ဆိုရေးရှိက ဆိုကြရာဝယ် (သို့) သေဂျင်းဇိမ်း နဲ့ ဘာညာ
ဆိုရေးရှိက ဆိုရဦးမပေါ့ဗျာ….
ဆိုရေး (ဆိုတေးမဟုတ်ပါ) က ၄ကြောင်းတောင် တိုက်ဆိုင်နေမှတော့ သေဂျင်းဇိမ်းလည်း မနေသာတော့ဘဲ ပြောရဦးမဗျ….
(အသန့်ကြိုက်သူများ ကျော် ဖတ်ကြပေကုန်)
ညှီ ပဟေ့ …။
ဆိုရေး-၁
တမြန်နေ့က ဗဂျီကျော် ။ ထွစ်ဒစ်ရှင်နယ်ဒန်ဇာ ။ သုခုမရဲ့ ပဂေးကြီးကို ခွန်းထောက် မေးမိရာကနေ …စသဗျ..
ဆြာသမားက မြန်မာသံ ၅ပေါက် ၆ပေါက်တွေ အကြောင်း ပါ လှည့်ပတ်တူးသွားသေးတာရယ်..
(အဲ့အကြောင်း နောက်မှ သပ်သပ် မေးပါ့မယ်ဗျ)
ခွန်းထောက်ဆိုလို့ပါ တခါက အငြိမ့်ခွင်က ပြက်လုံးတခု သွားသတိရမိတာရယ်…
အို ဘာတဲ့ .. ကျောက်ခဲ အောင်ဘာလေ စူဠ တဲ့ ခည ….
စကားလိမ်ပေါ့ဗျာ… (ဒါအရေးကြီးတယ်… ဘာကြောင့်တုန်း ဆိုတော့ ဒီ စာစုမှာ ဒီ အဆင်ကို သံခိတ် အနေနဲ့ ယူသုံးမယ် မို့)
ကတောက်ခ့် …. ကိုကြွက်နီ တို့များ တယ်လည်း ညှို့ သကိုး …. (ကိုကမ်း… တွေ့ချင်ယဲ့ အူးလေး .ရယ်.. ချိန်းပေးပါ) အဟွတ်…
အဲ့… ပြန်စမယ်.. ကျောက်ခဲ အောင်ဘာလေ စူဠ တဲ့ခည ….
ကျောက်ခဲ (ဟောင်ကောင်မှ နှင်းကေသရာ ကြောက်တဲ့ လဂွန်းကျောက်စ် မဟုတ်ပါ) … က မမာ ဘူးလား… မာဒယ်…
အောင်ဘာလေ ..က ဘာ တဲ့ …. ထီ …
စူဠ ဆိုတာက … လိပ်ပါခည…
ဒီတော့ သတ္တုချ … မာ-ထီ-လိပ်
မိတ်ထီလာ မိတ္ထီလာ ..ပါတဲ့ခည….
အော် လူရွှင်တော်တွေ … မြို့နာမည် စကားဝှက်တမ်း ဆော့တဲ့ … ပြက်လုံးတခု .. ဆိုပါတော့ဗျာ…
ဒါမိုး ပြန်လာမယ်နော….. ကဲ ..နောက်ထပ် ဆိုရေးတခု ကိုသွားရအောင်….
ဆိုရေး-၂
မာတာ မိခင် ကျေးဇူးရှင်ပေါ့ခည…. အဟိ…
သတင်းကျွတ်လပြည့်နေ့မယ်… သူ ဝိသုတ္ထိမဂ် ဆိုလား သူတက်နေတဲ့ ဘုန်းကြီးကျောင်း ကို သီလယူရန်သွားသဗျ….
