မေ့ကို မောင် လွမ်းတယ် မေရယ် . . .
မောင်နဲ ့ မေတို ့အချစ်ကို
လူကြီးတွေ သဘောမတူဘူးတဲ့. . . .ဆိုသည့်
သီချင်းစာသားလိုပင်ဖြစ်နေသည် ။
ကျွန်တော်ချစ်သော မေ နှင့် ကျွန်တော့်ကို မိဘများက သဘောမတူကြ ။
ကျွန်တော်က သူမကို မေ ဟု ခေါ်သည်။
သူမက ကျွန်တော့်ကို မောင် ဟုခေါ်သည်။
တကယ်တော့ ရိုးရိုးကလေးသာ ဖြစ်သည်။
ကျွန်တော်တို့ နှစ်ယောက်၏ ချစ်ခြင်းက ပစ်ခွင်းဖြိုဖျက်ပစ်ချင်စရာ ပစ်မှတ်တစ်ခုလို့များ ထင်ကြလေသလား မသိ ။
မိဘများက သဘောမတူ ။
အူတူတူဖြစ်ရပါသည် ။
မေ့ မှာ ဘာအပြစ်ရှိသနည်း ။
မေ့ဘက်မှ အသိုင်းအဝိုင်းက ကျွန်တော့်ကို လက်ခံသဘောတူနိုင်ပါလျက်နှင့် . . .
ကျွန်တော့်ဘက်မှ အသိုင်းအဝိုင်းက မေ ဆိုသော ကျွန်တော့်ချစ်သူကို လက်မခံနိုင်ကြ။
တကယ်တော့ မေသည် . . .သာမန်မိန်းမတစ်ယောက်သာဖြစ်ပါသည်။
ရုပ်ရည်ကအစ အစစအရာရာ ရိုးရိုးရှင်းရှင်းသာ ဖြစ်သည် ။
ကျွန်တော်ကရော ဘာများ ဆန်းနေလို့လဲ။
သဘောမတူစရာ အကြောင်း မရှိသင့်ပါ။
*****************
မေနှင့် ကျွန်တော် အချစ်ကြီး ချစ်မိကြခြင်းသည် အပြစ်ကြီးတစ်ခု ဖြစ်နေသလိုမျိုး မမြင်ကြလျှင် ကောင်းမည် ။
မေ့ ကို ကျွန်တော် ချစ်သည် ။
မေနှင့် တစ်နေ့ မတွေ ့ရ လျှင် တစ်သံသရာစာလောက် ကျွန်တော် လွမ်းရပါသည် ။
မေ့အနားက မခွါချင် ။
မေ့ပါးက သနပ်ခါးရနံ ့လေးကို အမြဲလိုလို သတိရနေပြီး အဲသည် သနပ်ခါးရနံ ့မွှေးမွှေးလေးကို ထာရ မွှေးကြူရှိုက်နမ်းနေချင်သည် ။
မေသည် တခြားသူ၏ မေ မဖြစ်စေရ။
ကျွန်တော်တစ်ယောက်၏ မေသာ ဖြစ်ရမည်။
မေနှင့် ဝေးရလျှင် ကျွန်တော် ဆွေးရလိမ့်မည်။
မေ ့ကို မခွဲနိုင် မခွါရက် ။
မေနှင့်သာ မညားရလျှင် ကျွန်တော့် ဘဝကြီး ခါးသီးသွားလိမ့်မည် ။
မေနှင့်သာ မပေါင်းဖက်ရလျှင် ကျွန်တော့်အသည်း ဟက်တက်ကွဲပြီး
ရင်ကွဲနာကျကာဖြင့်
ကျွန်တော် သေသွားလိမ့်မည် ထင်ပါသည် ။
မေသည် ကျွန်တော့် အချစ် ။
မေသည် ကျွန်တော့် ဘဝ ။
မေသည် ကျွန်တော့် အသည်းအသက်လည်း ဖြစ်သည်။
မေမရှိလျှင် ကျွန်တော့် အသက်ရှင်သန်ခြင်းသည်လည်း ဘာအဓိပ္ပာယ်မှ မရှိ ။
မေနှင့်သာ လွဲရလျှင် ကျွန်တော့် အိပ်မက် ကျွန်တော့် မျှော်လင့်ချက်များ အစိတ်စိတ်အမွှာမွှာ ကျကွဲကြေမွသွားပါလိမ့်မည် ။
မေ ဆိုသော မိန်းမသည် ကျွန်တော့်အတွက် ဖြစ်ပြီး
ကျွန်တော်ဆိုသော ယောကျာ်းသည်လည်း မေ့အတွက်သာ ဖြစ်သည် ။
တခြား ဘယ်သူမှ ကြားဝင်၍ မဖြစ်နိုင် ။
ကျွန်တော်သည် မေ…မပါသော နေ့များ ညများကို မဖြတ်သန်းချင်သူ . . .
