သာယာတင့်တယ်
နေ့လည်ထမင်းစားပြီးရုံးပေါ်ပြန်အတက် လမ်းမှာဓားမရောင်းတဲ့လူရယ်၊ ဘေးမှာလူတစ်ယောက်ရယ် ထိုင်နေတဲ့နားကဖြတ်အသွား၊ သူတို့ပြောနေတာနားစွန်နားစကြားလိုက်ရတယ်။
“အရင်တုန်းကတစ်နေ့လုံးမှ၇၀၀၊ ၈၀၀၊ ၁၀၀ဝပဲရတာ၊ လျှောက်ရတာနေပူစပ်ခါးကြီး၊ ဘယ်လိုလုပ်စားရမလဲ”
ကြားသမျှ နားဝမှာမချမ်းသာ။
ခုတလော လမ်းချဲ့၊ ပလက်ဖောင်းပြင်တော့ လမ်းလျှောက်ရတာ ကပ်သီးကပ်သပ်ရယ်။
ရုံးဆင်းလမ်းလျှောက်နေတုန်း နံဘေးမှာမြေတူးနေတဲ့အလုပ်သ္မားတွေကိုတွေ့လိုက်ရတယ်။
ဖိနပ်မပါခြေဗလာနဲ့မြေတူးနေတာ၊ သေချာထပ်ကြည့်မိတော့ အလို၊ အောက်မှခဲလုံးတွေ ခဲလုံးတွေ။ ချွန်တာတွေရော လုံးတာတွေရော။ သူတို့ခြေဖဝါး မနာရှိရိုးလား။ လက်ကလည်း ပေါက်တူးကိုင်ပြီးပေါက်နေရတယ်။
မြင်သမျှ မျက်စေ့မချမ်းသာ။
ရုံးရှေ့လမ်းဘေးရောင်းတဲ့မုန့်တီအထမ်းသည်။ အိမ်မှာဟင်းရည်အိုးချက်မလာ။ ရောင်းတဲ့နေရာရောက်မှ ကပ်သီးကပ်သပ်ချက်တယ်။ ဆေးကြောဖို့ရေလုံလောက်ပါ့မလား။
လှီးတဲ့ဓားနဲ့ စဉ်းနှီတုံးကဆေးလည်းမဆေး၊ ထည့်မည့်အမယ်တွေကိုရော။ ဘုရား ဘုရား ရွှံ့အထပ်ထပ်ပေနေတဲ့ ထိုင်ခုံတွေကိုအပေါ်ဆုံးမှာတင်လာတယ်။ အောက်မှာစားမယ့်ပန်းကန်တွေ၊ ပိုဆိုးတာက အောက်မှနံနံပင်တွေ၊ ငရုပ်သီးတွေ၊ ဘာတွေ ညာတွေ။ တနေ့ကဝယ်စားလိုက်မိပြီ။
စားသမျှ ခံတွင်းမှာမသက်သာ။
ရုံးဆင်းချိန်ဆိုတော့ ဒီလိုပဲကားကျပ်တာပါပဲ။ အထူးကားတွေကလည်း မတ်တပ်ရပ်ရရင် တစ်ယောက်နဲ့တစ်ယောက် တင်ပါးပွတ်တာနဲ့ ရင်ဘတ်ထိတာနဲ့။ ထိုင်ရတဲ့လူကရော၊ ဒူးကကျပ်သေး၊ အစွန်ကလူက ဖင်တခြမ်းစာနေရာကိုခြေတစ်ချောင်းထောက်ပြီး တင်းခံနေရတာမျိုး။ ကားရဲ့အကျယ်အဝန်း၊ ပြတင်းပေါက်တွေကရတဲ့လေ၊ အထဲရှိတဲ့လူဦးရေနဲ့ရှုမယ့်နှာခေါင်းတွေ။ လေမလုံလောက်ပါလား။ လမ်းပေါ်မှာကားတွေကလည်းထူထပ်လာလိုက်တာ ဝင်လာတဲ့လေကလည်း မလတ်ဆတ်ပါဘူး။ အဲ့ထဲတခါတခါအတွင်းလေကလည်း ညစ်တစ်တစ်။
ရှုသမျှ နှာခေါင်းမှာမသက်သာ။
27 comments
KZ
June 19, 2013 at 10:31 am
ဖတ်ပြီး စိတ်ထဲ မသက်သာလိုက်တာ ပန် ကလေးရယ်။ 🙁
panpan
June 19, 2013 at 2:01 pm
မမဆွိ ပြန်လာရင် ဘတ်စ်ကားကို တစ်ရက်လောက်ပတ်စီးကြည့်ပါလ်ို့အကြံပေးပါရစေ
တိမ်မည်း
June 19, 2013 at 10:45 am
ကျွန်တော်သာ မနက် ကြက်ဥနှလုံးစားမှ ဗိုက်မဆာတက်တာ… မနက်မိုးလင်း တီးခွက်တဝက်နဲ ့ ဗိုက်ဖြည့်ထားရတဲ့သူ တပုံကြီး…..
