Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တြိ

ムラカミMay 29, 20131min77329

သိတယ် ..
လိမ်နေမှန်း သိတယ်….
အမှန်မဟုတ်မှန်းလည်း သိတယ်…
အေး….
ဒါပေမယ့် ရင်ခုန်တယ်

သိတယ် ..
အတုမှန်း သိတယ်….
အစစ်မဟုတ်မှန်းလည်း သိတယ်…
အေး..
ဒါပေမယ့် ကျေနပ်တယ်

သိတယ် ..
ကိုယ့်ဘက်က ပေးရမယ်မှန်း သိတယ်….
ပြန်ရတာက တန်မတန် မမျှော်လင့်ကောင်းမှန်းလည်း သိတယ်…
အေး..
ဒါပေမယ့် ရက်ရောတယ်

အဲ့သည့် ဂုဏ်သတ္တိနဲ့ ပြည့်ဝဖို့ ဆိုတာကတော့
လောကမှာလေ ..
မျက်လှည့် ၊ အနုပညာ နဲ့ အချစ် ဒီ-၃ခုပဲ ရှိလိမ့်မယ် ထင်ရဲ့..
ကနားစီး မိဂီ
2013/05/29

P.S ဒီ-၃ခုလို့ ပြောထားပါရက်နဲ့ မဟုတ်ဘု- ကျန်သေးတယ် ဟိုလူကြီးတွေ ကျန်သေးတယ် လာလုပ်ရင်တော့
ကိုယ့်ဒေါသနဲ့ကိုယ်
(ထင်ရဲ့..) နဲ့ သတိကြီးစွာ အဆုံးသတ်ထားတာ တခေါက်ပြန်ဖတ်ပါ အာဟိ..

29 comments

  • weiwei

    May 29, 2013 at 1:51 pm

    ဒီလို တိုတိုလေးနဲ့ ထိမိတဲ့ ကဗျာမျိုးကို ကြိုက်တယ် ..
    ကြိုက်တယ်ဆိုတဲ့ တစ်ကြောင်းထဲနဲ့ ကွန်မန့်ပေးရမှာ အားနာပေမယ့် ရေးချင်စိတ်ပေါက်အောင် ကောင်းတယ်ထင်လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ကွန်မန့်ပေးသွားပါတယ် ..

    • ကြက်အူလှည့်

      May 29, 2013 at 2:18 pm

      ဟုတ်…
      သများကတော့ အကြော်မရောင်းဘာဘူး
      ကနားစီး ဘာဒယ်

      :kwi:

  • Ma Ei

    May 29, 2013 at 2:11 pm

    သိတယ်
    အေး..
    ဒါပေမယ့်
    ရင်ခုန်တယ်၊ ကျေနပ်တယ်၊ ရက်ရောတယ်…
    ဆိုတော့…
    ကဗျာမှာဒေါသလေးများနဲနဲပါနေသလား ထင်ရဲ့…

    • ကြက်အူလှည့်

      May 29, 2013 at 2:16 pm

      ကဗျာဆိုတာ မခံစားနိုင်လို့ အံချလိုက်တဲ့အရာမို့ နည်းနည်းတော့ အနံ့အသက်ရှိမပေါ့တဲ့ ..

      ကျော်ပြောဒါမဟုတ်ဘု နော် ဟိုလူကြီးပြောသွားတာ
      ဟိ
      နောက်တာပါဗျာ ..မျက်စိကနေကြားအောင် သံပြင်းတခုထည့်ကလိကျိတာပါ…

      :kwi:

  • လူ ဟား

    May 29, 2013 at 2:11 pm

    မသိဘူး….
    လိမ်နေမှန်းကို မသိတာ..
    မှန်မှားကိုလည်း မသိပါ…
    အဲဒါကြောင့် ရင်အစုံ ခုန်ပေါက်ပစ်ခဲ့တာပါ….

    မသိဘူး….
    အတုမှန်း မသိဘူး….
    အစစ်လည်း မမြင်ဖူးဘူး….
    အဲဒါကြောင့် ဘဝင်ခိုက်အောင်ကို ကျေနပ်ခဲ့တာပါဆို….

    မသိဘူး…
    ကိုယ့်ဘက်က ပေးရမယ်မှန်း…
    ကိုယ်ရဖို့ပဲ မျှော်မှန်းခဲ့တာလေ…
    အဲဒါကြောင့် တွက်ကပ်တယ်…

    အဲ့သည့် ဂုဏ်သတ္တိနဲ့ ပြည့်ဝဖို့ ဆိုတာကတော့
    လောကမှာလေ ..
    အချစ်၊ အတ္တ နဲ့ ငါ ပြည့်စုံနေဖို့ပဲ….

