အဟံ ပထမံ
`အဟံပထမံ´တဲ့။
ဒီစကားလုံးလေး ဖတ်ဖူးမှတ်ဖူးတာကတော့ ဆရာကြီးငွေဥဒေါင်းရဲ့ ဗုဒ္ဓစာပန်းချီစတုတ္ထတွဲ ထဲမှာပါ။
နောက်ခံ ဇာတ်ကြောင်းလေး နည်းနည်းရှင်းပြပါရစေ။
မြတ်စွာဘုရားလက်ထက်က ဝေသာလီပြည် မှာ လိစ္ဆဝီမင်း တွေက တိုင်းပြည်ကို ဂဏစံနစ် နဲ့ အုပ်ချုပ်ပါတယ်။
ဂဏစနစ်ဆိုတာ အခုခေတ် ဒီမိုကရေစီလို့ ခေါ်နေတဲ့ စနစ်ရဲ့ အစပါပဲ။
သက်ဦးဆံပိုင်ဘုရင် တစ်ပါးတည်းက တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်တာမဟုတ်ပဲ ဂဏလို့ ခေါ်တဲ့ အဖွဲ့အစည်းကအုပ်ချုပ်တာပါ။
အလှည့်ကျသူက အကြီးအကဲ ဂဏသဘာပတိလုပ်ရပါတယ်။
တိုင်းပြည်ရဲ့ အရေးကိစ္စပေါ်လာတိုင်း ဂဏသဘာ (ဦးဆောင်အဖွဲ့အစည်းအဝေး) လုပ်ပြီး ဆုံးဖြတ်ပါတယ်တဲ့။
အစည်းအဝေးလို့ ခေါ်တိုင်းလည်း လူစုံတက်စုံ အချိန်မီ အချိန်မှန် ရောက်ရပါတယ်။
(ဒီအချက်ကလည်း အဖွဲ့အစည်းတွေ ကြီးပွားတိုးတက်ကြောင်းမှာ ပါပါတယ်။
အစည်းအဝေးကို လူစုံမရောက်တာ၊အချိန်မီ အချိန်မှန်မရောက်တာ အဖွဲ့အစည်း ဆုတ်ယုတ်ကြောင်းမှာ တစ်ချက် ဖြစ်ပါတယ်၊
ဒီအကြောင်း ဝေသာလီပြည်ပျက်ခန်းမှာ ပါပါတယ်)
ဝတ္ထုအစကို တစ်နေ့မှာ အရေးပေါ် အစည်းအဝေးခေါ်တာကို အချိန်မီ မရောက်လာတဲ့ ရောဇနဲ့ ပုက္ကုသ ကို ဂဏသဘာက အပြစ်တင်ခန်းနဲ့ စထားပါတယ်။
ရောဇတို့က ဆင်ခြေတွေ တစ်ယောက်တစ်မျိုးပေးတာပေါ့။
ဒါပေမယ့် ဘယ်ဆင်ခြေကိုမှ လက်မခံပဲ သူတို့ နှစ်ယောက်ကို သီဟသေနာပတိ (စစ်တပ်အကြီးအကဲသီဟ)က အပြစ်တင်ပါတယ်။
လိစ္ဆဝီမင်းတွေရဲ့ အရေးကြီးဆုံးစည်းကမ်းက `အဟံ ပထမံ´ ပါ။
တိုင်းပြည်ရဲ့ အရေးကြီးကိစ္စတွေ ရှိရင် အဲဒီကိစ္စကိုဆောင်ရွက်ဖို့ `အဟံ=ငါသည်၊ပထမံ=ပထမလူဖြစ်ပါသည်´ဆိုပြီး သူ့ထက်ငါ ရှေ့ဆုံးက ထွက်ရပါတယ်။
ဒီဝေသာလီပြည်သားတွေဟာ သိပ်လည်း ရဲရင့်ကြပါတယ်။
အခု အစည်းအဝေးက ရာဇဂြိင်္ုလ်ပြည် အဇာတသတ်မင်းက ဝေသာလီပြည်ကို ကျူးကျော်စော်ကား ရန်စလာတဲ့အတွက်
ခုခံတွန်းလှန်ဖို့ ခေါ်ယူတိုင်ပင်တဲ့ အစည်းအဝေးဖြစ်ပါတယ်လို့ သေနာပတိက ရှင်းပြပါတယ်။
သေနာပတိရဲ့ စကားအဆုံးမှာတော့ တပ်မှူးတွေဟာ `အဟံပထမံ´-ကျနော့်ကို အရင် တိုက်ခွင့်ပေးပါ လို့ ရန်သူ့တပ်ကို တိုက်ခိုက်ဖို့ အခွင့်အရေးကို သူ့ထက်ငါ
တောင်းကြပါတော့တယ်။
ရှေ့တန်းထွက်ရတာ ရန်သူနဲ့တွေ့ရင် အသက်ပေးရဖို့ ကိုယ်အင်္ဂါတွေစွန့်ရဖို့ ရာခိုင်နှုန်း ၅ဝ မက ရှိပါတယ်။