မေသည် ကျွန်တော့် ဘဝ၏ မရှိမဖြစ် အလင်းနတ်သမီးလေးတစ်ပါးဖြစ်သည် ။
ထို နတ်သမီးလေးကိုသာ ကျွန်တော် လိုအပ်ပါသည် ။
***********************
အခုတော့. . . .
ကျွန်တော်နှင့် မေ ၏ ချစ်ခြင်းကိုမှ အပြစ်မကင်းသယောင်ယောင် ပစ်ခွင်းတိုက်ဖျက်ရက်ကြသည် ။
မေရှိရာကို ကျွန်တော် မသွားရဘူး တဲ့။
ခါတိုင်းဆိုလျှင် ကျွန်တော်ကျူရှင်သွားတိုင်း အသွားရော အပြန်ပါ မေရှိရာဘက် လှည့်ဝင်ပြီး
မေ့ကို ချစ်ခန်းကြိုက်ခန်း ရိုက်ပြတတ်သည် ။
ကျောင်းလွယ်အိတ်ကို ဘုန်းခနဲ ပစ်ချပြီးတာနဲ ့ မေ့မျက်နှာကို တစိမ့်စိမ့် ထိုင်ကြည့်ရသော အရသာက ကြည်နူးစရာ။
မေက အကြော် ကြော်နေရင်းဖြင့် ကျွန်တော့်ကို ပြန် ပြန်ကြည့်ပြီး ပြုံးပြတတ်သည် ။
ဆေးပေါ့လိပ်ကြီး ခဲပြီး မေပြုံးလျှင် ကမ္ဘာချီအောင် လှပါသည်။
မေက သူကြော်ရောင်းသော အကြော်တွေထဲမှ ကောင်းပေ့ဆိုတာတွေကိုရွေးပြီး ကျွန်တော့်ကိုကျွေးသည် ။
ကျွန်တော်က အကြော်စားရ၍ မေ့ကို ချစ်ခြင်း မဟုတ်ပါ ။
နှလုံးသားလှသောမေမို့သာ တအား တအား ချစ်မိသွားခြင်း ဖြစ်သည် ။
အခုတော့ မေနှင့် ဝေး းးး ဆွေးရတော့မည် ။
မေ့ကို မောင် လွမ်းရတော့မည် ။
မေ့ကို မောင် တမ်းတရတော့မည် ။
မေ. . .
မေရေ. . . .ကျွန်တော့်ရဲ ့ ချစ်သော ဒေါ်ဖွားမေ. . . .
မေ့ကို ချစ်တဲ့စိတ်နဲ့ မောင်တော့ သေရမယ်ထင်ပါရဲ့ဗျာ. . . .
အိုးးးး ကျွန်တော်ချစ်သော ဒေါ်ဖွားမေရဲ ့. . .
ကျွန်တော့်အချစ် ကျွန်တော့်အလွမ်းတွေနဲ ့
ဟောဒီ ကျွန်တော်တော့ အလူးနဲ့အလဲ ခံစားနာကျင်ရတော့မှာပါ မေရယ်. . . .
လွမ်းးးးးးးး
လွမ်း. . .
နေ. . . . .
ပါ့. . . . . . .
မယ် . . . . . . .
ချစ်. . . . . . . . . .
သော . . . . . . . . . .
ဒေါ်ဖွားမေ. . .. . . . . . .
************************
အလင်းဆက်(Gazette)
24 / 4 / 2014 /
(( ပျင်းလို့ အချစ်ဝတ္ထုတစ်ပုဒ်ရေးကြည့်တာ။
အိုက်လို ဖြစ်သွားတယ် ။ အဟိ ။ ))
30 comments
alinsett (gazette)
April 25, 2014 at 7:36 pm
ကျနော် ချစ်သော. ” .မေ ” ရဲ ့ ပုံ.. လှလှလေးကို…
ကူညီပံ့ပိုး.. ရိုက်ကူးပေးသူကတော့..
