အိတ်ဖွင့်ပေးစာ {၂} ကျွန်မ မွတ်ဒေါင်းမဟုတ်ပါ
အရှင်ဘုရား …
တပည့်တော်မ
လင်နှင့်သားလည်း
စွန့်လွှတ်ခဲ့ပါပြီ ဘုရား ။ ။
အရှင်ဘုရား …..
ဇရာကိုချင်းနင်းလို့
နုပျိုခြင်းများလည်း
မှုန်ဝါး သွားခဲ့ပါပြီ ဘုရား ။ ။
အရှင်ဘုရား ……
သံသရာဘေး
ကြိုတွေးထားပေမယ့်
တပည့်တော်မ မှာ
ရုန်းထွက်ချိန်မရခဲ့ပါ ဘုရား ။ ။
အရှင်ဘုရား …..
သင်မိတဲ့ပညာ
သိလာတဲ့အသိ
စွဲညိတဲ့ သတိနဲ့
တပည့်တော်မ
နှစ်နှစ်ဆယ်ကျော်
သီးခံ အားတင်းလို့
မိုးလင်းမယ့် နေ့ကို
စောင့်မျှော်ခဲ့ပါတယ်ဘုရား ။ ။
ကိုးနဝင်းသမားတွေ
မိုးလင်းသွားပေမယ့်
တပည့်တော်မ
အကျယ်ချုပ်ဘဝမှာ
ဘဝအတွက်မတွေး
နိုင်ငံ့ အရေးအတွက်
အသက်ပြင်းပြင်းရှူခဲ့ပါတယ် ဘုရား ။ ။
သူ့လူကိုယ့်ဘက်သား
ထောင်ချောက်တွေကြားထဲ
တွန်းထိုး နင်းခြေ သမျှ
အိုကြီးအိုမ
တပည့်တော်မလည်း
တစ်ကိုယ်တည်း ရုန်းကန်နေရပါတယ် ဘုရား ။ ။
ဗုဒ္ဓ ကိုကိုးကွယ်
ဓမ္မ ကိုကျင့်ကြံ
သံဃာ ကို ဆည်းကပ်
တပည့်တော်မရဲ့ထောက်တည်ရာ
ရတနာ သုံးပါးဆိုတာ
အရှင်ဘုရားတို့ သိပါတယ် ဘုရား ။ ။
၂၀၀ရ ရွှေဝါရောင်ခေတ်က
အိမ်ရှေ့ အထိကြွလာပြီး
ပရိတ်တော်ချီးမြှင့်
မေတ္တာတော် ပို့သလို့
ဆရာဒကာ
ညီညွတ်ခဲ့ပုံလေးများကို
အဖန်ဖန် သတိယ
ပီတိဖြစ်ရပါတယ် ဘုရား ။ ။
အရှင်ဘုရား ….
တပည့်တော်မ လျောက်တဲ့လမ်းဟာ
ပြည်သူတွေနဲ့တသားတည်းပါ
နှစ်ငါးဆယ်လမ်းဆိုးဆိုးကို
ဝမ်းလျားမှောက် လျောက်ခဲ့ရတာမို့
ပန်းခင်းထားသလို
လျှက်တပျက် ချက်ခြင်း
မျှော်လင့်ခြင်းတွေမဖြစ်လာလဲ
နဲနဲတော့ သီးခံပါ ဘုရား ။ ။
တင်ပါသည်ဘုရား ……
တပည့်တော်မ
ဗုဒ္ဓ ဘာသာ စစ်စစ်ပါဘုရား
မွတ်ဒေါင်း လို့ ယိုးစွပ်မယ့်အစား
မှားတယ်ထင်ရင်
ကားစင် တင်သတ်လိုက်ပါတော့
ကိုယ့်သစ္စာ ကိုယ်သာသိလို့
ဘာသာ နဲ့လူမျိုး
နိုင်ငံသားနဲ့ကိုးကွယ်ရာ
ဥပဒေနဲ့အခွင့်အရေး
ခွဲခြားသုံးသပ်
ဆုံးဖြတ်ချက် မမှားရေး
လိုအပ်ရင် အသက်ကိုစတေးပါမယ် ဘုရား ။ ။
အရှင်ဘုရား ….
