Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုယ့်အတွေးနဲ့ကိုယ်

Yin Nyine NwayJune 13, 20131min69223

သူ့အတွေးနဲ့ သူ မတူတာတွေကတော့
အများအားဖြင့် ပန်းချီ ပန်းပု ပြခန်းတွေမှာတွေ့ရတတ်ပါတယ်
ထုတဲ့သူ ရေးဆွဲတဲ့သူစိတ်ကူးနဲ့
လာကြည့်တဲ့သူ ဝယ်ယူသူရဲ့ စိတ်ကတော့ အတွေးချင်းတူချင်မှ တူကြမှာပါ

ဆိုခရးတီး

လူကြီးနှစ်ယောက် ပန်းချီပြခန်းတခုထဲရောက်လာတယ်
အပေါ်ကပုံကို မြင်တော့ ဆိုခရေးတီး
ပထမလူ ဆိုခရေးတီးဆိုတာ အမှန်တရားအတွက် အဆိပ်သောက်သေသွားတဲ့လူလားဗျ
ဒုတိယလူ ဟုတ်တယ်လေဗျာ
ပထမလူ အဆိပ်က တော်တော်ပြင်ပုံရတယ်
ဒုတိယလူ ဟုတ်မယ် …. လူတောင် ဒီပုံကြီးဖြစ်သွားတယ်

ဒီလို အူကြောင်ကြောင်နိုင်တယ်လို့ ထင်ပေမဲ့ တချို့လူရဲ့အတွေးကျတော့ သူ့ဟာနဲ့ သူဟုတ်နေတာပဲ

high house

ကလေးနှစ်ယောက် ထပ်ဝင်လာကြပြန်တယ်
ပထမကလေး အိမ်ရှည်ကြီးတဲ့
ဒုတိယကလေး အေး… လူရှည်ကြီးတွေနေတာဖြစ်မယ်
ဒီကလေးနှစ်ယောက်လည်း သူ့အတွေးနဲ့ သူ ဟုတ်နေပြန်ရော

အနော့်အဖိုး အင်းလေးမှာ ဆုံးတုန်းက
အသုဘချတဲ့နေ့မှာ ရွာထဲက အဖိုးကြီးတွေ အသုဘရှုလာကြတယ်
အသုဘရှုရင်း လိုက်ပို့ဖို့ရာ ထိုင်စောင့် ပြီး စကားတွေပြောနေကြတယ်
တအောင့်လောက်ကြာတော့ ပြောစရာကုန်ပြီထင်ပါ့

ပထမ အဖိုး သေခြင်းတရားဆိုတာ မလွန်ဆန်နိုင်ဘူး
ဒုတိယအဖိုး အဲဒါပြောတာပေါ့ ဝိကာလဘောဇနာ ဆိုတာ

အနော်မရီဖြစ်လိုက်မိဘူး
သူတို့လည်း သူတို့အတွေးနဲ့ သူတို့ ဖြစ်မှာပေါ့

နောက် အနော့် အဖွား .. သူကတော့ အင်းလေးစကားတော်တော်ပြောတယ်
အနော် အင်းလေးစကားကို ထမင်းစားရေသောက်ပဲပြောတတ်တယ်
ထမင်းစားရေသောက်ဆိုတာ ထမင်းစားတာရယ် ရေသောက်တာရယ်ကိုပြောတာ …ဟီး
နားလည်ပေမဲ့ မပြောတတ်တာပါ
တနေ့တော့ အနော့ အဖွား က ဈေးကနေပြန်လာပြီး နေပူနေတာမလို့ အနော့်ကို
ပစဉ်းကူး ယူလာပြီးနေလှမ်းလို့ပြောတယ်
အနော်ထင်တာက ပစဉ်းကူးဆိုတော့ကား ပစဉ်းက ပစဉ်းအကောင် ကူးတာကကြီးတာ
ရာသီကလည်း ပစဉ်း ထွက်တဲ့ရာသီ ဆိုတော့ ပစဉ်းအကောင်ကြိးတွေကို ရွေးပြိး နေလှမ်းလိုက်တယ်
ခဏနေတော့ အဖွားက သူခိုင်းတာ မလုပ်သေးဘုူးလားမေးတယ်
လုပ်ပြီးကြောင်းပြောတော့ အဆော်ခံလိုက်ရရော
ပြောင်လိမ်လို့တဲ့
အနော်မလိမ်ကြောင်း လှမ်းထားတဲ့ ပစဉ်းတွေက်ုပြတော့
သူက ရီတယ်
ပစဉ်းကူးဆိုတာ ခြုံစောင်ကြီးကို ဆိုတာတဲ့
… နို့ တိမှ မတိဘဲကိုး …..
{ ခုတော့ ပစဉ်းကူး လှမ်းခိုင်းတဲ့ မဲ့အို (အဖွား) လည်း မချိတော့ဘူး :'( }

