Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


အာဂSeptember 30, 20142min99119
• ဆိုင်နာမည်လေးက သရပါ -၃ ဆိုတော့ မသိတဲ့လူတွေက ဆိုင်ကြီးကနားကြီးမှတ်ကောင်းမှတ်နေပါလိမ့်မယ်။ အမှန်တော့ သရပါဟော်တယ်ကို သရပါ ၁ လို့ အရပ်ကနာမည်ပေးထားပြီး အဲဒီအနီးပတ်ဝန်းကျင်က စားသောက်ဆိုင်တစ်ဆိုင်ကို သရပါ ၂ လို့ နာမည်ပေးပြီးတဲ့အချိန်မှာတော့ မူလလက်ဟောင်း မန်ကျည်းပင်အောက်က ထမင်းဆိုင်လေးကိုတော့ သရပါ ၃ လို့ စားသောက်သူတွေကနာမည်ပေးထားတာ ဖြစ် ပါ တယ်။ ဒီဆိုင်လေးက ကိန်းကြီးခန်းကြီးမရှိ၊ မန်ကျည်းပင်ရိပ်အောက်တွင် တာလဘက်မိုးထားပြီး ခွေးခြေခုံလေးများနှင့်သာ။ ဒါပေမဲ့ မနက် ၆း၃ဝ လောက်ကတည်းက ညနေ ၂းဝဝ လောက်အထိ လူပြတ်တယ်လို့မရှိပေ။ အဆိုပါဆိုင်လေး နာမည်ကြီးလာတာက လည်း အမျိုးမျိုးသောအကြောင်းလေးတွေ ရှိနေပါတယ်။ ပထမအချက်က အဆိုပါ ဆိုင်လေးရဲ့ လက်ရာကောင်းမှုကြောင့် လာရောက်အားပေးကြတဲ့ ဧည့်လမ်းညွှန်တွေကြောင့် ဖြစ်ပြီး အဲဒီဧည့်လမ်းညွန်တွေကြောင့် […]


အာဂOctober 23, 20131min92232
• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။ – အချက်အပြုတ်က ငယ်ငယ်ကတည်းက ဝါသနာပါတယ်။(၈)တန်းနှစ်လောက် ကတည်းက ညီမတို့က အိမ်မှာစချက်ရတယ်ပေါ့။ • ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကိုမှတ်မိသေးရင်ပြောပြပေးပါဦး။ – အဲဒီလိုမျိုးကြီးတော့ မမှတ်မိဘူး။ မနက်အစောကြီးတော့ နေ့တိုင်းချက်နေရတာ ပါပဲ။ မနက်ဆို ဈေးသွားတယ်။ ဟင်းချက်တယ်။ ဟင်းချက်ပြီးရင်ကျောင်းသွားတယ်။ • အဲဒီလို ပထမဆုံးစချက်တဲ့ဟင်းတုန်းကအရသာကရောဘယ်လိုရှိခဲ့လဲ။ – အရသာက သိပ်တော့မကောင်းဘူး။ ဒါပေမယ့်နောက်ပိုင်းအမေသင်ပေးတော့ အဆင်ပြေသွားတယ်။ •ညီမချက်တဲ့ဟင်းတွေထဲမှာမှမိသားစုတွေရော သူငယ်ချင်းတွေပါကြိုက်တဟင်းပွဲလေးဆိုရင်ဘာဟင်းပွဲဖြစ်မလဲ။ – လူကြိုက်အများဆုံးဆိုရင် ညီမချက်တာကို အများဆုံးအိမ်က မိသားစုတွေပဲစားတယ်။ ပြောကြတာကတော့ ကြက်သားကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးနဲ့ချက်တဲ့ ဟင်းက အရမ်းစားလို့ကောင်းတယ်လို့ပြောကြတာပါပဲ။ အဲဒီဟင်းက ကြက်သားကာလသား ဟင်းလိုပါပဲ။ဒါပေမယ့် ဒီကဟင်းက ဒီမှာချက်တဲ့ဟင်းလိုတော့ မဟုတ်ဘူးရှမ်းပြည်မှာချက်တဲ့ ကာလသားဟင်းပုံစံပါ။ • နန်းခင်ချက်တဲ့ဟင်းတွေကို […]


