Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟန်ချက် နဲ ့ အရှိန်

ဒီပန်းချီကားလေးကို ဟန်ချက်နဲ ့အရှိန် လို ့ပေးထားပါတယ်..။

အခရိုင်းလစ်နဲ ့ကင်းဗတ်ပေါ်မှာ ရေးဆွဲတာပါဘဲ..။ ရောင်းပြီးသားပါ..။

အကသမား၂ဦးရဲ ့ကပြပုံကို ဖော်ကျူးချင်တာပါ… က နေပုံ သက်သက်ဆိုရင် ပုံက

ကနေတယ်လို ့ပြောပေမယ့် ငြိမ်နေပါတယ်..။ ဒါကြောင့် ပထမ သူတို ့ကို ဆလိုက်အရောင်တွေနဲ ့ကြွလာအောင် အရောင်ခတ်ပေး ပါတယ်..။ နောက်တခုက လက်ဖျားတွေ ပုခုံးဖျားတွေကို လှုပ်ရှားမှုအနေနဲ  ့အရိပ်အရောင်တွေ စုတ်နဲ ့ခတ်ချင်ပေမယ့် ကာတွန်းဆန်သွားနိုင်ပါတယ်..။ ရေးမယ် ဆိုရင်လဲ ရေးနိုင်ပါတယ်..။

ဒါပေမယ့် လူပုံကို လှုပ်ရှားမှု မထည့်ဘဲ နောက်ခံကို မီးကာလာအရောင်နဲ ့စုတ်ခတ်ချက်တွေ ထည့်ပေးလိုက်ပါတယ်..။

ပုံကို ကြည့်တဲ့အခါ နောက်က စုတ်ခတ်ချက်တွေ စိတ်ကူးနဲ ့ဖယ်ကြည့်ရင် ပုံက ငြိမ်နေပါတယ်..။

အက သမားတိုင်းက ကပြချိန်တိုင်းမှာ  ဟန်ချက်အရေးကြီးပါတယ်..။

သူတို ့ရဲ ့လှပတဲ ့ဟန်ချက်ကို ပန်းချီသမားက အရောင်တွေနဲ ့ပါးနပ်စွာ

အရှိန်ထည့်ပေးလိုက်ပါတယ်..။

တကယ့် သူတို ့ကနေချိန်က ဘာမီးရောင်စုံမှ မရှိပါဘူး..။ ရိုးရိုးလေးပါ။

ပန်းချီသမားက အရောင်တွေနဲ ့မိတ်ဆွေရင်း ဖြစ်ဘို ့လိုပါတယ်..။

Bilde+034

 

 

ကျော်စွာခေါင်

 

27 comments

  • Nan Shin

    June 10, 2013 at 2:33 am

    စာကိုဖတ်တယ် နားမလည်ဘူး၊ပုံကိုကြည့်တယ် ဘာမှန်းမသိဘူး၊ ပုံကို ငါးမိနစ်လောက် ကြည့်ပြီး စာကို နှစ်ခေါက်ပြန်ဖတ်တယ် ….အနုပညာဆိုတာ ဒါပဲကွ လို ့တိုးတိုးရေရွတ်မိလိုက်တယ်။

    • kyaw swar kaung

      June 10, 2013 at 9:45 pm

      Nan shin
      ကျနော်ကိုယ်တိုင်လည်း တခြားပန်းချီကားတွေ ကြည့်ရင်း တခါတလေ ဒီလိုပါဘဲ…။ အားပေးတာကို ကျေးဇူးပါ..။
      တိုးတိုးရေရွတ်ပေမယ့် ကျနော့်နှလုံးသားမှာ အကျယ်ကြီး ကြားရပါတယ်..။

  • lele kyi

    June 10, 2013 at 4:56 am

    အမျိုးသမီးရဲ့လက်တွေမှာ ခွန်အားတစ်ရပ် ကိုတွေ့မိသလိုပဲ။ အရောင်ရွေးချယ်မှုကိုနှစ်ချိုက်မိတယ်။

