မိတ်ကပ်ခင်စန်းဝင်းနှင့်တွေ့ဆုံခြင်း (၂)
ဒါဆိုအဲဒီတုန်းက အခက်အခဲပေါ့။ ခုနကလို ချောက်တွန်းတာမျိုးကို ဘယ်လိုစိတ်ထားပြီး ကျော်ဖြတ်ခဲ့လဲ။
အမှန်တော့ ငယ်ငယ်ကတည်းက တစ်သမတ်တည်းထားခဲ့စိတ်က အခုထက်ထိလည်း ဒီစိတ်ပါပဲ။ အခက်အခဲပဲဖြစ်ဖြစ် ၊ ကိုယ့်ကို ရန်လိုတာဘဲဖြစ်ဖြစ် ၊ အဆင်မပြေတာပဲဖြစ်ဖြစ် ၊ ကိုယ်မဖြစ်ရသေးတဲ့ အရာပဲ ဖြစ်ဖြစ် သည်းခံစိတ်နဲ့ ဇွဲနဲ့ ကျော်ဖြတ်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းကလည်း တတ်နိုင်သလောက် သည်းခံခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သည်းခံတယ်ဆိုတာ ကောင်းပါတယ်။ မုန်းတဲ့လူလည်း တစ်ချိန်ကျရင် ချစ်လာနိုင်တာပဲလေ။ ရန်ကို ရန်ခြင်းမတုံ့ပြန်ဘဲနဲ့ မေတ္တာပဲထားခဲ့တယ်။ နောက် ကိုယ့်ရဲ့ အနှိမ်ခံနေရတဲ့ဘဝကနေ အနှိမ်မခံရအောင် ငါဘယ်လို ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်ရယ် ဒီသည်းခံတဲ့စိတ်ဓါတ်ရယ်နဲ့ပဲ အရာအားလုံးကို အောင်မြင်ခဲ့တယ်။
မကြီးစန်း အဲဒီကိုတူးဆိုင်က ထွက်ဖြစ်သွားတဲ့ အကြောင်းလေးကရော… .။
ထွက်ဖြစ်တာက ဒီလိုပါ။ ယနေ့အထိ မကြီးစန်းရဲ့ မှန်ကန်တဲ့သစ္စာတရားက ဒီဆရာသမားသင်ပေးတဲ့ အတတ်ပညာကို ဒီဆရာသမားနဲ့အတူ တစ်သက်လုံး အလုပ်လုပ်မယ်ဆိုတဲ့စိတ်ကူး ၊ မကြီးစန်းမှာ ရှိခဲ့ပါတယ်။ အောင်မြင်ချင်တာတို့ ၊ တိုးတက်ချင်တာတို့ ၊ ချမ်းသာချင်တာတို့ ၊ နာမည်ကြီးချင်တာတို့ တကယ်မရှိခဲ့ရိုး အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအတတ်ပညာနဲ့ ကိုယ်လုပ်နေရရင်ပြီးရော။ အဓိက ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း ပြေလည်ရင်ပြီးရောဆိုတဲ့စိတ်ပဲရှိပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုလိုပဲ အဲဒီအချိန်မှာ မကြီးစန်း ဆရာရဲ့ဆိုင်မှာ သူနဲ့အတူူ ရှယ်ယာလုပ်တဲ့ သူငယ်ချင်းရှိတယ်။ သူက ငွေထုတ်တယ်ပေါ့။ ဆရာက ပညာစိုက်တယ် ပေါ့။ ဘာပဲဖြစ်ဖြစ် ဆရာက ပညာစိုက်တယ်ဆိုပေမဲ့ အလုပ်သမားမဲ့ပေါ့။ ငွေရှင်ရှိတာကိုး။ ဒီတော့ တစ်ခုခုလုပ်မယ် ဆိုရင်လည်း ငွေရှင်ကို တိုင်ပင်ရတယ်။ သူသဘောတူမှ ဆရာက