေမယ့် ဘယ်သူမှ အသက်ရှူမကျပ်ခဲ့တာကတော့ ချစ်ခြင်းရဲ့ တန်ခိုးတော်ကြောင့်လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။

What I do and what I dream include thee, as the wine must taste of its own grapes.
ဝိုင်အရက်ဟာ သူ့ရဲ့စပျစ်သီးတွေကိုပြန်ပြီး မြည်းစမ်းရမှာဖြစ်နေသလိုမျိုးပဲ၊ ကိုယ်ဘာလုပ်လုပ်…. ဘာပဲစိတ်ကူးနေ နေ မင်းအမြဲပါတယ်။
(Elizabeth Barrett Browing)

စိတ်ကူးထဲမှာတော့ “ချစ်သူ” ဆိုတဲ့ စာလုံးပေါင်းက ဘယ်တော့မှ ဟောင်းခဲ့လိမ့်မယ် မဟုတ်ပါဘူး။
ဘယ်နေရာပဲ ရောက်နေနေ “ညီမလေး” ဆိုတဲ့စိတ်ကို ခရီးဆောင်အိတ်လိုပဲ လွယ်ထားမိခဲ့ပါတယ်။
အဲဒါကပဲ သူ့စပျစ်သီးတွေရဲ့ အရသာကို ပြန်မြည်းစမ်းကြည့်ရမယ့် ဝိုင်အရက်လို အဖြစ်မျိုးနဲ့ ကြုံနေရတာပဲ ဖြစ်နေပါတယ်တဲ့။

May waters cannot quench love, neither can the floods drawn it.
များပြားလှတဲ့ရေတွေဟာ အချစ်ကိုငြိမ်းအေးအောင်မလုပ်နိုင်သလို ရေကြီးခြင်းတွေဟာလည်း အချစ်ကိုမဖုံးလွှမ်း နိုင်ဘူး။
(Song of Solmon)

အချစ်ကြောင့် ပူလောင်နေရတဲ့စိတ်ကို ဘယ်လိုအလုံးအရင်းသော ရေထုကများ ငြိမ်သက်တိတ်ဆိတ် စေနိုင်ခဲ့ပါသလဲ။ တတ်နိုင်လိမ့်မယ်မဟုတ်ပါဘူး။
ဒီလိုပါပဲ……
ဘယ်လို အင်အားကြီးမားတဲ့ ရေကြီးခြင်းကရော အချစ်ကိုဖုံးလွှမ်းနိုင်မှာလဲ။
လွင့်ပြောကျယ်ပြန့်တဲ့ ချစ်ခြင်းတရားနဲ့ အဲဒီအချစ်ကြောင့် ပူလောင်ခဲ့ရမှုတွေဟာ စိတ္တဇနာမ် မှန်သမျှထဲ မှာတော့ ဖြိုဖျက်ဖို့ ခက်လှတဲ့ အရာတစ်ခုအဖြစ် တည်ရှိနေခဲ့ပါတယ်။

No there’s nothing half so sweet in life as love’s young dream.
နုပျိုတဲ့အိပ်မက်နဲ့ဖွဲ့သော အချစ်ရဲ့ချိုမြိန်မှုတစ်ဝက်ကိုတောင် ဘယ်အရာမှမမှီဘူး။
(Thomas Moore)

အချစ်နဲ့ကြုံတွေ့ နေရချိန်မှာတော့ အရာရာဟာ အထိန်းအကန့်မဲ့စွာပဲ လွင့်မျောနေ ခဲ့ပါတယ်။
မိနစ်တိုင်း .. စက္ကန့်တိုင်း ….
နုနုပျိုပျို …… နူးနူးညံ့ညံ့နဲ့ အချစ်ရဲ့ စေရာကိုပဲ တသမတ်တည်း ဦးတည်နေခဲ့ကြပါတယ်။
ဒါကပဲ အိပ်မက်တစ်ခု ဖြစ်နေခဲ့တယ်ဆိုလာရင် ကျနော်တို့အားလုံး အဲဒီအိပ်မက်ရဲ့ ငယ်လက်စေသား ဖြစ်ဖို့ နောက်တွန့်နေကြမယ် မထင်ပါဘူး။
ဘယ်လောက်ကြီးမားတဲ့ အောင်မြင်ချိုမြိန်မှုမျိုးဖြစ်နေပါစေ……..
အချစ်ရဲ့ခမ်းနားသော အိပ်မက်ဧည့်ခန်းဆောင်ထဲမှာတော့ သူတို့ရိုရိုကျိုးကျိုးပဲ နေရစ်ကြလိမ့်မယ် ထင်ပါရဲ့။

သူရဿဝါ

One comment

Leave a Reply