တပည့်တော်မ
လျောက်ထား ပါရစေ
ဗြဟ္မစိုတရား လေးပါးဆိုတာ
ဗုဒ္ဓ ဘာသာမှာပဲရှိတာပါ
မေတ္တာ ၊ ကရုဏာ ၊
မုဒိတာ ၊ ဥပေက္ခာ …
ကြားနာ မှတ်သားခဲ့ဖူးပါတယ်ဘုရား ။ ။
26 comments
KZ
June 25, 2013 at 4:22 pm
ခရီးသည်ကြီး ရေ
ကောင်းလိုက်တဲ့ ကဗျာ ဗျာ။
မမြင်ချင်တဲ့ လူကတော့ မျက်လုံးမှိတ်ပြီး ဇွတ်ငြင်းမှာ,…
မကြားချင်တဲ့သူက တော့ နားပိတ်ပြီး ဇွတ်ငြင်းမှာ….
မသိချင်တဲ့သူက စိတ်တံခါးပိတ်ပြီး ဇွတ်ငြင်းဦးမှာပဲ။
အိပ်ချောင်ချောင်ဆောင်ဒူဒွေကို နှိုးတော့ဘာဘူးလေ။
ခရီးသည်ကြီး
June 25, 2013 at 6:29 pm
အိပ်ချင်ယောင်ဆောင်တာ ကလူတစ်ချို့ တမင်လုပ်ယူနေတာက လူတစ်ချို့
ယောင်ဝါးဝါးကလူတစ်ချို့
ကျေးဇူးပါ မKz ခင်ဗျ
မင်းမင်း
June 25, 2013 at 4:51 pm
ဟုတ်တယ် kz ရေ။
အိပ်ချင်ယောင်ဆောင်တဲ့သူ အနိုးရခတ်သည်တဲ့။
အိပ်ပေ့စေ။သူဟာသူမက်ချင်တဲ့အိပ်မက် မက်ပေ့စေ။
ဘာဖြစ်တုန်။လေညာကအနေသာကြီးပါပဲနော့်။
ခရီးသည်ကြီးရေဖတ်သွားပါတယ်။
အမေစု အသက်ပေးစရာမလိုပါဘူးဗျာ။
အမေစုနောက်မှာသားတို့ရှိပါတယ်။
သားတို့ပဲ
သားတို့ပဲ
သားကသေရဲသေးဘူးဗျ။
ခရီးသည်ကြီး
June 25, 2013 at 6:30 pm
ဖတ်သွားပေးတာကိုပဲ ကျေးဇူးပါဗျ
🙂 🙂
လုံမလေးမွန်မွန်
June 25, 2013 at 5:03 pm
စိတ်ထင်..
မွတ်ဒေါင်းလို့ စွပ်စွဲတဲ့သူတွေက သူတို့ကိုယ်တိုင်ရော သာသနာကို စိုးရိမ်တာလား… သာသနာကို ဗန်းပြပြီး ပြောချင်တာလားဆိုတာတော့… 🙂
ကဗျာအတွက်တော့ Bravo ပါ ခရီးသည်ကြီးရေ.. ခုတလော ခရီးက ပြန်ရောက်နေတယ်ပေါ့.. 🙂
ခရီးသည်ကြီး
June 25, 2013 at 6:34 pm
ဒီနိုင်ငံမှာ ဘာသာရေးကို ခုတုံးလုပ်လို့အကောင်းဆုံးလေ ။
ဒါ့ကြောင့် အသုံးချ ပသံကောင်းဟစ်နေတာပေါ့
ကျုပ်လည်း ဒီရွာက မခွာနိုင်သေးတာပါဗျာ
တော်တော် ဆွဲအားကောင်းတဲ့ရွာ 🙂 🙂
အရီးခင်လတ်
June 25, 2013 at 7:40 pm
ခရီးသည်ကြီး
ဒါ ဝဋ် လိုက်တယ် ခေါ်မယ်။
သူများ ကို နာမည် ဖျက်ခဲ့ လို့ သူလဲ နာမည်ပြန်ရတဲ့ သဘော။
ဘယ်သူမပြု မိမိမှု တဲ့။
ခရီးသည်ကြီး
June 25, 2013 at 8:14 pm
အရီး ခင် ရေ့
မိုးတွေရွာနေတယ်ဗျ
ဟို ပို့စ်ထဲမှာပြောကြသလို ကြောက်လို့
🙂 🙂 🙂
အလင်း ဆက်
June 25, 2013 at 8:14 pm
( ၂ ) က…
( ၁) ထက်တောင်…
ပို..