ချစ်သော လေးပေါက် ဖြစ်ပါတယ်..ခညားးးး
လေးပေါက်ရေ… ပုံလေး..ကူညီပေးတဲ့အတွက်.. ကျေးဇူးပါခင်ဗျ…
ကေဇီ
April 25, 2014 at 7:39 pm
:byee:
😥
:hint:
alinsett (gazette)
April 25, 2014 at 7:56 pm
ဝမ်းသာဝမ်းနည်း….ဘယ်သင်းတော့…မခွဲနိုင်ရှာပေ….
အဟိ…
TNA
April 25, 2014 at 7:54 pm
ငါ့နှယ့်နော် ကောင်းကောင်းမွန်မွန်ဖတ်လာ ခံစားလာပြီးမှ ရိုက်ချရသလားဟဲ့
alinsett (gazette)
April 25, 2014 at 7:58 pm
အဟိ….
အစကတော့..တကယ်ကြီး..အပီအပြင်ရေးလာတာပဲ…
အဆုံးသတ်ခါနီးမှ..ဘယ်လိုက ဘယ်လိုဖြစ်သွားတယ်မသိ…. အဟိ …
TNA
April 27, 2014 at 6:35 pm
နေပူလို့ဖောက်သွားတာဖြစ်မယ်အေ့။ ဆေးမှန်မှန်သောက် အောင်သိန်းလင်းရေ
alinsett (gazette)
April 28, 2014 at 7:47 am
တိန်
အောင်သိန်းလင်း တဲ့
😥
Mr. MarGa
April 25, 2014 at 8:23 pm
:byee:
😥
:hint:
ခွက်ဒစ်တူ ဟိုဂျီးဒေါ်
alinsett (gazette)
April 25, 2014 at 8:27 pm
အဟိ…
အောက်ဆုံးမှာမှ..ပြုံးစိစိလေး..ဘာလို ့ဖြစ်သွားရတာတုန်း..
ကိုယ် ရေးထားတာ.အလွမ်းနော်…
ရီစရာ တစ်ခုမှ မပါ….
😆
ကေဇီ
April 25, 2014 at 8:58 pm
It is not a smile. That icon means ‘a hint’
:hint:
alinsett (gazette)
April 25, 2014 at 9:02 pm
အဟိ
အော် ပြုံးတာ မဟုတ်ဘူးကိုး
:kwi:
lu lu
April 25, 2014 at 9:18 pm
ဟားဟားဟားားးးးးးး
ဘယ်လိုဖြစ် ရတာလဲကိုဆက် ရယ်
တကယ်မှတ်ပြီး ဒီက မုဒ် အပြည့်နဲ ့သနားလိုက်
ရတာ ဒဏ် ရာများနဲ ့လူ ကြီးပါလား လို ့
alinsett (gazette)
April 25, 2014 at 9:43 pm
အဟဲ
အချစ်ဝတ္ထုပါဆို
အလွမ်းနော် အလွမ်း
🙂
lu lu
April 25, 2014 at 10:23 pm
ဒါချို လည်း လွမ်းပေးလိုက် ဘာပီ နော်
လမ်းကြုံရင် ဇာတ်လမ်းထဲက မင်းသမီးကြော်တဲ့အ ကြော်
စားချင် လိုက်သေးရဲ ့
kyeemite
April 26, 2014 at 9:02 am
:s:
alinsett (gazette)
April 26, 2014 at 10:23 am
ဗုံဗုံ
April 26, 2014 at 9:15 am
အော်… ဝက်နာတို့.. သွပ်ချာပါဒလိုက်နေပုံများ
80 ကျော်တွေတောင် အလွတ်မပေးတော့ဘူး… :kwi:
alinsett (gazette)
April 26, 2014 at 10:24 am
တိန်
ဒါအချစ်ဟ
နီက မသိပဲနဲ့များ. . .
🙂
လုံမလေးမွန်မွန်
April 26, 2014 at 9:22 am
အော်.. ေမာင်ရယ်…
ဒီအတိုင်းပဲ ဆင်းလာခဲ့ပါ..