အနော်တခါပြောဖူးတဲ့ အကြောင်းတခုပေါ့
တောင်နီရွာမှာ ပလောင်ဈေးသည် တစ်သည်ကို ဈေးဝယ်ပုံလေး
ဈေးဝယ် အမိုး သခွါးသီး ဘယ်လိုရောင်းလဲ
ဈေးသည် ပုံရောင်းတယ်
ဈေးဝယ် တပုံ ဘယ်လောက်လဲ
ဈေးသည် တပုံ 5လုံး
ဈေးဝယ် မဟုတ်ဘူး ဈေးကိုမေးတာ
ဈေးသည် တောင်နီဈေး
ဈေးဝယ် အာမဟုတ်ဘူး တန်ဖိုးကိုမေးတာဗျ
ဈေးသည် တဘိုး အနောက်မှာထောင်ထားတယ်လေ
ဈေးဝယ် အာ… အဖိုးကို မေးတာဗျ
ဈေးသည် အဖိုး အိမ်မှာ မိုးအေးလို့ အိပ်နေတယ် ဆိုတာမျိုး
ဈေးသည်အတွေးနဲ့ သူ့သူတော ့ဟုတ်နေတာပဲ

တခါတလေ ဖေ့ဘုတ်လို နေရာမျိုးမှာတောင်
ကြိုက်သူရှိသလို
မကြိုက်တဲ့သူလည်းရှိကြတာပဲ

Myanmar Mobile user မှာ ပန်းသီးကြိုက်သူနဲ့ စက်ရုပ်ကြိုက်သူ
အမေစုကို ကြိုက်သူ နဲ့ မကြိုက်သူ
969 နဲ့ မူစလင်
တယောက် တမျိုး အမြင်မတူတာကြီးကိုတော့ ညှိလို့ တော့ရမယ်မထင်ပါဘူး
တချို့ ကော်မန်းတွေက ရီစရာကောင်းပြီး
တချို့ ကော်မန်းတွေက စိတ်တိုစေတယ်
ပိုပြီးမှန်စတာကတော့ တရားရလာတာပဲ 😛
ဒါ့ကြောင့် ကိုယ့်အတွေးနဲ့ကိုယ် ကောင်းတာ ဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် နေချင်သလိုသာ နေတော့မည်ဟု ဆုံးဖြတ်ရင်း ….

နွေးသီး
12း51 (နေ့လည်)
ရုံးတွင် ထမင်းစားပြီးချိန်

23 comments

  • ဇဂါး လွတ်

    June 13, 2013 at 1:27 pm

    အမ ငယ် တုန်းက အဖေက ကျွဲချိုယူလာခဲ့ လို့ ခိုင်းတာကို
    အလှချိတ်ထားတဲ့ ဆတ်ချိုခေါင်းကြီး တက်ဖြုတ်ဖို့ ကြိုးစားဖူးတယ်။ :mrgreen:

    နောက်မှ သိရတာ တူ ကို ပြောတာတဲ့။ အဖေတို့နယ်မှာ တူကို ကျွဲချို လို့ခေါ်သတဲ့။ ကြားဖူးပေါင်။ :mrgreen:

    အဲလို ကိုယ့်အတွေးနဲ့ ကိုယ် ခိုင်းတာကို ကိုယ့်အတွေးနဲ့ကို လိုက်နာကြရင်းနဲ့ လွဲနေကြတယ်ထင်တယ်။ 🙂

    • Yin Nyine Nway

      June 13, 2013 at 2:57 pm

      လွဲလွဲလေးက ပိုကောင်းမယ်ထင်တယ် …..
      တခါတခါ အလွဲမှားတို့ လျော်လဲ ရောထိုင်တို့က အဆင်ပြေတတ်တယ်