    • kyaw swar kaung

      June 10, 2013 at 9:51 pm

      မလဲ့ ပြောတာ ဟူတ်တယ် မလဲ ့..ကတဲ ့နေရာမှာ အမျိုးသားက အထိန်းဘဲ..
      အဓိကက အမျိုး သမီးရဲ ့ ညာလက်ဘဲလေ..။ အခုချိန်မှာ ကိုယ်က နည်းနည်းစောင်းထားတယ်… ညာခြေအားပြုနင်းထားပြီး..
      ဘယ်ခြေက ခြေဖျားထောက်တယ်ဆိုရုံလေးဘဲ.. ပြီးတာနဲ ့ ညာခြေအားကနေ ဘယ်ခြေပြောင်းထောက်ပြီး…ညာလက်ရဲ ့အားယူမှုနဲ ့ ဒီအမျိုးသမီး အကပညာရှင် လှည့်တော့မယ်လေ..။ အနောက်တိုင်းအက တွေက တခါတလေ ခြေစုံလက်စုံအားယူတာရှိတယ် မလဲ ့.
      ရန်ကုန်ပန်တျာဆင်းတွေက ညာခြေ ညာလက်များတယ်.. မန ္တလေးက ဘယ်ခြေညာလက် အားယူတယ်.. အဓိက ကတော့ ဟန်ချက်ပါဘဲ..။

  • kyeemite

    June 10, 2013 at 9:05 am

    အလင်းဟတ်ပုံလေး သရုပ်ဖေါ်ထားတာ
    တော်တော်ကြိုက်ပါတယ်ဗျာ…အားပေးနေပါတယ်ဗျို့

  • ဗုံ ဗုံ

    June 10, 2013 at 9:41 am

    တစ်ကယ်အသက်ဝင်နေသလိုဘဲ.. ဘာမှမဝေဖန်တတ်ပေမယ့် ပုံလေးတွေတော့ သိမ်းသိမ်းထားပါတယ် သဘောကျလို့ပါ.. နောက်လည်းတင်ပါနော်.. အားပေးနေပါတယ်ရှင့်…

    • kyaw swar kaung

      June 10, 2013 at 10:00 pm

      ဗုံဗုံ
      ပုံတွေ သိမ်းထားတယ်ဆိုလို ့ ဝမ်းသာပါတယ်.. နောက်လဲ သိမ်းပါ..။ ကျနော်ကတော့ ဘာမှ မဟုတ်ပါဘူး…
      ကျနော် ပန်းချီကျော် မိုဒီလျာနီး ရဲ ့ဘဝဇာတ်လမ်းရုပ်ရှင်ကြည့်တော့ မိုဒီ နာမည် မကြီးခင်က ပန်းချိီဆေး ဝယ်စရာမရှိလို ့
      သူ ့ပန်းချီကားတွေ ဈေးပေါပေါနဲ ့ရောင်းခဲ့ရတယ်.. ။ သူသေဆုံးပြီးမှ လူတွေက သူ ့ပန်းချီကားတွေ လိုက်ဝယ်တော့
      သူ ့ကားတွေ ဈေးနှိမ်ဝယ်နေကျ အဘို းကြီး လင်မယားက သူ ့ပန်းချီကားတွေ ဒို ့ဝယ်ထားတာ ရှိပါတယ်..ခု ရှာမတွေ ့ဘူး..အသိမ်းလွန်နေတယ် ထင်ပြီး ဝယ်သူတွေ ရှေ ့မှာ ဒေါင်းတောက်အောင်ရှာရတာ… နောက်မှ တွေ ့တယ်..ပက်လက်ကုလားထိုင် အခင်းစ လုပ်ထားတာလေ.. ပြန်ဖြုတ်ရောင်းရတယ်..။
      … ကျနော်ကားလေးတွေက ဘာမှ မဟုတ်ပေမယ့်.. သိမ်းပေးတဲ့အတွက် ကျေးဇူးပါ ဗုံဗုံ..။

  • Moe Z

    June 10, 2013 at 9:42 am

    ♫ ♪ .. So I put my arms around you, around you And I hope that I will do no wrong .. ♫ ♪
    ဘာပြောရမှန်းမသိလို့ သီချင်းဆိုသွားတာဗျ :mrgreen:

  • ကြက်အူလှည့်

    June 10, 2013 at 10:36 am

    ဗရာဗိုဗျို့ …
    မနေ့ညကတောင် ရွာသူတယောက်နဲ့ စကားပြောဖစ်သေး
    ဆြာသမားကို အေခရိုင်းလစ် အကြောင်း ဗျူးချင်တာနဲ့ပါတ်သတ်ပြီး…
    (နောက်များမှ မေးစရာ ပေါ်ရင် မေးအူးမယ်ဗျို့ ..ကျနော် temptation ကို နည်းနည်း တို့ထိချင်ရို့…. ခိခိ)
    ပုံနဲ့ပါတ်သတ်လို့ ပြောပါဆိုရင်တော့
    အဝိုင်းအဝိုင်းတွေက ကနေသူ ၂ယောက်ရဲ့ ခေါင်း-ခါး-ခြေ-လက် တို့ရဲ့ လားရာနဲ့ အရွေ့တွေကို ပြနေသလိုခံစားရရဲ့ဗျာ..။
    နားထဲမှာ တယောသံတွေ- ဆက်ဆိုဖုန်းတွေ-အကော်ဒီယံတွေ ကြားလိုက်ရသလိုပဲဗျ….
    မျက်စိကနေ ကြားပြန်ဒယ်ဗျာ..
    Io amo la musica latina

    :harr:

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • kyaw swar kaung

      June 10, 2013 at 10:02 pm

      ကိုဂီ…
      တခိခိနဲ ့…ဘာတွေတွေးပြီး… ဘောကျနေတာလဲ..။
      နောက်ဆွေးနွေးကြတာပေါ့လေ…။
      သတိ။ ။ အချွန်နှင့် မခြင်း …မပြုရ..။
      ခင်တဲ ့ ခွီ……
      မှားသွားတယ်
      ခင်တဲ ့ ခေါင်

  • Mr. MarGa

    June 10, 2013 at 1:42 pm

    မျက်စိထဲကိ ကကွက်တွေ ပြေးဝင်လာပြီး
    ဘေးက ဂီတသံတွေပါ ကြားယောင်လာ သလိုလို

  • အရိပ်စစ်

    June 10, 2013 at 5:01 pm

    ဂါဝန်အနားစလေးတွေ လွင့်နေတာကို မြင်နေရတယ်
    ပန်းချီကားလေးတွေကို ငေးကြည်နေရတာ ကြိုက်တယ်

  • ဇဂါး လွတ်

    June 10, 2013 at 6:03 pm

    မနက်က ဒီ ပို့(စ) ကို ဝင်ဖတ်ပြီး ကော်မန့်ရေးချင်နေတာ ။
    အခြေအနေက မပေး:::::: 🙁

    အလင်းကျတာကို ပန်းချီမှာ ဖော်သွားနိုင်တာကို အတော်သဘောကျပါ၏။

    ညက ရွာသားတစ်ယောက်နဲ့ စကားစပ်မိရင်း ကိုယ့် ဆရာရဲ့ ပန်းချီ လက်ချာလေးနားထောင်ချင်သားလို့ စိတ်ကပေါက်မိနေတာ။
    ဒီလို တစ်ကားချင်းကို ရှင်းလင်းချက်နဲ့ တင်တာလည်းသဘောကျတယ်တော့။
    :hee:

    • Foreign Resident

      June 10, 2013 at 6:42 pm

      ” ဒီလို တစ်ကားချင်းကို ရှင်းလင်းချက်နဲ့ တင်တာလည်းသဘောကျတယ်တော့ ”

      ဟုတ်ပါ့ ၊ ကိုယ့်ဆရာရေ ။
      အဲလို တစ်ကားချင်းကို အေးအေးဆေးဆေး ရှင်းပြမှပဲ ၊
      ကျုပ်တို့က ပန်းချီကို အရသာခံတတ်မှာဗျ ။
      နို့မို့ရင် လှတယ် တစ်ခုပဲ ပြောတတ်တာရယ် ။

      ကျနော် Madrid ရောက်တုန်းက Prado Museum မှာ ၊
      Guide အမျိုးသမီးက ၊ အရောင်တွေရဲ့ စိုးမိုးမှု ၊ လက် ကိုယ်ဟန် အနေအထား ၊
      စတာတွေကို ဆွဲတဲ့ ပန်းချီပညာရှင် ရဲ့ စိတ်ထား နှင့် ခေတ် ကာလ ကို ၊
      ယှဉ်တွဲပြီး ပြောသွားတာဗျာ ၊ ပန်းချီ ကားတွေဟာ ကြွတက်လာသလိုပဲ ။