ပြောင်မြောက်သေးးးး
Mr. MarGa
June 25, 2013 at 8:53 pm
အိတ်ဖွင့်ပေးစာ (၂) ဆိုပါလား
ခရီးသည်ကြီးရေ
ဟိုဘက်ဒီဘက်
နှစ်ဖက်ပြန်တွေးလို့
အလယ်ကနေ
အဆင်ပြေအောင် လုပ်တာကိုမှ မကျေနပ်ရင်တော့
အလယ်အလတ် လမ်းစဉ်ကနေ
အစွန်းရောက် ဖြစ်သွားနိုင်တယ်နော်
ဂွိဂွိ
June 25, 2013 at 10:00 pm
ကဗျာလေး ကောင်းလွန်းလို ့ ဘယ်လိုပြောရမှန်းတောင် မသိပါဘူး
ပိုးစိုးပက်စက် ကြိုက်တယ်ဗျာ..
kotun winlatt
June 25, 2013 at 10:27 pm
ဂွတ်လိုက်တဲ့ ကဗျာ….
ကျနော်တို့ ပြည်သူတွေ ခံစားချက်တွေကို သိပ်ဦးစားမပေးပဲ ဦးနှောက်လေးနဲ့ သေချာတွေးပြီး ပြောသင့်ဆိုသင့် လုပ်ကိုင်သင်ံကြပြီ ထင်တယ်ဗျာ….။
uncle gyi
June 25, 2013 at 10:58 pm
ခရီးသည်ကြီးရေ
ကျုပ်က ကဗျာနဲ့နဲနဲဝေးသဗျ
ဒါပေမဲ့ဒီကဗျာတော့သဘောကျသဗျာ
kyaw swar kaung
June 26, 2013 at 2:07 am
ခရီးသည်ကြီးရေ..
ကဗျာ သိပ်ကောင်းတယ်ဗျာ..
ကျနော့် စိတ်နဲ ့ဆိုနည်းနည်းတောင် ပျော့နေသေး။
ဒါပေမယ့် ဒီကဗျာက အများကြီး အဓိပ္ပါယ်ရှိပါတယ်..။
“ တစ်ပါးသူကို လွယ်လွယ်လေး မွတ်ဒေါင်း” လို ့ စွပ်စွဲသူက
စွပ်စွဲခံရသူ အမျိုးကောင်းသမီးလောက် ဖြစ်ပျက် သင်္ခါရ သဘောလေးကို မမြင်နိုင်တာက
……..
……..
သာသနာ….နာတယ်လို ့ဘဲ ပြောချင်တော့တယ်..။
ကျော်စွာခေါင်
Ma Ma
June 26, 2013 at 6:01 am
ဆိုလိုရင်းကို လိုတိုရှင်း ပြောပြနိုင်တဲ့ ကဗျာလေးကို သဘောကျတယ်။
ကဗျာချစ်သူများအဖွဲ့ဝင်တွေ လက်ရာပြောင်မြောက်ပါပေတယ်။
ဤသည်လည်း အုတ်တစ်ချပ် သဲတစ်ပွင့်ပါပဲ။ 🙂
ဦးကြောင်ကြီး
June 26, 2013 at 9:21 am
မွတ်ဒေါင်း ဟုတ်ပါဗူးဗျ.. တဒေါင်း.. တဒေါင်း… 🙄
kyeemite
June 26, 2013 at 10:31 am
“ဗြဟ္မစိုတရား လေးပါးဆိုတာ
ဗုဒ္ဓ ဘာသာမှာပဲရှိတာပါ
မေတ္တာ ၊ ကရုဏာ ၊
မုဒိတာ ၊ ဥပေက္ခာ …”
ကောင်းလိုက်တာဗျာ…ရေးတတ်လွန်းလို့ မနာလိုတောင်ဖြစ်တယ် 😆
ခရီးသည်ကြီး
June 26, 2013 at 11:33 am
မင်္ဂလာပါခင်ဗျ …..