ဒီလို အနစ်နာခံရဖို့ စွန့်စားရဖို့ ့အရေးကို တောင်းယူတယ်ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ် ဘယ်လောက်ရဲရင့်မလဲ ဘယ်လောက် မြင့်မြတ်မလဲ ဆိုတာ တွေးကြည့်ကြစေချင်ပါတယ်။
အဲဒီထဲကမှ သက်လုံကောင်းတဲ့၊ ခံနိုင်ရည်ရှိတဲ့၊ စိတ်တည်ငြိမ်တဲ့ တပ်မှူးတပ်သားတွေပါတဲ့ တပ်ကို
သေနာပတိက ရွေးချယ်တာဝန်ပေးတဲ့အတွက် တာဝန်အပေးခံရတဲ့ တပ်ဟာ ဝမ်းမြောက်ဝမ်းသာ ရှေ့တန်းကို ဂုဏ်ယူဝံ့ကြွားလျက် ထွက်ခွာကြပါတယ်။
ပြောပြချင်တဲ့ အချက်ကတော့ အဲဒီ `အဟံ ပထမံ´ ပါပဲ။
အဖွဲံအစည်းတစ်ခု၊
ရပ်ကွက်တစ်ရပ်ကွက်၊
ကျေးရွာတစ်ရွာ၊
မြို့တစ်မြို့၊
နိုင်ငံတစ်နို်င်ငံမှာ အရေးကြီးဆုံးက အဲဒီ `အဟံပထမံ ´စိတ်ဓာတ်မွေးကြဖို့ပါပဲ။
ဘယ်နေရာမှာ ဒီစိတ်ကိုထားရမှာလဲဆိုတော့
ခေါင်းဆောင်ရဲတဲ့၊
ကိုယ်ကျိုး စွန့်လွှတ်ရဲတဲ့၊
အနစ်နာခံရဲတဲ့၊
တာဝန်ယူရဲတဲ့ နေရာမှာပါ။
အခြားသူများထက် ပိုစားရမယ့် ပိုဝတ်ရမယ့် ပိုစည်းစိမ်ခံရမယ့် နေရာမှာ `အဟံ ပထမံ´ ရမှာ မဟုတ်ပါဘူး။
အခုခေတ်မှာ ဖျက်တဲ့သူတွေက ဖျက်ခဲ့လို့ ပျက်တဲ့သူတွေကလည်း ပျက်ခဲ့ပြီး ဒီလို တာဝန်ယူပါရစေ ပြောလာတဲ့သူတွေ မရှိသလောက်နည်းလာပါပြီ၊
ဒီလိုပြောတဲ့သူကိုလည်း ကပ်ဖါး၊ပနာယူတယ်။ငကြောင်ပါ၊မင်္ဂလာယူတဲ့ကောင် လို့ ကဲ့ရဲ့တတ်တဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။
ဒီလို အတွေးအခေါ်တွေကနေ ရုန်းထွက်ပြီး ခေါင်းဆောင်ရဲ၊တာဝန်ယူရဲ၊ကိုယ်ကျိုးစွန့်ရဲ၊အနစ်နာခံရဲတဲ့သူတွေကို အားပေးဖို့ အားကျဖို့ တစ်ခေတ် ဆန်းဖို့ လိုလာပါပြီ။
ခေါင်းဆောင်ရတယ်၊တာဝန်ယူရတယ်၊ဆိုတာမှာလည်း အတိုင်းအတာရှိပါတယ်။
တာဝန်ယူ ကာလတာရှည်လာရင် တာဝန်တွေကနေ လုပ်ပိုင်ခွင့်တွေဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ဝ အထက်က လိစ္ဆဝီတွေရဲ့ အမြော်အမြင်ရှိရှိနဲ့ အလှည့်ကျ သဘာပတိ ခန့်တဲ့ စနစ်လေးကို အတုယူရင် ဒီကိစ္စကို တားပြီးဖြစ်သွားပါတယ်။
(အမေရိကန်သမ္မတရွေးတာကြည့်ပါ၊ဘယ်လောက်တော်ပြီး ဘယ်လို ပြည်သူကြိုက်တဲ့ သမ္မတ ဖြစ်လည်း ၄နှစ်သက်တမ်း ၂ကြိမ်ထက် ပိုပြီး တာဝန်ယူခွင့် အုပ်ချုပ်ခွင့် မရပါဘူး)
ကိုယ်တာဝန်ယူတဲ့ အချိန်မှာ အကောင်းဆုံးပေးဆပ်မယ် ဆိုတဲ့ စိတ်တွေလည်း မွေးကြဖို့လိုပါတယ်။
ကဲ ကျမတို့ ဂဇက်ရွာသူားတွေဆီကနေ ` အဟံ ပထမံ´ အသံလေး ကြားချင်မိပါတယ်။
ကျမတို့ နိုင်ငံသားတွေဆီကလည်း အဟံ ပထမံ အသံတွေ ညံလာမယ့်နေ့ တစ်နေ့ကို မျှော်လင့်နေမိပါတယ်။
49 comments
ဦးဦးပါလေရာ
May 20, 2013 at 1:00 am
ဖျတ်… ဖျတ်… ဖျတ်…
ကျွီ ……………………..
ဂျောက် …!