မေက အကြော််ကြော်မယ်.. ေမာင်က အကြော်ဗန်း ေခါင်းပေါ်ါ်တင်ပြီး လိုက်ရောင်းလေ ေနော်
alinsett (gazette)
April 26, 2014 at 10:26 am
အိုကွယ်
ဗန်းနဲ့ရွက်ပြီး လိုက်ရောင်းတဲ့ခေတ်မဟုတ်တော့ဘူး
အင်တာနက်ကနေရောင်းမယ်
ဖေ့ဘုတ်မှာ ကြေငြာမယ်
ဟဲဟဲ
မဟာရာဇာ အံစာတုံး
April 26, 2014 at 10:33 am
:s:
alinsett (gazette)
April 26, 2014 at 10:54 am
အက်ဒါ ဘာဖစ်တာဒုန်း
🙂
မီ မီ
April 26, 2014 at 11:25 am
မရီရက်ဘူး
ဆင်းရဲမှု ရုပ်ဆိုးမှု အိုမင်းမှုက
လှောင်ပြောင်စရာဖြစ်နေကြလို့လားရှင်
သူ့ဆွေမျိုးတွေတွေ့ရင် စိတ်ကောင်းပါ့မလား
ကိုယ်ချင်းစာသင့်ပါတယ်
စိတ်မကောင်းပါဘူး
alinsett (gazette)
April 26, 2014 at 11:40 am
အိုးးးးးအို
ဒီအဖွားရဲ့ ဆင်းရဲမှု အိုမင်းမစွမ်းမှုတွေကို လှောင်ပြောင်ထားတဲ့စာမှ မဟုတ်တာကွယ်
သာမန်အချစ် ဟာသ ဝတ္ထုလေးပါ
အဖွားအို တိုက်ရိုက်သော်လည်းးကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း လှောင်ပြောင်သရော်တဲ့စာလုံး တစ်လုံးမှ မပါဘူးလေ
ဝတ္ထုထဲက မေ ဟာ
ပုံထဲက အဖွားလည်း မဟုတ်
ပုံထဲက အဖွားပါလို့လည်း မပြောထား
ပုံက စာကို ကူညီပံ့ပိုးပေးရုံသက်သက် ပျော်စေလိုတဲ့စိတ်နဲ့ ထည့်တာပါခည
ဝတ္ထုစာအုပ်မှာ မျက်နှာဖုံးနေရာက ကူညီပေးတဲ့သဘောပါပဲ
အဓိက ကတော့
လှောင်ပြောင်လိုတဲ့စိတ်နဲ့ သုံးတာ မဟုတ်
အပျော်စာတစ်ပုဒ်မှာ အပျော် ပါဝင်ရုံသာမို ့
ကဲကဲ မှားတယ်ဆိုလည်း
သက်ဆိုင်သူတွေကို တောင်းပန်ပါတယ်နော်
သက်ဆိုင်သူ/သက်ဆိုင်သူ ့အသိုင်းအဝိုင်းက
လက်မခံလို့ မသုံးနဲ့ ဆို
မသုံးပါဘူးလို့
🙂
တောတွင်းပျော်
April 26, 2014 at 7:07 pm
တကယ်လို ့များသာ
မောင်နဲ ့မေ ့အကြား
ကံစည်းတားလို ့
ဘဝတွေများ ခြားခဲ ့ရင်
တိတ်တဆိတ် စိတ်ဖြေ
အလွမ်းတွေအိပ်ဖို ့
ချောင်းကြည့်ပေါက်လေးဖေါက်ထားမယ်
အဲ..spy cam လည်းချိတ်ထားမယ်
alinsett (gazette)
April 26, 2014 at 7:39 pm
ဘဝခြားဖို ့အရေး..
တွေးကိုမတွေးရဲ ….
အမြဲလိုသာ… တွဲ လို ့နေချင်သူမို ့…
ခွဲမသွားပါနဲ ့..ဒေါ်ဖွားမေ….
အဟိ…
:kwi:
•*¨နန်းတော်ရာသူ •*¨
April 27, 2014 at 7:36 pm
အလက်ဆင်းတို့ ထိုင်းစုံတွဲကိုအားကျတယ်ထင့်
😀
alinsett (gazette)
April 28, 2014 at 7:43 am
ထိုင်းစုံတွဲက ဘာဖြစ်လို့လဲငင်
သား အဲ့သဒင်း မသိသေးလို့
🙂
snow smile
April 28, 2014 at 6:34 am
ဒီ ကောင် လေး က တော့ ဒီ လို အ မြဲ
alinsett (gazette)
April 28, 2014 at 7:44 am
အဟိ