အချစ်သီချင်းကဗျာ
အချစ်ရဲ့အရသာ
ခံစားမိတာမှားပြီထင်တယ်
တကယ်ပင်အကျိုးမရှိအောင်
မိုးထိအောင်လောင်တဲ့မီးရယ်
ဆိုးလိုက်တဲ့ကုသိုလ်ကံရယ်
သဗ္ဗာန်ကလေးနဲ့ကူးကာဖြတ်ခဲ့တယ်
ဟိုမရောက် ဒီမရောက်နဲ့သာ
ဒေါပုံချောင်းဝအလယ်မှာ နစ်ကာမြုပ်ရတယ်
မင်းမချစ်တာလည်းရင်နာတယ်
ငါပူးတင်း တွတ်တာလည်းအဆစ်ခံရသေးတယ်
…………………………………………………………….
အချစ်နဲ့ပတ်သက်ပြီး တော်တော်ခံစားနေရလို့ နောက်ပြောင်ခြင်းမပြုကြဘို့ မေတ္တာရပ်ခံပါတယ်
……………………………………………………………………………………………….. . . မိုက်ကယ်ဂျော်နီအောင်ပု
20 comments
KZ
May 29, 2013 at 2:39 pm
ငါးပူတင်း က ဘယ်နား တွတ်လိုက်တလဲ ဘွပုရယ်။
တနားလိုက်တာ။
:byae:
may july
May 29, 2013 at 3:23 pm
အချစ်နဲ့ မကင်းနိုင်တဲ့သူတွေ …..
ခံစားချက်တွေများလာတော့ ကဗျာတစ်ပုဒ် ဖြစ်ပြီပေါ့ ..
ခင် ခ
May 29, 2013 at 3:25 pm
ဆရာပု “ တော်တော်ခံစားနေရလို့´´ ရေးထားတာ ဖတ်ရင်း အံဩ မိတယ်လေ။
အင်း သူလည်းလေ လောကီသားပေဘဲကိုး။
kyeemite
May 29, 2013 at 3:48 pm
အချစ်သီချင်းကဗျာဆိုတော့
အညစ် အတင်းအညာမခံရစေဖို့
မြစ်အညာမှာ နစ်ရှာတဲ့ ကိုရင်ပု
အသစ်သာ မင်းရှာပေတော့ ရယ်လို့
ကဗျောင်လေးနဲ့ ပြောင်ပြေးပါတယ်ဗျို့… ဟို့ ဟို့ ဟို့
ရာမည
May 29, 2013 at 3:48 pm
ဪ …
က်ုအောင်ပု ကိုအောင်ပု
ဒေါပုံကို ယုံလို ့
ပုံအပ်ခဲ့ကာမှ
ငါးပူတင်း တွတ်တာခံရတယ်လို ့
ရေမနစ်တာကံကောင်း
Ma Ma
May 29, 2013 at 4:08 pm
သူလည်းလေ လောကီသားပေမို့ ခံစားရတာ အဖြစ်မှန်ဆိုတာကို ယုံပါတယ်။
(သတ်ပုံတွေ မှန်အောင်ရေးထားလို့) :kwi:
Shwe Ei
May 29, 2013 at 4:13 pm
:byae:
:byae:
:byae:
အရီးခင်လတ်
May 29, 2013 at 4:27 pm
သိလယ်၊ သိလယ်။
စတုန်း သတင်း ထွက်လာကထဲ က ဒီလိုဘဲ ဖစ် တော့မယ် ဆိုဒါဂို။
ဒီကဗျာ ပြခန်း ပို့။ 😆
အလင်း ဆက်
May 29, 2013 at 5:50 pm
ငါးပူတင်း တွတ်သော ကဗျာ ရေးသူဂျီးခညာာာ
နောက် များမှာ ရေးဦးမယ့် ကဗျာ လေးတွေကို
ကဗျာပြခန်း က မျှော်လင့် နေ ပါတယ် လို ့
မောင် ပေ
May 29, 2013 at 7:42 pm
ဗိုက်ပူ
နှိုက်ဆူ
ရိုက်သူ
မိုက်ကူ
လိုက်လှူ
ဦး ကျောက်ခဲ
May 29, 2013 at 8:09 pm
အလို..ဖြစ်ရလေ ဖိုးဖိုးကြီး ညီလေးမောင်ပု…
“အချစ်နဲ့ပတ်သက်ပြီး တော်တော်ခံစားနေရတယ်”….
“ဒေါပုံချောင်းဝအလယ်မှာ နစ်ကာမြုပ်ရတယ်”….