ကျွန်တော်သာ ထမင်းစားရင် ဟင်းနဲရင်ဖြစ်တယ် အချဉ်အစပ်အရည် မစုံရင် မစားဖြစ်တာ… ဘဲဥတခြမ်းနဲ ့ ဆီမပါဆားမပါ စားရတဲ့သူ တပုံကြီး…..
ကျွန်တော်သာ ခြင်ကိုက်ရင် မအိပ်တက်လို ့ တခါတလေ ခြင်ဆေးထွန်း ခြင်ထောင် သေချာချအိပ်တာ… အိပ်စရာနေရာ မရှိလို ့ ဖြစ်သလို အိပ်ရတဲ့သူ တပုံကြီး…..
နောက်ဆုံးတော့လည်း မြန်မာနိုင်ငံရဲ့ ပြသာနာ ခေါင်ချုပ်က ဆင်းရဲမွဲတေမှူပါပဲ……..
panpan
June 19, 2013 at 2:05 pm
တီးတစ်ခွက်မပြောပါနဲ့ဦး
မနက်စာ ကော်ဖီမစ်၁ထုပ်ကို၂ခွက်ကျဲကျဲဖျော်၊ အီကြာကွေးတစ်ချောင်းကို သားအမိ၃ယောက်စားတာတော့ တွေ့ဖူးပါတယ်
ထမင်းကို ဟင်းနဲ့မစားတတ်၊ (ဘဲဥနဲ့တောင်မစားတတ်) စားနေကျငပိရည်နဲ့ပဲစားတတ်တဲ့ကလေးတွေလည်း တွေ့ဖူးပါတယ်
ညရောက်ရင် ရန်ကုန်မြို့တစ်နေရာရာက တိုက်လှေကားထစ်၊ ဆိပ်ကမ်း စသည်စသည် အိပ်စရာနေရာရှာနေရတဲ့လူတွေလည်း အများကြီးရှိပါတယ် 🙁
ကြက်အူလှည့်
June 19, 2013 at 11:15 am
အောက်ကစာက ခြစ်လှဇွာသော ရဲရဲတောက် ဘလပ်ဒီးကဘုန်းကျော် စာမျက်ခွက်ကနေ မ-လာဒါ….
ကွိကွိ…။
ဆဲချင် သများ ကို မဆဲနဲ့ သူ့ပေ့ချ်သွားဆဲဂျ..။
သများက သတ္တိမစိလို့ ကန္နား စီးနေတာ ..သတ္တိစိရင် အဟွာစီးမှာပေါ့..