ကိုအလင်းဆက်
ဦးလေးမာဃ
ကို/မ / ဦး ဂွိဂွိ 🙂
အန်ကယ်ကြီး
ကိုထွန်းဝင်းလတ်
ကိုကျော်စွာကောင်း
အစ်မကြီး မမ
ဦးလေးကြောင်ကြီး
ဦးလေး ဦးကြီးမိုက်
အားလုံးကျေးဇူးပါဗျ
လာရောက်အားပေးအသိမှတ်ပြုပေးလို့
ခွန်အားများဖြစ်ရပါတယ်ခင်ဗျ
ဘာမှမတတ်နိုင်သော်လည်း တတ်နိုင်သလောက်ပါဝင် ရတာပါဗျ
marga thagyar
June 26, 2013 at 11:59 am
လူဆိုတာ. စကားထဲက ဇာတိပြတယ်. ဘယ်လောက်ပဲ ဟန်ဆောင်ထား ထား ၊မြိုသိပ်ထားထား တစ်နေ့ ့နေ့ ့မှာ သရုပ်သကန် အမှန်ဟာပေါ်လာတာဘဲ၊တောင်ပို ့မှန်းမသိသူတွေ အတွက်တော့စေတီဘုရား ထင်နေမှာပေါ့
အလင်း ဆက်
June 26, 2013 at 12:06 pm
ပလုပ်တုတ်….
မဟာရာဇာ အံစာတုံး
June 26, 2013 at 4:13 pm
အရှင်ဖလား
တဘဲ့ဒေါ်လေး ဖတ်သွားဘာဒယ် ဖလား …
ဒါဘဲ ပေါဒတ်ဒယ်ဗျာ …
ကျန်ဒါဒေါ့ မပေါဒေါ့ဝူးနော့ …
ခင် ခ
June 26, 2013 at 4:17 pm
မူလလမ်းကြောင်းက မသွားစေချင်လို့ ခဏလမ်းလွဲက သွားအောင်လုပ်ထားတာကို အဟုတ်မှတ် နေရင်တော့ မခက်ပေဘူးလား ခရီးသည်ကြီးရေ။
သေချာတော့ မြင်အောင်ကြည့်တတ်ကြဖို့လိုတယ်နော့။
ရွှေ ကြည်
June 26, 2013 at 7:18 pm
အစွန်းရောက်နေကြတာတွေအတွက် စိတ်မကောင်းဘူးဗျာ
အလင်း ဆက်
June 28, 2013 at 9:28 pm
Like 66 ….
ဗယာကြော်ပါ… အူးအူး ခရီးသယ်ဂျီးရေ….
😆
•*¨နန်းတော်ရာသူ •*¨
September 2, 2015 at 7:38 pm
ဒေါ်စုကိုမွတ်ဒေါင်းလိုစွပ်စွဲခံနေရသလို။ဒေါ်စုကိုထောက်ခံတာနဲ့ မွတ်တွေနဲ့ရောသတ်မှတ်ပစ်နေတာတွေကြောင့် စိတ်ဆင်းရဲခြင်းများစွာ။စိတ်ဆင်းရဲခြင်းများစွာ။ 🙁
ဦးကြောင်ကြီး
September 4, 2015 at 8:26 am
နှယ်ခြားဆောင့် ကွင်သဘုံတုမ… ဏင်ကိုဒိုင်က မွပ်ဆိတ်ပေါက်လို့ နာဒါနေမှာ။။။။။။