“ငါပူးတင်း တွတ်တာလည်းအဆစ်ခံရသေးတယ်”…. ဆိုတော့…
မဟုတ်မှလွဲရော…
ကိုပုတော့ ယပက်လက်မှာ “ကထေလ်” (ဖြတ်ဖောက်ချုပ်)စာ မိလာပြီထင်တယ်… ဟီ ဟိ
:harr:
naywoon ni
May 29, 2013 at 9:44 pm
အော် ဘွ ဘွ ရေထဲလည်းနစ်ရသေး ငါးလည်းအတွတ်ခံရသေး ….။ ဒီ ဒဏ်ရာတွေ ဘယ်သူပေးတာလဲဟင်….။ ဘွပု
Mon Kit
May 30, 2013 at 11:05 am
အမှန်တကယ် ပြောရရင်ဖြင့် ကိုရင်အောင်ပု ကြီးကို လူကြမ်း ကြီး လို့ ထင်ထားတာရှင့်..
ဒီကဗျာလေး ဖတ်မိမှ နှလုံးသား နုနုလေး နဲ့ဆိုတာ သိသွားဘီ…
ခံစားချက်လေး မြင်မိအောင် ရေးထားတာ ဖတ်လို့ ကောင်းပါတယ်..
အရာ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်..
:hee:
မိုက်ကယ်ဂျော်နီအောင်ပု
May 30, 2013 at 2:06 pm
ဪ …………………. လူတွေ လူတွေ မန်ဘာတွေ
အချစ်နဲ့ပတ်သက်ပြီး မခံစားဘူးကြတာလား အလေးမထားကြသလားပြောရတော့ခပ်ခက်ခက်
အသဲကွဲနေပါတယ်ဆို
လှေမှောက်ပြီး ယက်ကန်ယက်ကန်ဖြစ်နေတုန်း ပုဆိုးကလဲကျွတ်
ရွာမှာလိုဘဲ လန်ကွတ်တီကဝတ်မထားတော့ ရေကူးရတာတော့လွယ်ပါရဲ့
ငါပူတင်းအတွတ်ခံလိုက်ရတဲ့ ကိုယ့်ဘဝကို
နားလည်သူ သိပ်ရှားပါးတာတွေ့လိုက်ရပါလားးးး
မဟာရာဇာ အံစာတုံး
May 30, 2013 at 11:54 pm
နားလည်ဘာဒယ် ဆယာပု …
ဒါမယ့် .. ပါးဒေါ့ မရိုက်ဘာနဲ့ …
ဆယာပု အသဲကွဲ နေဒယ်ဆိုဒေါ့ …
ပြန်ချုပ်ဖို့ အပ်ချည်နဲ့ အပ် လိုအုံးမလား …
လိုအပ်ရင် မှာလိုက်ပါ …
ကျုပ် ဟိုဘက်ကမ်းမှာ ပစ္စည်းလေး ဘာလေး သွားဝယ်စရာ ရှိလို့မို့ ….
ရွှေတိုက်စိုး
May 30, 2013 at 2:39 pm
ဂဗြာစယာ ရယ်….. ခမ်ဇား သွားပါဂျောင်း…..
ငပူတင်း တွက်တဲ့နေရာလေးတော့ သိချင်မိသား….. :hee: အသဲကွဲပါတယ်ဆို ငပူတင်းကတွတ်သေး.. ခံရခက်လိုက်မယ့်အမျိုးတော့… ခွိ
ဦးကြောင်ကြီး
May 31, 2013 at 9:54 am
နင့်လဗြွတ်ယောင်နေဒါ အဲဒါကြောင့်လား… တခါထဲ ပြတ်မသွားတာ ကံကောင်း…
အရီးခင်လတ်
May 31, 2013 at 1:59 pm
ရှင်က ဘိုလို ဖစ်ပီး သိနေရတာတုန်း။ 🙄
ဦးကြောင်ကြီး
June 1, 2013 at 9:12 am
အနော့် အလစ်မှာ သူလာထိုးလို့ သိတာ… ဘယ်ရမဲ.. ကျောပေးအိပ်နေပေမဲ့ ဒင်းမယုံလို့ ပလပ်စတစ်ပါးခံပြီး ငရုတ်သီးမှုန့် ပွတ်ထားတာ …. ကံသီပေလို့… သူအော်မှ လန့်နိုးသွားဒါ… အဲလို အဲလို… :kwi:
ဆူး
June 3, 2013 at 2:42 pm
ငါးပူတင်း ဆိုတော့ ပြန်ဖက်ကိုက်လို့လည်း အဆင်မပြေဘူးပေါ့.. ဗိုက်ကိုက်မိရင်.. ရေထဲမှာတင် မာလကီးယား နဲ့ ဈန်လျောသွားမယ် ထင်တယ်။