ကျနော် .. ငါးသမား ..
ငါးအကြောင်း ရေးချင်နေတာ … ရေးမယ် ရေးမယ်နဲ့လည်း မရေးဖြစ်တဲ့အကြောင်း ဆိုပါတော့..
ရေးရမယ် ဆိုရင် ကျနော် ငယ်ငယ်ကလည်း ငါးမွေးသလို ..ခုလည်း ပြန်မွေးဖြစ်နေတယ်ဗျ …..
အဲ .. ကျနော် ငါးမွေးတဲ့ကိစ္စ မပြောခင် ခုတလော စိတ်ထဲ ဘဝင်မကျတဲ့ ကိစန လေးတခု ပြောအုံးမှ
ဘာရယ်မဟုတ်ပါဘူး ..နှစ်ဆန်း ၁ရက်နေ့ ဇီဝိတဓါန ဆိုပီး ငါးပေါက်ကလေးတွေ ရေကန်တွေထဲ လွှတ်တဲ့ကိစ္စပါ. ..
အဟိ…
ကိုယ်လွှတ်တာ ငါးပေါက်ကလေးတွေ … ဟိုကန်ထဲမယ် …ငါးကြီးတွေက တပြွတ်ကြီးရယ်….
ကိုယ်ကတော့ ..လွတ်စေ ဆိုပြီး လုပ်တာပဲ ..(အကောင်ညှက်တော့ ဈေးသက်သာသပေါ့ ..ဘတ်ဂျက်နဲ့ ကောင်ရေ အချိုးချရင်
အီကိုနော်မီ ပိုဖြစ်သပေါ့ ..နော့ …)
ဆိုတော့ …အသက်လွှတ်တာလား .အစာကျွေးတာလားပေါ့ဂျာ …(လုပ်တဲ့လူတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် ပြောတမဟုတ်ရပါ)
ထားပါတော့လေ အဲ့အကြောင်း …
ကျနော်တို့ ငါးမွေးကြတယ်ဆိုတာမှာ ..တခါတခါတော့ ..နည်းနည်း ခရေဇီလေးတွေ ပါလာတတ်သဗျ…။
နောက်ပြီး ဒုက္ခခံတဲ့ စိတ်ကလေးတွေပေါ့ …ငယ်တုန်းက ၈-၁ဝကန်လောက် ..မွေးနေဖြစ်တာမှာ
အခု တော့ ၆ကန်လောက် နဲ့ တင်းတိမ်ရတာပေါ့ဗျာ ..(အိမ်မှာရေတင်ရတာလည်း ခနခနကိုး..)
အဲ.. စကားတွေ ချော်ကုန်ပြီ… ခရေဇီ ဖြစ်တဲ့အကြောင်းလေး ပြောမလို့ပါ…
ငယ်တုန်းက ဒေါင်းငါးမ သားမွေးတာ ထိုင်စောင့် ကြည့်ခဲ့ဖူးတယ်..။ (ငါးမှာလည်း အကောင်လိုက်မွေးတာ ဥနဲ့ပေါက်တာ ကွာသေးသကိုးဗျ..)
ခုလည်း ..ရှားရှားပါးပါး ရထားတဲ့ ဇီးဘရား ပန်းရောင်လေးတွေ နက်ဖြန်လောက် ဖောက်ဖြစ်အုံးမယ်..။
စီးပွားဖြစ်ဖောက်တာတော့ မဟုတ်ပါဘူး ဇီးဘရား တကောင်မှ ၂၀ဝကျပ်လောက် မို့ ဘယ်လိုစီးပွားဖြစ်မတုန်း …။
ဒါပေသိ ဒုက္ခခံ ငါးဖောက်ရခြင်း ရည်ရွယ်ချက်က …ငါးမတွေ ဗိုက်ထဲ ဥကျပ်ပြီး မသေစေချင်လို့ပါပဲ ….။
ဥ-ဥတဲ့ငါးတွေ အရွယ်ရောက်လာတဲ့အခါ …အထီးနဲ့ ငါးမဖောက်ရရင် ..ဗိုက်ထဲမယ် သန္ဓေမအောင်ဘဲ ..နဲ့
ငါးအမေကြီး ဗိုက်မဆန့်မပြဲဖြစ်ပြီး သေသွားတတ်တာမျိုးတွေ ..(ရွှေငါးတွေ အပါအဝင်) ရှိလို့ပါဗျ…။
ပြောချင်တာက ..တန်ကြေးမရှိတဲ့ အလှမွေးတဲ့ငါးတွေ ကိုယ့်လက်ထဲ မှာ မသေစေချင်တာ ..ကြောင့် ကိုယ့်ဒုက္ခကိုယ်ရှာပြီး
ဖောက်တယ် ပြောချင်တာပါ…။
သည်လောက်ဆို ငါးသမား စိတ်ကို သိမယ်ထင်ပါတယ်….။
ငယ်တုန်းကတော့ စီးပွားဖြစ်ဖောက်ဖူးသဗျ …။ရွှေငါးတွေကိုလေ ….သိပ် အကုသိုလ်ကြီးတဲ့ အလုပ်ဗျ…။
lower animal မှာ အထီးသည် အမထက် ညှက်ရိုး ထုံးစံဗျ… ဆိုတော့ ..ရွှေငါးမှာ အမ ၁ကောင် အထီး ၃ကောင် နဲ့
ဖောက်ကြရတယ်ဗျ…အမ မဒန်း နဲ့ အထီး နွားသိုးကြိုးပြတ် ဆိုရင်တော့ ၂-၁ ဒါမှမဟုတ် ၁-၁ ပေါ့ဗျာ
ကျနော်ပြောချင်တာက အရွယ်ရောက်ဖောက်စုံပါ…
အဲ့သည့်မှာ စတွေ့တာပဲ …. နည်းနည် းရိုင်းရင် ခွင့်လွှတ်… ငါးအမ ဗိုက်အခြေအနေကြည့်ပြီး
ရေမှော်နဲ့ အောက်စီဂျင် ပြင်ထားတဲ့ ကန်ထဲကို …ငါးတွေလွှတ်ပေးရတာဗျ…အဲ့သည်မှာ ငါးအထီးက ငါးအမ ဗိုက်ကို ခေါင်းနဲ့
လိုက်တိုးပါတယ်… ငါးအမ ကို ညှပ်ပူး ညှပ်ပိတ် …လိုက်တွန်းရင်း ဗိုက်ထဲက ထွက်ကျလာတဲ့ ..ဥတွေကို အပြင်ရောက်ရောက်ချင်း
သကောင့်သားက ..sperm ဖြန်းသဗျ…. ဥလို့ ကုန်ပြီ ..ဆိုရင် ငါးတွေကို တခြားကန် ဆီ ဖယ်ထားပြီး ဥတွေကို အောက်စီဂျင်ပေးပီး
အခြေအနေစောင့်ကြည့်ရပါတော့တယ်…ဥတွေ က ဂျယ်လီလို အကြည်ရောင် လေးတွေဗျ…မှန်အောက်ခြေမှာ .ရေမှော်တွေမှာ ကပ်နေတတ်တာပေါ့
၂-၃ရက်နေလို့ ..ဥတွေ ဖွေးသွားပြီ ဆိုရင်တော့ ..ပျက်ပြီသာမှတ်ပါတော့ … မအောင်လို့ မှိုစွဲသွားပြီလေ… အဲ့လိုမဟုတ်ဘူး ..ဆိုရင်တော့
၃ရက်လောက်ဆို ဥကနေ အကောင်ပေါက်လေးတွေဖြစ်ပြီး ရေစကူးပါတော့တယ်… (ငါးအထီးအမကို ဖယ်ရတာ ..တိရစာ္ဆန်မို့ …အကောင်ပေါက်လေးတွေကို
ပြန်စားတတ်လို့ပါ… ပြန်မစားဘဲ စောင့်ရှောက်တဲ့ တခြားငါးမျိုးတွေလည်း ရှိရဲ့…)
အံမယ်… ငါးသမားက သည်တိုင်း အားအားယားယား စောင့်တယ်များ မှတ်လို့လား ..မအားရဘူးဗျ
…ငါးပေါက်လေးတွေ စားဖို့ ဆားပုစွန် ဖောက်ရတယ်…
ဆားပုစွန်ကို အာတီးမီးယားလို့ ခေါ်တယ်ဗျ… သူက နိုင်ဂျံဂါး ကနေ ဗူးနဲ့လာတာ .. မသိရင်တော့ လျက်ဆားလို အမှုန့်လေးတွေပေါ့ ..
အအေးခံအခြောက်ခံထားတဲ့ ဆားပုစွန်ဥလေးတွေဗျ …အဲ့သည့် ဥလေးတွေကို ၁လီတာ ရေသန့်ဗူးမယ် စားပွဲတင်ဆား တဇွန်းလောက်နဲ့ ၁ရက်
အောက်စီဂျင်ရိုက်ထားပြီး ဖောက်ရသဗျ…
သည်နေရာမှာ ဆားပုဇွန် အကြောင်း နည်းနည်း လင်းရပါမယ် …အရွယ်အစားက zoology အလိုတော်အရတော့ Multi-cellular animals ပေါ့…
ငယ်ငယ်က ဇူးမှာ သင်ရတဲ့ singal -cellular ဖြစ်တဲ့ amoeba ထက်တော့ ကြီးမယ်ဗျာ ..ပိုးလောက်လန်းထက်တောင် ငယ်ပါသေးတယ်…
ဒီကောင်လေးတွေဖောက်ရင် အနီရောင် အစက်အစက်လေးတွေ လောက်လာ လူ့မျက်လုံးနဲ့ မြင်ရတာဗျ….