(အဟွာ = ကား)
စစ်တပ်အင်အားက လေးသိန်း။ သူပုန်အင်းအားက နှစ်သိန်းကျော်။ ပေါင်းတော့ ခြောက်သိန်းကျော်။ ရဲဝန်ထမ်းက ငါးသောင်း။ ထပ်ပေါင်းတော့ ရ-သိန်းနီးပါး။ ဒီအင်အားက စပါးစိုက်တဲ့လယ်သမားမဟုတ်တော့ သူတို ့ကို ပြည်သူက ထမင်းကျွေးရတယ်။
နောက်ထပ်ကျွေးရတဲ့ လူတွေကတော့ သင်္ကန်းဝတ်ထားတဲ့သံဃာ။ အရေအတွက်အားဖြင့် လေးသိန်းနီးနီး။ သီလရှင်ပါ ထပ်ပေါင်းတော့ ငါးသိန်း။ ဒီအင်အားကလည်း စစ်သားတွေလို သူများကျွေးမှ စားရတာဆိုတော့ ဆန်ကုန်မြေလေးတွေပဲ။
စစ်သားနဲ ့ရဲ ဖြစ်ဖို ့က သင်တန်းလိုတယ်။ စနစ်တကျလက်ခံပြီးမှ လုပ်လို ့ရတယ်။ ဘုန်းကြီးက ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်လို ့ရတယ်။ အများဆုံး မိနစ်ငါးဆယ်လောက်ရင်းလိုက်ရင် ဘုန်းကြီးဖြစ်တယ်။ ပြီးရင် အလကားရတာလည်း စားရတယ်။ ကန်တော့လည်းခံရတယ်။ ဘုန်းကြီး ဦးရေနဲ ့စစ်သားဦးရေ ဒီလောက်များတော့တိုင်းပြည်က ဝါးတီးများများပေးပြီး အရည်မရအဖတ်မရတွေများလာတယ်။ ဆင်းရဲလာတယ်။
လူဦးရေအားဖြင့် သန်းခြောက်ဆယ်ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအရေအတွက်နဲ ့စစ်သားအရည်အတွက်က မြန်မာလောက်မများဘူး။ သိရိလင်္ကာနိုင်ငံလည်း အလားတူ။
တိုင်းပြည်ရဲ ့ဝင်ငွေက နောက်ဆုံးဘယ်ရောက်သွားလဲဆိုတော့ စစ်တပ်ဆီကိုရောက်သွားတယ်။ နောက်ပြီး ဘုရားတည်တယ်။ ဘုန်းကြီးကျောင်းကိုလှူတယ်။ ဒီနိုင်ငံမှ မဆင်းရဲရင် ဘယ်နိုင်ငံက ဆင်းရဲမှာလဲ။ သဲထဲရေသွန်တာကမှ အရာထင်အုံးမယ်။ ပုဂံက ဘုရားနဲ ့တင်လုံလောက်တာကို လျှောက်ပြီးတည်ချင်တဲ့လူကရှိသေးတယ်။
တိုင်းပြည်ရဲ ့ကုန်ထုတ်စွမ်းအားမြင့်ဖို ့အတွက်စစ်သားနဲ ့ဘုန်းကြီးဦးရေကို ကန် ့သတ်ဖို ့လိုတယ်။ ဒါတွေက အရေအတွက်များပြီး ပြည်သူဝန်ပိတယ်။ ဒါနဲ ့တဆက်တည်း အလုပ်မဲ့လာတယ်။ အလုပ်မဲ့လာတော့ အလုပ်မရှိအလုပ်ရှာတဲ့လူတွေပေါလာတယ်။ သောက်ပြသနာရှာလာတယ်။ ဦးဝိရသူတို ့လိုအုပ်စုကတော့ အလုပ်မရှိလို ့ ဒီလိုဖြစ်လာပဲ။ အားနေတော့ သောက်ပြသနာရှာတာပေါ့။ လူထွက်ပြီး စပါးစိုက်ဖို ့၊ အလုပ်လုပ်ဖို ့လည်း လက်ကြောမတင်းတော့ သင်္ကန်းနဲ ့ယူနီဖောင်းကို ခုတုန်းလုပ် ပြည်သူ ့လူထုကို ဆရာလုပ်၊ ဒီလိုလူတစ်စုကြောင့် တိုင်းပြည်မတိုးတက်တာလို ့ပြောရင်မလွန်ပါဘူး။
ရွှေညဝါဆရာတော်အသံကို နားထောင်ကြည့်ပါ။ သူ ့ပဲကြောက်ရတော့မဲ့အသံနဲ ့။ ဟောက်စား
panpan
June 19, 2013 at 2:09 pm
သဂျီးနဲ့အမျိုးတော်ပုံရတယ် 😆
Ko chogyi
June 20, 2013 at 8:07 am
အင်ဂျင်တစ်လုံးဆိုပါစို့
လောင်စာဆီချည်းပဲရှိလို့ မလည်ပတ်နိုင်ပါဘူး
ပင်နယံ၊ ခွေးသွားစိတ်တွေချည်းပဲရှိလို့ မခုတ်မောင်းနိုင်ပါဘူး
လောင်စာ၊ ပင်နယံ၊ ချောဆီ၊ အင်ဂျင်ဝိုင်စသဖြင့်ပေါ့
ဝါရှာကွင်းကလေးတစ်ကွင်းလိုနေရင်တောင် အဆင်မပြေပါဘူး
သူနေ့ရာနဲ့သူ့ပစ္စည်းစုံလင်မှ ခုတ်မောင်းနိုင်တာပါ
???????????????????????????????????????