ညီတော်မောင်က စက်တော်ခေါ် … သေဂျင်းဇိမ်းက အသက်ကလွဲလို့ ရှိသမျှ လိုင်စင် အိပ်စပိုက်ယာဖြစ်..နဲ့…
အဲ့… ကျနော့်အခေါ် သာကူဇိ (တက္ကစီ) ငှားပြီး ယွန်းတော်မူရသဗျ…
အဲ.. ဘုန်းကြီးကျောင်း ကို ဘွားတော် ညွှန်းနေတာ …မျက်နှာ ဖောသွပ်သွပ်နဲ့ စမ်းချောင်းသားဟန်ရှိတဲ့ သာကူဇိ ဒလိုက်ဘာ
ပုံဖော်မိဟန်မတူဘူးခည …. သည်တော့ ..သေဂျင်းဇိမ်း တဖြစ်လည်း ကန္နားစီးမိဂီ တတ်သိပညာ မနေသာ ဆိုသလို …
ဟာ ..အစ်ကို … အရင်ကနာမည်ကြီး ဘာယီ ဖျော်ရည်ဆိုင် “မရ” (ရခိုင်သံ ဖြင့်ဖတ်ပါ) နောက်ကလမ်း ကိုပြောတာဗျာ..
(ယခု မရှိတော့ပါ)
ဆိုတော့မှ ဟိုဘဲနာလည်း ဒတ်သွားပြီး အိုခေ ညီလေး ဘယ်လောက် ဆိုပြီး ..နေရာသိ ဈေးညှိ.. ကွက်တိ အန်ကိုက် ဇလုပ်တိုက် တော့သကိုးဗျာ..
ပြောရဦးမယ်… “မရ” အကြောင်း … မကြာသေးသော တချိန်က ဖြစ်ပါသည်။
ဟောဒိ အဝန်းအဝိုင်းမယ် ဘယ်ဟော်တယ် နေ့စဉ်ရက်ဆက် သောက်နိုင်သူ ဖစ်စေကာမူ “မရ” ရဲ့ ရင်ခွင်ကိုတော့ တခါတခေါက် ခိုလှုံ ကြည့်ဖူးကြသူချည်း ရယ်နဲ့
“မရ” ရဲ့ ငါးရှဉ့်ခြောက်စပ် ဒူးထောက်ရပ် ဖူးခဲ့သူတွေ မနည်းမနော ရယ်ပါဗျ …. သွသူ စဗြစ်သီး ဖြစ်ဖြစ် ခရို ပန်းရောင်ဖြစ်ဖြစ် ပေါ့ ….
အဲ့သလို နာမည်ကြီးတဲ့ … ဒါကိုလီရှိဗက် (ဒီကိုလာ ရှပ်ဘိ) “မရ” ရယ်ပါ….(ယခု မရှိတော့ပါ)
ထားပါတော့လေ.. အဲ့သည့် “မရ” ရင်ခွင်ကို မိဂီ တယောက်သေဂျင်းဇိမ်းဘဝတုန်းက ခိုလှုံခဲ့ဖူးကြောင်းပါ… အဲ့ဒါကတော့ ဟဲဟဲ…
ဆိုရေး-၃ ပေါ့ဗျ…
ဆိုရေး-၃ … (သို့ မဟုတ်) ကိုကြက်
ဒီဘဲကြီးက အသက် ၂ဝလောက်ထင့် …ကျော်တို့ ဒေသကို ပြောင်းလာတာ ကျော်တို့ ရှိလှ အလယ်တန်း မရောက်တရောက်ပေါ့ဗျာ…
ကျော်တို့ သောက်တတ်တော့ ဒီဘဲကြီးက အသက်၃ဝပြည့်တာ တော်တော်ကြာဘီ ထင်ပါသပေါ့လေ…