(ကိုယ်ဖောက်တဲ့ ရွှေငါး တောင် ပေါက်ကာစမှာ ..ပိုးလောက်လန်းလောက်ရှိတာကိုး)
ဆိုတော့ …သည်အကောင်တွေပေါက်ပဟေ့ ဆိုရင် လျက်ဆားမှုန့်နဲ့တူတဲ့ သူရို့ ဥလေးတွေဟာ ပေါက်တဲ့ဥ ရေပေါ်ပေါ် ..
မပေါက်တဲ့ဥ ရေထဲနစ်နဲ့ဗျ… ဆြာ့ဆြာတွေပြောပြတာအရတော့ အမှောင်ထဲ လက်နှိပ်ဓတ်မီးနဲ့ ထိုးကြည့်ရင် အနီရောင် အစက်အစက်လေးတွေ…
အလင်းရောင်ဘက်ကို လာစုပါသတဲ့ ..(လုပ်ကြည့်ဖူးပါတယ်..)
သည်ကောင်လေးတွေဖောက်တဲ့အကြောင်းကိုတော့ ပိတ်သတ်ကြီး ရိပ်မိလောက်ပြီ ထင်ပါတယ်…
ဟုတ်ပါတယ် ..ငါးသားပေါက်လေးတွေ ကျွေးဖို့ပါ…ငါးသားပေါက်လေးတွေက အထက်ကဆိုခဲ့တဲ့အတိုင်း ပိုးလောက်လန်းလောက်ဆိုတော့..
ဒင်းတို့ ပါးစပ်ပေါက် အရွယ်အစားအရ ….ငါးသမားလက်ဆွဲရေတီ လည်း ကျွေးလို့မရဘူးကိုးဗျ.. သည်တော့ …အဲ့သည့်ထက် ညှက်တဲ့
multicellular အဆင့်ရှိ သတ္တဝါလေးတွေ ကျွေးရတော့တာပါပဲ …။ သိပ်အကုသိုလ် ကြီးတာနော … အပေါ်မှာရေးခဲ့တဲ့အတိုင်း
ရေသန့်ဗူးထဲ ဖောက်ထားတဲ့ ဆားပုစွန် (အာတီးမီးယား) လေးတွေကို ဒီဇယ်ဆီ စစ်တဲ့ ရေစစ် (အလွှာ၂ထပ်)နဲ့ ဥခွံ နဲ့ အကောင်
သေချာ စစ်ပြီး ..မှ အကောင်လေးတွေချည်း ငါးသားပေါက်ရှိတဲ့ ကန်ထဲ ထည့်ရတာ …
အဲ့လိုနဲ့ တပါတ်လောက် ကျွေးရသဗျ… (အကုသိုလ်တွေ အကုသိုလ်တွေ)
တပါတ်သား ငါးသားပေါက်လေးတွေ ..(ဂန့်တဲ့ကောင်လည်း ဂန့်ပေါ့ဗျာ ..) ကြီးထွားလာပြီဆိုရင် …
ပင်အပ်လောက်ရှိတဲ့ အနီရောင် တွန့်တွန့် တွန့်တွန့် .. ရေတီ ကို ကျွေးလို့ရပါပြီ ….
အဲ …တပါတ်သား ကနေ ၂ပါတ်သား ကြားတော့ ..သည်တိုင်း ကျွေးလို့မရဘူး …
အနေတော့ သစ်သားတုံး တတုံးရှာ ..ဒီဇယ်ရေစစ်ကို ခင်း…ပီး ..ဘလိပ်ဓါးလေးနဲ့ ရိပ်ရိပ်ပါအောင် လှီးပြီးမှ ကျွေးရတာဗျ…
သိပ်အကုသိုလ်ကြီးတဲ့ အလုပ်ပါ …ရွှေငါး အရွယ်ရောက် ဖောက်စုံတွေဟာ တခါ ဥရင် ၅၀၀-၁၀၀ဝ လောက် ဥတာမို့ …
ဘယ်လောက် ထိ ကျွေးရမလဲ စဉ်းစားသာကြည့်ပါတော့ …
မှန်တာဝန်ခံရရင် လုပ်ခဲ့ဖူးပါတယ်. .. လူပျိုဘဝမှာ ..သိပ် အကုသိုလ်ကြီးလွန်းတာကို သိသိကြီးနဲ့ …
ငါလုပ်ရင် ဘာလို့ မဖြစ်ရမလဲ ဆိုတဲ့ မာန နဲ့ပေါ့…နောက်ပိုင်းတော့… အဲ့သည့်အလုပ်ကို စွန့်လိုက်ပါတယ်…
အကုသိုလ်ကို နောင်တရလို့ … စိတ်ပျက်လို့ မဟုတ်ဘူးနော … ကျနော်တို့ mouse racing game လို့ မြင်လာလို့ …
သည်နေရာမှာ ရှေးဗမာ ဘုရင်တွေ ပိန်းခဲ့တာ လေး ထည့်ပြောချင်မိငဲ့….
ဘာတဲ့ ..အမျိုးချင်းထပ်ရင် မြတ်တယ် တဲ့လား …
တကယ်က အမျိုးချင်း ယူရင် အရူးလေးတွေ ဂေါက်သီးလေးတွေ မွေးတတ်တာဗျ…
ဒါ genesis နဲ့ အတော်လေး ဆိုင်သွားတဲ့ ဆပ္ပဂျက်ဖြစ်သွားပြီ …
အကြမ်းဖျဉ်းဗျာ … ပြောရရင် …အဖေရဲ့ သုက်ပိုးနဲ့ အမေနဲ့ မျိုးဥပေါင်းတယ်
ဇိုင်ဂုတ် ခေါ်တဲ့ .. သန္ဓေအောင် ဥလေးထွက်လာတယ်ပေါ့ ..အဲ့သည့်မှာ ဆဲလ်တွေ ကွဲတယ်…
မျိုးရိုးဗီဇ ဆိုင်ရာ အချက်အလက်တွေ သယ်ဆောင်လာပေးတဲ့ ခရိုမိုဇုမ်း ခေါ်တဲ့အရာတွေက ၁ခုကနေ ၂ခု ၂ခုကနေ၄ခု
စသည် cell division ဖြစ်ကြပြီး သန္ဓေသား ဖွံ့ဖြိုးကြီးထွားမှု ဖြစ်ရတယ်ပေါ့ ….
အထက်က ပြောခဲ့တဲ့ အမျိုးချင်းထပ်ရင် ဂေါက်တယ်ဆိုတာ အဲ့သည့်မှာ စတွေ့တာပဲ ….
ခရိုမိုဇုမ်း ကွဲမယ် ဟေ့ ဖြစ်တဲ့ အချိန်မှာ …အဖေဆီက ရတဲ့ဟာနဲ့ အမေဆီက ရတဲ့ဟာ ဆိမ်းဆိမ်းတွေ ဖြစ်နေတော့
ကွဲရမယ့်ဆဲလ် ဂေါက်သီးဖြစ်ရောပေါ့ ..အဲ့သည့်မှာ သဘာဝမဟုတ်တဲ့ ဆဲလ်ကွဲမှုမျိုးနဲ့ ဆိုက်ဒ်အက်ဖက်တွေ ရပီး
မွေးလာတဲ့ ကလေး က ဂေါက်သီး ဖြစ်ရောပေါ့ဗျာ …
ဒါက ဘိုုင်အော်လော်ဂျီ ဘက်ဂရောင်း ကို တူးဆွတာပါ ….။ လူနဲ့ နှိုင်းပြီးပြောမိတာပေါ့…
ငါးမှာလည်း အဲ့တာ ရှိတယ်ဗျ … ကျနော်တို့ အင်ပို့ ဟေ့ အင်ပို့ ဟ ဆိုပြီး …
နိုင်ဂျံဂါး က ငါးသားပေါက် တအုပ်လောက် ဝယ် ကျောင်းတယ်ပေါ့ … (နွားကျောင်းတာ ရှိသလို ငါးကျောင်းတာလည်း ရှိပါတယ်)
အရွယ်ရောက်လာတဲ့အခါ… အနှီ အုပ်ထဲက သင့်လျှော်ရာရွေးပြီး (တကယ်ဆို မောင်နှမတွေနော) ပြန်ဖောက်တယ်…
ပြဿနာ က အဲ့မှာ စတယ် … ဘာပြဿနာလဲဆိုတော့ .. ကွာလတီ ကျတာပါ …အတောင် အလက် လှသင့်သလောက်မလှ…
အရောင်အသွေး ..တောက်သင့်သလောက်မတောက် …အရွယ်အစား .. စံမမှီတွေ ဖြစ်တတ်တာပါ. …
သည်နေရာမှာ အင်ပို့ကို တန်ဖိုးထား ဈေးကြီးပေးဝယ်ရတဲ့ကိစ္စ ကို ရှင်းချင်ပါတယ်…
ကျနော်တို့က ဖွံ့ဖြိုးမှု နောက်ကျတဲ့ တိုင်းပြည်ဖြစ်နေလို့ပါ…
အင်ဒို မလေး နဲ့ ယိုးဒယားတို့ဟာ tropical aquarium fish ဈေးကွက်မှာ အတော်ကြီးခြေကုတ်ယူထားတဲ့
နောင်တော် တိုင်းပြည်တွေ ဖြစ်နေပါတယ် …ငါးတွေကို ဟော်မုန်းအရသော်လည်းကောင်း ဘိုင်အို အင်ဂျင်နီယားရင်း အရသော်လည်းကောင်း
အသစ်တွေ ရှာဖွေ …စူးစမ်းပြီး …ကမာ္ဘကို ချပြနိုင်တဲ့ အနေအထားတွေ ရှိနေပါတယ်…
ကျနော်တို့ ငါးသမားတွေ အင်ပို့ကို အားထားရတာ ..အင်ပို့ ကို ကြီးအောင်မွေးပြီး ဖောက်ကြရတာ …
သူရို့လို နည်းပညာပိုင် းအတတ်ပညာပိုင် းရင်းနှီးမြှုပ်နှံမှုပိုင်း မလိုက်နိုင်လို့ ..ရှေးရိုးနည်းတွေနဲ့ မသေရုံတမယ်
အသက်ဆက်နေကြရလို့ပါပဲ …. ပြောရရင် ဝမ်းနည်းဖို့ကောင်းတယ် … သိသူတွေ သိကြမှာပါ …
ရေပုတ်သင်တွေ ..အင်းလေးတဝိုက်က မြန်မာ့မျိုးရင်း ငါးတွေနဲ့ …. (ငါးနဲ့မဆိုင်ပေမယ့် နောက်ဆုံးဗျာ)
ကချင်ပြည်က သစ်ခွတွေ ဆိုရင် … (ဒါလေးက အကြွေးရှိနေလို့ …တိုက်ဆိုင်လို့ရေးမိတာပါ…)
အတော်လေး အောက်တန်း နောက်တန်းရောက်နေတာ ဝမ်းနည်းမိရဲ့ဗျာ …
ငါးသမား ဘဝရယ်လို့ ဖြစ်လာရင် …လှတဲ့ငါး … ငါပိုင်သကွ ..ဆိုတဲ့ စိတ်မျိုး …ငါးသမားစစ်စစ်အတော်များများမှာ မရှိတတ်ကြဘူး…
ငါ့မှာ ရှိရင် မင့်ကို ပေးမှာပေါ့ …ငါ့ငါးကိုရအောင်ဖောက်မယ် …ဆိုတာမျိုး မျှဝေချင်သူတွေလည်း ပေါများတဲ့ ငါးသမားလောကပါ….