ရှပ် …. ရှပ် …. ရှပ် ….
padonmar
May 20, 2013 at 1:10 am
ဦးပါ
ဒါဘာလဲ
လာချောင်းကြည့်ပြီး တံခါးပိတ် ထွက်ပြေးသွားတယ်ပေါ့။
ခရီးသည်ကြီး
May 20, 2013 at 1:25 am
အဟံ ..ဒုတိယံ
ဖိနပ်ကောက်
အနောက်လှည် ့
ရှေ ့သို ့တအား
ပြေးပြီဗျို ့………
အောင်မလေးဗျာ …. ဘုရင့်နောင် ရဲ့သူရဲကောင်းရွေးပွဲနဲ့လာတိုးနေတယ်
ဟုတ်ကဲ့ဗျ
စောင့်ပြီးဖတ်နေပါဦးမယ်
padonmar
May 21, 2013 at 4:27 am
ခရီးသည်ကြီး ဖိနပ်ခါးကြားထိုးပြီး ပြေးပြီပေါ့။ရထားပေါ်အတက် ဖိနပ်ပြုတ်ကျန်အုံးမယ်သတိထားပါ။
ဒုတိယနေရာ ယူလည်း သိပ်မဆိုးသေးပါဘူး။
Ko chogyi
May 20, 2013 at 7:45 am
ဂေဇက်မှာ ကျွန်တော်က အဟံပထမံလုပ်ပါတယ်။
စာပေချစ်သူဆုလည်းကျွန်တော်ကို ပထမပေးပါ။
သဂျီးဆီက လက်ဆောင်ပို့လိုက်ရင်လဲ ကျွန်တော်ကို ပထမဦးဆုံးပေးပါ။
ဆင်းကဒ်မဲဖောက်မယ်ဆိုလဲ ကျွန်တော်ကိုပထမဆုံးပေးပါ။
……………………. ပထမ။
……………………. ပထမ။
……………………. ပထမ။
အစ်မရေ အဲဒါဆိုရပြီလား။
ကထူးဆန်း
May 20, 2013 at 9:09 am
padonmar
May 21, 2013 at 4:30 am
ကိုချိုကြီး
………. တွေကို ဖော်ပြောမှ စဉ်းစားပေးလို့ ရမယ်လေ။
ဒါဇင်ပလပ်စ် ဆူရှီရောင်းတုံးကတော့ ကိုချိုကြီး ပထမပဲ၊
ဆိုင်တောင်မဖွင့်ခင် ပြည်သူ့ရင်ပြင်ထဲရောက်တယ်မလား။
Ko chogyi
May 24, 2013 at 7:18 pm
အစ်မရေ ဘာမန့်ရမှန်းမသိလို့
နောက်လိုက်တာပါ။
kyeemite
May 20, 2013 at 9:14 am
အဟံ မထမံ ဆောင်းပါးလေးကိုကြိုက်ပါ၏။
ကြိုးစားပါ့မယ် ဒေါ်ပဒုမ္မာရေ…
ဦးကြောင်ကြီး
May 20, 2013 at 9:25 am
အဟံပထမံ
အဟိန်ပထမိန်
အဟုံပထမုံ
အဟောင်ပထမောင်
အဟာပထမာ
အဟီးပထမီး
အဟုပထမု
အဟွမ်ပထမွန်
အဟင်ပထမင်
အဟူပထမူ
အဟဲ့ပထမဲ့
အဟေပထမေ
အဟစ်ပထမစ်
အဟပထမ
အဟိုးပထမိုး
အဟင့်ပထမင့်
အဟိုက်ပထမိုက်
အဟင်းပထမင်း
အဟွတ်ပထမွတ်
အဟယ်ပထမယ်
အဟိတ်ပထမိတ်
အဟွပထမွ
အဟိန်းပထမိန်း
အဟိုင်းပထမိုင်း
အဟတ်ပထမတ်
အဟေ့ပထမေ့
အဟိုင်ပထမိုင်..
padonmar
May 21, 2013 at 4:36 am
ကထူးဆန်းနဲ့ ဦးမိုက်
အားပေးထောက်ခံတာ ကျေးဇူးပါ။
ကျမတို့ တိုင်းပြည်မှာ duty တာဝန်လို့ ပြောလိုက်ရင်ကို ကြောက်နေကြတာ ကျမလည်းရှေ့ဆုံးက ပါပါတယ်။
ကိုယ့်ရဲ့ရှေ့မှာ အများတွက် အနစ်နာခံ အပင်ပန်းအဆင်းရဲခံ ကိုယ်ကျိုးစွန့်နေကြတဲ့သူတွေ တွေ့လာရတော့
ကိုယ့်ကိုကိုယ်လည်း သတိပေးတဲ့အနေနဲ့ရော သူများကိုလည်း တိုက်တွန်းတဲ့အနေနဲ့ပါ ရေးမိတာပါ။
ကိုယ်ရေးတဲ့စာ ကိုယ်တိုင်လိုက်နာဖို့ ကြိုးစားမောင်းတင်နေရပါတယ်။
padonmar
May 21, 2013 at 4:39 am
ဦးကြောင်
ရေးပေးတဲ့ ပီယဆေးဖော်တဲ့ ဂါထာ(ဆော်ကြည်ထီပေါက်)ဖြစ်ပါတယ်။
ရွာ့ကာလသားတွေ ကူးပြီးကျက်ကြပါကုန်လော့။
ဆူး
May 20, 2013 at 10:04 am
ဆိုလိုရင်း အလွန်ကောင်းပြီး အနက် ကျယ်ပြန့်တဲ့ ပိုစ် ဖြစ်တဲ့ အတွက် ဘာကို ဦးတည်ပြောပြော မလွတ်ဘူး ထင်လို့..
ဧဝံမေ သုတံ
အဟံ.. ပထ………(အဟွတ်.. အဟွတ်)…
လည်ချောင်းယားလိုက်တာ.. သရက်သီး စားတာ အဆီး နည်းနည်း ပါသွားတယ် ထင်တယ်..
လျှက်ဆားလေး သွားစားလိုက်အုန်းမှ..