သွားလေသူ ဆြာမင်းလူစကား ငှားသုံးရရင် သူက သူရာ နတ်ခတ် နဲ့ ယှဉ်မွေးလာသလားမသိ…
မျက်နှာမြင် တိုက်ချင်ပါဇီ ..မွေးရာပါ ပါရမီပါသူခည …. လူချစ်လူခင်ပေါတာ ..ကိုယ့်လစ်မစ်ကိုယ်သိတာ
ရန်မရှာတာ မရစ်တာ မရမ်းတာ မငိုတာ မအန်တာ စကားအပြောကောင်းတာ ဟိုဟိုသည်သည် နှံ့စပ်တာ က သူ့ ကိုယ်ပိုင်သင်္ကေတရယ်…
(ကျော့် ငါးရောဂါ လက်ဦးဆြာတွေထဲက တယောက် ဆိုပါတော့)
ထားတော့ဗျာ.. ဆက်ဆွဲရရင် အဆိုပါ အလွန် အင်မတန် နာမည်ကြီးလှပါတဲ့ ချစ်စရာ့ “မရ” မယ် …ကိုကြက်ဖကြီးနဲ့ ကျော်တို့ လူသိုက် တွေ့ကြသပေါ့ဗျာ…
ဟိုဘက်ဝိုင်း သည်ဘက်ဝိုင်းလောက် မေးထူးခေါ်ပြော။ မီးခြစ်ကမ်း ။ လွတ်ကျတဲ့တူ ကောက်ပေး ။ ဘောပွဲ သတင်း လက်ဆင့်ကမ်း လောက် သောက်နေကြတယ်
ဆိုပါတော့… သမာ္ဘကြီးတွေ နဲ့ လူငယ်ခြေတက်ကလေးတွေ ဘောလုံးကွင်းကို ထက်ခြမ်းခြမ်းပြီး သွေးပူလေ့ကျင့်ရေးဆင်းနေတယ် လို့မြင်ယောင်ကြည့်ကြပါဗျာ..
ကဲ… ဆက်ဆွဲပါမြည်…။ သူရို့ ဝိုင်းက အထ… အပြန်မှာကျော်နဲ့ အတူတူမို့ ကိုကြက်က လက်စသတ် (ချင်ယောင်ဆောင်နေတဲ့) ကျော့်နားဝင်အထိုင်
ကျော်တို့ လူငယ်တွေ ရဲ့ ရင်ဘတ်ထဲ မိုးကြိုးတွေ ပစ်စလက်ခတ် ပစ် ကုန်ပါတော့တယ်ဗျို့… (ခွက်ဒစ်တူ ဟိုမင်းသားယီး)
ဘာကြောင့်တုန်းဆိုတော့ မလှမ်းမကမ်းမယ်…အသက် မတိမ်းမရိမ်းရှိမယ့် ဂန္ဓဝင် ratio ပိုင်ဆိုင်တဲ့ မဒီလေး တယောက် ထိုင်နေတာ တွေ့လိုက်မိလို့ပါပဲ…။
မျက်ခွံ မစိရှာသော အသက်ခပ်ကြီးကြီး ခေတ်ဆန်ဆန် အမျိုးသမီးကြီး ၂-၃ ယောက်လောက်နဲ့ တူတူထိုင်လို့ … ကျားတံဆိပ်ကို ကလူအိသို့ မြူအိသို့ လုပ်နေတဲ့
ရင်ကွဲအောင်လှတဲ့ ကောက်ကြောင်း ပိုင်ရှင်လေးပါဗျာ.. (ခွက်ဒစ်တူ အသားမရှိတဲ့ ရေးရသမျှရေးတဲ့ ဟိုဆြာ)
သည်တော့ ကျော်တို့ ချာတိတ်တွေ ခေါင်းချင်းရိုက်ရပြီလေ…. သိဒယ်မလား ….
