ငါးအကြောင်း ရေးချင်နေတာ … ရေးမယ် ရေးမယ်နဲ့လည်း မရေးဖြစ်တဲ့အကြောင်း ဆိုပါတော့.. ရေးရမယ် ဆိုရင် ကျနော် ငယ်ငယ်ကလည်း ငါးမွေးသလို ..ခုလည်း ပြန်မွေးဖြစ်နေတယ်ဗျ ….. အဲ .. ကျနော် ငါးမွေးတဲ့ကိစ္စ မပြောခင် ခုတလော စိတ်ထဲ ဘဝင်မကျတဲ့ ကိစန လေးတခု ပြောအုံးမှ ဘာရယ်မဟုတ်ပါဘူး ..နှစ်ဆန်း ၁ရက်နေ့ ဇီဝိတဓါန ဆိုပီး ငါးပေါက်ကလေးတွေ ရေကန်တွေထဲ လွှတ်တဲ့ကိစ္စပါ. .. အဟိ… ကိုယ်လွှတ်တာ ငါးပေါက်ကလေးတွေ … ဟိုကန်ထဲမယ် …ငါးကြီးတွေက တပြွတ်ကြီးရယ်…. ကိုယ်ကတော့ ..လွတ်စေ ဆိုပြီး လုပ်တာပဲ ..(အကောင်ညှက်တော့ ဈေးသက်သာသပေါ့ ..ဘတ်ဂျက်နဲ့ ကောင်ရေ အချိုးချရင် အီကိုနော်မီ ပိုဖြစ်သပေါ့ ..နော့ […]