    • kyaw swar kaung

      June 10, 2013 at 10:05 pm

      ဒီကော်မန် ့မှာတော့ ..
      ကျနော်တွေ ဗျာတွေ မပါတော့ဘူး….
      တော့……. တဲ ့.. ။
      မခိုင်ဇာ ဘဲ မဟုတ်လား။ ဇကားလွတ် တဲ ့…ကျနော်လည်းနာမည်တွေ မနည်း မှတ်ရဦးမယ်..။

      • ဇဂါး လွတ်

        June 11, 2013 at 8:37 am

        ဟုတ်ပါ့။ ဟုတ်ပါ့။
        ကျုပ် ခိုင်ဇာ ပါ။ :mrgreen:

        အဲ့ သိရင် တိုးတိုး။ လုပ်ကြံမဲ့ သူတွေ ကြောက်လို့ ဂလိုပဲ ကိုယ်ယောင်ဖျောက်ရတယ်။ ငိငိငိ။ :mrgreen:

        ကျုပ်က ရင်းနှီးမှု အနေအထားကို လိုက်ပြီး အပြောအဆိုကွာသတော့…
        ကျုပ်က နာမည်က လည်း စိတ်ထင်ရာပြောင်းတာရယ်။
        နောက် သိသွားမှာပါ။
        :kwi:

  • အရီးခင်လတ်

    June 10, 2013 at 6:26 pm

    ကြည့်ရတာ ပန်းချီဆရာက ရှုခင်းတင်မက လူပုံတူ ပါ ဆွဲနိုင်တယ် ထင်တယ်။
    လက်ရာတွေက သာမာန်ကိုမဟုတ်ဘဲ Gifted & Talented လို့ ဆိုနိုင်အောင် ကောင်းတယ် ထင်ရဲ့။
    ဒီလို ထူးချွန်သူတွေ ဂဇက်ရွာမှာ ရှိတာ ဂုဏ်ယူစရာပါ။
    ပုံလေးတွေကို ဆက်ပြီး ကြည့်ချင်ပါတယ်။

    • kyaw swar kaung

      June 10, 2013 at 10:45 pm

      အရီးခင်
      နောက်ဆို လူု့တွေတင်ဘို ့ အစီအစဉ် ရှိပါတယ်.. နောက်ပြီး 3D animation ရုပ်ရှင်ကို မြန်မာပြည် လူငယ်တွေ လုပ်နေကြပြီဆိုတော့
      3D sculptur ပြုလုပ်နည်းကို နည်းစနစ်နဲ ့ပုံလေးတွေ တင်ဘို ့စိတ်ကူးထားပါတယ် အရီးခင်။
      ရွာသူရွာသား အားလုံး တမျိုးစီ ထူးချွန်ကြတာပါဘဲ အရီးရယ်..။

  • lele kyi

    June 10, 2013 at 7:45 pm

    ကောင်မလေးရဲ့ ပေါင်တံရှင်းရှင်းလေးတစ်ချောင်းးဟာပေါ်နေမယ်။ ကောင်ကလေးရဲ့ မျက်နှာ ဟာအပေါ်ဘက်ထောင့်စွန်းလေးဆီကိုတင်းတင်းလေးမေ့ါထားမယ်။ စိတ်ကူးယဉ်ကြည့်တာ။ 🙂

    • kyaw swar kaung

      June 10, 2013 at 10:48 pm

      အိမ်မှာ ပြန် က” ကြည့် ….မလဲ ။့

  • မောင် ပေ

    June 10, 2013 at 7:57 pm

    ကိုကျော်စွာ တင်ခဲ့တဲ့ ၈ ပို ့စ် ထဲ မှာ သည်ပို ့စ် ထဲ က ပန်းချီကား ကို တော့ တော်တော်လေး သဘောကျမိပါတယ် ဗျာ

    • kyaw swar kaung

      June 10, 2013 at 10:41 pm

      ကိုပေ
      ကျေးဇူးပါ။

  • Ma Ma

    June 10, 2013 at 8:11 pm

    နာမည်နဲ့ ပုံလေးနဲ့ လိုက်ဖက်တယ်။
    ပုံမှာ အရှိန်ပါနေလို့ ရုပ်သေလို့ မထင်ရပဲ ရုပ်ရှင်လို့ ထင်ရတယ်။ :hee:

    ရွာထဲမှာ ပရိုတန်းပန်းချီဆရာတစ်ယောက် ရောက်လာတာ ဝမ်းသာဂုဏ်ယူပါတယ်။ :hee:

    ဒ့ါထက် စိတ်မဆိုးရင် အကြံတစ်ခုပေးချင်ပါတယ်။
    အချို့ ကွန်မန့်တွေကို လိုအပ်သလို ပြန်လှန်ကွန်မန့်လေး ရေးပေးရင် ပျော်စရာပိုကောင်းသွားမယ်။ :hee:

    • kyaw swar kaung

      June 10, 2013 at 10:14 pm

      မမ
      ကျနော် ပြန်စာလေးတွေ ရေးပါ့မယ်..
      အားပေးတာလဲ ကျေးဇူးတင်ပါတယ်. “ပုံမှာ အရှိန်ပါနေလို့ ရုပ်သေလို့ မထင်ရပဲ ရုပ်ရှင်လို့ ထင်ရတယ်”
      အဲဒီ စကားလေးက ကျနော့်ပန်းချီကားရဲ ့ မြှုပ်ကွက်ဘဲ မမ။
      ခုချိန်မှာ ရုပ်ရှင်တည်းဖြတ်တာတွေ ခေတ်မှီလာတော့ Green screen တွေနဲ ့ အင်ဒိုဒရိုက်ကြတယ်..ကားတွေဘာတွေ တစ်ကယ်မောင်းတာ မဟုတ်ဘူး.. နောက်ခံကို Effect နဲ ့ထည့်တာလေ..။
      မြန်မာ ရုပ်ရှင် အရင်ခေတ်က မင်းသားမင်းသမီး ကားမောင်းခန်းဆိုရင်.. ကား ဟိုဘက်ဘေးက ရုပ်ရှင် အလုပ်သမားတွေက သစ်ပင်ကိုင်းတွေ ကိုင်ကိုင်ပြီး တခါက်ပြီး တခေါက်ပြေးရတာလေ…။ ရှေ ့က အက်တာတွေ က ဟန်ဘဲ.. နောက်က သစ်ပင်တွေ က လှုပ်ရှားနေတော့..ရုပ်ရှင် ကြည့်သူတွေက မင်းသား ကားကို မောင်းနေတယ်လို ့ ထင်ရရော..မမ။
      အခု အဲဒီနည်းကို ကျနော့်ပန်းချီကားမှာ သုံးထားတာပါ.. နောက်က စုတ်ခတ်ချက်တွေက …သစ်ပင်တွေ ကိုင်ပြီး ပြေးတဲ ့သဘောပါ..။
      အံမယ်လေး… မောထှာ..။

      • Ma Ma

        June 11, 2013 at 7:05 am

        အံမယ်လေး… မောထှာ..။
        အခုလို အမောခံပြီး အကျယ်တဝင့် ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ :hee: :hee: :hee:

  • padonmar

    June 10, 2013 at 8:19 pm

    ဂါဝန်တွန့်လေးတွေ လှုပ်နေသလိုဆိုတာ တကယ်ပဲ။
    မျက်စိနဲ့ ကြားစေတာ(CD to ကနားစီးမိဂီ)
    ခုလို ရှင်းပြတာ ကျေးဇူးပါ။
    ဓို့ယွာက ဗဂျီ ကြော်ဆွာခေါင်ရယ်။

  • lele kyi

    June 11, 2013 at 5:32 am

    ဆြာကို-ဆြာလုပ်တာမဟုတ်ရပါဘူးရယ်။ ကျမ ကစိတ်ကူးယဉ်သမားရယ်။ လက်တွေ့ ဘာမှမထူးချွန်ဘူး။
    ကိုကျော်စွာခေါင်-သိမှာပေါ့ “Legend of the guardians: the owls of Ga’Hoole” တကားလုံးမျောပါသွားတယ်။ ဒါဟာ Animation ပါလားလို့သတိမေ့သွားခဲ့တဲ့အထိ။ အခုထိလဲခဏခဏကြည့်ဖြစ်တယ်။

Leave a Reply