ဘာညာလား… ဆိုရှယ်ကျတာလား ..ဝတ်ထားတာကတော့ အလန်း… တန်ဖိုးကြီးမိန်းမလှအသည်းဟာ ဒစ်စကိုလား တွမ်တီဖိုးကာရက်လား ငြင်းကြတော့သကိုးဗျို့…
(ဘော်ဒါထဲက ဇပြင်းသူ ၁-၂ယောက်လောက်က ပေါ်တင် ဝင် မေးမယ်..) ရရင် နီး ရာ မ-ပြေးမယ် ထကြုံးဝါးလေရဲ့….။
အကျင့်က တန် ။ အရည်ကဝင် … ကုတင်အောက်က အရိုးစု နဲ့ ရည်ညွှန်းဖတ်စာ အကုန် ကြိုပွိုင့်နဲ့ ပေါင်နှံရောင်းစား တတ်တဲ့ မောင်တွေဆိုတော့ တွက်သာကြည့်ပါတော့
အဲ… တားတဲ့လူကလည်း တားကြသဗျ.. (ကျော် ထိပ်ဆုံးကတားတာ..- ငါဟဲ့ ..၁မှတ်) ဟုတ်တယ်လေ….သူရို့ထင်သလို ဘာ-ညာ မဟုတ်ဘဲ ဆိုရှယ်ကျတဲ့ အရှေ့မြောက်ဖျားက
ဟိုက်ဘရစ် မမ တျောက် ဆို ပြေးပေါက်မှားမယ် မဟုတ်ပါလား … ဒါမိုးဆို ဆွမ်းကြီးဝိုင်းလောင်းပေးမယ့် အမျိုးကောင်းသားတွေကလည်း မနည်းဘူးရယ်လေ…
သိတဲ့အတိုင်း “မရ” ဆိုတာကလည်း ကျော်တို့ အပိုင်စားနယ်နဲ့ နည်းနည်း လှမ်းနေလေတော့ …မဖြစ်သင့်တာမဖြစ်အောင် တားရပါတော့တယ်…
အခြေအနေကား လိပ်ခဲတည်းတည်း ပင်တည်း။။။ ဒါကို ဖြိုခွင်းသူကား … ကိုကြက်ဖ။
ဆိုရေး-၃ … (သို့ မဟုတ်) Climax
ဟုတ်ပါတယ် ..ကိုကြက်ဖရယ်ပါ…. သူက ဟိုပုံဏား နဲ့ အမျိုးတော်ပုံမရပေမယ့် လက်ညှိုးတချောင်းထောင်လို့ တခွန်းတည်းသော စကားကို
ဆိုပါတယ်… ၁၀၀% သေချာတယ်ကွ… ဘာညာ တဲ့ ..။
အေး… တခုတော့ ရှိတယ် … မင်းတို့ ဒဲ့ဝင်လုံးလို့တော့ မရဘူး… သိတယ်မလား ..ရှော်မှာ တဲ့ ..
ရှော်ရင် ကံကောင်းတယ်မှတ် မရှော်ဘဲ အရှက်ခွဲဘာဒယ် ဘာညာ သာဒဂါ နဲ့ ငွေညှစ်မယ် ..မရရင် အော်ပြီးရိုက်ခိုင်းမယ်…
ဘွပျက်သွားမကွ… အထှာ နဲ့ ဝင်မှ ရမယ် ဆိုပဲ ….ဆိုတော့ ….
ဟုတ်ပါတယ်- မဟုတ်ပါဘူး ငြင်းကြတဲ့ ဂိုဏ်း ၂ဂိုဏ်း အနက် မဟုတ်ပါဘူး ငြင်းတဲ့ ဂိုဏ်းက ခေါင်းထောင်လာပြီး .။.
ကိုကြက်ကို စကော့တလန် စမ်းရည် ၁လုံးကြေး စိန်ခေါ်ပါတော့တယ်..
ကိုကြက်ကလည်း ရတယ်လေ..တဲ့ …ခပ်တည်တည်ပဲ … မာန်အပြည့်နဲ့ ဟိုစကီလေး ဝိုင်းကို တလှမ်းချင်းလျှောက်သွားပြီး
တခွန်းတည်းသော စကားကို ဆိုပြီး ချာကနဲ လှည့်ပြန်လာခဲ့ပါတော့တယ်….