မင်းမင်း
June 19, 2013 at 11:37 am
စစ်တပ်အင်အားက လေးသိန်း။ သူပုန်အင်းအားက နှစ်သိန်းကျော်။ ပေါင်းတော့ ခြောက်သိန်းကျော်။ ရဲဝန်ထမ်းက ငါးသောင်း။ ထပ်ပေါင်းတော့ ရ-သိန်းနီးပါး။ ဒီအင်အားက စပါးစိုက်တဲ့လယ်သမားမဟုတ်တော့ သူတို ့ကို ပြည်သူက ထမင်းကျွေးရတယ်။
နောက်ထပ်ကျွေးရတဲ့ လူတွေကတော့ သင်္ကန်းဝတ်ထားတဲ့သံဃာ။ အရေအတွက်အားဖြင့် လေးသိန်းနီးနီး။ သီလရှင်ပါ ထပ်ပေါင်းတော့ ငါးသိန်း။ ဒီအင်အားကလည်း စစ်သားတွေလို သူများကျွေးမှ စားရတာဆိုတော့ ဆန်ကုန်မြေလေးတွေပဲ။
စစ်သားနဲ ့ရဲ ဖြစ်ဖို ့က သင်တန်းလိုတယ်။ စနစ်တကျလက်ခံပြီးမှ လုပ်လို ့ရတယ်။ ဘုန်းကြီးက ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်လို ့ရတယ်။ အများဆုံး မိနစ်ငါးဆယ်လောက်ရင်းလိုက်ရင် ဘုန်းကြီးဖြစ်တယ်။ ပြီးရင် အလကားရတာလည်း စားရတယ်။ ကန်တော့လည်းခံရတယ်။ ဘုန်းကြီး ဦးရေနဲ ့စစ်သားဦးရေ ဒီလောက်များတော့တိုင်းပြည်က ဝါးတီးများများပေးပြီး အရည်မရအဖတ်မရတွေများလာတယ်။ ဆင်းရဲလာတယ်။
လူဦးရေအားဖြင့် သန်းခြောက်ဆယ်ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအရေအတွက်နဲ ့စစ်သားအရည်အတွက်က မြန်မာလောက်မများဘူး။ သိရိလင်္ကာနိုင်ငံလည်း အလားတူ။
တိုင်းပြည်ရဲ ့ဝင်ငွေက နောက်ဆုံးဘယ်ရောက်သွားလဲဆိုတော့ စစ်တပ်ဆီကိုရောက်သွားတယ်။ နောက်ပြီး ဘုရားတည်တယ်။ ဘုန်းကြီးကျောင်းကိုလှူတယ်။ ဒီနိုင်ငံမှ မဆင်းရဲရင် ဘယ်နိုင်ငံက ဆင်းရဲမှာလဲ။ သဲထဲရေသွန်တာကမှ အရာထင်အုံးမယ်။ ပုဂံက ဘုရားနဲ ့တင်လုံလောက်တာကို လျှောက်ပြီးတည်ချင်တဲ့လူကရှိသေးတယ်။
တိုင်းပြည်ရဲ ့ကုန်ထုတ်စွမ်းအားမြင့်ဖို ့အတွက်စစ်သားနဲ ့ဘုန်းကြီးဦးရေကို ကန် ့သတ်ဖို ့လိုတယ်။ ဒါတွေက အရေအတွက်များပြီး ပြည်သူဝန်ပိတယ်။ ဒါနဲ ့တဆက်တည်း အလုပ်မဲ့လာတယ်။ အလုပ်မဲ့လာတော့ အလုပ်မရှိအလုပ်ရှာတဲ့လူတွေပေါလာတယ်။ သောက်ပြသနာရှာလာတယ်။ ဦးဝိရသူတို ့လိုအုပ်စုကတော့ အလုပ်မရှိလို ့ ဒီလိုဖြစ်လာပဲ။ အားနေတော့ သောက်ပြသနာရှာတာပေါ့။ လူထွက်ပြီး စပါးစိုက်ဖို ့၊ အလုပ်လုပ်ဖို ့လည်း လက်ကြောမတင်းတော့ သင်္ကန်းနဲ ့ယူနီဖောင်းကို ခုတုန်းလုပ် ပြည်သူ ့လူထုကို ဆရာလုပ်၊ ဒီလိုလူတစ်စုကြောင့် တိုင်းပြည်မတိုးတက်တာလို ့ပြောရင်မလွန်ပါဘူး။