လုပ်ခွင့်ရှိတာကိုး။ အဲဒီအချိန်မှာ ငွေရှင်ရဲ့ ညီမက လည်း အဲဒီဆိုင်မှာ အလုပ်လုပ်တယ်။ မကြီးစန်းတို့က မင်္ဂလာတောင်ရှိတဲ့ နေ့ဆိုရင် မနက် (၂)နာရီခွဲ ၊ (၃)နာရီ လောက် ထလိမ်းရတယ်။ အခုခေတ်လို တစ်နေ့ (၄) (၅) ပွဲလည်း မရှိဘူးလေ။ အဲဒီတော့ မင်္ဂလာဆောင်မနက်ရှိ တယ်ဆိုရင် မနက် (၃)နာရီလောက် အဖေက ဆိုင်ကိုလိုက်ပို့တယ်။ ဆိုင်မှာ ဆရာ့ကို ကူညီတယ်ပေါ့။ ပြီးရင် မနက်အစောကြီး ဆရာတိုက်တဲ့ ကော်ဖီနဲ့ မုန့်စားပြီးလို့ မင်္ဂလာတောင်ပြီးတဲ့အချိန် မနက် (၇)နာရီခွဲ (၈)နာရီ လောက်ကနေဆိုင်မှာ ဆက်တိုက်လုပ်လိုက်တာ ည (၉)ခွဲ (၁၀)နာရီအထိ ဆက်တိုက်ပဲ။ အဲဒီအချိန်မှာ မကြီးစန်းကို မနက်စာကျွေးမဲ့လူလည်းမရှိဘူး။ နေ့ခင်းစာကျွေးမယ့်လူလည်း မရှိဘူး။ ဆရာသမားကလည်း ကျွေးချင်ပေမယ့် ဆိုင်ရှင်ရှိနေတဲ့အခါကျတော့ မကျွေးရဲဘူး။ အဲဒီတော့ ကိုယ်က ဘာလုပ်ရသလဲဆိုတာတော့ ကိုယ်နဲ့အတူတူ သင်တန်းတက်တဲ့ သူငယ်ချင်းတွေရဲ့ ထမင်းချိုင့်တွေထဲက ဟိုထမင်းချိုင့်ထဲက တစ်လုတ်နှိုက်စားလိုက် ၊ ဒီထမင်း ချိုင့်ထဲက တစ်လုတ်နှိုက်စားလိုက်နဲ့ နေ့စဉ်ဖြတ်သန်းရတာပေါ့။ တစ်ခါတစ်လေကျရင်တော့ ကိုယ့်အိမ်ကလာရင်တော့ ထမင်းချိုင့်ပါတာပေါ့။ မုန့်ဝယ်စားစရာ ပိုက်ဆံကလည်းမရှိဘူး။ ကိုယ့်မိဘကလည်း မုန့်ဖိုးမပေးနိုင်ဘူး။ ဆရာကလည်း ပိုက်ဆံကိုနှစ်ယောက်ခွဲရတာဖြစ်တဲ့အတွက် ကိုယ့်ကို မုန့်ဖိုးမပေးနိုင်ဘူး။ ဒီပညာသင်ပေးတာပဲ ကိုယ်ကကျေးဇူးတွေတင်နေတော့ ထပ်ရလိုစိတ်လည်းမရှိပါဘူး။ ဆရာ့ပေါ်လည်း တစ်ခါမှအပြစ်မမြင်ခဲ့ဘူး။ အစောကြီးထလုပ်ပေးခဲ့ရလို့ ]]ငါဒီလောက်လုပ်ပေးတာတောင် သူကတစ်ပြားမှမပေးဘူး }} ဆိုတဲ့စိတ်မျိုးလည်း မရှိခဲ့ပါဘူး။ ဆရာက ဘာမှမကျွေးတဲ့အတွက် စိတ်လည်း တစ်ခါမှ မဆိုးခဲ့ပါဘူး။ ဒါက ကိုယ့်ရဲ့ဆရာသမားအပေါ် ချစ်ခင်ရိုသေတဲ့စိတ်ပေါ့နော်။ တော်တော်လေးကြောက်ဖို့ကောင်းတာက ဒီဘက်ခေတ်မှာ ဒါမျိုးတွေမရှိတော့သလောက် ပါပဲ။ ဒီဘက်ခေတ်မှာက ပညာလည်းသင်ပေးတယ်။ မုန့်ဖိုးလည်းပေးတယ် ၊ ထမင်းလည်းကျွေးတယ်၊ လုပ်ငန်းလည်း ပေးထားတာတောင်မှ စော်ကားနေကြတဲ့ တပည့်တွေ အများကြီးရှိတယ်။ ထားပါတော့ ခုနကလို မကြီးစန်းနဲ့ ဆိုင်ရှင်ရဲ့ ညီမတို့လုပ် ယှဉ်လုပ်တဲ့အခါမှာ မကြီးစန်းက အချိန်အများကြီး အလုပ်လုပ်ရတာတောင် တစ်နေ့ကို (၅)ကျပ်နှုန်းနဲ့ တစ်လကို (၁၅၀) လောက်ရတယ်။ သူ့ကျတော့ တစ်နေ့ကို (၁၅)ကျပ်ရတယ်။ မနက်(၁၀)နာရီ လောက်မှ လာတယ်။ ညနေ (၄)နာရီလောက်ဆိုပြန်တယ်။ ပြီးရင် သူက တံမြတ်စည်းတစ်ချက်တောင် မလှည်းဘူး။ မျက်နှာသုတ်ပုဝါ တစ်ချက်မလျှော်ဘူး။ ကိုယ့်ကျတော့ အစကအဆုံးလုပ်ရတယ်။ အဲဒီလောက်ကိုယ်က အနစ်နာခံ လုပ်နေတာတောင် တစ်ရက်မှာ မကြီးစန်းအဖေက ကားအက်ဆီးဒင့်ဖြစ်လို့ ဆေးရုံတင်ရတယ်။ ဆေးရုံစောင့်မယ့် သူမရှိတော့ မကြီးစန်း ဆေးရုံစောင့်ရမယ်ဆိုတာ ဆရာ့ကို အကျိုးအကြောင်းသွားပြောတော့ ဆရာကတော့စောင့်ပေါ့။ ဒါသေရေးရှင်ရေးဆိုပြီးခွင့်ပြုလို့ ဆေးရုံ(၂) ပတ်စောင့်ခဲ့တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီလို အဖေ့ကို ဆေးရုံ စောင့်ပေးနေတဲ့ (၂)ပတ်စာကို အလုပ်ရှင်က ဖြတ်ချလိုက်တယ်။ တကယ်တမ်းဆိုရင် ကိုယ်လည်း အများကြီး ကြိုးစားလုပ်ခဲ့တယ်။ ပြီးတော့ နာရေးကိစ္စလေ ၊ အဖေဆေးရုံတင်ရတာလည်း ပိုက်ဆံတွေ အများကြီးကုန်ခဲ့ပြီး၊ မပြည့်စုံသေးတဲ့ အချိန်ဆိုတော့ ဒီလိုဖြတ်လိုက်ခြင်းအားဖြင့် ကိုယ့်အတွက် အများကြီးနစ်နာခဲ့တယ်။ ဒုက္ခရောက်ခဲ့ တယ်။ ဒါပေမဲ့လည်း ဆိုင်ရှင်ကို စိတ်မဆိုးပါဘူး။ ဒါငါပျက်လို့ မပေးတာပဲဆိုပြီး ၊ မေတ္တာမပျက်ဆက်လုပ်ပါတယ်။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ ဒီဆိုင်ကိုလာပြင်နေကျလူတွေက မကြီးစန်းကို သတိထားမိနေပြီ။ အလုပ်အရမ်း များတဲ့ လူတွေကျတော့ ကိုတူးမအားသေးရင် ကိုတူးတပည့်နဲ့ပဲ အရင်ညှပ်လိုက်မယ်။ ပြီးမှ ကိုတူးလိုတာလေးညှိပေး။ ဆိုတာမျိုးလေးတွေနဲ့ မကြီးစန်းနဲ့ လက်လွှဲညှပ်တဲ့ လူတွေကများများလာတယ်။ အဲဒီမှာ ဆိုင်ရှင်ညီမနဲ့ အပြိုင် ဖြစ်လာပြီး ၊ သူ့ညီမနေရာမရမှာစိုးလို့ မကြီးစန်းကို တခြားဆိုင်တဆိုင်မှာ အလုပ်သွားလုပ်ဆိုပြီးတော့ လွှတ်လိုက် တယ်။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က အမွေရလာပြီး စီးပွားရေးလုပ်ချင်တယ်ဆိုတာနဲ့ သူက ငွေထုတ် မကြီးစန်းကပညာစိုက်နဲ့ ဆိုင်ခန်းလေးတစ်ခု ငှားရင်းလုပ်ဖြစ်ခဲ့တယ်။ အဲဒီမှာလည်း မကြီးစန်းရဲ့ ဖောက်သည် အနေအထားနဲ့ လုပ်ငန်း မလည်ပတ်တာကြောင့် ပြဿနာဖြစ်ပြီးကွဲသွားကြတယ်။ ဟိုဆိုင်ကတော့ အဲဒီဆိုင် မတိုင်ခင် ကတည်းက ထွက်ခဲ့တာပေါ့။
