နာဂစ်၏ လက်ဆောင်မွန်
မညှာမတာချစ်ခဲ့တဲ့ နာဂစ်ရဲ့ ကျနော်တို့ရပ်ကွက်အတွက် လက်ဆောင်မွန်ကတော့ တာဝါကရိန်းအကျိုးကြီးပေါ့ဗျာ ၊
ဒိုင်းမွန်းကွန်ဒို ဆောက်ရင်းတန်းလန်း အဲဒီ နာဂစ်ညမှာ ပြည်ရိပ်မွန်တိုက်တစ်လုံးအပေါ် ကျိုးကျခဲ့ပါတယ် ၊
ကျနော့် အသိ ကိုအောင်ကြွယ်ရဲ့ ဆလွန်းကားလေးခမျာ ရစရာကို မရှိခဲ့ပါဘူး ၊ အဲဒီညမှာ အဲဒီနေရာ ရပ်မိတာကို မှားတယ်ပဲ ဆိုပါစို့ ၊
သူက စမ်းချောင်းမှာနေပြီး အဲဒီညကျမှ ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ လာဝိုင်းဖွဲ့ပြီး မပြန်ဖြစ်တာပါ ၊
အဲဒီ တာဝါကရိန်း အပိုင်းပိုင်းကြီးကို စီမံကိန်းမြေပုံထဲမှာ ကလေးကစားကွင်းဆိုပေမယ့်
စားမဝနိူင်တဲ့ လူကြီးမင်းများ ဝေငှခွဲယူထားတဲ့ မြေကွက် ၂ ကွက်မှာ ပစ်ထားခဲ့တာ
အခုမှ ပြန်လာသယ်ပါတယ် ၊
လူကြီးမင်းများ အဆင့်ဆင့်ရောင်းစားထားတဲ့ အဲဒီအကွက်တွေမှာ ၈ ထပ်ကွန်ဒိုတွေ လာတော့မှာမို့ တဲ့ ၊ ၊
ကားလမ်းပေါ် ဆော့နေရတဲ့ ကလေးတွေကိုကြည့်ပြီး
ကိုလေးကို မေတ္တာပို့ရမလား သေသွားပြီဖြစ်တဲ့ ကျော်ဝင်းကို ဆဲဆိုရမလား ရရစားစား စည်ပင်အဖွဲ့များကိုပဲ . . . . .
အင်းးးးးး တော်ပါပြီဗျာ
အကုသိုလ်များမိတော့မယ်လေ ။
5 comments
အလင်း ဆက်
May 26, 2013 at 7:41 am
အင်းးး တော်ပါပြီ ဗျာ
surmi
May 26, 2013 at 9:08 am
ဆက်ပြောလေ ဆရာရဲ့
:hee:
မြှောက်ပေးနေတာ
မောင် ပေ
May 26, 2013 at 1:11 pm
“ကိုအောင်ကြွယ်ရဲ့ ဆလွန်းကားလေး” အတွက် လျော်ကြေး ရ လိုက် သ လား ဗျ
Myo Thant
May 27, 2013 at 8:57 am
ဘယ်ကလာဗျာ ၊ သဘာဝဘေးကြောင့် မပေးနိူင်ဘူးဆိုလို့ ရုံးတွေ ဘာတွေပါ ရောက်ကုန်သေးတယ် ၊ နောက်ဆုံးတော့ ဂရုဏာကြေးသဘောမျိုးနဲ့ ကျေနပ်လိုက်ရတယ် ၊ လူတွေလည်း ပမ်းနေပြီလေ ၊ တာဝါကရိန်းနဲ့တိုက်မိလို့ ပျက်သွားတဲ့ ၈ လွှာက အခန်းကိုတော့ ပြန်ပြင်ပေးခဲ့ပါတယ် ၊ အဲဒီညက ကားကို ဗန်ဒါစားသောက်ဆိုင်ထဲ ထည့်ဖို့ ပြောပေမယ့် ကိုအောင်ကြွယ်က ရပါတယ် ဆိုပြီး ဗန်ဒါဆိုင်ဘေးမှာ ရပ်ထားခဲ့တာ ၊ ဖြစ်ချင်လို့ပေါ့ဗျာ ၊ ဘယ်သူက ထင်မှာတုန်း ၊ အဲဒီ အီးဒီ ဆလွန်းကို ဘော်ဒီအလုံးလိုက် ချိန်းလိုက်ရတယ် ၊
TNA
May 26, 2013 at 3:06 pm
အင်းအိုက်လိုဒွေချည်းပါပဲ။ ကျွန်မတို့နားမှာလဲ ကလေးကစားကွင်းနဲ့ရေကူးကန်ဆိုပီး အခုတော့ စားသောက် ဆိုင်ဖွင့် လိုက်တယ်။ နောက်တော့ အခု ကွန်ဒိုမီနီယံတဲ့ ဆောက်အုံးမတဲ့။ စီမံကိန်းစာရွက်ကတော့ ခြစား သွားတာပေါ့ကိုမျုးိသန့်ရေ။ တရပ်ကွက်သားချင်း။ နီးနီးလေးတွေပဲ။ တွေ့ရတာဝမ်းသာပါအိ။ ( ရွာထဲ မှာတွေ့ တာ )