စကီလေးက နောက်က ခပ် ရို့ရို့ ကလေး ဖဝါးထက်ချပ် ပါလာလို့ ….။
ကျုပ်တို့မယ် … ဂုတ်ပေါ်ဝဲနေတဲ့ ဆံပင်တွေတောင် ဆံပင်အတို ဝမ်းဝေးကို extra hard Gel နဲ့ ထောင်ထားသလို ခေါင်းနားပန်းတွေကြီး
မျက်လုံးက ဇာဂျီယံ လင်းကွင်းလောက်ပြူးလို့ ..မေးရိုး ကြမ်းပြင်ရိုက်အောင် အံ့ဩ ယူရတယ်ဗျို့ …. ဘယ့်နှယ့် တခွန်းတည်း ကွယ်…အော်.. အထှာ သိတော့လည်း
ပြောပါတယ်…
အဲ့သမှာ … ကျနော်တို့ ဇာတ်လိုက်ကျော်ကြီး ကိုကြက်လည်း ကမ်းတက်တိုက်ပွဲအောင်ပွဲရ စစ်သူကြီးဟန်ပန်နဲ့ … ဒုတ်ကောက်ကိုင် လို့ ကတ်ဦးထုပ်ဆောင်းတဲ့
နှုတ်ခမ်းမွေးနဲ့ လူကြီးလူကောင်း အမည်းရောင်ကြီး ပိုက်လို့ ကျနော့်ကားပေါ် ပြုံးပြုံးကြီး တက်လိုက်ပါတော့သဗျား….
ဟိုအမိ ကတော့ ငနဲသားတွေနဲ့ ဘယ်လိုကျန်ခဲ့သလဲ မသိပါ….။ (သိဇယာလည်း မလိုတော့ပေ..)
ကျော်နဲ့ ဟိုဘဲကြီးကတော့ …အိမ်တန်း မပြန်ဘဲ စကော့လူကြီးလူကောင်းကို လမ်းတင် အလဲထိုးရင်း မေးကြည့်တော့…
ကိုကြက်က သူပြောခဲ့တဲ့ စကားလေး တခွန်းက ..
စကားလေး တခွန်းက… သိပ်အများကြီးမဟုတ်ပါပေ.. တခွန်းတည်း ဂျစ်ဒယ် မေ….
(အဲ့ လေ ယောင်ကုန်ပါပြီ)
ဟုတ်ကဲ့ … ဆြာသမား တကယ် ပြောချလိုက်တဲ့ စကား လေး တခွန်းက …..
စန္ဒာ – သူရိယ – တကူကူးကူ ပါတဲ့ … ခညား….
(အထှာ မပေါက်သူများ ဆိုရေး-၁ နှင့် ထောက်ချင့် ပေါက်-ဖော် ကြပါကုန်)
အော်… အဲ့လိုပါဆို…
စာကြွင်း။ (သို့မဟုတ်) ဆိုရေး-၅
အဆိုပါ စကားလိမ်နဲ့ ဝတ္ထုတို တပုဒ်ကို နာမည်ကျော် စာရေးဆြာ တယောက် ရေးတာ ဖတ်ဖူးရဲ့ဗျားးး…
သူကတော့ မာဆတ်မှာ ဆိုပဲဗျ… … သူဖွဲ့ထားတဲ့ ဇာတ်က အဆိုပါ စကားလိမ် အထှာနဲ့ ပြောဝင်မှ
လာနေကျ ဖောက်သည်မှန်းသိပြီး ဝန်ဆောင်မှုပေးတာပါတဲ့ … (အဖမ်းအဆီး ကြမ်းတဲ့ကာလ ဆိုလားဗျာ…)
ထားပါတော့ဗျာ.. အဲ့သည့် ကိစ္စရပ် ၂ခုရဲ့ time frame ကို သတ္ထုချကြည့်ပြန်တော့ ဟိုဆြာ ရေးတဲ့ ညွှန်းတဲ့ ကာလထက် ကိုကြက် က ၂နှစ်လောက်