ဘယ်လိုပြောရမလဲ။ဘယ်လိုပြောရမလဲ။
ပြောတတ်တော့ဘူး။
အောက်ပြည်အောက်ရွာက အလုပ်မရှိလို့
ကျနော်တို့ဆီကို အလုပ်ထဲကဝန်ထမ်းတဦးရဲ့
အဆက်အသွယ်နဲ့ရောက်လာတယ်။
တနှစ်လောက်နေတော့သူတို့အရပ်ကအခြေအနေတွေ
သိလာရတယ်။အကြမ်းဖျင်းပဲပြောမယ်ဗျာ။သီးနှံပေါ်ချိန်မှ
ဝမ်းဝတယ်တဲ့။ငွေသုံးချင်လို့အလုပ်လုပ်ရှာချင်ပေမဲ့
ခိုင်းရမဲ့သူ(အလုပ်ရှင်)တောင်မရှိဘူးတဲ့။ တပါတ်မှာတခါတလေ
နှစ်ရက်လောက်စားစရာမရှိဘူးတဲ့။
ဟုတ်မဟုတ်တော့မသိဘူး။ကျနော်တို့ဆီမှာ(မန်းလေးမြို့ခံ)
တွေ တောင်လခနည်းလို့မလုပ်တဲ့ အလုပ်ကိုလုပ်ပြီး ပျော်နေ
ကြတာ။နောက်ထပ်ရွာကလူတွေတောင်လုပ်ချင်နေကြလို့
မနဲတားထားရတာ။အော်သူတို့ရောက်စကရတဲ့လခက
တသောင်းခွဲရယ်ပါ။စားရိတ် တော့ငြိမ်းပေးပါတယ်။
တချို့ကြတော့ အလုပ်လုပ်ချင်ပါလျက်နဲ့အလုပ်မရှိတာပါ။
ပုပ္ပါးတောင်ခြေတဝိုက်ကရွာတွေလဲ ဒီအတိုင်းပဲဆိုပြီး
အဲဒီရွာ ကိုအလည်ရောက်ဘူးတဲ့သူတယောက်ကလည်း
ပြောပါတယ်။ခုထိကလေးတွေကို ၂ဝိ/-တန်ပေးရင်ပျော်တုန်း
ဆိုပဲ။
panpan
June 19, 2013 at 4:14 pm
အလုပ်လုပ်ချင်ပေမယ့် လုပ်စရာအလုပ်မရှိဘူးဆိုတော့ ကျိန်စာအတိုက်ခံရလို့နဲ့တူတယ် 🙄 🙁
TNA
June 19, 2013 at 12:29 pm
အင်းဖတ်ရတာစိတ်မချမ်းသာ။ မြင်ကြည့်တာစိတ်မချမ်းသာ။ ဘယ်ဟာမှစိတ်ချမ်းသာစရာကောင်း ဘူးပေးကလန်ရေ့။ အမလဲအခုတလော အပြင်ထွက်များနေလို့ပြန်လာရင် နှစ်ခုသုံးခုလောက်ပြော စရာပါပါလာတာပဲ။ စိတ်မချမ်းသာစရာတွေ။ Taxi စီးလဲ စိတ်မချမ်းသာစရာပဲကြားရ။ ဘတ်စ်ကားစီးလဲ စိတ်မချမ်းသာရချည်းပါပဲအေ။ အခုတော့ အိမ်ရောက်မှပဲစားတော့တယ်။ အပြင်မှဝယ်မစားတော့ဘူး။ ဘယ်လောက်ဗိုက်ဆာဆာ အိမ်အထိရောက်အောင်ပဲပြန်တော့တယ် ပေးကလန်ရေ။