ကျနော် ဒါကို သည် ခြောက်လအတွင်းမှ ခံစားနားလည်မိတယ်…(တချို့လည်း ငါ ပစ္စည်းကောင်းလေး ရထားသဟ ဆိုပြီး လုပ်စားတတ်တာမျိုးလည်းရှိသပေါ့ဗျာ)
ဒါပေမယ့် အများစုကတော့ (ဈေးကြီးတင်ရိုက်ချင်ရိုက်လိုက်မယ်… သို့သော်) သူ့ဆီက အတွေ့အကြုံတွေ ပညာတွေ …ဖြတ်သန်းမှုတွေကို အလကားပဲတင်း
သင်ကြားပြောပြပေးမယ့် လူတွေပါ…. (ဆင်းရဲလို့ စည်းလုံးတာလည်းတော့ မသိဘူးဗျာ…)
တိုက်တိုက်ဆိုင်ဆိုင် ငယ်ဘဝ ငါးမွေးခဲ့တဲ့ ကောင်က … (အထူးသဖြင့်ရွှေငါးမှာ) ဦးဆောင်တိုင်းပြည် ဖြစ်ခဲ့တဲ့ ဂျပန်ကို ရောက်တော့ ..
အစနှစ်တွေ တိုကီယိုမှာနေတော့ … မသိသာခဲ့ဘူး … နာဂိုယာ ပြောင်းမှ … .. (ဒါလည်း အစောပိုင်းမသိခဲ့ဘူး …)
အိမ်နားမှာ အလွန်ကြီးကျယ်တဲ့ ငါးဆိုင်တဆိုင် ရှိမှန်း ..မသိခဲ့ဘူး .. နောက်ပိုင်း ပြန်ခါနီးမှ သိခဲ့ရတာ..
(သူ့ဆိုင်ဖွင့်ချိန်နဲ့ ကိုယ့်အလုပ်ချိန်က ကွက်တိကိုး …)
အပူပိုင်း ရွှေငါးလောကမှာ ..ဂျပန်က ကမာ္ဘတန်း ဦးဆောင်သူ ဖြစ်တဲ့အပြင် … ကိုယ်နေတဲ့ အရပ်ကလည်း (မြစ်ဝကျွန်းပေါ်လို ဖြစ်နေတော့)
ဂျပန်ရဲ့ ရွှေငါး ရှေ့ဆောင် နေရာ ၃နေရာထဲက ၁နေရာ ဖြစ်ခဲ့တယ် ဆိုတာ ..ကိုပေါ့..
သိတော်မူကြတဲ့အတိုင်း ကိုယ့်အသက်ကိုယ်တောင် မနည်း မွေးနေရတဲ့ နေရာမို့ …ငါးမမွေးနိုင်ခဲ့ဘူးဗျာ …
သည်နေရာမှာ ငါးသမားစိတ် နည်းနည်း ပြန် ထ-လာတယ်ပြောရမယ် …
ငွေကြေးအရ တတ်နိုင်ပေမယ့် ကိုယ်ဂရုမစိုက်နိုင်ဘူးဆိုတာ သိသိကြီးမို့ ..တမင် အိမ်ခေါ်မသတ်ရက်ခဲ့တာပါ…
ငယ်တုန်းက အိပ်မက်မက် စိတ်ကူးယဉ်ဖူးခဲ့တဲ့ ..DIY တွေ …အစက်စရီတွေ …သိပ်လှတဲ့ ငါးမျိုးတွေ တပုံတပင် နေ့တိုင်း ဝင်ကြည့် စကားပြောနဲ့ …
အနီးအနား ဓါတ်သေထွက်ရိုက် … ဂလိုပါပဲ ….
တကယ်က သူရို့လည်း အပူပိုင်းဒေသ(အီကွေတာ)ကို လာချင် ဖြန့်ချင်ပါရဲ့ …
သို့သော် ကိုယ်တွေက welcome မလုပ်နိုင်ဘူး …
ရွှေငါး ဆိုတာ ဒါမျိုးကွ … ဆိုပြီး ကမာ္ဘကို ချပြနိုင်တဲ့ ..အဆင့်ရှိတဲ့ ကမာ္ဘတန်း ရွှေငါးမွေးသူတွေ ..မြန်မာကို စိတ်ဝင်စားပေမယ့် …
မြန်မာမှာ ..သူရို့ အဆင့်ငါးတွေကို ထိုက်သင့်တဲ့ ဈေးပေးပြီး ဝယ်နိုင်မယ့် လူရှားနေသေးတာကိုး …
ဘောင်တွေက တအား ကျဉ်းတယ်လေ….
တခြားငါးတွေခနထား ..ရွှေငါး ရီနေဆန်း ဖြစ်ရင် .. အရှေ့တောင် အာရှမှာ လက်ခမောင်းခတ်လို့ရမယ့် စီးပွားတခုပါ လို့ဆိုချင်ပါတယ်…
ထားပါဗျာ …သည် စာစုကိုဖတ်ရတာ ရင်မောမယ် ဆိုတာ သိပါတယ်….
…
ပြန်ချုပ်ရရင် ကျနော် …ငါးပြန်မွေးဖြစ်နေပါတယ် …
လက်ဆောင်ရထားတဲ့ ရွှေငါးတွေကို ချစ်လို့ မွေးမိရင်း ဆိုပါတော့ …
သည်ရွာထဲမှာက …အသက်ကြီးသူတွေနဲ့ သက်လတ်ပိုင်းတွေများတာဆိုတော့ …
သားသမီး နဲ့ …တူတူမ-ညီ-မောင်တွေများ ငါးမွေးမယ်ဆိုရင်လေ..
(ခုပိုစ့်ကတော့ ရွှေငါး ကိုတည်ထားတာမို့ …ရွှေငါးအကြောင်း …ပဲ အမျိုးအစားခွဲ ဖောက်သည်ချခဲ့ပါရစေ)
ဒါသာမန် ရွှေငါးတကောင်ပေါ့ဗျာ …
မှန်ကန်ထဲ မွေးတဲ့ မျိုး ဆိုလိုတာပါ … အုတ်ကန်ထဲ … သာထိန်းတွေ …ဥယျာဉ်ခြံမြေထဲ မွေးတာကတော့ ရွေဝါ ငါးကြင်း ခေါ်တဲ့ Koi တွေပါ …(Koi တွေအကြောင်း ခနချန်ပါမယ်..)
ဒါကိုတော့ Ryukin လို့ ခေါ်သဗျ. … ဘိရုမာပြည်မှာတော့ ခါးကုန်းလို့လည်း တခါတခါ ခေါ်တတ်သေးတယ်..
ဘာကြောင့်လဲဆိုတော့ ..သူု့ရဲ့ ကျောကုန်းက လေးကိုင်းလို ကုန်းနေတတ်တာကိုး …
(cross-breed တွေမှာ … ပုံမမှန်တဲ့ ခါးမကုန်းတဲ့ ..ခါးကုန်း မျိုးပျက်တွေ ထွက်လာတတ်သေးတယ်ဗျ..)
