ဟေ့ လူ
ဟေ့ လူ
ဟေ့ လူ
လမ်းပိတ်မရပ်နဲ့လေ
ရပ်တော့ဘာဖြစ်လဲ
ဘာမှမဖြစ်ပါဘူး ရပ်ပေါ့။
ဟေ့ လူ
ဒီကဖြတ်လို့မရဘူးလေ
ဖြတ်တော့ဘာလုပ်ချင်လို့လဲ
ဘာမှမလုပ်ပါဘူး ဖြတ်ပေါ့။
ဟေ့ လူ
ဘာလို့ကြည့်တာလဲ
ကြည့်ချင်လို့ကြည့်တာဘာဖြစ်လဲ
ဘာမှမဖြစ်ပါဘူး ကြည့်ပေါ့
ဟေ့ လူ
ဘာပြောတာလဲ
ကိုယ့်ပါးစပ်နဲ့ကိုယ်ပြောတာဘာလုပ်မလို့လဲ
ဘာမှမလုပ်ပါဘူး ပြောပေါ့
ဟေ့ လူ
ဘာတွေရေးတာလဲ
ဘာရေးရေးဘာဖြစ်ချင်လို့လဲ
ဘာမှမဖြစ်ချင်ပါဘူး ရေးပေါ့
ဟေ့ လူ
မတွေ့တာတောင်အတော်ကြာပေါ့
တွေ့တော့ဘာထူးမှာမို့လဲ
ဘာမှမထူးပါဘူး သတိရလို့ပါ။
ဟေ့ လူ
ခေါ်နေတာဘာလို့မထူးတာလဲ
………………………………
ဟေ့ လူ
ခေါ်နေတယ်မကြားဘူးလား
…………………………….
အဲလ် သူသေသွားရှာပြီကိုး
ထပ်မခေါ်ချင်ပါဘူး သွားနှင့်အုံးပေါ့။
ငြိမ်းမောင်
2013 May 29
( သို့ ………. ပြောမရ ဆိုမရ ဘော်ဒါများအတွက် သတိတရနှင့် )
14 comments
KZ
May 29, 2013 at 3:02 pm
ဟေ့ လူ!!!
အဲ၊
မလန့်ပါနဲ့ဗျ။
ကဗျာ ကောင်းတယ်လို့ပြောမို့ပါ။
စကားမစပ်
စကား စ ပြောရင် အဲလို ခေါ် ပြောတတ်တဲ့ သူတစ်ယောက်ကို သတိယသွားသဗျ။
:harr:
ခင် ခ
May 29, 2013 at 3:22 pm
KZ တို့များ ဇမသေးဘူး သွားလန့်နေ
ဟိုက လန့်ပြီး ယောင်မိယောင်ကာ …. မှ ဟုတ်ပေ့ဖြစ်နေအုံးမယ်။
ဟုတ်တယ်မလား ဟေ့ လူ။
KZ
May 29, 2013 at 3:27 pm
ချောလဲနေမှ ဟုတ်ပေ့ဖြစ်နေမယ်လို့ ပြောတာလား။
ပြန် ထူပေးမှာပါဗျ။
:harr:
may july
May 29, 2013 at 3:14 pm
ဟေ့လူ ..
အဲလိုမလုပ်နဲ့လေ ..
လုပ်တော့ဘာဖြစ်လဲ ..
ဘာမဖြစ်ပါဘူး ဆက်လုပ် ..
kyeemite
May 29, 2013 at 3:33 pm
“ဟေ့ လူ
ဘယ်လိုကဗျာရေးတာလဲ
ဘယ်လိုရေးရေးဘာဖြစ်ချင်လို့လဲ
ဘာမှမဖြစ်ချင်ပါဘူး ရေးပေါ့”
:kwi:
ရာမည
May 29, 2013 at 3:43 pm
ရွာထဲမှာ ကဗျာဆရာတွေ တကယ်များတာပဲ
တကယ် လူစုံတက်စုံပါလား …..
သဘောကျတယ်ဗျာ
Ma Ma
May 29, 2013 at 3:54 pm
ဟေ့ လူ-
ခင်ဗျားကို ခေါ်တာ မဟုတ်ဘူး။
နောက်ကတစ်ယောက်ကို ခေါ်တာ။ :kwi:
အရီးခင်လတ်
May 29, 2013 at 4:48 pm
Like it. :-))))
အရီးခင်လတ်
May 29, 2013 at 4:49 pm
ဟေ့ လူ
ခေါ်တဲ့ အထဲ မှာ ရွာသူ တွေ ကို ရောပါလား ဗျို့။
အလင်း ဆက်
May 29, 2013 at 5:58 pm
မိုက်တယ်
မောင် ပေ
May 29, 2013 at 7:53 pm
ဟေ့လူ
တွေ ့ဆူ
နေ ့ပူ
တေ့ကူ
မေ့ယူ
naywoon ni
May 29, 2013 at 9:37 pm
အဲဒိလိုပဲ ခေါ်မထူး ပြောမရနဲ့ မတ်တပ်ရပ်ရက်က ဘဝတွေကြွေနေတဲ့သူတွေ အများကြီးရယ် ခွင့်လွှတ်လိုက်ပါဗျာ သနားစရာရယ်…………။
kyaw hteik
May 30, 2013 at 12:20 am
ဒီလိုနဲ့ ကိုယ်ပတ်ဝန်းကျင်မှာ မနုတ်ဆက်ပဲထွက်ခွာသွားကြသူတွေ အများကြီးပါ။
ကိုယ့်အလှည့်ကြရင် ပြုံပြုံလေးနုတ်ဆက်သွားနိုင်ကြပါစေ။
မဟာရာဇာ အံစာတုံး
May 31, 2013 at 8:55 pm
ဟေ့လူ …
ဟိုရှေ့မှာ ဘာမြင်ရလဲ …
အဲ့ဒါ .. အဖြူလား …
မဟုတ်ဘူး .. မှိုတက်နေတာကြီး ….