    (ချိတ်ချိုးနဲ့နော် ကိုမိဂီ… ခံစားချက်ခြင်း တူနေလို့ပါ..)

    • ကြက်အူလှည့်

      May 29, 2013 at 2:17 pm

      ကြိုက်တဲ့ ဒိုင်မန်းရှင်းကနေ ခံစားပါဗျာ ..
      ကျနော်လည်း မသိခြင်းဘက်က ချဉ်းကပ်ဖူးသေးတယ်…
      ဒါပေမယ့် သိသိကြီးနဲ့ ဇွတ်တိုးတဲ့သဘောကို ပြဖို့ သိခြင်းဘက်က ချရေးလိုက်တာ.ရယ်

      :harr:

      • KZ

        May 29, 2013 at 2:36 pm

        ကို မိ ဂီ

        ဟိဟိဟိ

        :kwi:

  • ဆူး

    May 29, 2013 at 2:24 pm

    သိတယ် ..
    လိမ်နေမှန်း သိတယ်….
    အမှန်မဟုတ်မှန်းလည်း သိတယ်…
    အင်း….
    ဒါပေမယ့် ရင်ခုန်တယ်

    သိတယ် ..
    အတုမှန်း သိတယ်….
    အစစ်မဟုတ်မှန်းလည်း သိတယ်…
    အေး..
    ဒါပေမယ့် ကျေနပ်တယ်

    သိတယ် ..
    ကိုယ့်ဘက်က ပေးရမယ်မှန်း သိတယ်….
    ပြန်ရတာက တန်မတန် မမျှော်လင့်ကောင်းမှန်းလည်း သိတယ်…
    အေး..
    ဒါပေမယ့် ရက်ရောတယ်

    အဲ့သည့် ဂုဏ်သတ္တိနဲ့ ပြည့်ဝဖို့ ဆိုတာကတော့
    လောကမှာလေ ..
    မျက်လှည့် ၊ အနုပညာ နဲ့ အချစ် ဒီ-၃ခုပဲ ရှိလိမ့်မယ် ထင်ရဲ့..
    ကနားစီး မိဂီ
    2013/05/29

    နောက်ဆုံးတော့.. မိဂီ က မိန်းမလျှာ နဲ့ ညိစွန်းမိတဲ့ အကြောင်း ထုတ်ဖော် သွားတာ ထင်တယ်။ အစအဆုံး သေချာ ဖတ်သွားတယ်..

  • KZ

    May 29, 2013 at 2:37 pm

    နိ အကျင့်မကောင်းဘူး။
    နာ တောင်းတုန်းက ဂလိုမျိုးလေး မပေးဘူး။
    ပညာတွေ ရှိုထားတယ်။ 🙁

    အဲနီးဝေး။
    အတော်သဘောကျ ကြိုက် နှစ်သက်သွားပါကြောင်း။
    :528:

    နိ ဟာ စိုင်းစိုင်း ကို မုန်းတဲ့ စိတ်ဓာတ်လေးကလွဲရင် ကျန်တာ တော်ပါဒယ်။

    အဟွတ်။

    :harr:

    • ကြက်အူလှည့်

      May 29, 2013 at 2:48 pm

      မျက်လှည့်အကြောင်းပြောမိပြန်တော့ ပရီစတစ်ဂျ် ထဲက စကားလက်လေး သတိရသွားပြန်တယ်
      သိပ်မျက်လုံးလှတဲ့ ကလေးမ… အို .. နှုတ်ခမ်းဖူးဖူးလေးတွေကလည်း လှတာပဲ…

      :528:

      :kwi:

      • KZ

        May 29, 2013 at 2:55 pm

        နာ ငယ်တုန်းက အဲ့အတိုင်းပဲရယ်။
        :kwi:

        အဲ့ထက်ကို လှသေး။
        :kwi:

        ကဲ။ မှတ်ပြီလား။
        ပြောချင်ဦး စကားလက်။

        :harr:

      • Shwe Ei

        May 29, 2013 at 5:17 pm

        ပရီစတစ်ဂျ် ထဲက စကားလက်လေး

        Prestige?

        pronunciation ကအိုက်ဂလိုမှုတ်ဖူး :kwi:

        • ကြက်အူလှည့်

          May 29, 2013 at 7:39 pm

          ကျနော်အသံထွက်မကောင်းပါခည.

