သတင်းတစ်ခု Mizzima မှာဖတ်လိုက်ရတယ် အဲဒါက စေတနာအရဆောက်ပေးတယ်မထင်ဘူးဗျ၊ ဒေသအစိုးရ တော့ လုပ်စားကွက်ထွင်တယ်ထင်တာဘဲဗျာ။ ဖတ်ခဲ့ရတဲ့ သတင်းလေးက ဒီလိုပါ။ “အစိုးရက ကွန်ဒိုဆောက်ပေးမည်ကို မိတ္ထီလာဒုက္ခသည်အချို့ မလိုလား ခိုင်ခိုင် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၃ ခုနှစ် ဝ၈ နာရီ ၃၄ မိနစ် အမြင်မတူသော လုပ်အုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်မဲ့သွားခဲ့ရသည့် မိတ္ထီလာမြို့မှဒေသခံများကို မန္တလေးတိုင်းအစိုးရက ကွန်ဒိုတိုက်ခန်းများ ဆောက်ပေးရန် စီစဉ်နေသော်လည်း အဆိုပါ ဒေသခံအချို့က ကွန်ဒိုများကို မလိုချင်ကြောင်း မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သော မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မိတ္ထီလာမြို့ပေါ်တွင် လူအုပ်စုနှစ်စုက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နေအိမ်များကိုမီးရှို့ကြသဖြင့် အိမ်အလုံးပေါင်း ၁၂၀ဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။ […]