ချောင်းဆိုး ပျောက်မှ ပြန်လာခဲ့မယ်နော်။
padonmar
May 21, 2013 at 4:44 am
ဆူးရေ
သရက်သီး အစေးပါရင် မစားနဲ့လေ။
ဒီဖက်ကို ပို့လိုက်။
ဘာဦးတည်ပြောပြော မလွတ်အောင် ဝါးလုံးရှည်ရှည်လေးနဲ့ သိမ်းရိုက်ထားတာတောင်မှ
ချောင်းဆိုးတယ်ဆိုပြီး ငုံ့ရှောင်သွားတယ်ပေါ့။
TNA
May 20, 2013 at 10:44 am
ဖျက်စီးခဲ့တဲ့ `အဟံ ပထမံ´ ကိုပဲ ပိုတမ်းတနေတဲ့သူတွေတွေ့ရလို့ ပိုပိုစိတ်ပျက်မိပါတယ် အန်တီကြာရေ။ မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပြီဆို ဝမ်းသာနေတာလေးဘယ်ရောက် သွားမှန်းတောင်မသိပဲ စိတ်ဓါတ်တွေမြေပေါ်ထိုးကျသွားတော့တာပါပဲ။ တန်ဖိုးရှိတဲ့ဆောင်းပါးလေးမို့ ဂျာနယ်စာဆောင်တွေမှာပါလာရင်ကောင်းမယ်လို့မျှော်လင့်မိပါတယ်။
padonmar
May 21, 2013 at 4:48 am
သည်းနုအေး ကို ရွာမှာ ပြန်တွေ့ရတာလည်း ဝမ်းသာပါတယ်။
အရင် ခေတ်ကိုတော့ အမှောင်ဖုံးတဲ့ ခေတ်လို့ပဲနာမည်တပ်ချင်ပါတယ်။
အလင်းရောင် လုံးလုံးမလာသေးပေမယ့် အရုဏ်ဦး အလင်းရောင်သန်းလာတာကို ဝမ်းသာရမှာပါပဲ။
ဝေလီဝေလင်း မမြင်မစမ်းဖြစ်နေရတာကိုတော့ အသိဉာဏ် လက်နှိပ်ဓာတ်မီးကူကြရမှာပေါ့။
Ma Ma
May 20, 2013 at 2:22 pm
လိုက်နာကျင့်ကြံဖို့ ကောင်းတဲ့ အသိစိတ်ဓာတ်လေးပါပဲ။
ဒီနေ့ခေတ်
ဒီလိုအချိန်အခါမှာ
ဒီလိုမျိုး အဟံ ပထမံ ဆိုတဲ့ အသိရှိကြဖို့ အသိပေးတာတွေ အမှန်တကယ်လိုအပ်ပြီး အမှန်တကယ်လဲ အကျိုးများလှပါတယ် အမကြီးပဒုမ္မာ။
(အမကြီးခေါ်တာ ဝမ်းသာတယ်ဆိုလို့ :harr: )
padonmar
May 21, 2013 at 4:50 am
ညီမလေး မမ
အဲလိုခေါ်ရတာတော့ သိပ်မကောင်းသေးဘူး။
အဲတော့
အမွှာညီအမချင်း အားပေးနေမယ်ဆိုတာ သိပြီးသား။
အရီးခင်လတ်
May 20, 2013 at 2:30 pm
ချစ်သောအမကြီး.. အသံလေးကို မတွေ့ရကြာပေါ့။
ဒီအသံလေးပြန်တွေ့ရ အားရှိပါဘိ။
အဝေဖန်ခံရဲတဲ့ …
အပြောခံရဲတဲ့ …
အကဲ့ရဲ့ခံရဲတဲ့ …
အမုန်းခံရဲတဲ့ …
ဒါတွေရော …. 😛
padonmar
May 21, 2013 at 4:55 am
ချစ်သော မလတ်ရေ
အဝေဖန်ခံရတာ အပြောခံရတာ အကဲ့ရဲ့ခံရတာ အမုန်းခံရတာ တွေလည်း ပါရမှာပေါ့နော်။
ဒါပေမယ့်
ကိုယ်ကျိုးစွန်ု့နိုင်ပြီဆိုရင်
ဘေးက တိုက်လာတဲ့ လေတွေက်ု မှုတော့မှာ မဟုတ်ပါဘူး။
မြတ်စွာဘုရားတောင် ဝေဖန်ကဲ့ရဲ့ အမုန်းခံရတာက မလွတ်တာ။
ဦးဦးပါလေရာ
May 20, 2013 at 2:53 pm
အပေါ်ဆုံးက ကွန်မင့်ကတော့ ရှုးရှုးရှားရှားဖြစ်ပြီး ထွက်လာအောင် ဆွပေးကြည့်တာပါ…။
အခုတော့ အတည်မန့်ပါမယ်……
ခေါင်းဆောင်ဆိုတာ သူများတင်လို့ခေါင်းဆောင်ဖြစ်တာမဟုတ်ဘူး ။
သူများတင်တိုင်းခေါင်းဆောင်ဖြစ်တာက ခေါင်းဆောင်မဟုတ်ဘူး။
ခေါင်းတွဲ…။
ခေါင်းဆောင်ဆိုတာ သူ့ဟာသူခေါင်းဆောင်ဖြစ်နေပြီး အဲဒါကို သူများက အသိအမှတ်ပြုတာ….။
လူတိုင်းဟာ ခေါင်းဆောင်အရည်အသွေးရှိထိုက်တယ်…
အနဲဆုံး သူ့ကိုယ်ပိုင်ဘဝကို သူဦးဆောင်ရတာဖြစ်တယ်။
padonmar
May 21, 2013 at 5:04 am
ကျမတို့ရဲ့ ငှက်ကထကြီး ဦးပါမှာ အဲဒီခေါင်းဆောင်ကောင်းအရည်အသွေးတွေ ရှိတယ်ဆိုတာ ထောက်ခံပေးစရာမလိုပဲ သိကြပါတယ်။
