မျက်ရည်………ကင်းမဲ့ဇုန်
မျက်ရည်စက်တွေကြားမှာ
ကြီးပြင်းခဲ့ရတဲ့ငါ့ဘဝ
အကြင်နာကင်းမဲ့တဲ့ လူ့လောကအလည်မှာ
ထမင်းတစ်နပ်တောင် ဝမ်းမဝခဲ့ပေ
မင်းတို့ပြောတဲ့ မေတ္တာတရားတွေအောက်မှာ
အမုန်းလက်နက်တွေကို အလှဆင်ခြင်းလား
သောကကို ပုခုံးမှာလွယ်နေတဲ့ ငါ့ဘဝကတော့
ခါးသီးတဲ့ထမင်းထုပ်ကို ဟန်လုပ်ပြီးမစားချင်တော့ဘူး
အမှိုက်ဆိုပြီး ထားခဲ့တဲ့ မိဘတွေ အခုတော့
အကြင်နာတရားကင်းမဲ့ဇုန်မှာ ရပ်တည်တက်နေပြီလား
ဘာကြောင့်များ လောကထဲကိုတွန်းပို့ရက်တာလဲဟင်
မျက်ရည်ကအဖော်လား အမုန်းကအဖော်လား
ရယ်စရာကောင်းလိုက်တာဗျာ
စာနာပေးပါ အသင်လောက ချစ်ခြင်းမရှိတော့တဲ့ ပတ်ဝန်းကျင်မှာ
နစ်မျောမယ့်အစား လေလွင့်နေတဲ့စိတ်ကဗျာလေးကို
သွေးမျက်ရည်အဖြစ် ဖန်ဆင်းမထားရင် ငါကျေနပ်ပါပြီ
ပိတောက်မိုး
4 comments
ရွှေတိုက်စိုး
May 10, 2013 at 12:49 pm
အစွန်.ပစ်ခံ မိဘမဲ့တွေရဲ.ဘဝ ကို စာကြောင်း ၁၆ကြောင်းနဲ. ပေါ်လွင်အောင်ရေးပြနိုင်တယ်..
ဂွတ်တယ်ဗျာ……..
padauk moe
May 10, 2013 at 5:07 pm
ကျေးဇူးတင်ပါတယ်ဗျာ ခံစားပေးတဲ့အတွက်
ရွှေ ကြည်
May 10, 2013 at 11:42 pm
လက်ရည်တွေတက်နေတယ် ပိတောက်မိုးရေ အရမ်းကောင်းပါတယ် ရသမြောက်လို့တစုံတခုတော့ခံစားသွားရတယ်
padauk moe
May 11, 2013 at 9:21 pm
ကျေးဇူးတင်ပါတယ် မရွှေကြည်ရေ