စောနေတာ တွေ့ရသဗျ…။ ဟိုဆြာ နဲ့ သူနဲ့ သိသလား လည်း ကျနော် မသိ။ ဟိုဆြာက စာရေးကောင်းသူမို့ … သူ့ စကားလိမ်နဲ့
ကွန်ကရစ်တောအလည်က မာစွတ် ကိစ္စ ကို ရိုင်းစိုင်းဖမ်းကိုင် လိုမျိုး ၂ခွက်၁ခွက်တင် ကျိုလိုက်သလားလဲ မပြောနိုင်ဘူးဗျ…။
သို့တည်းမဟုတ် စာရေးဆြာရဲ့ ကိုယ်တွေ့ ကို ကြက်ကိုကို က ပွဲတွေ့ ဖြစ်ချင်းပီး တကွက်ကောင်းသိုင်းကွက် အနေနဲ့ ယူသုံးတာလား…
(တကယ်ပဲ အရင် ဇာတ်လမ်းဟောင်းရှိနေခဲ့ဖူးတာလား) သေဂျင်းဇိမ်း ဉာဏ်မမီဝူးဗျို့…
အဲ… ပြောနိုင်တာ ၂ခုက –
၁- ကျနော်တို့ တကယ် ကြုံဖူးတဲ့ ကိစ္စ ဖြစ်သော်လည်း အတည်ပြုဖို့ရန်မှာ … ဒီဘဲကြီးတွေက လူ့ပြည်ငြီးလို့ အပြင်မယ် ဝိုင်းခြင်း ထွက်ခတ်ကုန်ကြပြီကိုး…
၂- ကျော်တို့ အနီးအနားက ဝါသနာရှင် အဝန်းအဝိုင်းထဲ မတော့ အနှီ စကားလိမ်ဟာ industrial standard တခု ဖြစ်ခဲ့ဖူးတဲ့ …
သမိုင်းမတွင် ပေမယ့် သမိုင်း ဝင်နေတဲ့ တော်ကီတခု ဖြစ်ခဲ့ဖူးကြောင်းရယ်ပါ…
…
အိုကွယ်.. ကြံကြံဖန်ဖန်….။ငိငိ
ညှီသွားလို့ …လွန်ဒလာ ချိရင် ဝန်ဒါမိ ပါဗျို့ …..။
ဒက်ဂလောက်…ဒက်ဂလောက်…။
21 comments
KZ
October 21, 2013 at 10:40 am
များလွန်းလို့ မမှတ်မိတော့လို့လားဟင်?
ယင်ကောင်တွေ မလာခင်ပြေးပြီ။
😀
ဦးကျောက်ခဲ
October 21, 2013 at 10:53 am
အ ဟီး… အကောင်းမှတ်လို့ “စန္ဒာ – သူရိယ – တကူကူးကူ”…
သေဂျင်းဇိမ်း… နာ့နာမည်ပါ အဆစ်ထည့်သွားသေးတယ်…
နောက်တခါတွေ့ရင် စကားလိမ်တွေအကြောင်း ဖလှယ်ကြတာပေါ့…
😀
TNA
October 21, 2013 at 11:03 am
အာဟိ ကျောက်စ်ကလဲ စကားလိမ်သိသဂိုး။
Mr. MarGa
October 21, 2013 at 12:45 pm
အင်
ဘာတဲ့
“စန္ဒာ – သူရိယ – တကူကူးကူ”
“စန္ဒာ – သူရိယ – တကူကူးကူ”
“စန္ဒာ – သူရိယ – တကူကူးကူ”
“စန္ဒာ – သူရိယ – တကူကူးကူ”
ဘာများပါလိမ့်
alinsett
October 21, 2013 at 8:56 pm
သိပ်မညှီသေးပါဘူးအေ…
kai
October 21, 2013 at 11:25 pm
မထူးပါဘူး…။
ညှီလက်စနဲ့ဆက်ညှီလိုက်ရရင်.. အဲဒီ -ိုးဆိုတဲ့စကား ဘယ်ကလာသလည်းတွေးတွေးနေတာ.