ဒီကောင်တွေကတော့ ရွှေငါး မျိုးစိတ်ထဲ အလွန် အဆင့်မြင့်တဲ့ အပိုင်းပါမှာ ပါဝင်နေလေ့ရှိသဗျ…
မာလည်းမာတယ်… အကြမ်းလည်းခံသလို …..လှလည်းလှတာကိုး …
ဒါ pearlscale လို့ ခေါ်တဲ့ ..ရွှေငါး တမျိုုးဗျ….
မြန်မာပြည်မှာတော့ ဘောလုံးငါးလို့ ခေါ်တတ်ကြတယ်…သူ့ဗိုက်က ဘောလုံးတခုလို လုံးဝန်းနေတကိုး …
အရောင်ကတော့ မျိုးနိမ့်ရင် နိမ့်သလို အဖြူနဲ့ လိမ္မော်ကြား ဖြစ်တတ်တယ်ဗျ…
ရွှေငါး မျိုးရင်းတွေ ထဲမယ် ..ဒင်းကလေးတွေကို လူကြိုက်နည်းရတဲ့အကြောင်းပြချက်ကတော့ အင်မတန်နုပြီး သေလွယ် တတ်တဲ့ သတ္တဝါတွေ ဖြစ်လို့ပါပဲ …
(ငယ်တုန်းက သာထိန်းသား သူငယ်ချင်းတယောက်က အားရင် အပျော်အနေဲ့ သူ့အိမ် အုတ်ကန်ထဲက ဘော်လုံးငါးတွေကို အပ်နဲ့ထိုး ပြန်လွှတ်ပြီး ဆော့တာ
မြင်ဖူးခဲ့တယ်… ငါးကိုပြန်လွှတ်တဲ့အခါ သူ့သွေးထွက်တဲ့ ဒဏ်ရာက အတန်းလိုက်ပေါ့ ရေထဲမှာ ..၂မိနစ်မကြာပါဘူး အဲ့သည့်ငါး သေလေရော …)
စိတ်မကောင်းဘူးဗျာ ..အချုပ်ပြောရရင်… ထားတော့ သည်ငါးအကြောင်း..
ဒါကတော့ .. ရွှေငါး ဆိုပါတော့ ..လိုင်းယွန်းဟတ် လို့ခေါ်တတ်တဲ့ ရွှေငါး ဆိုပါတော့..
သူ့မှာ ထူးခြားတာ ..ကျောရိုး ဆူးတောင်မပါဘူး …။။
အမြီးကလည်း တိုတယ် … အမြီးအတောင် တွေကို လည်ဆံမွေးလို့ မြင်ကြည့်ရင် ..သူ့တည်ဆောက်ပုံက …ခြင်္သေ့နဲ့ တူသဗျ..
ဒါကြောင့် သည်နာမည် ရလာသလားတော့ မဆိုနိုင် ..သည်ငါး ခေတ်စားခဲ့တဲ့ ကာလကလည်း ဗန်ဒိန်းရဲ့ နာမည်ကျော် ရုပ်ရှင်ကားလိုင်းယွန်းဟတ် ထွက်တဲ့ကာလပေါ့ဗျာ…
သူကတော့ ရွှေငါးမျိုးတွေထဲ အတော် မာတဲ့အကောင်ဗျ… ပိုထူးခြားတာက သူ့ရဲ့ ရေကူးစွမ်းရည်ကအတော် မြန်ပီး အတော် ကြံ့ခိုင်တာပါ…
ငယ်ဘဝမှာ အစကထင်ခဲ့တာ အတောင် ဖားဖား အမြီးကားကား ရွှေငါးတွေက အတော် ရေကူးသန်ပြီး …ဆရာကျမယ်ထင်ခဲ့မိတာ …
ဘယ်ကသာ ….
အမြီးအတောင် လှတဲ့မျိုးတွေက ပိုနှေး ပို လိပ်ဖြစ်ပြီး … ဒီကောင်မျိုးတွေက ပိုမို ..သွက်တာ သိခဲ့ရတယ်…
တော်ပီဒိုလို ရေငုပ်သင်္ဘောလို ကောင်မျိုးတွေဗျ …
အလွန် သဘောကျစရာကောင်းတဲ့ ကောင်တွေလို့ပဲ အချုပ်ပြောပါရစေ
ဒါ ရန်ချူးတကောင်ပါ …
ရွှေငါးဟေ့လို့ ပြောလိုက်ရင် …ဒါမိုးကိုပဲ ရေဘူယ မြင်ကြမယ်ထင်ပါတယ်……
ရွှေငါး တွေမှာ အချိုး တခုရှိသဗျ ..ပြောရရင် သည်ကောင်တွေကို grade ခွဲရင်ပေါ့ …
တချို့ဆြာတွေ ဆိုတတ်ကြတယ်… ခန္ဓာကိုယ်နဲ့အမြီး အချိုးအစားက ၁း၁ ဖြစ်ရမယ်ဆိုတာမျိုး.. (လိုင်းယွန်းဟက်တွေမှာတော့ ချွင်းချက်ရှိပါတယ်လေ..)
အဲ့လိုပေါ့ဗျာ ..တခြားတခု ထပ်သွားပါရဇီအုံး…
ဒါက တော့ ရွှေငါးလောကမှာ ဘုရင် တဆူလို့ သတ်မှတ်လို့ ရတဲ့ အော်ရင်ဒါမျိုးစိတ်ပါ…
အမြီးအတောင် ရှည်လား ရှည်ရဲ့ ..ဗိုက်ပူလား ပူရဲ့ ..အတောင်အလက် လှလား လှရဲ့ ….ထူးခြားတာက ခေါင်းမှာ ဂျယ်လီ လို အမောက်ရှိနေခြင်းပါ…
သိပ် ချစ်ဖို့ကောင်းတဲ့ ငါးမျိုးတွေပေါ့ … မျိုးရင်း သိပ်ကောင်းရင် ခေါင်းသာမက ..မျက်ခုံးတွေပါ…အဖတ်အဖတ်နဲ့ အင်မတန်လှတာကလား
ပြီးပြည့်စုံတဲ့ ရွှေငါး ဆိုတာ ဒါမျိုးကွ …လို့ ပြောရမယ့် အဆင့်ငါးတွေပါ …အကြမ်းခံနိုင်တာ …ဈေး နှုန်းနဲ့ …သားပေါက်တာမှာရော ..
ရွှေငါးရွာထဲမတော့ အလယ်အလတ်တမ်း ရှိသမို့ …common အဖြစ်ဆုံး ဆြာတွေ လို့ တင်စားချင်ပါရဲ့. ….
ဒါကတော့ အော်ရင်ဒါ အမျိုးလေ. ..တကိုယ်လုံး ငွေရောင် ရှိနေပေမယ့် ဂျယ်လီ ရှိနေရမယ့် ထိပ်ကလေး ကွက်ပြီး နီနေတာမို့ red cap လို့ ခေါ်သဗျ…
သည်ကောင်လေးတွေလည်း ချစ်ဖို့ကောင်းပြန်တယ်… ကြံ့ခိုင်မှုပိုင်း နည်းနည်း သာပေမယ့် ..မျိုးဖောက်တဲ့အခါ ..ပိုပြီး ကယိကထများတတ်တဲ့ချာတိတ်တွေပါ…
(သည်အကြောင်း သပ်သပ် ရှင်းပါ့မယ်..)
ဒ့ါကတော့ ရွှေငါး မိသားစုထဲ ..အကြမ်းအခံဆုံးနဲ့ ဈေးအပေါဆုံး ငါးမျိုးပေါ့…
ကျနော်တို့ မျက်ပြူးလို့ အလွယ်ခေါ်ကြတယ်… သူ့ နာမည်က Celestial eye goldfish ပေါ့
တယ်လီစကုပ် လို့ အလွယ် ခေါ်တတ်ကြတယ် ..မျက်ပြူးပေါ့ဗျာ …
အတော်လေး အနှိမ်ခံရတဲ့ ငါးတမျိုး ဆိုပါတော့ …
သို့သော်…
အဲ့သည့်ငါးတွေထဲမှာမှ ..အနက်ရောင် စစ်စစ် ..လွှန်ရောကျွံရောဗျာ ..ဗိုက်လောက်ပဲ သံချေးရော င် (သံလွင်ရောင် ရှိတဲ့)
ငါးမျိုးကျတော့… black moore ဆိုပြီး လူတွေ တန်ဖိုးထားကြပြန်ရောဗျ…
နောက်ဆုံး ပြောပြချင်တာတော့ bubble eye ဆိုတဲ့ငါးမျိုးပါ ..အပေါ်က တယ်လီစကုပ် ငါးတွေနဲ့ လုံးဝမတူတဲ့အချက်က …
တယ်လီစကုပ်တွေက မျက်လုံးကြီးတွေ ထွားတာပါ ..ပေါက်ထွက်တော့မယောင်…
သည်ငါးကတော့ မျက်ရည်အိပ် ထွားတာပါ … ရွှေငါးတော့ ရွှေငါးပဲ …
သို့သော်.. သူက မျက်လုံးအောက်မှာ မျက်ရည်အိတ် ပါနေတယ်… အဲ့အိတ်ကလည်း မျက်ရည် (ရေ) ပေါ့ဗျာ ..ဖြည့်ပြီး တုန်တုန်တုန်ုတန် နဲ့..