ဒါဆို အဲဒီနောက်ပိုင်းရော ဘဝရပ်တည်ရေးအတွက် ဘယ်လိုခရီးဆက်ခဲ့ပါသလဲ။
ခုနကလို သူငယ်ချင်းနဲ့ ကွဲသွားကြတာ ၃၅ လမ်းမှာ သင်းဝတ်ရည်ဆိုတဲ့ အလှပြင်ဆိုင်လေးက လူလိုတယ် ဆိုတော့ သွားလျှောက်တယ်။ ကိုယ်ကဆံပင်ညှပ်ပြ ၊ ဆံပင်ကောက်ပြတော့ သူတို့က သဘောကျတာနဲ့ အဲဒီမှာ လုပ်ဖြစ်တယ်။ အဲဒီဆိုင်မှာတော့ လခရယ်လို့မရှိဘူး။ ပိုက်ဆံ (၁၀၀)ရရင် ကိုယ်က (၄၀)ရတယ်။ အဲဒီဆိုင်မှာလည်း ကိုယ်နဲ့ ကိုယ့်မိသားစုလို တစ်သားတည်းဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကိုယ်ကလည်း နဂိုကတည်းက ရိုးရိုးသားသား ကြိုးကြိုးစားစား နေခဲ့သူဆိုတော့ သူတို့ကလည်း ကိုယ့်ကို ပိုပြီးတော့အားကိုးတယ်။ ယုံကြည်တယ်။ သူတို့က ဆိုင်သာဖွင့်ထားတယ်။ အရင်က ဝင်ငွေသိပ်မကောင်းခဲ့ဘူး။ မကြီးစန်းရောက်လာပြီးမှ ဆိုင်က ဝင်ငွေအများကြီး သူတို့မြင်လာတဲ့အခါကျတော့ သူတို့က မကြီးစန်းကို အရမ်းအားကိုးလာကြတယ်။ အဲဒီအချိန်မှာ ဘာဖြစ်သလဲဆိုတော့ အလှမဂ္ဂဇင်းတွေပေါ်လာတယ်။ မကြီးစန်း ဒီမိတ်ကပ်လောကထဲရောက်စက သပြေတို့ ၊ သွေးသောက်တို့ ၊ ငွေတာရီတို့လောက်ပဲ မဂ္ဂဇင်းကနည်းနည်းလေးပဲရှိတာလေ။ အဲဒီအချိန်ကျတော့ အလှအပ၊ ဖက်ရှင်နဲ့ဆိုင်တဲ့ မဂ္ဂဇင်း တွေပေါ်လာတယ်။ ဥပမာ – ပေဖူးလွှာတို့ ၊ မဟေသီတို့ စသဖြင့်ပေါ့။ တစ်နေ့ မကြီးစန်းဆီမှာ အမြဲတမ်း ဆံပင်ညှပ်တဲ့ ကိုဇောရိုးက လာခေါ်တယ်။ သူက အခုအင်တာနေရှင်နယ်မဂ္ဂဇင်းက အယ်ဒီတာပေါ့။ တင့်တင့်ထွန်းကို မိတ်ကပ် လိမ်းပေးဖို့ပေါ့။ အဲဒီခေတ်အခါက တင့်တင့်ထွန်းဆိုတာ နာမည်ကြီးနေတယ်။ ဒီဗီတွေဘာတွေလည်း ပေါ်ခါစလေ။ သူကအဲဒီမှာ တစ်ပင်တိုင်အကတို့ ၊ ကဗျာလွတ်အကတွေနဲ့ တော်တော် နာမည်ကြီးတယ်။ နာမည်ကြီးတော့ ကိုယ်ကလည်း လိမ်းချင်တာပေါ့။ လိမ်းရမယ့်ပုံစံလည်း တင့်တင့်ထွန်းရိုက်မယ့် ရိုက်ကွင်းမှာ လိမ်းမယ်။ ပြီးရင် အဲဒီမှာတစ်ခါတည်း ဥကအိသသမ ရိုက်မယ်၊ ရိုက်ပြီးလို့ရှိရင် လိုအပ်တာတွေပါ တစ်ခါတည်းပြင်လို့ရအောင် ကိုယ်ပါ လိုက်ပေးရမယ်ပေါ့လေ။ အဲဒီမှာ မိတ်ကပ်လိမ်းဖို့ လာခေါ်တဲ့အခါကျတော့ ဆိုင်ရှင်တွေက ဘာပြောလည်း ဆိုတော့ မိတ်ကပ် ဩထ နဲ့ ရှင့်ကို ယုံကြည်ပြီး ကျွန်မတို့ မလွှတ်နိုင်ဘူး။ မိတ်ကပ် ပစ္စည်းတွေက တန်ဖိုးရှိတယ်တဲ့။ အဲဒီလို စကားကြားရတာ ကိုယ်အရမ်းခံစားသွားရတယ်။ ကိုယ်ကဘာပဲဖြစ်ဖြစ် ၊ သူတို့အပေါ်မှာ သစ္စာရှိရှိ ကြိုးကြိုး စားစားနဲ့ (၃)နှစ်လောက် အလုပ်လုပ်ပေးလာတယ်။ နောက် ရရှိလာတဲ့ အကျိုးအမြတ်က သူတို့လည်း အကျိုး အမြတ်ရှိတယ်။ ကိုယ်ကလည်း အကျိုးအမြတ်ရှိတယ်။ သူတို့ဆီမှာလည်းကိုယ်က တစ်ခါမှ မရိုးမသား မလုပ်ခဲ့ဖူး သလို တစ်ခါမှလည်း ခေါင်းတုံးပေါ် ထိပ်ကွက်မလုပ်ခဲ့ဘူးပဲ။ ရိုးသားနေတဲ့ လူတစ်ယောက်“ ရှင့်ကို မယုံကြည်ဘူး” ဆိုတဲ့စကားက ဘာပဲဖြစ်ဖြစ် ရိုးသားတဲ့လူတစ်ယောက်ရဲ့ မာနကို ချိုးဖောက်လိုက်သလိုပဲလေ။ အဲဒီတော့ ကိုယ့်ရဲ့ မာန၊ ကိုယ့်ရဲ့ ရိုးသားမှုတွေကို အစော်ကားမခံချင်တာနဲ့ ခဏတော့ သည်းခံစိတ်မွေးပြီး အဲဒီဆိုင်မှာ ခဏလုပ်ရင်း ကိုယ့်ဘာသာဆိုင်ဖွင့်ဖို့ မျှော်လင့်စိတ်ကူးရင်း ကြိုးစားမိတယ်။
ဒါဆို အဲဒီဆိုင်ကနေ ကိုယ်ပိုင်ဆိုင်လေး စတင်ဖွင့်လှစ်ဖြစ်သွားပုံလေးကို ပြောပြပေးပါဦး။
ခုနကပြောသလို အဲဒီဆိုင်မှာ ကိုယ့်ဘာသာကိုယ် ဆိုင်ဖွင့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သည်းခံပြီး လုပ်နေရင်း ၊ တစ်နေ့ အဲဒီဆိုင်မှာ သင်တန်းလာတတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်။ သူက “ ရှင့်ကို သနားတယ် ပေါ့နော် ။ နေ့တိုင်း ဒီဆိုင်မှာ ရှင်လုပ်ရတာတွေကများပြီး သူတို့က ဘာမှသိပ်မလုပ်ရဘဲနဲ့ ပိုက်ဆံတွေအများကြီး ယူပြီး အာဏာတွေ ၊ ပါဝါတွေ ပေးနေတယ်ပေါ့ ” လို့ လာပြောတယ်။ အမှန်တကယ်ကတော့ ကိုယ်လည်း ကျေနပ်လို့ လုပ်ခဲ့တာပါပဲ။ စောစောကပြောသလို ကိုယ့်အပေါ် ယုံကြည်မှုမရှိလို့ တင့်တင့်ထွန်း မိတ်ကပ်မလိမ်း ပေးရတဲ့ ကိစ္စလေးတစ်ခုကြောင့်သာပဲ စိတ်မကျေနပ်မှု ဖြစ်ခဲ့ရတာပေါ့နော်။ နောက်အဲဒီသင်တန်းတက်တဲ့ အမျိုးသမီးက ပိုက်ဆံစိုက်ထုတ်ပေးလို့ ဆိုင်သစ်ဖွင့်တယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ဖောက်သည်တွေက အများကြီး ဖြစ်လာတော့ ကိုယ်တစ်နေရာပြောင်းရင် ပြောင်းတဲ့နောက် လိုက်လာကြတယ်။ အဲဒီတော့ မကြီးစန်းဝင်လုပ်ခဲ့တဲ့ ဆိုင်မှာ လူလုံးဝမရှိသလောက် ဖြစ်သွားတာပေါ့နော်။ အဓိက မကြီးစန်းဆီကို လာကြတာလေ။ ဆိုင်နာမည်ကို လာတာမဟုတ်တော့ နောက်လုပ်တဲ့ဆိုင်မှာလည်း မိတ်များတာပေါ့။ ဒါပေမဲ့ အချိန်နည်းနည်းရလာတော့ ခုနက ပိုက်ဆံထုတ်ပေးတဲ့ အမျိုးသမီးက ပထမတုန်းကပြောတော့ သူကူညီမယ်၊ ပိုက်ဆံထုတ်ချေးထားမယ်။ တဖြည်းဖြည်း ပြန်ဆပ်ဆိုပြီး ဒီလုပ်ငန်းရဲ့ ဝင်ငွေတွေကြည့်ပြီး သူလည်း ဒီဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်ချင်လာတယ်။ ဆိုင်ကရသမျှ ပိုက်ဆံ ကိုလည်း သူပဲသိမ်း ၊ ပိုက်ဆံနည်းနည်းပဲပေးပြီး ရှင်ဒီလောက်ပဲယူ ၊ ဒီလောက်ပဲသုံး ၊ ကျန်တာ ကျွန်မ သိမ်းထား မယ် ၊ ပစ္စည်းတွေဝယ်ဖို့ကလည်းရှိသေးတယ်။ အခန်းခတွေရှိသေးတယ်နဲ့ သူကပါကိုယ့်ကို လက်ဝါးကြီးအုပ်ချင် တဲ့ပုံစံမျိုး ဖြစ်တဲ့အခါကျတော့ အဆင်မပြေတော့ဘဲ ကွဲသွားတယ်။ အဲဒီအချိန်မှာ ကိုယ့်မှာ ပိုက်ဆံ တစ်သောင်းခွဲ လောက်နဲ့စရင်းပြီး (၃၄)လမ်းထိပ်မှာ ဆိုင်လေးစဖွင့်မိတယ်။
ဒါဆိုဒီဆိုင်လေးစဖွင့်တော့ မိဘဆွေမျိုးတွေရဲ့ ကူညီထောက်ပံ့အားပေးမှုရော ရခဲ့ရဲ့လား။
အင်းပေါ့။ သူတို့တွေရဲ့ ကူညီထောက်ပံမှုတွေလည်း အများကြီးရခဲ့ပါတယ်။ မကြီးစန်းရဲ့ အစ်မကလည်း ငွေထုတ်ပေးတယ်။ အဲဒီတုန်းက မှန်တင်ခုံလေးနဲ့ စားပွဲလေးတစ်ခု ဝယ်တာတောင် (၅၀၀၀) လောက်ကုန်တယ်။ နောက် မကြီးစန်းအမေက အသုပ်ဆိုင်ဖွင့်တော့ အသုပ်ဆိုင်ကထိုင်တဲ့ ခုံတန်းရှည်တို့ ဘာတို့ ယူခဲ့ရတယ်။ ဆိုင်ဆို ပေမယ့် ဆိုင်အဖြစ်ဆိုရုံလေး စပြီးဖွင့်ခဲ့တာပါ။
အဲဒီတုန်းက ဆံပင်ညှပ်ဆိုင်ဆိုပြီးပဲ သီးသန့်ဖွင့်ခဲ့တာလား ၊ မိတ်ကပ်ရောပါသေးလား။
