သူကြီးနှင့်တကွ ရွာသူား အားလုံးသို ့…အိတ်ဖွင့်ပေးစာ….
ဂဇက်ရွာ သူကြီးနှင့်တကွ
ရွာသူား စာချစ်သူများ ကို တင်ပြ / ခွင့်တောင်းစရာလေးတွေ ရှိလာပါတယ်။
အဲဒါတွေကတော့. . .
……………..
==========================================
အခုရက်ပိုင်း အတွင်း ဂဇက်ရွာ ထဲမှာအရေးတော်ပုံတစ်ခု ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေပါတယ်။
အရေးတော်ပုံဆိုတာက “ ကဗျာ့ အရေးတော်ပုံ ” ပါ။ :kwi:
ဟိုတစ်နေ့က ..ကဗျာ ပြခန်းတစ်ခု ဖွင့်လှစ့်ပြသ ဖို့ လမ်းစ ပျိုးလိုက်တဲ့နောက်မှာ
ကျွန်တော်နဲ့ အတူ ကဗျာ့အရေး တက်ကြွလှုပ်ရှားသူ ( ဂဇက်ရွာသူားတစ်စု)
အချိတ်အဆက်တွေ လုပ်ပြီး တိုင်ပင်ကြ / ဆွေးနွေးကြ / ငြင်းကြ ခုန်ကြနဲ့ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာပါ။
အခုတော့ ကဗျာ့အရေးတက်ကြွလှုပ်ရှားသူ တစ်စုရဲ့ ကဗျာ့အရေးဆန္ဒထုတ်ဖော်မှုကနေ
ရလဒ်တွေကို အတည်ပြုနိုင်ခဲ့ပါပြီ။
===========================================
အခု ……….
ကျွန်တော်တို ့ ကဗျာ့အရေးတက်ကြွလှုပ်ရှားသူ များ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်လေးတွေကို တင်ပြပါတော့မယ်။
လုပ်ခွင့်ပြုဖို့ ခွင့်တောင်းခြင်းလည်းဖြစ်ပါတယ်။
===========================================
@ ၂၀၁၃ ၊ မေလ တစ်ရက်နေ ့က စ ပြီး ဂဇက်ရွာပေါ်မှာ တင်ထားသမျှ/ တင်လာသမျှ ကဗျာတွေကို
(ကျွန်တော်တို ့ ကောက်သင်းကောက် ပြီး ) လိုက်စုပါမယ်။
———————–
@ ကျွန်တော့် Mail ထဲ ကို ပို့ထားတဲ့ ကဗျာတွေနဲ့အတူ
ဂဇက်မှာ စာမျက်နှာပေါ်ကကဗျာတွေကို သင့်တော်သလောက် အပုဒ်ရေ ကန့် ့သတ်ပြီး ပြခန်းထဲမှာ ပြပါမယ်။
ပြခန်း တစ်ခန်းပြီးတစ်ခန်း (ပိုစ့်တစ်ပုဒ်ပြီးတစ်ပုဒ်)စုစည်း ပြသ ပေးသွားပါမယ်။
————————
@ တကယ်လို ့ကျွန်တော်တို့ ရဲ့ ပြခန်းထဲမှာမဖော်ပြစေချင်ဘူးးဆိုရင်တော့…….
ကဗျာရေးသူရဲ့ …. ကိုယ့် ကဗျာပိုစ့်မှာ ဖြစ်ဖြစ် / အခု ဒီ ပိုစ့်ရဲ့ Comment ထဲမှာဖြစ်ဖြစ် ကြိုတင်မှတ်ချက်ကလေးပေးပါခင်ဗျာ။
————————
@ တစ်လမှာ ကဗျာပြခန်း နှစ်ခန်း (သို ့မဟုတ်)သုံးခန်း ကို အစီအစဉ်တကျ တွဲဆက်တင်ပြသွားပါမယ်။
————————
@ ကျွန်တော်တို ့ရဲ ့ ကဗျာ ပြခန်းထဲမှာ ကဗျာတွေအပြင် ကဗျာနဲ ့ပက်သက်ပြီး သိမှတ်ဖွယ်ရာ အဖြာဖြာ /
ဖတ်ချင့်စရာ…အချက်အလက်ကလေးတွေကိုပါ ရှာဖွေ ဖန်တီးပြီးးး ထည့်သွင်းပြသ ထားပါမယ်။
————————
@ alinsett.art@gmail.com ထဲကို ကဗျာတွေ ပို ့ကြသူများး ..အနေနဲ့..