ရှိနေတတ်တာ …(ကျနော် ၂ခါပဲ မွေးဖူးခဲ့တယ်..) အင်မတန် နုသလို …တခြားငါးတွေထက်လည်း ရောဂါ ရာသီဥတု အပြောင်းအလဲ ဒဏ်ကို ပိုခံစားလေ့ရှိတယ်
ပျော့တယ်ပေါ့ဗျာ … တခါက ငါးပြတိုက် ဇယားရွှေ့တုန်းက ဝယ်မွေးဖူးဖြစ်ပါတယ်… ဟုတ်ကဲ့ …အနှီ ငါးတွေရဲ့ မျက်ရည်အိတ်တွေ ပေါက်တတ်ပါတယ်…
တက်ထွာဆိုက်ကလင်း အတောင့်နဲ့ ဖြေရှင်းဖူးပါတယ်… ပြန်ကောင်းခဲ့ဖုူးရဲ့…
အဲ့သလို ငါးအကြောင်းတွေ ရှိခဲ့ပါကြောင်းနဲ့ … တခါတလေ …ပိုကောင်းအောင် ထိုးထွက်ကြည့်ချင်မိကြောင်းပဲ ..သည်ရွာထဲ ..(အဲ့လေမြို့ထဲ ) ဖောက်သည်ချလိုက်ပါတယ်…
တကယ်က မလွယ်ပါဘူး ….
သိပ်တော်တဲ့ ငါးသမားတချို့ ကို သိခွင့်ရခဲ့တာ ကျေးဇူးတင်တယ်…
တကယ်က သည့်ထက် အများကြီး ဖြစ်လာရမှာ ….
သို့သော် သို့သော်…
P.S ///
နည်းပညာပိုင်း ..အချက်အလက်ပိုင်းနဲ့ သဘာပိုင်း လိုအပ်ချို့ယွင်း မှားမှောက် ရေးသားခဲ့မိသည် ရှိသော် ပြင်ပေးစေလိုပါကြောင်းလည်း တခါတည်းပြောပါရစေ…။
သိဖူး ကြုံဖူးသမျှကို..နည်းနည်း ရှာပြီး ရေးလိုက်သည် တမုံ့…။
34 comments
ကေဇီ
April 25, 2014 at 9:34 am
အမ်မလေးးးး!!
စုံပါပေ့။
ကျုပ်က ငါး ဆိုလို့ ကွန်မသာဇင် အကြောင်းရေးမယ်မှတ်လို့၊ မှားပါတယ်။ ခုခိ။ :mrgreenn:
ငါး တွေကို ဒီလို လှလှလေးတွေ မြင်ရရင် ချစ်တယ်။
ဒါမဲ့ သာမာန်အားဖြင့် ပွေ့ပိုက်လို့ မရတဲ့ အိမ်မွေး သတ္တဝါကို မချစ်တတ်တာတစ်ကြောင်းးး
ကရိကထ မခံချင်တာ တစ်ကြောင်းးးး မမွေးချင်ဘူးးး
ခွေးတွေကြောင်တွေက ဆာ ရင် တောင်းတယ် အေ။
ငါးတွေ ကို ဘယ်လိုတွေ အစားကျွေးရမှန်း ကျုပ်မသိဘူးးး
မင်းသားကြီး ငါးတွေ အစာကျွေးဖို့ နာ့ တာဝန်ဖြစ်တဲ့ လမှာ တင် ၂ သုတ်သေပြီးကတည်း က မှတ်သွားပြီ။
:hint:
ဝေးဝေးက သာချစ်ပါမည်။
ဟိုနေ့က ဆေးရုံမှာ တွေ့ခဲ့တဲ့ ဂျိုလီလို့ နှုတ်ခမ်းကြီးနဲ့ ကောင်ကြီးတော့ ချစ်လို့ ဓာတ်ပုံရိုက်ခဲ့တယ်။
:chit:
ROssI
April 25, 2014 at 10:29 pm
ငါးတွေ အစာတောင်းတတ်ပါတယ်ဗျ
ရွှေငါးတွေ ကတော့ အတော်ပိန်းရှာတယ်..
ဗိုက်ပြည့်လို့ပြည့်မှန်းမသိတဲ့ကောင်တွေ ..
တခါသား မူးမူးနဲ့ တီအထွေးလိုက်ကြီး ငါးကန်ထဲ ပြုတ်ကျဖူးတယ်..
မိုးလင်းတော့ အကုန်လျော တာပဲ …
:'(
alinsett (gazette)
April 25, 2014 at 11:03 am
ဗုသုတရပါအိ
——
ကျနော်လည်း ငါးမွေး ဝါသနာပါပေမယ့်
ဖြစ်ဖြစ်မြောက်မြောက် မမွေးတတ်
သူများမွေးထားတဲ့အလှငါးတွေကိုသာ အားကျငေးမော
အလှငါးထဲမှာတော့
ဟို ဗိုက်ပူ အမြီးအတောင်ရှည် ငါးလေးတွေ ကို အကြိုက်ဆုံး
သူတို့ကို မွေးဖူးတယ်
ကျနော်ချစ်သော ဘောလုံးလေးတွေဆိုပြီး တယုတယ လုပ်ထားပါရဲ့နဲ့
သေကုန်လို့
အဟိ
🙂
ROssI
April 25, 2014 at 10:30 pm
ကျုပ်မှာ အင်မတန်ချစ်ရတဲ့ ငယ်သူငယ်ချင်း တယောက်ရှိတယ်..
ငယ်တုန်းက အင်မတန် ၆မြင့်ကပ်စရာကောင်းတဲ့ ဒီဘဲရဲ့ အကျင့်က သူ့အိမ် အုတ်ကန်ထဲက
ဘောလုံးငါးတွေကို ဖမ်း ကျောကုန်း အပ်နဲ့ထိုးပြီးပြန်လွှတ်တာပဲ ….
ကလေး ကိုး …
ငါးဘာဖြစ်တုန်း သိလား …
သွေးတန်းကြီးနဲ့ ရေထဲ ကူးနေတာ ..သွေးထွက်တာလည်း ရပ် သေလည်းသေပဲ ….
အဲ့လို…
Mr. MarGa
April 25, 2014 at 11:39 am
မွေးတော့ မွေးချင်တယ်
ဒါမင့် ကွကိုယ်တောင် နေတာက ဖြစ်သလိုဆိုတော့
သူတို့ကို ဂရုစိုက်ပေးဖို့က မဖြစ်န်ုိင်
ဒါကြောင့်
သူမျာမွေးတာတွေကိုပဲ လိုက်ငမ်းပါသည် :mrgreenn:
ROssI
April 25, 2014 at 10:31 pm
ကောင်းပါတယ်ဗျာ ..ငါးပိုးက တခါဝင်သွားရင် ထွက်ဖို့ မလွယ်တော့ဘူး
ဘဝမှာ အခါအခွင့်သင့်တိုင်း ပြန်ပြန်မွေးဖြစ်နေတော့တာရယ်…
lu lu
April 25, 2014 at 12:01 pm
လှ လိုက်တာကွယ် ခြံကြီးကြီးရှိရင် ကန်ကြီးကြီးနဲ ့
မွေးထားချင် တယ်ကွဲ ့
ROssI
April 25, 2014 at 10:33 pm
ခြံကြီးကြီး မလိုပါဘူးကွယ်… ကျနော်ဆို ၃ပေ ၁ပေခွဲ စင်တွေ လုပ်ပြီး မှန်ကန်တွေ တင်မွေးထားတာပါပဲ …
ခုတောင် ခြံအနောက်ဘက် မိလ္လာကျင်း ကို ချောင်းနေတာ … အခြေအနေပေးရင် မဆလာပြန်ကိုင်ပြီး
တတောင်လောက် အုတ်ကန် အကန့်တွေ လုပ်ပီး မွေးမလို့ ….
သူများလာခိုးမှာတော့ မပူပါဘူးဗျာ ..အနီ အနက် ၂ကြိုးကို တကြိုး ရေထဲ ချထားလိုက်မယ်..
လာနှိုက်ရင် ဓါတ်လိုက်မယ်လေ… (ငါးက earth လွတ်နေလို့ ဓါတ်မလိုက်ပါ..)
အာဟိ..
Crystalline
April 25, 2014 at 12:35 pm
တော်တော်ဗဟုသုတရပါတယ်… အလုပ်လည်းတော်တော်ရှုပ်တာပဲ…. နာလည်း မိတ်ဆွေတစ်ယောက်အိမ်မှာ ပုလင်းကြီးကြီးရှည်ရှည် ဆယ်ပုလင်းနဲ့မွေးထားတဲ့ငါးတွေတွေ့ပြီး.. မွေးချင်စိတ် ရောဂါထလိုက်သေးတယ်… သူတို့က ချိုင်းနိစ်တွေဆိုတော့ ငါးကန်ရှယ်ကြီးနဲ့က လပ်ကီးဖစ်ရှ်.. အပေါ်မှာမှ အဲ့လိုပုလင်းတွေနဲ့ တစ်ကောင် တစ်ပုလင်းမွေးထားတာ.. သဘောတော်တော်ကျတယ်.. အကောင်တွေအရမ်းလှတာ… မေးကြည့်တော့ တော်တော်လေး ကရိကထများတော့ စိတ်ပဲရှိပြီး အခုထိမလုပ်ဖြစ်သေးဘူး… ငယ်ငယ်ကတော့ အစ်မအိမ်မှာမွေးတဲ့ငါးကန်က ငါးခပ်ကြားကြားဆိုးဆိုးကို နှိပ်စက်ဖူးတယ်.. သူက တခြားငါးတွေကို အချိန်ပြည့်လိုက်ကိုက်နေရော… သူတို့ကလည်း သေချာမကြည့်တော့ မသိဘူးထင်ပါတယ်.. ဘယ်ရမလဲ.. အဲ့ကောင်ကို စကာနဲ့စစ်ပြီး အပေါ်တင်ထားတာ.. ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်ရော… ရေထဲပြန်ချပြီး ၁ဝမိနစ်မကြာဘူး.. ပြန်သောင်းကျန်းပြန်ရော… :))
ROssI
April 25, 2014 at 10:37 pm
ပုလင်းတွေနဲ့ မွေးတာ ဖိုက်တာငါးတွေ ဖြစ်လိမ့်မယ်ဗျ …
ကျနော် မွေးထားတာ အပြုစုတတ်တော့ သေရှာဘီ လေ…
ငယ်ဘဝက ဂီတာ ဆရာသမား တယောက်က ငါးသမားဖြစ်ခဲ့ဖူးတယ်..