မိုက်ကယ်ဂျော်နီအောင်ပု
June 19, 2013 at 2:41 pm
ဘဝဟူသမျှ ဒုက္ခချည်းဘဲလေ ဒဂါမဂျီးရဲ့
မြင်နေတွေ့နေတာတွေက
ဖြစ်ပြီးပျက်ဂျဒယ်ဂလား
သတိရှိသမျှ ဒုက္ခသစ္စာများများဖွဲ့ကွဲ့
အင်းးးးး
ဒုက္ခ ဒုက္ခ ဒုက္ခ
ဦး ကျောက်ခဲ
June 19, 2013 at 3:03 pm
ဒုက္ခသစ္စာ ကျောမွဲများကို ရှူ့တတ်ရင်တရားရ…
ရသတဏှာ လမ်းဘေးမှာစားတတ်ရင်ပြတ်…
အာရုံငါးပါး ဘတ်စ်စီးရင်အကုန်ရ…
ဟု… မှတ်ကြလေကုန်
ခင် ခ
June 19, 2013 at 3:12 pm
ပန်ပန်ရဲ့ ပိုစ့်ဖတ်ပြီး တစ်ခါသုံးအောက်စီဂျင်ဗူးတွေ ရေသန့်ဘူးရောင်းသလို ရောင်းလာကြရင်ကောင်းမလား လို့ အတွေးဝင်မိပါတယ်ဗျ။
မောင် ပေ
June 19, 2013 at 3:46 pm
ရန်ကုန်မြို ့မှာ အကြာကြီး မနေနိုင်တာ အဲဒါတွေကြောင့်ပေါ့ ပန်ပန်ညီမငယ်ရေ
Ma Ma
June 19, 2013 at 4:14 pm
ပန်ပန့်စာကို ဖတ်ပြီး အိနြိ္ဒယဝတ္ထုကို မြန်မာပြန်ထားတဲ့ သုခဘုံ ဆိုတာလေးကို သွားသတိရမိတယ်။ :buu:
panpan
June 19, 2013 at 4:24 pm
ပေးကလန် မဖတ်ဖူးဘူးအန်တီမမရေ
သုခဘုံဆိုတော့ ခုရန်ကုန်နဲ့တော့ ဆန့်ကျင်ဖက်ဖြစ်နေမလားပဲ 🙄
Ko chogyi
June 20, 2013 at 8:09 am
ရန်ကုန်ကသာတာကို သိသွားရမှာ
စာရေးဆရာ ပါရဂူရေးတာဖြစ်မယ်။
မောင်ဘလိူင်
June 20, 2013 at 11:12 am
မဟုတ်ဘူး ကိုချိုကြီးရေ…ဆရာ မြသန်းတင့် ပါ ခင်ဗျာ…
ဒေါမနစ် လာပိုင်ရားရီ ရဲ့ စီတီးအော့ဖ် ဂျွိုင်း ကို ဘာသာပြန်
ပါတယ်။
မောင်ဘလိူင်
June 20, 2013 at 11:15 am
သုခဘုံတော့ မသိဘူး..ဆရာ မြသန်းတင့်ရဲ့ သုခမြို့တော်တော့ သိတယ်
အန်တီ မမ ရေ..။
Ma Ma
June 20, 2013 at 3:44 pm
သုခမြို့တော် ဖြစ်ပါလိမ့်မယ်။
ဆရာမြသန်းတင့် ဘာသာပြန်ထားတာပါ။
ဖတ်ဖူးတာ ကြာပြီမို့ သုခ ပါတာပဲ မှတ်မိတယ်။
ဘုံ လား မြို့တော်လား ဆိုတာ မသေချာပဲ ထင်သလို ရေးလိုက်မိတာပါ။
ဖတ်ဖူးတဲ့ စာအုပ်နည်းနည်းလေးထဲကမှ တစ်သက်လုံးစိတ်ထဲစွဲအောင် မှတ်မိနေတဲ့ စာအုပ်ပါ။
ဘာသာပြန်စာအုပ်အကြောင်းရေးရင် မောင်ဘလှိုင်ရောက်လာမယ်လို့တော့ ထင်မိသား။