မကြီးစန်းတို့ အဲဒီခေတ်တုန်းကတော့ ဆံပင်အညှပ် ၊ အကောက်လုပ်တယ် ၊ မိတ်ကပ်ပါရောလုပ်တယ်။ မိတ်ကပ်ကြီးပဲ သီးသန့်တော့မဟုတ်ဘူးပေါ့။ အညှပ်အကောက်လုပ်တယ်၊ မိတ်ကပ်လုပ်တယ်ပေါ့ အဲဒီလိုလုပ်နေရင်း က တဖြည်းဖြည်းချဲ့လာရတယ်။ ကိုယ်နဲ့ ညှပ်နေကျ ဖောက်သည် တွေထဲက မင်္ဂလာတောင်မယ့်လူတွေက မိတ်ကပ်လိမ်းချင်တယ်ဆိုရင် ကိုယ်ကလိမ်းပေးပေါ့။ ဝတ်စုံချုပ်ချင်တယ်ဆိုရင် ဥပမာ- ဗိုလ်ချုပ်ဈေးထဲက ကိုမြင့်စိုး တို့လို ၊ ဒေါ်လှမြင့်အောင်တို့လို လူတွေဆီမှာ ကိုယ်က လိုက်အပ်ပေးလုပ်ရင်းနဲ့ ငါလည်း ဒီဝတ်စုံလုပ်ငန်းလေးပါ တွဲလုပ်လိုက်ရင်ဆိုပြီး ဝတ်စုံလေးတွေ တစ်ထည်ရင်းလိုက် ၊ နှစ်ထည်ဖြစ်လာလိုက် ၊ သုံးထည်ဖြစ်လာလိုက်နဲ့ ဒီလုပ်ငန်းကို စတည်ခဲ့တာပေါ့။
အပိုင်း ၃ ဆက်ရန်…………
16 comments
ကြက်အူလှည့်
June 25, 2013 at 5:30 pm
ချော်တကစ် စာလေးပါလားးး
ဒချိ ဒချိ.
အာဂ
June 25, 2013 at 5:33 pm
ဂီတို့ကတော့ လိုင်းပြောင်းတော့မလားမသိ…ဟိ…ဟိ…။ အစားကျူးရင် ဘီလူးဖြစ်တယ်ဆိုလား ။ ဘာဆိုလားတော့ ကြားဖူးတယ်..ခွီ..ခွိ
ဦး ကျောက်ခဲ
June 25, 2013 at 6:16 pm
ကျုပ်ကျက်လိ မောင်ဂီ… ဟိုက ခင်ဗျားထက် ဗလတောင့်တယ်…
လက်နက်ကြီးနဲ့ပစ်လိုက်မှ “ဂီ့ မျက်ရည်ဝိုင်း” ဖြစ်သွားမယ်… အား ဟိ
မောင် ပေ
June 25, 2013 at 6:17 pm
ခင်စန်းဝင်း
တင်ရမ်းတင်း
လင်ဗန်းရှင်း
ဆင်ကန်းနင်း
ဂွင်ဖမ်းမင်း
အရီးခင်လတ်
June 25, 2013 at 7:49 pm
စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် ဘဝ လေးတစ်ခု ကို မျှပေးလို့ ကျေးဇူးပါ ဂဂ ရေ။
တကယ်တော့ သူတို့ရဲ့ ဗီဇ ထဲ မှာ ကို က ဟိုမုန်း မမှန် တာမျိုး ဖြစ်လာတာမို့ အဲဒီ လူတွေ ကို လဲ စာနာသင့်တာပါ။
ဘယ်သူမှတော့ ဒီလို ဖြစ်ဖို့ စိတ်ကူးရှိပါ့မလဲ။
ဒီလို လူမျိုး တွေ ရဲ့ ဖန်တီးမှု က မိန်းမ တွေ ထက်သာတာ ကိုတော့ ငြင်းမရဘူး။
ဒီလို အောင်မြင်ဖို့ ကလဲ လွယ်လွယ်ကူကူ တော့ မရတာ အမှန်ပါဘဲ။
ကိုယ့်အားကိုယ်ကိုး တိုးတက်လာတာမို့ တကယ်ဘဲ လေးစားပါတယ်။
ဒါနဲ့ သူ့ ဝတ်စုံ လေးက လှလိုက်တာ။ 😛
အလင်း ဆက်
June 25, 2013 at 9:20 pm
အင်း…အရှိန်တော့ မြင့်လာပြီ ။
မကြီးစန်း….က လှတော့လှသား…
ဟို…. ရွာထဲက..ကာလသားကြီးတွေ.အကြိုက် နေမှာ…..