(အလုံထဲပဲနေတာ)
အဲ့ဘဲကမှ ရီရတာ ..သူငါးဆိုင် စလုပ်တော့ ..ဖိုက်တာတွေ အရောင်တက်ချင်ရင်
နေပြရတယ် လို့ ဘယ်သကောင့်သား ဆေးထိုးပေးတယ်မသိပါဘူး ..
မိုးလင်းရင် ပုလင်းလေးတွေ အိမ်ရှေ့ ပလက်ဖောင်းပေါ်ထုတ်ချထားပါသတဲ့ ..
နေ့လည်ထမင်းစားပီးလို့ သွားကြည့်တော့ လားလား ..အကုန် ခါးလေးတွေကော့ပီး ရှောကုန်ပြီလေ…
နေပြင်းတာကိုး …
သူများအကြောင်းသာ အဲ့လိုရီနိုင်တာ ကိုယ်ကိုတိုင်လည်း ဖြစ်ဖူးတယ်…
ခြံထဲ မော်လီတွေ အုတ်လိုက် ကန်ကြီးကြီးနဲ့ ကျောင်းထားတုန်း …
ရေလဲမဟဲ့ဆိုပီးရေဟောင်းထုတ် ရေသစ်ထည့်လိုက်တာ ..ဖြစ်ချင်တော့ ..အဲ့အိမ်ရဲ့ အဝီဇိတွင်းကရေက
လွှတ်ပူသဗျ… (တိုင်ကီက ခေါင်မိုးပေါ်တင်ထားတဲ့ စတီးလ်အိုးကိုး)
ရေသစ်လဲထည့်လိုက်တာနဲ့ တပြိုင်နက် ..အကုန်လုံး တစောင်းလေးတွေဖြစ်ပြီး ခေါက်ကနဲ ပဲဗျို့ …
kyeemite
April 25, 2014 at 1:13 pm
စုံပါပေ့ မားရိုစီရယ်…အိမ်မှာ ကလေးတွေငယ်ငယ်က ပူဆာလို့မွေးဖူးပါတယ်…ဒါပေမဲ့ ငါးအကြောင်း
ဒီလောက်မသိပါဘူး…စိတ်လည်းသိပ်မဝင်စားမိလို့ဖြစ်မယ်ဗျ…ခီများကတော့ အတော်နှိုက်ထားတာပဲ 😛
ROssI
April 25, 2014 at 10:40 pm
ငယ်ဘဝက အတော် နှိုက်ခဲ့ဖူးပါတယ် … ငါးဆိုင်တွေ ဆြာတွေလည်း စုံလို့ပေါ့ …
ယခုတော့ အတော်များများက … ရန်ကုန်မြို့ အာဗန်နိုက်ဈေးရှင်း တန်ခိုးကြောင့်..
ခုနောက်ပိုင်း မြို့ အစွန်အဖျားတွေ ပြောင်းကုန်သပေါ့ဗျာ …
အဲ … ချောင်းပိတ် မြောင်းပိတ်ပြီး ငါးကျောင်းတဲ့ ဆြာတွေတောင် တွေ့ခဲ့ဖူးသေးသပေါ့ …
သူရို့လည်း နာဂစ်မှာ အတော် အထိနာခဲ့တယ် ကြားဖူးလေရဲ့ …
ကျနော်ကတော့ အဲ့သည်ကာလ ငါးမမွေးဖြစ်တော့လို့ ..နောက်ပိုင်းမသိတော့ဘူးဗျ..
Wow
April 25, 2014 at 1:58 pm
Genetic သဘောအရ X ခရိုမိုဇုန်းနဲ့ Y ခရိုမိုဇုန်းပေါင်းတာ အမျိုးနီးရင် ထူးရင်ထူး မထူးရင် ရူးအေ့…
ထူးတာလေးတွေရအောင် ရီဆာ့ချ် လုပ်ကျိပေါ့… :kwi:
ငါးသမား ဖား
ROssI
April 25, 2014 at 10:43 pm
ဂျီးတော် Oh Yes..
ခီညားပြောတာ sex chromosome တွေ …အဲ့လာတွေ နော်မယ်မဟုတ်ရင် …
XX, XY အစား XXX တွေ YY တွေထွက်သဗျ… YY က အသက်မရှင်ဘူး
XXX ကတော့ super female ထွက်သဗျ… မိန်းမလူသန်ကြီးတွေပေါ့ဗျာ..
အားကစားပွဲတွေမယ် …ထိပ်ဆုံးဆုတွေ သိမ်းကျုံးယူလို့ ..ပြိုင်ဘက်တွေက
မသင်ကာလို့ ဆေးစစ်လို့ … သာမန်မိန်းမ xx မဟုတ်ဘဲ xxx ဆိုရင်
ဆုတွေ ပြန်သိမ်းတာမျိုး ဖြစ်တတ်သဗျ…
တခြား ပုံမှန်မဟုတ်တဲ့ ထွန်းခြင်း mutation တွေကတော့ တခြား ခရိုမိုဇုမ်းတွေမှာဖြစ်တာပါလို့ …
ပြောခဲ့ပါရဇီညော်….
(ပီအက်စ် … ရွာထဲ ထွစ်ဘယ်အိပ်စ် တယောက်တွေ့တယ်… ဂလန်ဂလားနဲ့ဆိုလား)
အာဟိ
Wow
April 28, 2014 at 8:39 am
နောက် ကရင်မတြောက်ကို ရန်စဗြန်ဗီလား…..
ကရင်မဒွေ လက်စ လက်န သိသားနဲ့
ROssI
April 28, 2014 at 9:32 am
အွန်
Ma Ma
April 25, 2014 at 2:16 pm
ခပ်ငယ်ငယ် ဇာတိမှာနေတုန်းက အိမ်တစ်အိမ်ရဲ့ အိမ်ရှေ့မှာ အုတ်ကန်ုနဲ့ ရွှေငါးတွေ မွေးထားတာ အများကြီးပဲ။
ရွှေငါးတွေကလည်း အရောင်စုံ။
သိပ်လှတာပဲ။
တချို့အကောင်တွေဆို ပင်ကိုယ်ရွှေဝါရောင်ပေါ်မှာ အဖြူ ရောင်ရော၊ အနက်ရောင်ပါ ပါနေတတ်သေးတယ်။
အနီးအနားက ကလေးတွေ မကြာခဏ သွားကြည့်ကြ၊ လက်ညှိုးထိုးပြီး က သူ့အကောင် ကိုယ့်အကောင်ဆိုပြီး လုကြ၊ သစ်ရွက်တွေပစ်ချလိုက်လုပ်ကြတာပေ့ါ။
သိသလောက်တော့ ငါးတွေ တဖြည်းဖြည်းနည်းသွားလိုက်တာ ၄-၅ နှစ်လောက်ကြာတော့ တစ်ကောင်မှ မရှိတော့ဘူး။
ROssI
April 25, 2014 at 10:46 pm
ရွှေငါးတွေက ပျမ်းမျှအားဖြင့် အလှမွေးငါးတွေထဲ နုတယ် ပြောရမယ့်အကောင်တွေပါဗျာ …
အုတ်ကန်ထဲ ပစ်ထားရင်တော့ သေမှာပါပဲ …နောက်ပြီး တခြား ငါးနဲ့ ရောမွေးတဲ့အခါ …
(ဒေါင်းငါးတို့ ဆိုတေး တို့ပေါ့)
ရွှေငါးရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အညှိအချွဲက အဲ့သည့်ငါးအငယ်တွေအတွက် အစာလိုဖြစ်နေတော့
ရွှေငါး ကို လိုက်တွတ်တတ်ကြတယ် …. အဲ့ဒါ ရွှေငါးမှာ ..အပေါ်ရံ ပေါက်ပြဲအနာ ဖြစ်စေတတ်တယ် ဆိုပါတော့ ..
အဲ့သည့်ကနေ … မှို နဲ့ မွှား ကပ်ညိဖို့ ဖိတ်ခေါ်သလိုဖြစ်တာပေါ့ဗျာ …
ကြုံရင် ရေးပါအုံးမယ် အတောင်ပုပ်တာတို့ ပါးဟပ်ပုပ်တာတို့အကြောင်းတွေ …
ကထူးဆန်း
April 25, 2014 at 6:24 pm
ဂီ တို့ လက်ထက် ငါးတွေက ဇိမ်ကျတာကိုး ။ နိုင်ငံဂျား ကလာတဲ့ ဆားပုစွန် စားရသကိုး ..