အာဂSeptember 26, 20131min53515
ဘဝဆိုတာလှိုင်းထန်နေတဲ့ ပင်လယ်ပြင်ထဲက ရွက်လှေတစ်စင်းလိုပါပဲ။ မြုပ်မသွားအောင်လို့ အမြဲတမ်း ကြံ့ကြံ့ခိုင်တဲ့ စိတ်ထားတွေ၊ လုံ့လတွေ၊ ဝီရီယတွေနဲ့ လှော်ခတ်ထိန်းကွပ်နေပါတယ်။ ဒါမှလည်း ကိုယ်ရောက်ချင်တဲ့ အောင်မြင်မှုကမ်းခြေကို အရောက်လှော်ခတ်နိုင်မှာလေ။ ဒီလိုပါပဲ ဘဝလှိုင်းထမ်းပိုးရဲ့ ရိုက်ခတ်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် အဆုံးစီရင်ချင်မိလောက်ဖြစ်ခဲ့ပြီးမှ ခိုင်မာတဲ့ စိတ်ဓာတ်အင်အားတွေကို ဆုပ်ကိုင်ပြီး လောကဓံကိုအနိုင်ယူပြီး အောင်မြင်မှု အသီးအပွင့်တွေကို ခံစားနေသူတစ်ယောက် . . . ။ ပြင်းထန်တဲ့စိတ်ဓာတ်ပိုင်ရှင် မိန်းမသားတစ်ယောက်ဖြစ်တဲ့ Elephant House Group of Companies များနှင့် Green Elephant Restaurants စားသောက်ဆိုင်များပိုင်ရှင် ဒေါ်ချယ်ရီအောင်ခင်ရဲ့ ဘဝစာမျက်နှာများကို စာဖတ်သူများ အတုယူနိုင်အောင် အခုလိုဖော်ပြပေးလိုက်ပါတယ်။ အာဂ • အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကစပြီးဝါသနာပါခဲ့ပါသလဲ။ – အချက်အပြုတ်ကိုပြောရရင် ဝါသနာမပါခဲ့ပါဘူး။ ဒါပေမယ့်ငယ်ငယ်ကတည်းက […]


အာဂAugust 2, 20131min85718
အခု ဒီအောင်မြင်မှု ရရှိလာတဲ့ အသီးအပွင့်တွေကို မကြီးစန်းမိသားစုတွေအတွက် ဘယ်လိုအသုံးပြုပေး ဆပ်ပါသလဲ။ အင်းဒါကလည်း အခုလိုအောင်မြင်မှ မဟုတ်ပါဘူး။ မကြီးစန်း မအောင်မြင်ခင်ကတည်းက ခုနကပြောသလို တစ်နေ့ (၅)ကျပ်နဲ့ တစ်လ (၁၅၀) ကျပ်ရတဲ့အချိန်ကတည်းက အဘွားရယ် ၊ မိဘနှစ်ပါးရယ်ကို မကြီးစန်း တတ်နိုင်သလောက် ကူညီထောက်ပံ့ခဲ့ပါတယ်။ တဖြည်းဖြည်းရလာတာနဲ့အမျှ မိဘအပြင် ညီအစ်ကို မောင်နှမ ဆွေမျိုးတွေကိုလည်း တတ်နိုင်သလောက် ကူညီပံ့ပိုးခဲ့တာပါပဲ။ မိသားစုတင်မကပါဘူး မကြီးစန်း သူငယ်ချင်း၊ အပေါင်းအသင်းတွေက အစပေါ့။ နာမကျန်းတဲ့ လူတွေအတွက်လည်း လစဉ်တိုင်း လှူဒါန်းနေပါတယ်။ နောက်သံဃာ တော်တွေ ၊ သီလရှင်တွေ ၊ နောက်အသက်ကြီးရွယ်အို ကျောင်းဆရာအို ၊ ဆရာမအိုတွေစသဖြင့် အဆင်မပြေတဲ့ လူတွေကို မကြီးစန်းတတ်နိုင်သလောက် အမြဲတမ်းလှူဒါန်းနေပါတယ်။ မကြီးစန်းအနေနဲ့ အများကြီး […]