အတည်ပြန်ဆွေးနွေးပါမယ်။
ဘယ်သူမှ မွေးကတည်းက ခေါင်းဆောင်ဖြစ်မလာပါဘူး။
နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်တယ်ဆိုတဲ့ စကားပုံတောင်ရှိပါတယ်။
ကိုယ့်ကိုကိုယ် အရည်အချင်းရှိအောင်ဖြည့်ဆည်းရင်း
အများရဲ့ လိုအပ်ချက်တွေကို လိုရာဖြည့်မယ်ဆိုတဲ့ စိတ်ဓာတ်ကလေးမွေးယူကြရင်(တာဝန်ယူရဲလာကြရင်၊တာဝန်ကို မရှောင်လာကြရင်)
ကိုယ်ရောက်နေတဲ့ အဖွဲ့အစည်း၊ကိုယ်လုပ်နေတဲ့ အလုပ်မှာ ကိုယ့်အတွက် အလိုလို နေရာတစ်ခုဖြစ်လာမှာပါ။
(ဂဇက်ရွာကိစ္စ တစ်ခုတည်းအတွက် ရည်ရွယ်ပြောတာမဟုတ်ပါဘူး၊
မွေ့ကေသာရဲ့ ပို့စ်လေးဖတ်မိတော့လည်း ဒီလိုပဲ တိုက်တွန်းချင်စိတ်ဖြစ်မိပါတယ်။)
အလင်း ဆက်
May 20, 2013 at 3:11 pm
အဟီးးးးးး
ဟိုလေ ဟို
:kwi:
padonmar
May 21, 2013 at 5:06 am
အလက်ဆင်းရေ
လျှာမထုတ်ပြပါနဲ့။
ဖတ်ရွေးအတွက် ကူပေးပါဆိုတုံးက တတ်နိုင်သ၍ ကူပေးခဲ့တာ မမေ့ပါဘူး။
Mr. MarGa
May 20, 2013 at 6:32 pm
အဟံ ပထမံ ဆိုတော့
သိကြားလဲ ဘယ်နား ပထမ လုပ်ရမလဲ တွေးနေတယ်
ကြည့်လိုက်စမ်း…..ကြည့်လိုက်စမ်း………..
အဲ တွေ့ပြီ
ဒေါ်လေးရေ
သိကြား ကဗျာပြခန်းအတွက် အဟံ ပထမံ လုပ်သွားတယ်နော် :kwi:
padonmar
May 21, 2013 at 5:10 am
ခွန်အားဖြည့်တဲ့ ဖတ်ကူတွေ အကူအညီတောင်းတုံးကလည်း သင်းသင်းနဲ့ သိကြားမင်းက အဟံပထမံ လုပ်ပေးခဲ့ပါတယ်။
သိကြားမင်းတို့ မောင်အံတို့ စိန်ဗိုက်တို့လို လူငယ်တွေများလာရင် ဒို့ရွာဒို့ပြည် သူများအောက် မရောက်တော့ပါဘူး။
မောင် ပေ
May 20, 2013 at 6:38 pm
အဟမ်း
ကျုပ် သည် သာ နိုင်ငံ ဦးသျှောင် ဖြစ်ခဲ့မည် ဆိုလျှင် ။
( ဆက်လက်ရွေ ့စာစီကုံးပါ ။ ၂၅ မှတ် )
padonmar
May 21, 2013 at 5:12 am
ဖိုးဖိုးပေ
နိုင်ငံ့ဦးသျှောင်ဖြစ်ရင် နွေးသီးရဲ့ ရခိုင်မင်္ဂလာဆောင်မှာ ပန်းကုံးနဲ့ရောပြီး ရေဖြန်းခံရမှာပေါ့။
padonmar
May 21, 2013 at 5:16 am
ဒီပို့စ်ကို မန့်မယ့်သူနည်းမယ်လို့မှန်းမိပါတယ်။
ဘာလို့လည်းဆိုတော့ ကျမတို့ရွာသူားတွေ ကတိကို လွယ်လွယ်မပေးတတ်ကြဖူးဆိုတာ သိထားလို့ပါ။
စာကိုဖတ်ကြည့်ပြီး (လာချောင်းကြည့်ပြီး)
ကြုံကြိုက်တဲ့ နေရာမှာ
လိုအပ်ချက်ရှိတဲ့ အခါမှာ
အဟံပထမံ လို့ တာဝန်ယူပေးလာကြရင် ရေးရကျိုးနပ်ပါပြီ။
ကြောင်ဝတုတ်
May 21, 2013 at 10:33 am
အဟံပထမံ…
ကျွန်တော်ပြောတာမဟုတ်ဘူး… အန်တီပဒုမ္မာရေးထားတဲ့ပိုစ့်ခေါင်းစဉ်…
ထပ်ခါထပ်ခါဖတ်တယ်…
ကော်မန့်ပေးဖို့ ရိုက်တယ်… ပြန်ဖျက်လိုက်တယ်…
ပြန်ဖတ်တယ်…
ကော်မန့်ပေးဖို့ ရိုက်တယ်… ပြန်ဖျက်လိုက်တယ်…
နောက်ဆုံး သိသွားတာတစ်ခုက အဟံပထမံကို ကိုယ်ရဲရဲဝံ့ဝံ့မပြောရဲသေးဘူး…
ခွင့်လွှတ်ပါဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
padonmar
May 22, 2013 at 12:36 am
ဖက်ဖက်ကက်ရေ
အန်တီလည်း ခုချိန်ထိ ရဲရဲ မပြောခဲ့မိသေးပါဘူး။
ကိုယ့်ကိုကိုယ်လည်း ရှေ့ဆက်ဖြစ်အောင်တွန်းနေတာပါ။
weiwei
May 21, 2013 at 3:10 pm
လာချောင်းကြည့်ပြီး လှည့်ပြန်သွားဖြစ်ခဲ့တယ် ..