ကျွန်တော်တို့ ငယ်ငယ်ကတော့ ကြက်ဥနှစ်လေး ပြုတ် ပြီး သာ ကျွေးရတာကိုး .. နဲနဲလေးကြီးလာမှ တီသားပေါက်တွေ ဝယ်ကြွေးရတာပ …
အဖွားတို့ က ငါးမွေးတာ ဆို အလွန်ကန့်ကွက်ဘဲ .. တီတွေ ရေမြောင်းတစ်လျောက် မရွံ့ မရှာနိုင် လိုက်နိုက်ပြိး တစ်ထွေးကြီး ကြွေးရတာကိုး …အကုသိုလ် ကောင်တွေလို အပြောခံရပ .. ငယ်ငယ်က တီ နို့ဆီ တစ်ဗူး ငါးမှုး နဲ့ ရတဲ့ မုန့်ဘိုး ဝယ်မစားနိုင်ဘဲ ဝယ်ကျွေးရတာလဲ အမော .. တီတွေ ပန်းကန်ထဲထည့် .. ရေမှန်မှန်လဲနဲ့ ..ဒီကြားထဲ ပုပ်ကုန်ရင် တယ် နံတာကိုး .. ဒါလည်း မမောနိုင် မပန်းနိုင်မွေးခဲ့တာပါဘဲ ..
ကြီးလာရင် ကိုယ်ပိုင် အိမ်နဲ့ နေနိုင်တဲ့ တစ်နေ့ကျ အိမ်အဝင်ဝမှာ ငါးမှန်ကန် အကြီးကြီး အိမ်နဲ့ တွဲဆောက် လုပ်ပြီး မွေးပစ်မယ် စိတ်ကူး ယဉ်ခဲ့ပေမဲ့ .. လက်တွေ့ ဘဝ မှာတော့ ငါးနား မကပ်နိုင်တော့ပါဘူးဗျာ …
ROssI
April 25, 2014 at 10:51 pm
တကယ့် စီနျာ ငါးသမားကြီးကိုး …ကြားဖူးယုံကြားဖူးခဲ့တာဗျ. .ဥပြုတ်တွေ ငါးပေါက်ကျွေးတယ်ဆိုတာ …
နောက်ပိုင်းတော့ ရေပုပ်တဲ့ ဆိုးကျိုးကြောင့် ငါးသားပေါက် အစာ အနေနဲ့ ငါးဆြာတွေ အတော် အသုံးနည်းသွားကြတယ် ပြောပါတယ်..
ကိုယ်နှစ်သက်တဲ့ ငါးမျိုးစိတ်ရဲ့ မျိုးကောင်းကောင်း ငါးကို ကောင်ရေ ခပ်နည်းနည်း နဲ့ ..တစုံချင်းစီ …အမယ်စုံအောင် မွေးချင်တယ်ဗျာ …
အဲ့ဒါကတော့ ဆန္ဒသက်သက် ပါ ..
စကားမစပ် .. bubble eyes တွေကို တခါက စိမ်းလန်းစိုပြေဘေးမှာ ..(ငါးပြတိုက်အသစ်လုပ်မဟဲ့) ဆိုပီး သူရို့ …လုပ်ကြတုန်းက
တင်ရောင်းတာတွေ့လို့ ဝယ်မွေးဖူးတယ်ဗျ. .. (အံမယ် … လိပ်ပြာ ပန်းခြံတောင် ရှိခဲ့ဖူးသေး အဲ့ဝန်းထဲမယ်..)
ခုတော့လည်း ..ဘာမှ မဟုတ်တော့သလို …သူရို့က သူရို့ပါပဲဗျာ …
စကားမစပ် …ရေချိုငါးဥယာဉ်တော့ ၂၀၁၅မယ် ပြီးမယ်လို့ …မြေပဒေသာကျွန်းအသိုင်းအဝိုင်းကထွက်တဲ့ သတင်းလေး ဖတ်ရသေးရဲ့…
လက်တလောကတော့ သောကြာငါးဈေးလည်း ပြောင်းခိုင်းထားတယ် ကြားမိပါတယ်..
TNA
April 25, 2014 at 6:25 pm
စုံလိုက်တာဟယ်။ ငါးမွေးတာ အရမ်းလက်ဝင်တယ်လို့တော့ကြားဖူးတယ်။ အဲ့လောက်လက်ဝင်လိမ့်မယ်လို့ မထင်မိဘူး။ ရေလဲရတာလောက်ပဲလို့ထင်မိတာ။ အစာကတော့ ဒလိုပဲကျွေးလိုက်တာပဲလို့ထင်တာတော့။ ခုတော့ဘယ်လွယ်လို့တုန်း။ သားတော်မောင်က တအားငါးမွေးချင်တာ။ သူ့ကိုပြောပြရအုံးမယ်။ ဒါတွေကို။ အဲ့ဒါမှငါးမပူဆာတော့မှာ။ ကျေးကျေးအေ။
ROssI
April 25, 2014 at 10:54 pm
အဲ့လောက်လည်း လက်မဝင်ပါဘူးဗျာ …
တခုလေးပဲ … ရေလဲဖို့ အတွက် စီစဉ်နိုင်ရင် ကျန်တာ သိပ် ပြဿနာမရှိတော့ဘူး
ကျနော်ဆိုဗျာ … အိမ်အပေါ်ထပ် အိမ်သာကို ရေတင်တဲ့ မော်တာမှာ ..ဘားတခု တပ်တယ်.. ပိုက်လိုင်းတွေ အိမ်ဘေးက ပတ်ဆွဲတယ်..
ငါးကန်ရေလှယ်ရင် … ပိုက်နဲ့ စုပ်ထုတ်တာတို့ ခွက်နဲ့ ခပ်ထုတ်တာတို့ လုံးဝမလုပ်ဘူး ..
ဖစ်လတာပန့် က ရေပိုက်နဲ့ မြောင်းထဲ ဒါရိုက်ဟစ်တယ် …ရေသစ်ထည့်တော့ မော်တာနဲ့ …
ငိငိ ..
ပိုးသွင်းတာမဟုတ်ဘူးနော…
padonmar
April 25, 2014 at 9:58 pm
လှလိုက်တာဟယ်။ပြီးတော့ ရှုပ်ပါပေ့ဟယ်။
ငယ်ငယ်က ညီအမတတွေ ရွှေငါးတွေ မွေးပြီး ရေမလဲနိုင်တော့ သေကုန်တာ။အဲဒီမှာ ညီအမချင်း ထရန်ဖြစ်ကုန်ကြရော။သူ့ကြောင့် ငါ့ကြောင့်နဲ့။
အခုတော့ ကရိကထများတဲ့ ရွှေငါးတွေ မမွေးတော့ဘူး။ အိမ်ရှေ့မှာ ကြာကန်ကလေးလုပ်တာ ခြင်ပေါက်မှာ စိုးလို့ ဆူးတို့အိမ်က ဒေါင်းငါးတွေ မလာပြီး ထည့်ထားမိတယ်။
အခုတော့ ပွားလိုက်ကြတာ မနိုင်အောင်ပဲ။
ဒါတောင် ငါးမကြီးတွေ ကလေးမမွေးနိုင်လို့ သေကြတာ မနည်းဘူး။အခု ဖတ်ရမှပဲ ကိုယ်လိုတာတွေ သိတော့တယ်။
ဒီလောက် ဂရုစိုက်ရတဲ့ ရွှေငါးတော့ အလကားပေးတောင် မမွေးဘူးအေ။
ROssI
April 25, 2014 at 11:07 pm
အာတီဒုံ …
ရေလဲရ သက်သာအောင် ဖစ်လတာ သုံးရတယ် ခည …
နောက်ပြီး ကန်အရွယ်အစား နဲ့ ..ငါးအရေအတွက် အချိုးလေးလည်း လိုသေးတယ်..
ပီးတော့ အစာကျွေးတာရောပေါ့ .. တောင်းတိုင်းကျွေး ..အားတိုင်းကျွေး ..
ဟိုလူကျွေးပီးတာ သည်လူမသိ ထပ်ကျွေး စတာတွေကလည်း ရေသန့်စင်မှု အတွက်
ရှော့ ရှိတဲ့ အကြောင်းတွေပါပဲ ….ဒေါင်းငါးကတော့.. ပိုးလောက်လန်းအတွက် အင်မတန်ကောင်းတဲ့ကောင်တွေပါ…
ကြုံလို့ပြောရရင် ငယ်တုန်းက ငါးမွေးတဲ့အိမ်တအိမ် ..ငါးကန်ကွဲတာလားမသိ .. လမ်းထဲက မြောင်းမယ်..