နှူးဘာဂိုင်း သားတွေ..
ခုလောက်ဆ်ို… ရင်ခုန်နေလောက်ပြီ ။
ဟိဟိ
ဂွိဂွိ
June 25, 2013 at 9:23 pm
မဂျီးစန်း..မဂျီးစန်း…
မဂျီးစန်းဂို ခြစ်ဒယ်…..
🙂
Ma Ma
June 26, 2013 at 5:58 am
အောင်မြင်မှုရလာအောင် ထားခဲ့တဲ့ သူ့ရဲ့ စိတ်ထားနဲ့ ကြိုးစားမှုကို အောင်မြင်ချင်တဲ့လူငယ်တွေ အတုယူသင့်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ ဘဝတွေ ထက်သန်တဲ့ စိတ်ထားတွေကို စိတ်ဝင်စားတယ်။
အားပေးပါတယ် ဂဂ ရေ။
နောက်ထပ် ဗျူးထားတာလေးတွေ ဘာတွေများလာအုံးမလဲလို့။
အဲ- ဒါ့ထက် မကြီးစန်းကို သွားဗျူးတာ ခွေးတော့ မရှိပါဘူးနော်။ 😛
KZ
June 26, 2013 at 8:23 am
အဖြူအနက် ချိတ် ကို ကြိုက်တယ်။
တစ်ချို့ မင်းသမီးတွေ ထက်ကို ဝတ်တတ်စားတတ်မှန်းတော့ သတိထားမိပါရဲ့။
Ma Ma
June 27, 2013 at 6:27 am
အဲဒီအချက်ကိုလည်း သတိထားမိတယ်။
ဝတ်တတ်စားတတ်တာလည်း သူ့ရဲ့ အနုပညာပဲ။
အားတောင် ကျမိပါရဲ့။ 😀
မင်းမင်း
June 26, 2013 at 8:35 am
အောက်ခြေကနေ တဖြည်းဖြည်းချင်
ကြိုးစားရုန်းကန်တတ်လာသူ မြန်မာ
ဆိုတာ လေးစားပါတယ်။
အပိုင်း ၃ ဆက်အားပေးပါမယ်ဗျာ။
ဦးကြောင်ကြီး
June 26, 2013 at 9:13 am
မိတ်ကပ်
နှိပ်စက်
အိပ်ဖက်
စိတ်ပျက်
ကြိတ်ရှက်
ဝိတ်ညှက်
လိပ်တက်
ပိတ်သတ်..
cobra
June 26, 2013 at 2:42 pm
ဒါမှမကြီးစန်းကွ
အဲ့လို အောက်ခြေကနေတက်တာလာ
ဒီလိုပဲဖြစ်ရမယ်လေ
ရွာထဲက အခြောက်တွေလဲ
သူ့လိုစိတ်ဓာတ်မျိုးမွေးရမယ်နော်………
Yin Nyine Nway
June 26, 2013 at 3:59 pm
သူ့ကိုတွေ့ရင်
တခုပဲမှတ်မိတယ်
ဟွန်းနော် …. လူဇိုး.. ဆိုပြီး လက်ကလေးနဲ့ တို့တာ
အရင်တုန်းက သူ့ ဒီဇိုင်းစာအုပ်တွေ လုပ်ပေးဖူးတယ်
အနော့်ဆရာနဲ့ ခင်တာဆိုတော့
သူဝတ်တဲ့ ဝတ်စုံလေးတွေကို ကြည့်ရင်း
အရမ်းလှလို့ ငေးဖူးတယ်
(ရုပ်ကိုပြောတာမဟုတ် သူဝတ်တဲ့ ဗမာဝတ်စုံလေးတွေကိုပြောတာ)
မဟာရာဇာ အံစာတုံး
June 26, 2013 at 4:11 pm
ဝါးးး
ချိတ်ဝင်စားချရာဒွေ ကောင်းလာဘီ ..
မကြီးစန်းရဲ့ စိတ်ဓါတ်ကိုတော့
သူပြောတဲ့အတိုင်း အဟုတ်ဆိုရင်
လေးစားသွားပြီဗျာ …
တကယ်ပြောတာ …
myat pearl phyu
January 29, 2014 at 11:41 am
အတွေ့အကြုံလေးဒွေပေါ့ …