အဟံ ပထမံ မပြောရဲတာအမှန်ပါ .. အဲဒါကြောင့်လဲ ဘာမှ ဟုတ်တိပတ်တိ ရေရေရာရာမရှိတဲ့ ဘဝ နားစွန် နားဖျားရပ်ကွပ် (ခရစ်တူ ကိုမဲချော) ထဲကနေ ရုန်းမထွက်နိုင်သေးတာ …
သတိပေးစကားလို့မှတ်ယူပြီး အဟံပထမံ ပြောရဲအောင် ကြိုးစားပါအုန်းမယ် ..
padonmar
May 22, 2013 at 12:37 am
ဝေဝေရော
ကြိုးစားမယ်လို့ ပြောတဲ့သူရှိရင်ပဲ ကျေးဇူးတင်ပါတယ်။
kai
May 21, 2013 at 3:27 pm
အဟံ ပဉ္စမံ
အောင်နိုင်ရေးမှာ.. အရေးကြီးတာ.. ထိုးဖေါက်ဝင်ကူတဲ့… ပဉ္စမံတပ်သားတွေလည်း… ဖြစ်နိုင်တာပဲ.. :harr:
နောက်တာနော..
“ထိပ်ဆုံးထွက်ရဲရင်.. ခေါင်းဆောင်”.. ပါ…
ထောက်ခံပါကြောင်း…
ကြောင်ဝတုတ်
May 21, 2013 at 4:13 pm
ကျိုးကြောင်းဆင်ခြင်နိုင်သူတွေကျတော့ ဘယ်တော့မှ ထိပ်ဆုံးကမထွက်ဘူး…
မီးစင်ကြည့်ကတယ်… :harr:
ခင်မင်လျက်-
ဖက်ဖက်ကက်
padonmar
May 22, 2013 at 12:57 am
မေရာဖောလိုးသဂျင်းဂျား ပါဖက်ဖက်ကက်။
ကျိုးကြောင်းဆင်ခြင်နိုင်တဲ့သူတွေက စီမံကိန်းရေးဆွဲတွက်ချက်တဲ့ တာဝန်ယူပေးပြီး
စွန့်စားရဲသူတွေက ရှေ့တန်းထွက်တဲ့ တာဝန်ယူကြရပါတယ်။
ဉာဏနဲ့ကာယပေါ့။
ကျိုးကြောင်းဆင်ခြင်သူတွေချည်းပဲသာရှိရင် ဂါလီဗာ ပညာရှိတိုင်းပြည်ရောက်သွားသလို ဖြစ်နေမှာပေါ့။
ကျိုးကြောင်းလည်း ဆင်ခြင်နိုင်တဲ့ ဗျတ္တိ နဲ့ စွန့်စားရဲတဲ့ သတ္တိ နှစ်မျိုးလုံးရှိတဲ့သူတွေဟာ ခေါင်းဆောင်ကောင်းတွေပါ။
ချိန်ထားတဲ့ သေနတ်တွေရှေု့ တိုးရဲတဲ့ သတ္တိရှင်ကို သတိရကြမှာပါ။
ရဲစည်(ခ)စောဖွပြေး
May 21, 2013 at 6:04 pm
ထိပ်ဆုံးက ထွက်တိုင်း ခေါင်းဆောင်မမည်ဘူးဗျ 。。。。
သဂျီး မယုံလဲ မတတ်နိူင်ဘူး 。。。
padonmar
May 22, 2013 at 12:58 am
သဂျီး မယုံလည်း အန်တီယုံပါတယ် နီပေပါ။
padonmar
May 22, 2013 at 12:44 am
ဧကန္တ ဒို့ သဂျီးက ပဉ္စမံဒီရိုင်း ဖြစ်ရမယ်။
အဲဒီ ပဉ္စမံတပ်သားဆိုတာ ဘယ်က ဆင်းသက်လာတဲ့ ဝေါဟာရလဲ ဆိုတာ နားလည်တဲ့သူများရှိရင် သိမှတ်ချင်ပါတယ်။
ကွန်မန့်တွေနောက်လိုက်ဖြေရင်း ကျမဆိုလိုချင်တာနဲ့ နည်းနည်းသွေလာသလားလို့။
ကျမပြောချင်တဲ့ အဟံပထမံက ခေါင်းဆောင်ရွေးချင်တာ မဟုတ်၊ထိပ်ဆုံးက ထွက်ရဲတဲ့ ခေါင်းဆောင်မဟုတ်ပါဘူး။
ကျမဆိုလိုချင်တာက Sacrifice ကိုယ်ကျိုးမငဲ့နေပဲ အများတွက် အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်စေချင်တာပါ။
kai
May 22, 2013 at 1:32 am
The Fifth Column and the First Forty-Nine Stories is an anthology of writings by Ernest Hemingway published by Scribner’s on October 14, 1938.[1] It contains Hemingway’s only full-length play, The Fifth Column, and 49 short stories.