        • ကြက်အူလှည့်

          May 29, 2013 at 7:42 pm

          ပရက်စတိဂျ် လို့အသံထွက်ရကြောင်းကို ရုတ်တရက်မေ့သွားဂျောင်းနဲ့. စာလုံးဗောင်း မှတ်ရလွယ်အောင် မှတ်ထားသောအသံထွက်ကို ချရေးမိပါဂျောင်း. ပျားယေးရယ်.
          နောက်တခါလာမန့်မှ နောက်တမျိုးထွက်ပျဘမယ်. ခုခိခုခိ.

  • ကိုရင်စည်သူ

    May 29, 2013 at 3:01 pm

    မှားမယ်မှန်းတိရဲ့.. ရှေ့ကိုသာ
    ထပ်ထပ်တိုးမိ.. နောက်တော့..
    အူ့ ရင်ကိုထုတ်ချင်းခတ်ထိ.. :mrgreen:

    • ကြက်အူလှည့်

      May 29, 2013 at 7:43 pm

      နောက်မဆုတ်နဲကိုကံချွန်.
      ငိငိ

  • lele kyi

    May 29, 2013 at 3:55 pm

    ကနားစီးဂီ ကဗျာ ရယ် လူဟား ကဗျာ ရယ် ခံစားချက်တူတူပဲလို့ ထင်တယ်။ လူဟား ကဗျာ က အရင်လာပြီး ဂီဂီ ကဗျာက အလယ်။ ကဗျာ အဆုံးပိုဒ် က ဦးပု ဟိုဘက်ပို့စ် မှာရေးထားတယ်။ 🙂

    • ကြက်အူလှည့်

      May 29, 2013 at 7:45 pm

      မိန်းမတျောက်ကိုခြစ်တဲ့အခြစ် လို့မမြင်ဘဲ. ကြည့်မယ်ဆိုရင်တော့.
      ခြားနားတဲ့ ရသတခုပေးပါလိမ့်မယ်.

      နှူးဘာဂိုဏ်းချုပ်ရေးတဲ့ကဗျာဆိုတော့လည်း အားလုံးက.
      ရဲဇားဘွဲ့မှတ်ကြတာချည်း.
      ဝှူးးးး

  • kyeemite

    May 29, 2013 at 4:06 pm

    ကြက်အူလှည့် says:
    ဟုတ်…
    သများကတော့ အကြော်မရောင်းဘာဘူး
    ကနားစီး ဘာဒယ်
    :kwi:
    ဟိုက်အကောင်…ကနားစီးမ
    နင့်ဟာနင် ကနားစီးစီး…ကုလားစီးစီး
    ဘယ့်နှာကြောင့် အကြော်သယ်ဂိုခလုတ်တိုက်ရတာလဲအေ့.. 👿

    သိတယ် ..
    ကဗျာမကောင်းမှန်း သိတယ်….
    အချစ်မဟုတ်မှန်းလည်း သိတယ်…
    အေး..
    ဒါပေမယ့် ဝင်ဖတ်တယ် ..အဟိ :kwi:

    • Ma Ma

      May 29, 2013 at 4:28 pm

      သိတယ်။
      အကြော်သယ်ကို ခလုတ်တိုက်နေမှန်းသိတယ်။
      ဒါပေမယ့် သည်းခံတယ်။
      ကိုယ့်ကို ခလုတ်တိုက်တာ မဟုတ်လို့။ :kwi:

    • ကြက်အူလှည့်

      May 29, 2013 at 7:49 pm

      နန်းရေ. မောင့်ဂိုကယ်ဘာ. မောင် ဒူးထောက်တာအပြစ်လားကွီ.
      မောင့်မေမေလည်း. နာ့သားလေးဘုရားကျောင်းသွးးတာ ပျံမလာဘု ဆိုပီးမျှော်နေတာပါရယ်.
      ခိခိ

      နောက်တာပါဗျာ. သည်လိုဦးမိုက်ရ
      ဘဘဘလက်ပိုစ့်မှာ တူးဆွမိဖူးတဲ့ ဗာကျူရယ် ဝေါလ်. ဆိုတဲ့
      ကမာ္ဘအတုအကြောင်းနည်းနည်း အင်စပိုင်းယားထားပါတယ်.
      :kwi:

  • အရီးခင်လတ်

    May 29, 2013 at 4:36 pm

    သိတယ် ….
    တစ်ချို့လဲ အညာခံ ရပြီးမှ အရှက်ပြေ ဒီလိုဘဲ ရောချလေ့ ရှိကြပါတယ်။
    😉

    • ကြက်အူလှည့်

      May 30, 2013 at 7:06 am

      ဟီးးးး
      ဟုတ်ပဗျာ…
      ရှစ်ခါယူလည်း ညီး တယောက်ပဲရဒါ မဟုတ်လား ရဲဘက်က ရဲ့ …
      သများမှာဒေါ့ သွားလေသူ အန်တီလာထူး နဲ့ ကာလာတူဒယ်ဆိုပြီး
      အိုက်ဒိ မေးရိုးကားကားလေးဂို …အားပေးလိုက်ရဒါ…
      :byae:

  • သိတယ် ..
    ကိုယ့်ဘက်က ပေးရမယ်မှန်း သိတယ်….
    ပြန်ရတာက တန်မတန် မမျှော်လင့်ကောင်းမှန်းလည်း သိတယ်…
    အေး..
    ဒါပေမယ့် ရက်ရောတယ်

    အာ့…ဘာကို ကျောဒါရဲဟင်င်….

    နောက်တာပါ.. အတည်ပြောရရင်တော့.. အဲ့ဒီ မမှန်တဲ့..မစစ်တဲ့..မတန်တဲ့ အရာကို ခဏဖြစ်ဖြစ် ရတာဟာ ဘာမှ မရတာထက်တော့ ကောင်းမယ်ထင်ပါတယ်… (ထင်ပါတယ်နဲ့ ဆုံးထားတယ်နော်..)
    🙂

    • ကြက်အူလှည့်

      May 29, 2013 at 7:51 pm

      သက်တံ့တို့ အိပ်မက်တို့ကို မုန်းတယ် ချဉ်တယ် တော်ရုံမပြောဘူးဟုတ်.
      :harr:

  • black chaw

    May 30, 2013 at 2:38 pm

    သိတယ် ..
    လိမ်နေမှန်း သိတယ်….
    အမှန်မဟုတ်မှန်းလည်း သိတယ်…
    အေး….
    ဒါပေမယ့် ရင်ခုန်တယ်

    သိတယ် ..
    အတုမှန်း သိတယ်….
    အစစ်မဟုတ်မှန်းလည်း သိတယ်…
    အေး..
    ဒါပေမယ့် ကျေနပ်တယ်
    သိတယ် ..
    ကိုယ့်ဘက်က ပေးရမယ်မှန်း သိတယ်….
    ပြန်ရတာက တန်မတန် မမျှော်လင့်ကောင်းမှန်းလည်း သိတယ်…
    အေး..
    ဒါပေမယ့် ရက်ရောတယ်

    အင်း…မောင်ဂီရေ…
    ရန်ကုန်မြို့က
    လေဘယ် အတုသောက်သူတွေကိုများ
    ရည်ရွယ်ပြီးရေးထားတာလားဗျာ…။

    သိပါတယ်
    အစစ်မဟုတ်မှန်းလည်းသိပါတယ်
    အတုဖြစ်မယ်မှန်းလည်းသိပါတယ်
    ဒါပေမယ့်
    ဒီလောက်ပဲတတ်နိုင်လို့
    ဒီအရက်ပဲရွေးသောက်နေရတာပါကွယ်…။
    :mrgreen:

  • အလင်း ဆက်

    May 30, 2013 at 3:31 pm

    သိတယ်
    ကနားစီး မိဂီ က ကဗျာ ရေးတာ အရမ်းကောင်းမှန်း သိတယ်။
    သိတယ်။ ကဗျာ ပြခန်း ကို မိဂီရဲ့ ကဗျာတွေ ထည့်ပြမှ ဖြစ်တော့မယ် ဆိုတာ သိတယ်။

    မသိသေးတာက ကနားစီး မိဂီ
    ပြခန်းအတွက် ကဗျာ
    ထပ် ပို ့ပေးမယ့် နေ ့

    :kwi:

  • သိသိကြီးနဲ့ ခံနေရတယ်ဆိုတာ
    ဒါမျိုး နေမှာပေါ့ဗျာ ….။
    တိုတိုနဲ့ ထိမိတဲ့ ကဗျာလေးကို …
    အားပေးသွားပါတယ် ကိုဂီရေ ….။

  • ဦးကြောင်ကြီး

    May 31, 2013 at 10:02 am

    ကန္နားစီး
    ဖားလားဂျီး
    တအားတီး
    မနားငြီး
    အသားဖီး
    နှစ်ပါးရွှီး
    စပါးသီး
    မယားကြီး..။

Leave a Reply