အတော်အတန် ကွာလတီကောင်းတဲ ့ဒေါင်းငါးတွေ ပွားချင်တိုင်းပွားပြီး ကျက်စားဖူးခဲ့ကြောင်းဗျာ …
ကလေးဘဝဆိုတော့ … မြောင်းထဲနှိုက်လိုက် ဟောလစ်ပုလင်းထဲ ထည့်လိုက် …သေလိုက် ထပ်နှိုက်လိုက်ပေါ့…
အော်.. ပြောရင်း လွမ်းလာပြီ ..အဲ့သည့်တုန်းက ကိုယ်ပိုင် အိမ်ကလေးတွေပဲရှိတဲ့ ရပ်ကွက်မို့ သည်ကောင်တွေ နေနိုင်တာပါ…
ခုများဖြင့် ကန်ထွိုက်တိုက်တွေပေါ …တစ်မိသား နေတဲ့နေရာမှာ ၁၂မိသား နေနေ ..ဆပ်ပြာရေတွေ မီးဖိုချောင်ရေတွေ
တချို့များဆို ..အမှိုက်သရိုက်နဲ့ မိလ္လာတောင် ဖောက်ချတဲ့ မြောင်းခပ်ထွားထွားတွေ ဖြစ်လာမှတော့ …
ဘာငါးမှ မနေနိုင်တော့ပါဘူးလေ…
ရှူံးနိမ့်မှုများနဲ့.. လူ
April 26, 2014 at 6:16 am
ခုမှပဲ ဝါသနာပိုင်းဆိုင်ရာ ပညာရပ်တစ်ခုကို လေ့လာမိလိုက်တယ်
တော်ပါပေတယ်
အဲ့လိုမျိုး ဘက်စုံထူးချွန်ပါပေ့ဗျာ
အားကျမိပါကြောင်း။
(မူလလက်ဟောင်း အော်ရီဂျင်နယ်)
ဗုံဗုံ
April 26, 2014 at 8:26 am
လှလိုက်တာဟယ်…..
ချစ်စရာကောင်းလိုက်တာ…..
တယ်လီစကုပ်နဲ့ ပူဖောင်းလေးက
အူယားစရာ……
လမ်းကြုံရင် နှစ်ကောင်လောက်
ဝင့်ပြုံးမြင့်
April 26, 2014 at 3:18 pm
အန်တီမျှစ်ကြော်လည်း ငါးသမားပါကွယ်။ ငါးပိုးက တစ်ခါဝင်မိရင် မလွယ်တော့ဘူး။ မကြီးမငယ်နဲ့ မိန်းမတန်မဲ့ အခွင့်သင့်တိုင်း ငါးမွေးမိတယ်။ ဒီကနေ့အထိ ငါးမွေးနေတုန်း။ အကြမ်းခံတဲ့ ဆိုတေးလောက်ပဲ မွေးတော့တာပါ။ အနုစားတွေ မမွေးနိုင်တော့ဘူး။
အထက်က ငါးတွေထဲ ဘပ်ဘယ်အိုင်း တစ်မျိုးပဲ မမွေးဖူးတာ။
—
ငါးပိုးဝင်သွားတာက ငါးတန်းတုန်းက။ အဲဒီတုန်းက အန်တီမျှစ်ကြော်က ငါးတန်း၊ ဂီတလောကထဲက ကိုဝေထွန်းဆိုတာ ဂီတို့ သိမှာပေါ့။ နဝရတ်ဝေထွန်းလေ။ သူက ကောလိပ်ကျောင်းသားပေါက်စ။ ဒရမ်တီးတယ်။ မျှစ်ကို သူက ရွှေငါး၂ကောင်ရယ်၊ ရေမှော်ပင်တွေရယ်ပေးရုံမက ငါးမွေးဖို့ ပန်းအိုးအပေါက်တွေကို မဆလာနဲ့ပါ ပိတ်ပေးတယ်။ အဲဒီကတည်းက ငါးရောဂါဝင်သွားတာ၊ တစ်သက်လုံးကို မွေးဖြစ်တော့တာ။ ငယ်တုန်းက ကိုဝေထွန်းအိမ်နေ့တိုင်းသွားပြီး ငါးကြည့် ငါးနှိုက်လုပ်ခဲ့တာ။ ဒီကနေ့ထိ ငါးဆို အမြဲစိတ်ဝင်စားတယ်။ ရွှေငါးကလွဲလို့ ကျန်တာတွေ အကုန်သားဖောက်ဖူးတယ်။ တစ်ခါကတော့ ဝှိုက်စပေါ့ဝင်ပြီး ရွှေငါးတွေအကုန်သေသွားဖူးတယ်။
—
သိသလောက်ပြောရမယ်ဆိုရင် ငါးကို ရောမမွေးတာကောင်းတယ်။ ရောမမွေးတော့ ငါးကန်က သိပ်မလှဘူး။ ဒါပေမယ့် ရောမမွေးတာပဲ ကောင်းတယ်။ အထူးသဖြင့် အိန်ဂျယ်ဆိုရင် လုံးဝရောမမွေးသင့်ဘူး။ ပြီးတော့ မနက်ပိုင်းနေရောင်ရတဲ့နေရာမှာမွေးတာကောင်းတယ်။ ငါးကန်ကလည်း စကားပြောတယ်။ ရှည်မှာစိုးလို့ မရေးတော့ဘူး။
ROssI
April 26, 2014 at 3:26 pm
အန်တီမျှစ်နဲ့ …ကိုဝေထွန်းလည်း ငါးသမားကိုး ….။
စကားမစပ် ကျော့်ဆီမှာ ဆိုတေး မျက်စိအနီတွေ ၃-၄ စုံလောက် ရှိသဗျ.. .ဖောက်မလို့ဟာ ..
ရေမှော်မရှိတာနဲ့ ..မဖောက်ဖြစ်သေး …။ ရေမှော်က ကနေ့ ကာလမှာ လုံးဝရှားပါးကုန်ဖြစ်နေတာကိုး
ဦးစာကလေး ဆီမှာတော့ ရှိသဗျ… ဂျပန်ရေမြက်တွေပါ…. မိုးကျမှပဲ ..ကျကျနန ကန်ပြန်ပြင်အုံးမယ်ဗျိုး…။
sealion
April 26, 2014 at 9:10 pm
ကျွန်တော်လဲ စမွေးနေတာ 3 လလောက်ရှိပြီး သမီးလေး က ကြိုက်လို ့ ခုတော ့ အဖေပါကြိုက်သွားတာပေါ့ ရွှေငါးနဲ ့တော့ စတယ် ခုတော ရွှေငါး က တကောင်ပဲကျန်တော့တယ် Tropical Fishes တွေမွေးနေတာ.. ငါး မ နှစ်ကောင်တော့ ဗိုက်ကြီးနေပြီ..အချိန်ပေးရ ပို်က်ဆံတွေ ဖျောကနဲ ့ဖျော ကနဲ ့ ဝင်တဲ ့ဝါသနာပါအကို ရေ.. အရောင်လှတဲ ့ ငါးတွေ မျိုးရှားတဲ ့ငါးတွေ ရှာဝယ်ရနဲ ့ မအားပါဘူးဗျာ…ငါး အကြောင်းတွေ ထပ်မျှဝေပါအုံး
weiwei
April 28, 2014 at 9:20 am
ငါးလေးတွေမြင်တော့ ငါးမွေးချင်စိတ်တောင် ပေါက်လာတယ် ..
အဖေက ဝါသနာပါလို့ ငါးကန်တွေနဲ့ မစိမ်းခဲ့ဘူး .. အလှမွေးငါးမျိုးစုံ မွေးခဲ့ဖူးတယ် .. ကိုယ်ကတော့ ကြည့်ရုံနဲ့ ငါးကန်ရေလှယ်ရင် ကူညီရုံလောက်ပဲ လုပ်ခဲ့တယ် ..
အကောင်ကြီးလေ သံယောဇဉ်တွယ်လေပဲ .. ငါးဆယ်သားလောက်ရှိတဲ့ ခေါင်းမှာဘုပါတဲ့ နှုတ်ခမ်းထော်ထော်နဲ့ ငါးကြီးတစ်ကောင် သေသွားတုန်းက စိတ်ထိခိုက်ခဲ့ဖူးတယ် … အဲဒီနောက်ပိုင်း အဖေလဲ ငါးမွေးတာ ရပ်သွားတယ် ..
ဆူးဆီက ယူလာခဲ့တဲ့ ဒေါင်းငါးတွေ ကြာကန်ထဲထည့်ထားတာ အကောင် ထောင်ချီပွားပြီးမှ ဖားဝင်စားသွားတာ အကုန်ကုန်သွားပြန်တော့ ထပ်ပြီးမှတ်သွားပြန်တယ် .. အကုသိုလ် .. အကုသိုလ် ..
Crystalline
April 28, 2014 at 12:25 pm
မဝေရယ်… အဲ့ဖားဆိုတဲ့ကောင်တွေက ကောင်းကိုမကောင်းတာ..
ROssI
April 28, 2014 at 12:33 pm
ပြောပြန်ရင်လည်း စိတ်ထိခိယက်ကုန်အုံးမယ်…
ဒမယ်… ပုံပြင်ထဲမယ် ..ဖားကို အာဘွားရှလူးလိုက်လို့ ကောင်းစားသွားတဲ့မင်းသမီးလေး ကြားဖူးတယ်မလား …
ဖားကို သတ်စားလို့ ကြီးပွားသွားတဲ့ ပုံပြင် ကြားဖူးလို့လား ..
တကယ်တော့ ..ဖားဆိုတာ .. သတ်စားဇရာ မဟုတ် ..ဖက်ထားဇရာ …
ဟိဟ…။
ROssI
April 28, 2014 at 12:36 pm
ဦးလေးက လျိုဟွန်း မွေးခဲ့တာပဲ …
ဒါနဲ့ စကားမစပ် ..ငါးဆယ်သားလောက် ရှိ ..ဆိုပဲ …
ချက်များ စားလိုက်သလားဗျာ..
ဟိ… တီလားဗီးယား နဲ့ ဆင်တယ် ဆိုပီး ….
(JK)
black chaw
April 28, 2014 at 10:00 am
လေ့လာသွားပါတယ်ဗျာ…။
ကျွန်တော်က ငါး သမားတော့ မဟုတ်ပါ…။
ဖါးအကြောင်းရေးပါဦး…။