ဆက်လည်း ပို ့နေမယ် / ပို ့လာတဲ့ ကဗျာ ဟာလည်း မတင်ဖူးသေးတဲ့ ကဗျာသစ်လေး ဖြစ်နေမယ် …
ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ လက်ခံပြီးး လေးစားစွာ ကျေးဇူးတင်ပါတယ်။
————————-
@ ကျွန်တော်တို ့ရဲ့ ကဗျာ ပြခန်းမှာ …..
ဂဇက်ရွာမှာ တင်ထားပြီးသား ကဗျာအဟောင်းတွေချည်းပဲ စုစည်းပြသ ထားမှာမဟုတ်ပါဘူး။
ဂဇက်စာမျက်နှာပေါ်မှာ မတင်ပြရသေးတဲ့ကဗျာအသစ်တွေကိုလည်းး ပြခန်း လတ်ဆတ်အောင် ထည့်သွင်းပြသ နေမှာဖြစ်ပါတယ်။
————————-
@ ကဗျာ အသစ်စက်စက်ကလေးတွေကိုတော့ ကျွန်တော်တို ့ အတင်းရော အဓမ္မရော လုယူလို ့ရနေတဲ့
ရွာသူားတချို ့ဆီက
မပေး ….
ပေးပေးးး ….
ပေး ….
ကဗျာ အသစ်သာပေးးးး ….
ဆိုပြီးးး လုယူထားပါတယ်။
:kwi: :kwi:
————————-
@ ကဗျာပြခန်းထဲမှာ ကဗျာအဟောင်းတွေနဲ့ချည်းးး ဟောင်းနွမ်းမသွားပဲ…
(လတ်ဆတ်သစ်လွင်အောင်) ကဗျာ အသစ်ကလေးများလည်းးး မ စ ကြပါဦးးးးလို ့ ။
————————–
@ ကဗျာ ပြခန်း အတွက် သီးသန် ့ပို ့လာတဲ့ ကဗျာသစ်များကို
တမူ ထူးခြားမယ့် တင်ပြမှုတွေ ဖန်တီးပြီး ပြသပေးဖို ့ရည်ရွယ်ထားပါတယ်။
————————-
ဒီလို …ဒီလို … အချက်တွေ တင်ပြပြီးပြီဆိုဒေါ့ဂါ……
ရွာ့သူကြီးဆီက ခွင့်တောင်းစရာ ရှိတာ လေးတွေပြောပါဦးမယ်။
@ မန္တလေးဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း အမည်နဲ့ ကဗျာစုစည်းမှုပိုစ့်တွေ တင်ရာမှာ
ကျွန်တော်တို ့ဖန်တီးထားတဲ့ပုံရိပ်ကလေးတစ်ခုကို ပြခန်းတိုင်းမှာ ထည့် သုံးချင်ပါတယ်။
အဲဒီပုံရိပ်ထဲမှာ Mandalaygazette ရတနာပုံနေပြည်တော်သတင်းစာရဲ့ အမှတ်တံဆိပ် လိုဂိုလေး ထည့်သုံးခွင့် ပြုှပါရန်. …။
———————–
@ နောက်တစ်ချက်ကတော့ …….
ကဗျာပြခန်းထဲမှာ ဂဇက်မန်ဘာများရဲ ကဗျာများအပြင် ……..