The Fifth Column is set during the Spanish Civil War. Its main character, Philip Rawlings, is an American-born secret agent for the Second Spanish Republic. The play was poorly received upon publication and has been overshadowed by many of the short stories in the anthology.
padonmar
May 22, 2013 at 1:49 am
ရှဲ့ရှဲ့ပါသူကြီး။
ရဲစည်(ခ)စောဖွပြေး
May 21, 2013 at 6:01 pm
အန်တီပဒုမ္မာခင်ဗျ 。。。。
ဆိုလိုရင်း အလွန်ကောင်းတဲ့ စာလေးတပုဒ်ပါ 。。。 သေသေချာချာကို အခေါက်ခေါက် အခါခါ ဖတ်ဖြစ်ပါတယ်။စာတပုဒ်ထဲမှာကိုက အပေါ်တပိုဒ်နဲ့ အလယ်တပိုဒ်လောက်မှာ ဆိုလိုရင်း ၂မျိုးကွဲသွားပါတယ်။ ကောင်းခြင်း ဖြစ်စေတတ်ခြင်း အလိုကျစေခြင်းတို့ကို ပီပြင်အောင် ရေးပြသွားပေးလို့ ကျေးဇူးပါ။
အန်တီ့ပို့စ်နဲ့ ဆက်စပ်ပီး ကျနော် စိတ်ထဲရှိတာလေး တင်ပြချင်ပါတယ်။
ဒီပို့စ်မှာ အကြောင်းအရာ ၃ခုကွဲပါတယ် …..
(၁) အဖွဲ့အစည်းစိတ်ဓာတ်
(၂) တာဝန်ယူတတ်မှု
(၃) နည်းနိဿယ(ဝါ)သေနင်္ဂဗျူဟာပါ 。。。。ပရိုစီဂျူယာခေါ်မလားပေါ့
အဖွဲ့အစည်း စိတ်ဓာတ်အတွက် ဖွဲ့စည်းပုံဆိုတာ အရေးကြီးပါတယ်၊ စနစ်ကျပီး ကျစ်လစ်တဲ့ လူအင်အား၊ ခိုင်မာပီး တူညီတဲ့ရည်ရွယ်ချက်၊ မျှတပီး လျောညီတဲ့ တာဝန်ခွဲဝေမှု စတာတွဟာ စတင်ဖွဲ့စည်းတဲ့ အချိန်မတိုင်ခင်ကတည်းက သေချာစနစ်ကျစွာ ခွဲခြမ်းစိတ်ဖြာပီး လေ့လာသုံးသပ်သင့်ပါတယ်။ ဒါတွေပီးမှသာ အဖွဲ့အစည်းတခု ပီပြင်စွာပေါ်ပေါက်လာတာမျိုးပါ …… ဆိုတော့ စာပေဆုဖတ်ရွေး အဖွဲ့ဟာ အတွေ့ကြုံရှိ ရင့်ကျက်တဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂဏလို အဖွဲ့မျိုးလို့ ယုံကြည်ပါတယ်။
တာဝန်ယူတတ်မှုကတော့ ခေါင်းဆောင်မှုနဲ့ဆိုင်ပီး ခေါင်းဆောင်နဲ့မဆိုင်တဲ့ ပုဂ္ဂလိက အရည်အသွေးပါ။ အဖွဲ့အစည်းတော်တော်များများမှာ အမိန့်၊ ညွှန်ကြားချက်၊ ခွဲဝေပေးခံရတဲ့ တာဝန်တွေ ဆိုတာသာ ခေါင်းဆောင်ဆီက လက်ခံရပီး တစ်ဦးချင်း တစ်စုခြင်း သီးခြားလုပ်ဆောင်မှုတွေမှာ ပါဝင်သူတွေရဲ့ ဦးဆောင်နိူင်မှုသည်သာ အရည်အသွေး မည်ပါတယ်။
နည်းနာနိဿယ ကတော့ အဖွဲ့အစည်းတခုလုံးနဲ့ ဆိုင်ပီး အခြေခံကောင်းဖို့လဲ လိုသလို ပါဝင်ဆောင်ရွက်နေသူတွေရဲ့ စိတ်ဓာတ်၊ အရည်အချင်းနဲ့ တာဝန်သိတတ်မှုတွေပေါ် မူတည်ပီး နည်းနိဿယတွေဟာ အစဉ်အမြဲ ပြောင်းလဲနေမှာပါ ဒါပေမဲ့ ခဏခဏ ပြောင်းလဲနေရင်လည်း မကောင်းသလို အမြဲတစေမူသေ ဆုပ်ကိုင်ထားရင်လည်း မကောင်းပြန်ပါဘူး။
ဆိုတော့ ဒါတွေဟာ ကျနော့် စာတွေ့တွေထက် အသက် ၁၆နှစ်သားမှသည် ၃ဝနှစ်အထိ အဖွဲ့အစည်း တခုအောက်မှာ လက်တွေ့ကျင့်သုံးခဲ့ရတဲ့ ဘဝရင်းပီးရခဲ့တဲ့ အတွေ့အကြုံတွေပါ 。。。。
ငယ်စဉ်အခါက ဘယ်တာဝန်ကို မဆို လွယ်လွယ်နဲ့ ရူးရူးမိုက်မိုက် ခေါင်းခံ ယူခဲ့ဖူးသလို
ကြီးတဲ့အခါ တာဝန်ယူပါ့မယ်ဆိုတဲ့ သူတိုင်းကို လွယ်လွယ်နဲ့ တာဝန်မပေးတတ်တာဟာ အတွေ့အကြုံနဲ့ပဲ ဆိုင်ပါတော့တယ်
ဒီပို့စ်ကို ဖတ်ပီး ခံစားရတဲ့ ခံစားမှုနဲ့ ကိုယ့်အတွေ့အကြုံတွေကို ပြန်ပေါင်းပီး ရေးချမိတာပါ 。。。。။
မှားနေရင် လွဲနေရင်လဲ ပုထုဇဉ်မို့ နားလည်ပေးပါ …
လေးစားလျှက်
ပလော်ဗလန်ရဲစည်
:harr:
padonmar
May 22, 2013 at 1:10 am
ရဲစည်ရေ
ဒါလေးကြိုက်သဟေ့။
ငယ်စဉ်အခါက ဘယ်တာဝန်ကို မဆို လွယ်လွယ်နဲ့ ရူးရူးမိုက်မိုက် ခေါင်းခံ ယူခဲ့ဖူးသလို
ကြီးတဲ့အခါ တာဝန်ယူပါ့မယ်ဆိုတဲ့ သူတိုင်းကို လွယ်လွယ်နဲ့ တာဝန်မပေးတတ်တာဟာ အတွေ့အကြုံနဲ့ပဲ ဆိုင်ပါတော့တယ်
..