  • ဦး ကျောက်ခဲ

    June 13, 2013 at 1:41 pm

    နားလေး မိသားစု…
    ဖခင်။ ။ ဒီနေ့လယ်ထဲမှာ မြွေတွေ့သဟေ့…
    မိခင်။ ။ ထမင်းပျော့တာ ကျုပ်ကြောင့်မဟုတ်ဘူး…
    သမီး။ ။ အဖေတို့ အမေတို့ သဘောတူတဲ့လူကို ယူပါ့မယ်…
    :harr:

    • Yin Nyine Nway

      June 13, 2013 at 2:59 pm

      အဲသဟာမှ သမီးက နေရင်းထိုင်ရင်း ယောကျင်္ားရ တော့မယ် ဟီး… :p

  • nozomi

    June 13, 2013 at 1:49 pm

    ဒါ့ကြောင့် ကိုယ့်အတွေးနဲ့ကိုယ် ကောင်းတာ ဖြစ်ဖြစ်
    ဆိုးတာဖြစ်ဖြစ် နေချင်သလိုသာ နေတော့မည်ဟု ဆုံးဖြတ်ရင်း ….

    ဟုတ်တာ‌ပေါ့ ‌နွေးသီး ‌ရေ
    အဲဒါပြောတာပေါ့ ဝိကာလဘောဇနာ ဆိုတာ

    • Yin Nyine Nway

      June 13, 2013 at 3:02 pm

      အဲ စကားလေး ရုံးမှာ ပြောပြတော့ ခု ရုံးမှာ
      ဝိကာလဘောဇနာ တွေ များလာဘီ …. 🙁

  • မင်းမင်း

    June 13, 2013 at 2:30 pm

    9+2 ?

    ပို့တွေ ကွန်မန်းတွေပျောက်နေတယ်။

    တစ် + တစ် = သုည

    အဲဒါ ကြီးရေးမိလို့လားမတိ

    လော့အင်လဲ ပေါင်းရတယ်

    ကွန်မန်းပေးလဲပေါင်းရတယ်

    သုညတော့အဖြေပေးလိုရဝူးးးး

    ဟိ

    ကိုယ့်အတွေးနဲ့ကိုယ်

    တောက်ကြသည် အဲအဲမှားလို့

    သောက်ကြသည်။

    အဲမမှားရဲဘူးဗျ

    တော်ကြာ

    လော့အင်ဝင်လဲ သတ်ပုံအမှန်ရွေးရိုက်ခိုင်း

    ကွန်မန်းပေးလဲ သတ်ပုံအမှန်ရိုက်ခိုင်း

    ဟီးးးးစတာပါ ဥက္ကဌကြီး။

    • kyeemite

      June 13, 2013 at 2:44 pm

      ဒါလေးများ..ကိုမင်းမင်းရယ်
      သချာင်္ပိုကျွမ်းသွားတာပေါ့…
      ခုနေခါ သူငယ်တန်းပြန်ဖြေရရင် သချာင်္ဂုဏ်ထူးရမှာမုချပဲ.. 😆

  • kyeemite

    June 13, 2013 at 2:41 pm

    ပထမ အဖိုး။ သေခြင်းတရားဆိုတာ မလွန်ဆန်နိုင်ဘူး
    ဒုတိယအဖိုး။ အဲဒါပြောတာပေါ့ ဝိကာလဘောဇနာ ဆိုတာ 😆
    ကိုယ့်အတွေးနဲ့ကိုယ်ပဲကောင်းပါတယ်…နွေးသီးရေ

  • မင်းမင်း

    June 13, 2013 at 2:53 pm

    ဟုတ်တဲ့ပါ ဆာတီးနိုက်

    ဟီးးးးး

    ဟီးဒါတောင် 15 နဲ့ 10 ပေါင်းတာ 35 ရသေးတယ်

    ဟီးးးးးးးး

    ဘယ်သူမှမတိခင် 25 လို့မြန်မြန်ပြင်ရသေး

    နက်ဖြန် ကာကတာဘေးချပြီးလော့အင်ဝင်မယ်

    ဟီးးးးးး

  • Mon Kit

    June 13, 2013 at 3:22 pm

    ဒီနေ့ အတွက်တော့ calculator ဘေးချပြီး ကွန်မန့်တွေ ဖြေနေဒယ်…
    😆

  • Shwe Ei

    June 13, 2013 at 4:32 pm

    ရေးလှရီလား.. သံဗူးလား ရေ…ပျော်နေပုံရတယ်…

    ကကြီး နဲ့ ယပက်လက် ကို မတူတဲ့ရှုထောင့်က ကြည့်ပြီး ငြင်းရတာ..
    စိတ်ကုန်စရာတေ့ာကောင်းသားနော..