… -ီးနဲ့ ထိုးတာကနေလာတာလားဟင်…။
ထူးပေသည့်ဆန်းရာသော်က.. အဲဒီစကားက.. မြန်မာစာထဲ..လူတိုင်းအတွက်…အင်မတန်အခံရခက်တဲ့..အရိုင်းဆုံးစကားတခုဖြစ်နေတာပဲ..။… အံ့ဖွယ်သုတ…
sorrow weaver
October 22, 2013 at 1:05 pm
သူကြီးနှယ့်…ပေါက်ပေါက်ရှာရှာတွေးလဲတွေးတတ်ပါ့…အဟီးဟီး……
lele kyi
October 22, 2013 at 4:24 pm
ဆိုကရေးတီးနဲ့ စကားစမြည်ဆိုလို့ အတွေးအခေါ်တွေ ဆွေးနွေးနေကြတာလား။ အနုပညာအကြောင်းလားလို့ ဝင်လာတာ။ သူကြီး သင်ပုန်းကြီးဖတ်နေတာနဲ့တိုးသွားတယ်။ အိုးပုတ် ချိုးရုပ် ပလုပ်တုတ်တုတ် ဖိုးဝရုပ်။ ဟီးးး
စကားလုံးကရိုင်းတာမဟုတ်ပါဘူး။ အလေ့အထ အမူအကျင့်ကြောင့် ရိုင်းရတာပါ။ ရုံးကပရောဂျက်မန်နေဂျာနာမည်ကဟာသ။ ဒစ်ရိုး တဲ့။ (ဒီအိုင်စီကေ ဝိုင်အိုအီး) အဓိပါယ်မသိပဲ အဲ့နာမည်ခေါ်နေမိတာ။ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက် သူ့နာမည်အကြောင်းရှင်းပြတော့မှ ကိုယ့်ကိုကိုယ်ရယ်မိတယ်။ ဘာမှမထူးခြားပါဘူး အဲ့ပုတ်ဂိုလ်က ဂရုတောင်မစိုက်ဘူး။ ကျမ နာမည်လည်း သူတို့ဖျက်ကြတာပဲ။ အသံဖေါ့ပြီးခေါ်တော့လို့တော်သေးတာ။ မဟုတ်ရင် ငါ့လာဆဲနေတယ်လို့ထင်ရမှာ။
Wow
October 22, 2013 at 1:32 pm
စန္ဒာ က ‘လ’
သူရိယက ‘နေ’
တကူကူးကူ က ‘ခို’
ဘာလဲဟ ‘လနေခို’ …. :hee:
ဦးကျောက်ခဲ
October 22, 2013 at 1:53 pm
တကူကူးကူ က ‘ခို’
ဟမ်မရေး… တေသာ တေလိုက်ချင်ပါတော့တယ်…
ဘွားလေး “ဝေါင်း” ရယ်… အား ဟိ
😀
inz@ghi
October 22, 2013 at 1:59 pm
တူက Oh! Yessssss ပဲ သိတာကလား
Wow
October 22, 2013 at 2:06 pm
ဟမ်… ဒီနူးဘာ တားအဖ နာ့ဂိုလုပ်ကြံဘီ….
ခို မဟုတ်ရင်ဘာလဲဟ.. :byee:
sorrow weaver
October 22, 2013 at 1:58 pm
ရယ်ရလို့ သေရပါတော့မယ်…တကူးကူးကူက ” ခို “….အဟီးဟီး ..နည်းနည်းပဲလွဲတယ်…
KZ
October 22, 2013 at 2:59 pm
နိ ကို ပြောပြန်ရင်လည်း လွန်ရာကျမယ်။
နာ့ ကို အရင်မေးပါ။
ဟိုတစ်ခါ ကတည်း က လိုက်သင်နေတယ်။
ပြီးရင် နာ က နိ ကို ကျူရှင်ပေးနေတယ် လို့ ပြောကြဦးတော့မယ်။
ဖိုးတောင် သူ့တဲ ကဗျာ ပြန်ဖတ်စမ်း ဘာ အေ။,
:hint:
Wow
October 22, 2013 at 3:25 pm
မှားပါလယ်…
လုံမလေးမွန်မွန်
October 22, 2013 at 3:30 pm
ဟီးဟီး…. ခိုက ညည်းတာလေ မမဝေါင်းရဲ့… 🙂
အူတက်လို့သေတော့မယ်… (ချိတ်မချိုးနဲ့နော်..)