ခုလို စာအုပ်နာမည်အမှန်ကို သိရတာ ဒီလိုဆရာတွေ ရှိနေလို့သာပေ့ါ။
ကျေးဇူးတင်ပါတယ်။ 🙂
panpan
June 19, 2013 at 4:22 pm
မသဲနုရေ အဆာခံပီး အစာအိမ်ဖြစ်မှာလည်းစိုးရ၊ အပြင်စာစားတော့လည်း အစာအိမ်ဖြစ်မှာစိုးရ မသက်သာပါဘူး 🙁
အူးကျောက်က ခုတလောဘာမဆိုအကောင်းမြင်တတ်လာပြီ
ဟိုမမကို ကျေးဇူးတင်ရမယ် 😆
လေးလေးခင်ခ စီးပွားရေးအကွက်သစ်တွေထွင်တော့မယ်ထင်တယ်
တွက်ချေကိုက်ရင် ပေးကလန်လည်းရောင်းဦးမှ
ကပေရေ ကပေတို့မန်းလေးကတော့ ရန်ကုန်ထက်နည်းနည်းပူတာကလွဲလို့ နေလို့ကောင်းပါတယ်ဗျာ
အစားအသောက်ဆိုလည်း သေသေချာချာလုပ်ပြီးရောင်းတဲ့ဆိုင်တွေရှိတယ်
ကိုယ့်ဆိုင်ကယ်လေးနဲ့ကိုယ်ဆိုတော့ အေးအေးလူလူသွားလို့လည်းရတယ်
ပီးဒေါ့ မန်းသူညိုညက်ချော လုံးကြီးပေါက်လှဒွေလည်းချိဒယ် :528:
ရွှေတိုက်စိုး
June 19, 2013 at 4:47 pm
အေးဟယ် ပန်ပန်ရယ်… ညည်း ပို.စ်ဖတ်ရတာ ဘက်စ်ကား တကယ်စီးလိုက်ရသလိုပါပဲအေ…
ပြီးတော့ရှိသေးတယ်လေ.. အဲဒီဒုက္ခက ဒို. တရပ် ထဲသားတွေပဲ သိတာနော…..ရူးတိုးတိုး ဘူ.မှ ကျောကျနဲ. တိယား.. ခိခိခိ
:kwi:
panpan
June 20, 2013 at 8:23 am
ထိုင်ခုံရလည်း မစားသာပါဘူးဗျာ….. 🙁
Shwe Ei
June 19, 2013 at 5:04 pm
အိုက်ဒါကျောင့် ကို့ဘွကို ဆိုးလှဘီထင်ရင် ကို့ထက်အဖြစ်ဆိုးတဲ့လူကြည့်
ကို့ဘွကို မြင့်လှဘီထင်ရင် ကို့ထက် သာယာတဲ့ဘွက လူတေကိုကြည့်ပြီး ……………………….
သံဂေဝ ရသင့်ကြောင်းပါတဲ့ကွီ
အလယ်ကိုတည့်တည့်ရှုရတဲ့သဘောပေါ့…ဟိ
panpan
June 20, 2013 at 8:27 am
မချွေအိ(ကျိပျား)က မဇ္ဈိမလမ်းစဉ်အတိုင်း ကျင့်ကြံပီးတရားရလို့ တသက်လုံးဘွားသီလလုပ်သွားလေသဒီးးး
😆
အလင်း ဆက်
June 19, 2013 at 8:30 pm
နေ ့စဉ်…
ကြုံတွေ ့နေရတဲ ့ အဖြစ်တွေထဲမှာ…လိုင်းကားတိုးစီ းရတဲ့အဖြစ် …ဆိုးဝါးတာကိုတော့..
ပြောမကုန်….
ဦးကြောင်ကြီး
June 20, 2013 at 9:39 am
ပန်ပန်တွေး
မှန်ကန်ရေး
ညံသံပေး
ကံဆန်ဌေး
လန်ပျံဖွေး
ဟန်ပန်ငေး
လျှံပွမ်သွေး
ဖျံအံကျွေး..။