ငယ်တုံးက ကွန်မြူနစ်မဟုတ်ခဲ့ရင် လူမိုက်
ကြီးလာလို့ ကွန်မြူနစ် ဖြစ်နေသေးရင်လည်း လူမိုက် ဆိုတဲ့ စကားလေးမှတ်မိသေးတယ်။
…
ဇာတ်လမ်းထဲမှာလည်း တာဝန်ယူပါမယ်ဆိုတဲ့ တပ်မှူးတိုင်းကို သေနာပတိက တာဝန်မပေးလိုက်ဘူးကွဲ့။
မူလက အဇာတသတ်ရဲ့တပ်တွေ အလစ်ဝင်တိုက်ခံရတဲ့ တပ်ကိုလည်း ပင်ပန်းနေလို့မရွေးလိုက်ဘူး။
သိပ်စိတ်အားတက်ကြွပြီး ရန်သူကို တိုက်ဖို့ ညတောင် အိပ်မပျော်ပဲစိတ်စောနေတဲ့ တပ်ကိုလည်း မရွေးပဲ
(အဲဒီထဲကမှ သက်လုံကောင်းတဲ့၊ ခံနိုင်ရည်ရှိတဲ့၊ စိတ်တည်ငြိမ်တဲ့ တပ်မှူးတပ်သားတွေပါတဲ့ တပ်ကို
သေနာပတိက ရွေးချယ်တာဝန်ပေးတဲ့) အဲသလို ရွေးလိုက်ပါတယ်ကွယ်။
uncle gyi
May 21, 2013 at 10:45 pm
အဟံ ပထမံ အသံတွေ ညံ
အခုလည်းအသံတွေညံနေပါတယ်padonmarရေ
ဒီလောက်တဖွဖွပြောနေတာမကြားဖူးလား
padonmar
May 22, 2013 at 1:01 am
ကျားလိုက်ပါတယ် အန်ကယ်ဂျီးရေ။
ရာမည
May 22, 2013 at 12:49 am
မပြောရဲလို့ပါဗျာ
အမြဲနောက်လိုက်လုပ်နေရလို့
တစ်နေ ့တော့ …..
padonmar
May 22, 2013 at 1:02 am
ရဲကိုကို
လူဆိုးနောက်ကအမြဲလိုက်နေရလို့လား။
ပြောရဲတဲ့နေ့တွေ မကြာခင်ဖြစ်လာပါစေ။
nature
May 22, 2013 at 8:43 pm
ရွာထဲမှာဖတ်ရွေးအဖွဲ့ကြီး ဖွဲ့ကြမယ်ဟေ့…
ဒေါ်ပဒုမ္မာ- အဟံ ပထမံ။
ဤသို့နှင့်ဖတ်ရွေးဥက္ကဌ ဖြစ်လေသတည်းးးးးး
padonmar
May 23, 2013 at 7:10 am
ကိုနေချား
လူကြီးကို မရိုမသေ နောက်တာလား။
အမှန်တော့ ပဒုမ္မာ -အဟံပထမံ လုပ်လို့ ဥက္ကဋ္ဌ ဖြစ်တာ မဟုတ်ပါဘူး။
ငှက်ကထကြီး ဦးပါတို့ ဦးမိုက်တို့က တွန်းပို့လို့ ခေါင်းတွဲဖြစ်တာပါ။
ရုပ်ပြ ဥက္ကဋ္ဌ ပါ။ဒါကို လူတိုင်းသိပါတယ်။
ဒါပေမယ့် အလုပ်တစ်ခုက တာဝန်ယူစရာရှိရင် တစ်ယောက်ယောက်က မြန်မြန် တာဝန်ယူလိုက်မှ ဖြစ်မြောက်သွားတာပေါ့။
သူ့ငါလွှဲချ ငါ့သူလွှဲချဆိုရင် ဘယ် အကောင်အထည်ပေါ်ပါ့မလဲ။
ဖြစ်လာပြီ ဆိုရင်လည်း ဝိုင်းဝန်းထိန်းသိမ်းဖို့ လူတိုင်းမှာ တာဝန်ရှိနေသေးတာပဲ။