အာဂJuly 25, 20131min61021
“ရချိုတွင်းက မြနန်းစံ၊ ရွှေဘိုမင်းဆက် ပြန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ၊ အင်း အင်း အင်းကြီးတောင်သမန်။” နန်းတော်ရှေ့ဆရာတင် မန္တလေးဈေးချိုကနေ နောက်ထပ်သွားမိတဲ့နေရာလေးကတော့ တောင်သမန်အင်းက ဦးပိန်တံတားပါ။ အချက်အလက်များအရ ဦးပိန်တံတားက သက်တမ်းနှစ် ၁၅ဝ ကျော်ရှိပြီလို့လည်းသိရပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ မြန်မာသက္ကရာဇ်၁၂၁၁ နှစ် (ခရစ်သက္ကရာဇ် ၁၈၅၁ ခုနှစ်)ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်ဘိုင်ဆပ်ရဲ့ မြို့စာရေးဦးပိန် တည်ဆောက်ခဲ့တာကြောင့်ဦးပိန်တံတားလို့ အမည်တွင်ခဲ့ပါတယ်။ ယခင်ကတော့ တောင်သမန်အင်းကိုဖြတ်ပြီးဆောက်ထားတဲ့အတွက် တောင်သမန်တံတားလို့ အမည်ပေးခဲ့ပါတယ်။ တံတားတည်ဆောက်ခဲ့သူဦးပိန်က တောင်သမန် ၁၂ ရပ်မှလူများ မိုးတွင်းကာလမှာ သွားလာရလွယ်ကူစေရန်ရည်ရွယ်ပြီးတော့ စစ်ကိုင်း၊အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင်ထံလျောက်ထားတောင်းယူရသမျှ သစ်သားများနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဦးပိန်တံတားကို တည်ဆောက်ရာမှာ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ဦးပိန်တံတားကို မြန်မာအင်ဂျင်နီယာများက ကေးအချိန်မှန်မပါဘဲ။ ခြေလှမ်းအတိုင်းတာနဲ့သာတည်ဆောက်ခဲ့တဲ့မြန်မာ့မူစစ်စစ် တံတားလည်းဖြစ်ပါတယ်။ ရှေးမှတ်တမ်းများအရတော့ ဦးပိန်တံတားမှာ […]


အာဂJune 27, 20131min48011
မကြီးစန်းရဲ့ မိတ်ကပ်လက်ဦးဆရာက မိတ်ကပ်ဆန်နီနော် ၊ သူနဲ့တွေဆုံဖြစ်သွားပုံလေးကရော….။ ဆရာမိတ်ကပ်ဆန်နီက မကြီးစန်းဆီကို ဆံပင်လာလာညှပ်တယ်။ သူက တော်ရုံတန်ရုံဆိုရင် သူ့ခေါင်းကို ဘယ်သူမှ ပေးမကိုင်ဘူး။ မကြီးစန်း ဆံပင်ညှပ်တော်တယ်ဆိုတာသိလို့ သူက လာစမ်းညှပ်တာ။ အဲဒီမှာ သူက သဘောကျပြီး ငါ့ဆံပင်ကို နောက်နင်ပဲညှပ်ဆိုပြီး ဖြစ်သွားတယ်။ မာမဆန်က ဆံပင်အားနည်းတယ်လေ။ အဲဒီလို ညှပ်ပေးရင်းနဲ့ သူက မကြီးစန်းကို နင်အားလို့ရှိရင် င့ါဆိုင်လာလည်လေလို့ ခေါ်တယ်လေ။ သူက အဲဒီအချိန်မှာ မို့မို့မြင့်အောင်ကိုလိမ်းတဲ့ မိတ်ကပ်ဆန်နီဆိုပြီး နာမည်ကြီးနေပြီလေ။ ကိုယ်ကလည်း နာမည်ကြီးမင်းသမီးရဲ့ မိတ်ကပ်ဆရာဆိုတော့လည်း သူ့ကိုလေးစားအားကျတယ်လေ။ အဲဒီအခါကျတော့ မကြီးစန်းက ကိုတူးရဲ့တပည့် ဖြစ်နေတဲ့အခါကျတော့ သူ့တပည့်တစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ကိုယ့်အပေါ်ကို သူကနွေးနွေးထွေးထွေး ဆက်ဆံ ခဲ့ပါတယ်။ အဲဒီတုန်းက မကြီးစန်းဆိုင်ပိတ်ပြီဆိုရင် အိမ်မပြန်သေးဘဲ မာမီဆန်ဆီဝင်ပြီး […]


အာဂJune 25, 20131min68216
ဒါဆိုအဲဒီတုန်းက အခက်အခဲပေါ့။ ခုနကလို ချောက်တွန်းတာမျိုးကို ဘယ်လိုစိတ်ထားပြီး ကျော်ဖြတ်ခဲ့လဲ။ အမှန်တော့ ငယ်ငယ်ကတည်းက တစ်သမတ်တည်းထားခဲ့စိတ်က အခုထက်ထိလည်း ဒီစိတ်ပါပဲ။ အခက်အခဲပဲဖြစ်ဖြစ် ၊ ကိုယ့်ကို ရန်လိုတာဘဲဖြစ်ဖြစ် ၊ အဆင်မပြေတာပဲဖြစ်ဖြစ် ၊ ကိုယ်မဖြစ်ရသေးတဲ့ အရာပဲ ဖြစ်ဖြစ် သည်းခံစိတ်နဲ့ ဇွဲနဲ့ ကျော်ဖြတ်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းကလည်း တတ်နိုင်သလောက် သည်းခံခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သည်းခံတယ်ဆိုတာ ကောင်းပါတယ်။ မုန်းတဲ့လူလည်း တစ်ချိန်ကျရင် ချစ်လာနိုင်တာပဲလေ။ ရန်ကို ရန်ခြင်းမတုံ့ပြန်ဘဲနဲ့ မေတ္တာပဲထားခဲ့တယ်။ နောက် ကိုယ့်ရဲ့ အနှိမ်ခံနေရတဲ့ဘဝကနေ အနှိမ်မခံရအောင် ငါဘယ်လို ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်ရယ် ဒီသည်းခံတဲ့စိတ်ဓါတ်ရယ်နဲ့ပဲ အရာအားလုံးကို အောင်မြင်ခဲ့တယ်။ မကြီးစန်း အဲဒီကိုတူးဆိုင်က ထွက်ဖြစ်သွားတဲ့ အကြောင်းလေးကရော… .။ ထွက်ဖြစ်တာက ဒီလိုပါ။ ယနေ့အထိ မကြီးစန်းရဲ့ […]


အာဂJune 24, 20131min79029
လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက် မဂ္ဂဇင်းတစ်ခုမှာပန်းပွင့်များပြောတဲ့ အတိတ်ရနံ့များအကြောင်း ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ အင်တာဗျူးလေးပါ။ အခြောက်အားပေးတာရယ်၊ဘာရယ်လို့တော့ မဟုတ်ပါဘူး။ လူသားဆန်တဲ့ လူသားတစ်ယောက်ရဲ့ ဘဝနဲ့အတိတ်လေးတွေကို တူးဆွကြည့်မိယုံလေးဖြစ်ပါတယ်။ စာဖတ်သူများ လက်မခံဘူးဆိုရင် ဆက်မတင်တော့ဘူးလို့ ကြိုတင်မေတ္တာရပ်ခံချင်ပါတယ်။ အာဂ။ မိတ်ကပ်ခင်စန်းဝင်းရဲ့ ကိုယ်ရေးအကျဉ်း။ မကြီးစန်းကို ၁၉၆၅ ခုနှစ် ၊ ဇွန်လ (၈)ရက်နေ့မှာ မွေးပါတယ် ၊ ဇာတိကတော့ ရန်ကုန်မှာပဲ ၊ ဒဂုံမြို့နယ် မှာပေါ့။ မကြီးစန်းအဘိုးက ကျောင်းအုပ်ကြီးဆိုတော့ ဒဂုံအ.ထ.က (၂) ကျောင်းဝန်းထံမှာပဲ ငယ်ငယ်ကတည်းက နေထိုင်ခဲ့ပါတယ်။ မွေးချင်းမောင်နှမ (၄)ယောက်ရှိပါတယ်။ မကြီးစန်းကတော့ (၄)ယောက်မြောက်ပါ။ ၁၉၈၃ ခုနှစ်မှာ (၁၀)တန်းဖြေတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ (၁၀)တန်းကျတဲ့အတွက် နောက်နှစ်မှာ ဆက်မဖြေဘဲ ဒီမိတ်ကပ် လောကထဲ […]


အာဂJanuary 28, 20132min54915
ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်၊ ယုံကြည်မှုတွေကို ထွေးပိုက်လို့နိုင်ငံရပ်ခြား မှာ ဘဝကိုတစ်ယောက်တည်း ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။သူစတင်လုပ်ကိုင်ရတဲ့အလုပ်က ရရာအလုပ်တစ်ခုဖြစ်တဲ့ စားသောက်ဆိုင်သန့်ရှင်းရေးဝန်ထမ်းအလုပ်ပါ။ ဒါပေမယ့်သူရဲ့ စိတ်စေတနာ၊အောင်မြင်ရမယ်ဆိုတဲ့ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေကြောင့် ၄နှစ်အတွင်းမှာ ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာသူရဲ့အများနဲ့မတူညီတဲ့အမြင်စိတ်ဓာတ်တွေ၊ဇွဲ၊ လုံ့လတွေကြောင့် ကိုယ်ပိုင်ဆိုင်ပိုင်ရှင် စားဖိုမှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူရဲ့ ပြင်းထန်တဲ့ ယုံကြည်မှုတွေကြောင့်အခုဆိုရင် မြန်မာလူမျိုးတွေရော နိုင်ငံခြားသားတွေပါ စိတ်ကျေနပ်နှစ်ခြိုက်ကြတဲ့Sharky’s စားသောက်ဆိုင်၄ ဆိုင်ကိုဖွင့် လှစ်ထားနိုင်တဲ့အစားအသောက်ကျွမ်းကျင်သူပိုင်ရှင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။သူရဲ့ နာမည်ကတော့ ဦးရဲထွဋ်ဝင်းပါ။ သူ့ဘဝနဲ့အောင်မြင်မှုအတွက်ဖြတ်သန်းလာပုံတစ်စိတ်တစ်ပိုင်းကိုပရိသတ်ကြီးလေ့လာအတုယူနိုင်အောင် အခုလိုမေးမြန်းခဲ့ပါတယ် ။ မောင်အာဂ ကျွန်တော် ၁၉ နှစ်သားအရွယ်လောက်ကစပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ကိုရောက်တယ်။ အဲဒီမှာဝင်ဒီ(Wendy)စားသောက်ဆိုင်အသင့်သုံးအစားအ သောက်ဆိုင်ခွဲများ(Fast Food Chains) မှာ ကျွန်တော် သန့်ရှင်းရေးသမားစလုပ်ရင်းကနေ ၄နှစ်အတွင်းမှာ ကျွန်တော် ကကုမ္ပဏီရဲ ့European ဒါရိုက်တာ တစ်ယောက်ဖြစ်လာတယ်။Wendy ဆိုတာက ကမ္ဘာမှ ာတတိယ Fast […]


အာဂOctober 10, 20121min4298
ဂေဇက်အတွက် ပိုစ့် တင်ဖို့ ဘာတင်ရရင်ကောင်းမလဲလို့ စဉ်းစားနေတာ တွေးလို့မရတဲ့အဆုံး Food Magazine မဂ္ဂဇင်းမှာ ကျွန်တော် အနုပညာရှင်တွေနဲ့ အစား အသောက်အကြောင်း တွေဗျူးပြီး၊ သူတို့ရဲ့ ဟင်းလက်ရာတွေအကြောင်း အင်တာဗျူးတာလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ပြောရရင်တော့ အာဂ နှစ်သီးစားလုပ်နေခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ (R,Ga)မေးမြန်းသည် • အချက်အပြုတ်ကိုဘယ်အရွယ်လောက်ကစပြီးဝါသနာပါခဲ့တယ်လို့ထင်မိပါသလဲ။ အချက်အပြုတ်ကိုတော့ကျွန်တော်လူပျိုကျောင်းသားဘဝကတည်းကညရေး ညတာဗိုက်ဆာရင်ထမင်းကြော်စားတာတို့ ၊ခေါက်ဆွဲပြုတ်စားတာတို့ကနေစပြီးဝါသနာပါသွားတယ်လို့ထင်မိတာပါပဲ။ • ဒါဆိုရင် ကိုRဇာနည်ကလူပျိုဘဝမှာဒီလိုအချက်အပြုတ်တွေလုပ်တတ်တာကိုဘယ်သူကသင်ပေးခဲ့ပါသလဲ။ဘယ်လို ကြောင့်ချက်ပြုတ်ဖြစ်သွားတာလဲ။ ကျွန်တော်က လူပျိုဘဝမှာကတည်းကအမေ့ကိုကူညီလုပ်ပေးရပါတယ်။အမေဈေးသွားဝယ်ရင်လည်း လိုက်ပေး ရပါတယ်။ကြက်သွန်အဖြူ၊ အနီ၊ငရုတ် သီးတွေကအစထောင်းပေးရပါတယ်။နောက်လှီးတာ၊ ဖြတ်တာတို့ လုပ်ပေးရတယ်။ ကြက်ဥဆိုရင်လည်း ခေါက်ပေးရတယ်။ဒါတွေမြင်နေကျဆိုတော့လေရင်းနှီးနေတယ်လို့ပြောရမလားဘဲ။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့မချက်ဖြစ်ပါဘူး။အိမ်ထောင်ကျတော့မှသာ စပြီးစမ်းကလိကြည့်ရင်းနဲ့နည်းနည်းပါးပါး ချက်ပြုတ်ဖြစ်တဲ့သဘောပါ။ • အခုရောပရိသတ်ကိုဘယ်လိုဟင်းလေးတွေချက်ပြမယ်လို့စိတ်ကူးထားပါသလဲ။ အခုစီစဉ်ထားတဲ့ဟင်းပွဲကတော့အချိန်လည်းသိပ်မရတော့ လောလောဆယ်၂ မျိုးလောက်ပဲ စီစဉ်ထားတာပါ။ဝက်သားကို မြန်မာလိုဆီပြန်ဟင်းလေးချက်မယ်။ နောက်ပြီးတော့ ဂေါ်ဖီကိုမုန်လာဥနီ၊ကြက်ဥ၊ကြက်သွန်ဖြူတို့နဲ့ကြော်ပါမယ်။ • […]