မန်ဘာမဟုတ်သူများရဲ့ သင့်တော်ရာ ကဗျာများကို (ရေးသူအမည် ဖော်ပြပြီးးး) တင်ပြခွင့် ပြုပါရန် ။
———————–
@ မန်ဘာ မဟုတ်သူများရဲ့ ကဗျာ ထည့်သွင်းပြသရေး သဘောတူ / မတူကိုတော့ ရွာသူားများပါ ဝိုင်းဝန်း ဆွေးနွေးပေးကြပါခင်ဗျ။
———————–
ကိုင်းးးး အပေါ်မှာပြောခဲ့တာတွေက ကဗျာ့အရေးးးတက်ကြွ လှုပ်ရှားသူ တစ်စု ရှေ ့ဆက်မယ့် အစီအစဉ်တွေပါ။
———————–
အခု ဆက်လက်ပြီးးးးး …..
ရင်ခုန်စရာ မေးခွန်းလေးတွေ မေးခဲ့ပါဦးမယ်။
သို ့လော သို ့လော တွေးတောကာဖြင့် ရင်ခုန်စွာအဖြေညှိကြည့်ကြပါဦးးး
———————-
## ကျွန်တော်တို ့ ကဗျာ့အရေးတက်ကြွလှုပ်ရှားသူတစ်စုဟာ
ကွန်တော်ရယ်
သိကြားမင်းတစ်ပါးရယ်ကလွဲရင် နောက်ထပ်
ဘယ်သူတွေ ပါနေသေးတယ်ဆိုတာ…..
အမည်တွေထုတ်ဖော်မပြောသေးပါဘူးးး။
ကဗျာ့အရေးတက်ကြွ လှုပ်ရှားသူတစ်စုဟာ ဘယ်သူတွေများးဖြစ်နေမလဲ ?????
—————————————–
## ဒီ ရက်ပိုင်းအတွင်းမှာပဲ…..
ပထမဆုံးပြခန်း ကို ဖွင့်လှစ်ပါတော့မယ် ။
ပထမဆုံး ကဗျာပြခန်းကြီးကို… ဘယ်သူက… စ..ဖွင့်ပြ လာမလဲ….?????????
——————————————
##
ဘယ်လို စိတ်ကူးဆန်းလေးတွေနဲ ့…
ဘယ်လိုတွေများ.. ရင်ခုန် ကြည်နူးစရာ ဖြစ်အောင်.. ဖန်င်္တီးပြီးးးးး ပထမပြခန်းကို ဖွင့်ပြလာမလဲ…???????
——————————————
အဟွတ်..အဟွတ်..ဟွတ် ဟွတ်.. မောလိုက်ထှာာ..ဗျာ ။
————
ကဲ..ကဲ…
ရုပ်ရှင်တွေ ဗီဒီယိုတွေ ကြော်ငြာတဲ့စကားနဲ့ပြောရရင်တော့….
မကြာမီ…..
လာမည်…..
မျှော်………..
:kwi: :kwi: :kwi:
——————————————
လေးစားစွာဖြင့်…
အလင်းဆက်
19 .5 .2013
alinsett.art@gmail.com
ု
48 comments
အလင်း ဆက်
May 21, 2013 at 8:55 pm
မွေ့ကေသာ ရေ
နာမည်လေးက လှလိုက်တာ..လို ့ အရင်ပြောပါရစေ ။
ပြခန်းအတွက်.. ကဗျာသစ်လေးများ..မစ မယ်ဆိုလို ့..
ဝမ်းသာမိပါရဲ ့။
မျှော်လင့်လျက်….
🙂
အလင်း ဆက်
May 21, 2013 at 8:58 pm
Phoe Thitsar ရေ.။
အားပေးစကားလေးအတွက်..ကျေးဇူးပါဗျ ။
ပြခန်းလေးလည်း.မကြာမီ ရက်ပိုင်းအတွင်းးး လာပါတော့မယ် ။
လာလည်ပါအုံးနော ့။
အလင်း ဆက်
May 21, 2013 at 9:03 pm
အရီးရေ…
ရွာထဲက.. ကဗျာသွေး ရဲရဲတောက်သူတွေ ရှိနေတာ လေး.တွေ ့နေလို ့..