ဒါနဲ့ သာကူစိ နဲ့ တက္ကစီ ဘာဆိုင်ဒုန်းဟင်င်.. 🙄
မဟာရာဇာ အံစာတုံး
October 22, 2013 at 3:42 pm
နေ ဆိုတော့ ပူတယ်
လ ဆိုတော့ အေးတယ်
ချိုး ဆိုတော့ ကူတယ်
ပူအေးကူ … ပေးအကူ …
အွမ် … ဘိုဂျီးဒုန်းး 🙄 🙄
လုံမလေးမွန်မွန်
October 22, 2013 at 5:33 pm
နီ ဖော်လို့မရဝူးဆိုတာ နာလုံးဝ မယုံဝူး.. 😉
ကျော်စွာခေါင်
October 23, 2013 at 3:07 am
ရ သံချီ ငိုချင်းရှည် ဇာတ်ဝင်ခန်း
နောက်ပိုင်းအင်မတန်ကောင်းသော မင်းသမီးလေးမှ ကရင်သင်တိုင်းဝတ်ဖြင့် အပူတိုက်ငိုရမည်
ဖိုးသကြားက တမတ်ဝန် ( ဝန်စိမ်း)
အံဇာဘိုးဘိုး တစ်ကျပ်ဝန် ( အနီ ) ဘေး တစ်ဖက်ဆိမှ ရပ်…ဝန်နီ..မျက်နှာမာမာ…ဝန်စိမ်း သနားဟန်ပြု…
(ကရင်မလေး…..ဂျပန်ပြန် အိမ်ရှေ ့စံ ကိုယ်တော် ဇာဂီအတွက် ငိုချင်းချ ….)။
အပူမိသူပါရှင်…… ငုံးဆူ လူမသိအောင် …တွေးးး
ချစ်သောဂီ ပညာရှိကို ချစ်မိတာကြောင့်.. စကားလိမ် စကားထာအနက်တွေနဲ ့..
ကလပ်တက္ကသိုလ်ဆင်း…အမယ်မင်း ပတ်ကညော ကျွန်မကတော့ မလွယ်ရေးချမလွယ်…
( အံဇာဘိုးဘိုး…။ ။ ဟင်…ခုသိမို ့လား…မယ်မင်း…ဟွင်းဟွင်း…)
…
လွတ်လမ်းမမြင်မိပါဘူးးးးး ရှင်တို ့…….
( ဖိုးသကြားအမတ်။ ။ အမိုးလဲ ကယ်နိုင်မယ် မထင်ဘူး ကလေးမရဲ ့ တရားနဲ ့ဖြေပါကွယ်…)
သည်အမောင်… ဂျပန်ပြန် လက်သွက်လှသမို ့…..
အမိုးရေ…
ကျွန်မကိုလေ….( အံမယ်လေး )
လ နေ…တကူကူးပါတော့မယ်လေးးးးး လေးးးးဟေးးးဟေးးးး
တိန်..တိန်း..တိန် ့တိန်…..တိန် တိန်းးးးတိန် ့တိန်…ဒပူနယ် ဒယ်တယ့် တယ့်နယ့် တူ နယ့် ဗြောင်………
အချိန်ရတုန်းလေး ငိုချင်း ဝင်ရေးပေးတာ…
နာတော့…ရေးပြီးတာနဲ ့လွတ်အောင်ပြေးဘီဟေ့…….. ဒချိ ဒချိ…။
ဦးကျောက်ခဲ
October 23, 2013 at 7:14 am
ဟီ ဟိ… မှတ်ပြီလား မောင်ဂီ…
ခင်ဗျားရဲ့ “စန္ဒာ – သူရိယ – တကူကူးကူ” က အခု ပတ်ကညောဘက် လှည့်လာပြီ…
ဆြာခေါင်တို့ ပိုင်သဗျာ… ခေတ်သစ် ရ သံချီ ငိုချင်းရှည်က ရှယ်ပဲ… အား ဟိ…
😀
Novy
October 23, 2013 at 10:11 am
မကြီးမငယ်နဲ့ မောင်ဂီရဲ့ စကားလိမ်တွေကို ဘာသာဝင်ပြန်ရင်
ဘေးလူတွေမသိအောင် ကြိတ်ပြီးရီရတာ မောလိုက်တာအေ