    သများတော့ အကျိုးမရှိရင် မငြင်းတော့ဝူး…မမြင်ချင်ယောင်ဆောင်ပီး
    မျက်နှာလွှဲထားလိုက်တော့ဒါဗြဲ…ဟိ

    • Yin Nyine Nway

      June 14, 2013 at 11:37 am

      ဟုတ်တယ် မမအိရေ..
      တခါတခါ မမြင်ချင်မှအဆုံး စတေးတပ်တွေတင်လာ
      ပြီးတော့ မန့်ကြ
      စိတ်ဆိုးကြနဲ့ …..

  • kai

    June 13, 2013 at 4:34 pm

    ဖြုတ်လိုက်ပါပြီဗျာ..
    ဘယ်နှာ..
    ကြောက်ကျောက်နဲ့.. အတင်းကြီးပရိုတက်ထားမိတာ…

    • Yin Nyine Nway

      June 14, 2013 at 11:39 am

      ဘာကြီးလဲဟင် …. တဂျီး
      ဘာကိုဖြုတ်တာလဲဟင် …

      • kai

        June 14, 2013 at 2:59 pm

        ဂဏန်းပေါင်းခိုင်းထားတာကိုပြောတာပါ…။
        ဘာလည်း.. သင်တန်းပြန်တက်ခိုင်းလိုက်ရမလား.. :mrgreen:

        • Yin Nyine Nway

          June 15, 2013 at 11:18 am

          ဟီး… ခဏခဏမှားတယ် သဂျီး
          လက်ချိုးပြိးတောင် ပေါင်းလိုက်ရသေးတယ် … 🙂

  • မောင် ပေ

    June 13, 2013 at 8:25 pm

    ဒီမိုကရေစီပါကွယ်
    လွတ်လပ်ရေးတာကြာပြီ
    ဒီမိုကရေစီလို ့ခေါင်းစဉ်တပ်တာတော့ မကြာသေးဘူး

  • panpan

    June 14, 2013 at 9:36 am

    ကယ်လ်စီယမ်ကွေကာသောက်တယ်လို့ပြောလဲရတာပဲ
    အင်းလေ… အဲ့သာပြောတာပေါ့
    ဝိကာလဘောဇနာဆိုတာ… :harr:

    • Yin Nyine Nway

      June 14, 2013 at 11:41 am

      အဲဝိကာလ ဘောဇနာက လောလောဆယ်
      ရုံးမှာ တော်တော် ပြောနေကြဘီ
      တခုခုဆို ဒါပြောတာပေါ့
      ဝိကာလဘောဇနာဆိုတာ ကြီးဘဲ :harr:

  • “………
    ပထမ အဖိုး သေခြင်းတရားဆိုတာ မလွန်ဆန်နိုင်ဘူး
    ဒုတိယအဖိုး အဲဒါပြောတာပေါ့ ဝိကာလဘောဇနာ ဆိုတာ …
    …..”

    ဒီနေရာ ဖတ်လိုက်ရတော့ … ကျုပ်တော့ ရီဖြစ်လိုက်သဗျ …။
    အင်းး နောက်မှ …
    ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့လေ ….။ :mrgreen:

    • Yin Nyine Nway

      June 15, 2013 at 12:49 pm

      ကိုအံရေ အဲဒါလည်း ဝိကာလဘောဇနာပေါ့ 😛

  • ဦးကြောင်ကြီး

    June 20, 2013 at 10:39 am

    ကိုယ့်အတွေးနဲ့
    မှို့ရွေးထည့်
    ပျို့လေးနွဲ့
    ယို့ပေးငှဲ့..

Leave a Reply