ကဗျာပြခန်းလေး စဉ်းစားမိသွားတာ ပါ ။
တကယ်တော့.. ပြခန်းလေးဖွင့်ပြလို်က်ရင်ကောင်းမယ်..လို ့..တွေးရုံပဲ..တွေးခဲ့ပြီင်္းး
နောက်ပိုင်း..ကောင်းသထက်ကောင်းအောင် ဆက်လုပ်ကြတာကတော့..
တဂျားမင်းတို ့… ကဗျာချစ်သူ လုူငယ်တစ်စု ပါ ။
အင်မတန် ကျေးဇူးတင်ထို်က်သော.ချစ်စရာကောင်းသော. ကဗျာချစ်သူများပါ ။
သူတို ့…အားထုတ်မှု လေးတွေကို..
စောင့်မျှော် အားပေးပါအုံး..အရီးရေ.. ။
🙂
ခင်မင်လေးစားစွာ…
kai
May 22, 2013 at 4:19 pm
ကဗျာတွေဖတ်ကြည့်မလားဆိုပြီး.. Poetry Category မှာသွားဖတ်တာ…
တချို့ကဗျာတွေများ.. ကျန်နေသလားလို့…
ကဗျာတင်တဲ့သူတွေဟာ.. မှန်ကန်တဲ့ Category မရွေးရင်.. နောင်တချိန်မှာ ကဗျာချည်းဖတ်ချင်သူတွေ..ရှာရ.. ဖတ်ရခက်နိုင်ပါတယ်..
အဲဒါ… ကိုရင်လေးအလက်ဆင်း..
ဘာလုပ်ပေးနိုင်သလည်း…
အလင်း ဆက်
May 22, 2013 at 5:57 pm
သကြီးရေ
ကျွန်တော် တို ့ ကဗျာ ပြခန်း အတွက် ကဗျာ တွေ ကို
လိုက်စု တဲ့အခါ မှာ လည်းးး အဲဒီ category က နည်းနည်းး ခေါင်းစားစေခဲ့ပါ တယ်။
တချို့က poetry ကို ရွေးပေမယ့်
တချို့က creative writing ကို ရွေးထားတယ်။
တချို့က my dear diary တဲ့
တချို့က တော့ မလုပ်တတ်လို ့ပဲလားး မလုပ်ချင် လို ့ပဲလားးမသိ
copy/paste ဖြစ်နေတယ်။
ကျွန်တော်တို ့က ဂဇက်မှာ တစ်နေ ့တာ တက်လာသမျှ ပိုစ့်တိုင်းကို
ဖွင့်ဖတ် ပြီး ့ကဗျာလို ့ယူဆမိတာ လေးတွေကို ပြန်ရွေး ထုတ်ခဲ့ရပါတယ်။
အဲဒါလေးနဲ့ ပက်သက်ပြီးးးးးး
တစ်ခုခုတော့ ပြောချင် ပါသေးရဲ ့
:kwi:
kai
May 23, 2013 at 12:59 am
တာဝန်ယူပြီးလိုက်ပြောင်းလေ…
ရာထူး(အစမ်းခန့်)တိုးပေးလိုက်မယ်…။
ကဗျာနဲ့ပါတ်သက်တဲ့အပိုင်းရဲ့.. မော့ဒ်ပေါ့..။
အလင်း ဆက်
May 23, 2013 at 11:10 am
အဟွတ်…အဟွတ်.. ။
သကြီးမင်းရေ… ။
ဘယ်လိုပြောရမလဲ…ဆိုတော့…
ဟိုလိုပေါ့နော်…
ဒီလိုပေါ့…နော် ။
ပြန်လာခဲ့မယ်..ပေါ့နော် ။
အခုတော့..ကဗျာပြခန်းထဲ ခဏ ပြေးလို်က်ဦးမယ်..ပေါ့နော် ။
:kwi:
အလင်း ဆက်
May 25, 2013 at 8:46 pm
သူကြီးရေ…
ရာထူး ( အစမ်းခန် ့) တိုးပေးလို ့..
တာဝန် ( အစမ်း ) ယူထားပြီဖြစ်ပါကြောင်းး
:kwi: