Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးရင်ခွင်၊ တောင်သမန်လေညင်းနဲ့ အစားသောက်စုံလင်ခရီးစဉ်(၂)

အာဂJuly 25, 20131min61121

“ရချိုတွင်းက မြနန်းစံ၊ ရွှေဘိုမင်းဆက် ပြန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ၊
အင်း အင်း အင်းကြီးတောင်သမန်။”

နန်းတော်ရှေ့ဆရာတင်

မန္တလေးဈေးချိုကနေ နောက်ထပ်သွားမိတဲ့နေရာလေးကတော့ တောင်သမန်အင်းက ဦးပိန်တံတားပါ။
အချက်အလက်များအရ ဦးပိန်တံတားက သက်တမ်းနှစ် ၁၅ဝ ကျော်ရှိပြီလို့လည်းသိရပါတယ်။
အတိအကျပြောရမယ်ဆိုရင်တော့ မြန်မာသက္ကရာဇ်၁၂၁၁ နှစ် (ခရစ်သက္ကရာဇ် ၁၈၅၁ ခုနှစ်)ပုဂံမင်းလက်ထက်က
အမရပူရမြို့ဝန်ဘိုင်ဆပ်ရဲ့ မြို့စာရေးဦးပိန် တည်ဆောက်ခဲ့တာကြောင့်ဦးပိန်တံတားလို့ အမည်တွင်ခဲ့ပါတယ်။
ယခင်ကတော့ တောင်သမန်အင်းကိုဖြတ်ပြီးဆောက်ထားတဲ့အတွက် တောင်သမန်တံတားလို့
အမည်ပေးခဲ့ပါတယ်။ တံတားတည်ဆောက်ခဲ့သူဦးပိန်က တောင်သမန် ၁၂ ရပ်မှလူများ မိုးတွင်းကာလမှာ
သွားလာရလွယ်ကူစေရန်ရည်ရွယ်ပြီးတော့ စစ်ကိုင်း၊အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို
ဘုရင်ထံလျောက်ထားတောင်းယူရသမျှ သစ်သားများနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဦးပိန်တံတားကို
တည်ဆောက်ရာမှာ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ဦးပိန်တံတားကို မြန်မာအင်ဂျင်နီယာများက ကေးအချိန်မှန်မပါဘဲ။
ခြေလှမ်းအတိုင်းတာနဲ့သာတည်ဆောက်ခဲ့တဲ့မြန်မာ့မူစစ်စစ် တံတားလည်းဖြစ်ပါတယ်။
ရှေးမှတ်တမ်းများအရတော့ ဦးပိန်တံတားမှာ တိုင်ပေါင်း(၉၈၄)တိုင်ရှိတယ်လို့ သိရပါတယ်။ ဆောင်ပုဒ်အရ“နဝအဋ္ဌဇယမောင်ပိန်”ဟူ၍ဖြစ်သည်။

ခေတ်ကာလရွေ့လျားလာသဖြင့် တံတားကြီးကိုအရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို
ရေလယ်ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရပါတယ်။ဇရပ်လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း
၁၀၈၆တိုင်ရှိသည်။ အခန်းပေါင်း ၄၈၂ခန်း၊တံတားအရှည် ၃၉၆ရပေ၊ တစ်မိုင်၏
လေးပုံ သုံးပုံရှည်လျားကြောင်း နောက်ဆုံးထုတ်မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန်
ရေးသားပြုစု သည့် “ဝင်းတွေနှင့်တည်ခဲ့သည့် မင်းနေပြည်“စာအုပ်၌ဖော်ပြထားပါတယ်။ ယခုအခါမှာတော့ တောင်သမန်အင်းနဲ့
ဦးပိန်တံတားဒေသခံအတွက် သွားလာရေးအတွက်တင်မဟုတ်ပါဘူး။မြန်မာပြည်အနှံ့ကလူတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေပါ
လာရောက်လေ့လာအပန်းဖြေကြတဲ့နေရာလေးဖြစ်နေပါပြီ။ဒီတော့ တောင်သမန်လေညင်းရနံလေးကို ရှုရှိုက်ရင်း
သာယာလှပတဲ့ရှုမျှော်ခင်းများကို ခံစားလိုက်ကြရအောင် . . . ။


ဓာတ်ပုံ အာဂ

………………………………….
တွတ်ပီဝက်သား တုတ်ထိုးဆိုင်
………………………………….

တောင်သမန်အင်းကအပြန် မန္တလေးမြို့မှာ နာမည် ကျော်ကြားလှတဲ့
တွတ်ပီဝက်သားတုတ်ထိုးဆိုင်ကို သွားရောက်ခဲ့ပါတယ်။တုတ်ထိုးဆိုင်ဖွင့်လှစ်ခဲ့တဲ့ သက်တမ်းကလည်း
၁ဝ နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။ တွတ်ပီဝက်သားတုတ်ထိုးဆိုင်မှာ
အချဉ်ရည်နဲ့ စားလို့ရတာမှန်သမျှ တော်တော်များများရပါတယ်။တုတ်ထိုးစတင်ရောင်းခါစကဝက်သားကို လမ်းဘေးမှာ
တွန်းလှည်းကလေးနဲ့ ရောင်းချခဲ့တာဖြစ်ပြီး မဆုတ်နှစ်တဲ့ဇွဲလုံးလနဲ့ကြိုးကြိုးစားစား လုပ်ကိုင်လာခဲ့မှုကြောင့် ဆိုင်ခန်းနဲ့
ဖွင့်လှစ်လာနိုင်ကာ အခုဆိုရင် ဆိုင်ခွဲပေါင်းသုံးဆိုင်အထိမန္တလေးမှာဖွင့်လှစ်နိုင်ခဲ့ ပြီဖြစ်ပါတယ်။ နောက်ထပ်လည်း
ဆိုင်ခွဲတွေဖွင့်လှစ်ဖို့အစီအစဉ်ရှိတယ်လို့လည်းသိရပါတယ်။တွတ်ပီဝက်သားတုတ်ထိုးဆိုင်မှာဆိုရင် ဝက်သားနဲ့ပတ်သက်ရင်
ခေါင်းကနေအမြီးအထိ အကုန်ရရှိပါတယ်။ဒီလိုအောင်မြင်တဲ့ ဆိုင်တစ်ဆိုင်ရဲ့ နောက်ကွယ်မှာ
ကြိုစားမှုဆိုတာရှိပါတယ်။ ဒီလိုအောင်မြင်မှုတွေရရှိအောင်လို့ဘယ်လိုရင်း နှီးမှုတွေ၊ ပေးဆပ်မှုတွေနဲ့ ကြိုးစားခဲ့ရသလဲ
ဆိုတာကိုတော့ တွတ်ပီဝက်သားတုတ်ထိုးဆိုင်ပိုင်ရှင်ကိုတွတ်ပီကို အခုလိုပဲ မေးမြန်းမိခဲ့ပါတယ်။



• ပထမဆုံး ကိုတွတ်ပီရဲ့ ဇာတိလေးကိုပြောပြပေးပါဦး။
– ဇာတိကတော့ ပြောရမယ်ဆိုရင် မကွေးတိုင်း
ပေါက်မြို့နယ်၊ ပျဉ်းချောင်းရွှာပါ။

• နာမည်အရင်းကရော။
– နာမည်အရင်းက အောင်ဇော်လင်းပါ။

• မန္တလေးကို ဘယ်အရွယ်လောက်က စရောက်ပါသလဲ။
– မန္တလေးကို ၁၉၉၁ ခုနှစ်က စရောက်ပါတယ်။
အသက် ၁ဝ နှစ် ၁၁ နှစ်အရွယ်လောက်မှာပေါ့။

• ဒါဆို အဲဒီအရွယ်က ဘာလုပ်ပါသလဲ။
– လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ပါတယ်။အဲဒီ တုန်းက လစာက တစ်လကို ၂၀ဝ ကျပ်ရပါတယ်။

• အဲဒီကနေပြီး နောက်ထပ်လုပ်ခဲ့တဲ့အလုပ်တွေရှိရင်ပြောပြပေးပါဦး။

– လက်ဖက်ရည်ဆိုင်ကနေ စားသောက်ဆိုင်ကို ပြောင်းတယ်။နောက် နိုင်ငံခြားဖြစ်မုန့်တွေရောင်းတဲ့ဆိုင်ကို ပြောင်းလုပ်တယ်။
ဟိုတယ်မှာလည်း လုပ်ခဲ့ဖူးတယ်။ နောက် လေဘေးထည်လည်းရောင်းခဲ့ဖူးတယ်။ပြောရမယ်ဆိုရင် ၁၂ ပွဲဈေးလည်း ရောင်းခဲ့ဖူးတယ်။
ဈေးကတော့ တော်တော်လေးရောင်းခဲ့ဖူးတယ်။ကျွန်တော် မရောင်းဘူးတာဆိုလို့ နံနံပင်နဲ့ ချဉ်ပေါင်ရွက်ပဲ
ရှိမယ်ထင်တယ်။

• ဒါဆို အိမ်ထောင်ကျပြီးတော့ ဘာအလုပ်တွေလုပ်ဖြစ်လဲ။

– ဟိုတယ်မှာ တစ်လ ၃၀၀ဝ နဲ့လုပ်ပြီးတဲ့အခါကျတော့အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျတော့
သကြားစက်တွေဘာတွေမှာလည်း နေ့စားနဲ့လိုက်လုပ်ဖြစ်သေးတယ်။ နောက် ၁၂ ပွဲကိုလည်း
မြန်မာတစ်နိုင်ငံလုံးအနှံ့ ရောင်းဖူးသေးတယ်။၁၂ ပွဲဆိုတာက တစ်နိုင်ငံလုံးက ရှိသမျှ
အထင်ကရဘုရားပွဲတွေကို အစုံလိုက်ပြီးတော့ရောင်းရတာပါ။

• အဲဒီ ၁၂ ပွဲမှာကျတော့ရော ဘာတွေရောင်းလဲ။

– ကျွန်တော်က ကြိုက်တာယူ ၁၀ဝ ကျပ်နဲ့ ပစ္စည်းလေးတွေရောင်းတယ်။ ဥပမာ ဇွန်းလေးတွေ၊
ဘောပင်လေးတွေ စာအုပ်လေးတွေကို ရောင်းတာပါ။ကျွန်တော်ဈေးရောင်းရင် ခံယူချက်က အရေအတွက်
များများထွက်ရမယ်။ အမြတ်နည်းနည်းရရင် ရပလေ့စေပေါ့။
ကျွန်တော်က ၁၀ဝ ရင်းရင် ၃ဝလောက်မြတ်ရင်တော်ပြီ။ကျွန်တော်က များများရောင်းတယ်။ သူများတစ်ခုလောက်ပေးရင်
ကျွန်တော်က ၂ ခုလောက်ပေးတယ်။ ပွဲကြီးတစ်ပွဲရောင်းရရင်သိန်း ၁၀ဝ ဖိုးလောက်ကိုရောင်းရတယ်။ ကျွန်တော်စိတ်ကူးက
ပွဲဈေးထဲ ကလေးတစ်ယောက်လာရင် သူမှာ၂၀ဝ တန်လောက်ပဲပါမှာလေ။ အဲဒီကလေး မုန့်မစားဖြစ်ဘဲ
ကျွန်တော်ရောင်းတာ ဝယ်သွားနိုင်လောက်အောင် ရောင်းတာ။ပြောရမယ်ဆိုရင် ကျွန်တော့်ဈေးကွက်က ကလေးတွေဆီမှာပဲ။
အခုလည်း ကျွန်တော်တုတ်ထိုးရောင်းတာကကလေးတွေအဓိကပဲ။ ကျောင်းဆင်းချိန်၊ ကျူရှင်ဆင်းချိန်ဆို
ဆိုင်ကိုသွားကြည့်ကြည့် ကလေးတွေချည်းပဲ။ ကျွန်တော့်ဆိုင်မှာပွက်လောထနေတာပဲ။

• ဒီလို ဆိုင်ကြီးခန်းကြီးနဲ့ရောင်းနိုင်အောင်လို့ စတင်ကြိုးစားခဲ့ရပုံလေးကို ပြောပြပေးပါဦး။

– ကျွန်တော် စပြီးတော့ရောင်းခဲ့တုန်းက လမ်းဘေးမှာတွန်လှည်းလေးနဲ့ စပြီးတော့ရောင်းခဲ့တာပါ။ အဲဒီ ကနေ
တဖြည်းဖြည်းနဲ့ အခုလို ဆိုင် ၃ ဆိုင်ကို အောင်မြင်အောင်ဖွင့်လှစ်နိုင်ခဲ့တာပါ။ လမ်းဘေးမှာ တုတ်ထိုးရောင်းတော့
သူများတွေက အထင်သေးတဲ့အခါ ဆိုင်လေးနဲ့လုပ်ကြည့်မယ်ဆိုပြီး ဖြစ်အောင်ကြိုးစားပြီး
ဆိုင်ခန်းလေးဖွင့် ရောင်းဖြစ်ခဲ့တာပါ။

• ဆိုင်ခန်းနဲ့ရောင်းဖို့အတွက် ငွေရေးကြေးရေးဆိုင်ရာရောဘယ်လိုရှာခဲ့ပါလဲ။ နောက်ပိုင်းတွေ့ကြုံရတဲ့ အခက်အခဲကရော။

– ကျွန်တော်က တစ်ရက်ကို ပိုက်ဆံ ၇၀ဝ အမြတ်ရအောင်မနည်းလုပ်နေရကနေ ဆိုင်ခန်းလေးနဲ့ ဖွင့်ချင်တဲ့
အခါကျတော့ ကျွန်တော့် ဆိုင်ကယ်လေးကိုရောင်းပြီးတစ်နှစ်စာ ဆိုင်ခန်းငှားလိုက်တယ်။ အဲဒီကနေ
တော်တော်လေးကို ကျွန်တော်ကြိုးစားခဲ့ရပါတယ်။၄၊ ၅လ အတွင်းမှာ ရောင်းအားက တက်လာတာနဲ့
အဆင်ပြေ လာတယ်။ အဲဒီတော့မှ တွတ်ပီဆိုတဲ့ဆိုင်နာမည်ကို လည်းပေးတာ။ အစကတော့ ကျွန်တော်ကို
သိတာက ၃၄ လမ်းတုတ်ထိုးဆိုပြီးတော့ပဲသိတာပါ။

• တွတ်ပီဆိုတဲ့နာမည်လေး ပေးမိသွားပုံလေးကရော။

– တွတ်ပီကာတွန်းလေးကို တော်တော်ကြိုက်တာနဲ့ ပေးဖြစ်တာပါ။တွတ်ပီကာတွန်းလေးကလည်း ဘယ်လိုတုန်းဆိုတော့
သူက အစားအသောက်ကြောင်းလေးတွေရေးထားတာလည်းပါတယ်။ နောက် သူကလည်း
ကောင်းကောင်းစားတတ်တဲ့ လူတစ်ယောက်ဖြစ်တာကြောင့်သူ့ရဲ့ နာမည်လေးကို ပေးဖြစ်တာပါ။

• ပထမဆုံးရောင်းတုန်းက အတွေ့အကြုံလေးတွေကိုလည်းရှင်းပြပေးပါဦး။

– ကျွန်တော် ပထမဆုံးစရောင်းတုန်းကတော့တစ်ပိဿာခွဲလောက်ရအောင်ကို မနည်းကြိုးစားပြီး
ရောင်းခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်တုန်းကဆိုရင် တစ်ရက်ကို၇၀ဝ ကျပ်လောက်ရအောင်ကို မနည်းရောင်းခဲ့ရတယ်။
အခုကျတော့ ရောင်းကြေးက ၁ဝ သိန်းအထက်မှာရှိပါတယ်။

• အစ်ကို့ဆိုင်အောင်မြင်တာရောဘာကြောင့်လို့ထင်လဲ။

– ကျွန်တော့်ထက်အရင် ဆို်င်နဲ့ရောင်းတဲ့ တုတ်ထိုးဆိုင်တွေရှိပါတယ်။ဒါပေမယ့် ကျွန်တော်က စားသုံးသူတွေကို
စိတ်ချမ်းသာအောင်ဆောင်ရွက်ပေးတယ်။သန့်ရှင်းသပ်ရပ်အောင် လုပ်ဆောင်ပေးတယ်။ဒါလေးတွေနဲ့လည်း ဆိုင်မယ်ထင်တယ်။

• ကိုတွတ်ပီဆိုင်မှာ တုတ်ထိုးအပြင် ဘာတွေရသေးလဲ။

– ဒီမှာတော့ အချဉ်ရည်နဲ့စားလို့ရတာမှန်သမျှ ရပါတယ်။ကြာဆံကြော်တို့၊ ထမင်းဆီစမ်း၊ ငါးဖယ်၊ ငါးအရေခွံနောက် အအေးမျိုးစုံရပါတယ်။

• တုတ်ထိုးကို ကြော်ထားတာလေး တွေ့ရပါတယ်။ဒါလေးကရော ဘယ်သူ့စိတ်ကူးပါလဲ။

– ဒါက ကျွန်တော့်စိတ်ကူးပါ။ ဒါက ကျွန်တော်ဆိုရင်လည်းအကြွတ်ကြော်ကိုကြိုက်တယ်လေ။ ဒီတော့ ဒါလေးကို
စမ်းကြော်ရင်းစားကြည့်တဲ့အခါမှာ ဒါလေးမဆိုးဘူးဆိုပြီးလုပ်ဖြစ်သွားတာပါ။

• ကိုတွတ်ပီဆိုင်မှာ လူတော်တော်များများကြိုက်ကြတာဘာဖြစ်မလဲ။

– လူတော်တော်များများကြိုက်ကြတာကတော့ လျှာ၊ နားရွက်၊ငှက်ပျောဖူး၊ အဆီပိတ်၊ အူမ အဲဒါတွေက အစားများပါတယ်။

• ဆိုင်မှာရော ဘယ်လိုဈေးနဲ့ တုတ်ထိုးရောင်းလဲ။

– ကျွန်တော်က တုတ်ထိုးတစ်ပွဲကို တစ်ထောင်၊ ထောင့်ငါးရာ၊တစ်ကင်ကို ၅ဝ ကျပ်နှုန်းနဲ့ ရောင်းပါတယ်။
ခေါက်ဆွဲ၊ ကြာဆံတစ်ပွဲ ၃၀ဝ နှုန်းနဲ့ရောင်းပါတယ်။ဆိုင်ခန်းနဲ့ဖြစ်ပေမယ့်လည်း တွန်းလှည်းဈေးနဲ့ မကွာပါဘူး။

• အခု ဆိုင်သုံးဆိုင်ပေါင်းရောင်းရတဲ့ ဝက်သားအရေအတွက်ကရော ဘယ်လောက်ရှိလဲ။

– သုံးဆိုင်ပေါင်းကို ဝက်သားပိဿာချိန် ၂၀ဝ ရှိ တယ်။ဒါကတော့ တစ်နေ့ရောင်းရသမျှပေါ့။

• အစ်ကို့ဆိုင်မှာကျတော့ ဝက်သားကိုဘယ်လိုမျိုးအရာတွေထည့်ပြီးတော့ ပြုတ်ပါသလဲ။

– ကျွန်တော်က ဝက်သားကို ပြုတ်တာတောင်မဟုတ်တော့ဘူး။ပေါင်းအိုးအကြီးတွေနဲ့ ပေါင်းပစ်လိုက်တယ်။
အနံ့အတွက်ကတော့ ရှောက်ခေါ၊ ပေါက်ခေါထည့်တယ်။တရုတ်မဆလာသုံးတယ်။ အချိုမှုန့်မသုံးဘူး။
သကာရည်နဲ့ချက်တယ်။ ဒါကတော့ ကျွန်တော် ယိုးဒယားကနေရခဲ့တဲ့ပညာပါ။
• • •
ကိုတွတ်ပီဝက်သားတုတ်ထိုးဆိုင် အင်တာဗျူးအတွက်ကူညီပေးသော ဓာတ်ပုံဆရာကိုလှကိုကိုအားအထူးကျေးဇူးတင်အပ်ပါတယ်။

…………………..
ရွှေနှင်းဆီထိုးမုန့်
…………………..


ကိုတွတ်ပီရဲ့ ဆိုင်ခွဲနံပါတ် (၃)ဆိုင်ကလေးကနေနောက်ထပ်သွားရောက်မိတဲ့ နေရာလေးကတော့
သက်တမ်း ၄၅နှစ်လောက်ရှိပြီဖြစ်တဲ့ မူလလက်ဟောင်းရွှေနှင်းဆီထိုးမုန့်ဆိုင်ကလေးပါပဲ။ ဒီဆိုင်လေးရဲ့
ထူးခြားချက်ကတော့ဘယ်ဈေးမှာမှ လက်ကားလိုက်ဖြန့်ရောင်းတာမျိုးမရှိဘဲ။ အိမ်မှာပဲ မိသားစုကိုယ်တိုင်ပြုလုပ်ပြီး
ဝယ်စားချင် ဒါမှမဟုတ် တစ်ဆင့်ပြန်ရောင်းချင်ရင်(လိပ်စာက)အိမ်မှာပဲ လာဝယ်ရတာပဲဖြစ်ပါတယ်။
ရွေနှင်းဆီထိုးမုန့်ကို အနုပညာရှင်တွေဖြစ်တဲ့ မေသန်းနုလိုအနုပညာရှင်တွေကလည်း မန္တလေးရောက်တိုင်း
လာရောက်ဝယ်ယူကြတယ်လို့လည်း သိရပါတယ်။
မန္တလေးက အင်တာနက်စာရေးဆရာ ကိုပေါက်ရဲ့ပြောပြချက်အရတော့ မန္တလေးကထိုးမုန့်လောကဆိုတာ
ညဈေးတန်းကို အခြေပြုရောင်းချရင်း နာမည်ရရှိလာတဲ့အခါကိုယ့်အိမ်မှာကိုယ်ရောင်းကြတာဖြစ်တယ်လို့သိရပါတယ်။
ရွှေနှင်းဆီထိုးမုန့်လုပ်ငန်းကလည်း တခြားထိုးမုန့်တွေလိုကြော်ငြာအားကိုအသုံးမပြုဘဲ လက်ရာပိုင်းကိုသာ
စားကောင်းအောင် ပြုလုပ်ထားတယ်လို့လည်းသိရပါတယ်။ဟိုးအရင်တုန်းကဆိုရင် ထိုးမုန့်ဆိုတာ ဖက်ရွက်နဲ့
ထုတ်ပိုးရောင်းချတာဖြစ်ပြီး အခုနောက်ပိုင်းခေတ်မီလာတဲ့အခါကျမှ အခုလို ပလတ်စတစ်တို့ စက္ကူဗူးတို့နဲ့
ထုတ်ပိုးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရွှေနှင်းဆီထိုးမုန့်ဆိုင်ရဲ့ပဲ့ကိုင်ရှင် ဒေါ်ခင်သန်းရဲ့ စကားအရရွှေနှင်းဆီထိုးမုန့် စတင်ရောင်းခါစက မရောင်းရလို့
လွင့်တောင်ပစ်ရတယ်လို့သိရပါတယ်။နောက်ပိုင်းနှစ်ကာလကြာရှည်လာတာနဲ့အမျှ စားသုံးသူက
ကြိုက်နှစ်သက်လာရင်း နာမည်တက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။ ရွှေနှင်းဆီထိုးမုန့်ရဲ့ ထူးခြားချက်ကတော့
အခြားထိုးမုန့်များလိုတော့ တီဗီကြော်ငြာ၊ သတင်းစာကြော်ငြာတွေကြောင့် နာမည်ရလာခြင်းမဟုတ်ဘဲ။
စားသုံးသူတွေရဲ့ ပါးစပ်ဖြားကနေတစ်ဆင့် တစ်ကယ့်အရသာကိုကြိုက်နှစ်သက်လို့သာ လူသိများလာခြင်းပဲဖြစ်ပါတယ်။
ရွှေနှင်းဆီထိုးမုန့်ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ကောက်ညင်းဆန်ကအစ ကိုယ်တိုင်ဆေးကြော၊
ကိုယ်တိုင်အမှုန့်ကြိတ် ကိုယ်တိုင်ဆန်ခါခြပြီးတော့မိသားစုလိုက်လုပ်ကိုင်တာဖြစ်ပါတယ်။ သူများတွေလို
ကြိတ်ပြီးသားအဆင်သင့် ဝယ်ယူမသုံးဆွဲတာပါပဲ။ထိုးမှုန့်မှာပါတဲ့ ကုန်ကြမ်းတွေဖြစ်တဲ့ ကောက်ညှင်းဆန်၊
သကြား၊ မြေပဲတွေကိုလည်း ဈေးပေါတာမျိုးသုံးထားတာမဟုတ်ဘဲ။ အရည်အသွေးပြည့်မီတဲ့
ကုန်ကြမ်းတွေကိုသာသုံးစွဲတာဖြစ်တယ်လို့လည်းသိရပါတယ်။

်ရွှေနှင်းဆီထိုးမုန့်ကိုအထူးသဖြင့်ရန်ကုန်ကနာမည်တတ်ပြီးတော့မှာပြီးစားကြကြောင်းသိရပါတယ်။ ရွှေနှင်းဆီထိုးမုန့်အနေနဲ့
ဆိုင်ခန်းနဲ့ဖွင့်ဖို့အတွက်လည်းရည်ရွယ်ချက်မရှိပါကြောင်းနဲ့မိသားစုတစ်ပိုင်တစ်နိုင်စားသောက်နိုင်ရုံမျှသာ
လုပ်ကိုင်ဆောင်ရွက်နေကြောင်းကိုလည်း သိရှိရပါတယ်။ဒါကြောင့်မို့လို့ ရွှေနှင်းဆီထိုးမုန့်ကို မန္တလေးရောက်လို့
စားချင်ရင်တော့ အောက်ပါ လိပ်စာတစ်ခုတည်းမှာပဲဝယ်ယူရရှိနိုင်ပါတယ်။ အခြားဘယ်နေရာမှာမှ
ဝယ်ယူလို့မရဘူးလို့လည်းသိရပါတယ်။ဈေးနှုန်းကလည်း မန္တလေးတစ်မြို့လုံးမှာရှိတဲ့
ထိုးမုန့်များဈေးနှုန်းထက် သာလွန်ထားပြီး အရည်အသွေး၊အရသာပိုင်းကိုတော့ အထူးအာမခံထားတယ်လို့လည်း
သိရှိရပါတယ်။

ရွှေနှင်းဆီထိုးမုန့် လိပ်စာကတော့
(၈၃-၈၄)ကြား ၂၈ လမ်း ရှင်ဥပဂုတ်ဝင်း
မန္တလေး ။ဖုန်းနံပါတ် ဝ၂-၇၃၀၅၆ ဖြစ်ပါတယ်။

ရွှေနှင်းဆီထိုးမုန့်ကဏ္ဍ ဆောင်းပါးအတွက်
အကူအညီပေးသော အင်တာနက်စာရေးဆရာ
ကိုပေါက်(မန္တလေး) ကို အထူးကျေးဇူးတင်ရှိအပ်ပါတယ်။

21 comments

  • ရွှေတိုက်စိုး

    July 25, 2013 at 4:55 pm

    ဟယ်ကိုဂ မန်းလေး သွား အင်တာဗျူး တာများ သများတို. ဆိုင်လဲ လာမဗျူးဘူးတော့..
    သများတို.က ကျောက်ဆင်းတုတွေ ရောင်းဒါလေ………

    • အာဂ

      July 25, 2013 at 5:23 pm

      ဟွန်း အခုမှ….လာပြောနေတယ်။ အဲဒီတုန်းက ကိုရင်တိုက်က ရှိမှမရှိတာ..။ ကျုံးဘေးမှာ ပုန်း နေတာလည်းဖြစ်ရင်ဖြစ်မှာပေါ့..။

    • မင်းမသိဘဲရမ်းမပြောနဲ့ကွ။
      အာဂ ကညနေစောင်းမှာ တောင်သမန်အင်းကအပြန် ကျောက်ဆင်းတု ထုနေတဲ့နေရာကို
      သွားဗျူးတယ်။
      သူလေးငါးခွန်းမေးတာကို ဟိုကလူက လှည့်တောင့်မကြည့်ဘူးတဲ့။
      ဟိုက ပြန်မဖြေ တော့ မာနကြီးတယ်ဆိုစိတ်ဆိုးပြီး ပြန်လာတာ။
      မင်းဘယ်သူ့မေးတာလဲဆိုတော့ အိမ်ရှေ့မှာပုဆိုးခြုံပြီးထို်င်နေတဲ့လူမေးတာတဲ့။
      အဲဒါနဲ့ငါက နောက်နေ့ညနေအဲဒီအိမ်သွားကြည့်တော့မှာ အာဂမေးလာတာဆိုင်ရှင်မှ မဟုတ်တာ.
      ထုနေတာ မပြီးလို့ အဝတ်ခြုံထားခဲ့တဲ့ ထုလက်စ ကျောက်ဆင်းတုကြီးဖြစ်နေတာ။
      အဲ့ကောင် မျက်မှန်းတပ်ရတော့မှာ မျောက်စေ့မကောင်းတော့ဘူး မိတိုက်ရ

      • ရွှေတိုက်စိုး

        July 26, 2013 at 10:03 am

        ဟဟဟဟဟဟ တော်သေးတာပေါ့ ကျောက်ဆင်းတုကြီးသွားမေးလို. ဟို ကျောက်ချောတဲ့ ကောင်မငေးတွေသွားမေးရင် ကိုဂ တော့ အပွတ်ခံရမှာ…….အသေချာပဲ..
        ခိခိခိ…………ကျောက်ပွတ်တဲ့ခဲနဲ.ကျောပါဒယ်……….

  • မဟာရာဇာ အံစာတုံး

    July 25, 2013 at 5:08 pm

    ဟာဂျာ …
    အခု ဗိုက်ဆာနေဒါ …
    ဝက်သားဒုတ်ထိုးဒွေ မျင်ဒေါ့ ပိုတောင် ဆာတွားဘီ ..
    ဂွီ … ဂွီ …
    အိုက်ဒါ ခညားဂျီး ဝယ်ကျွေးဒေါ့ …. :mrgreen:

  • KZ

    July 25, 2013 at 5:13 pm

    နှိပ်စက်ပြန်ပြီ နောက်တစ်ယောက်။ 🙁

  • မောင် ပေ

    July 25, 2013 at 6:39 pm

    တခြားနိုင်ငံတွေတော့မသိ
    ကျုပ်တို ့နိုင်ငံမှာတော့
    အစားအသောက် လုပ်ရောင်းတာ ဥပမာ ။ ။ ဒုတ်ထိုး ၊ ရှမ်းခေါက်ဆွဲ ၊ သစ်သီးဖျော်ရည် ၊ လဘက်ရည်ဆိုင် ၊ ဘာညာသာရကာ အစရှိသဖြင့်
    နာမည်ရပြီ ဆိုတာနဲ ့သူဌေးဖြစ်ပြီပဲ
    ခေါက်ချိုးမက မြတ်တာကိုးဗျ

    • Foreign Resident

      July 27, 2013 at 6:00 am

      မောင် ပေ says:
      ” အစားအသောက် လုပ်ရောင်းတာ ၊
      နာမည်ရပြီ ဆိုတာနဲ ့သူဌေးဖြစ်ပြီပဲ ၊
      ခေါက်ချိုးမက မြတ်တာကိုးဗျ ”

      အမှန်ပဲ ၊ ခေါက်ချိုးမက မြတ်တာ ၊
      အဲ ၊ နာမည်ရဖို့ကတော့ ခက်တယ် ၊
      ကံ လဲ နဲနဲ လိုမယ် ထင်တယ် ။
      ( ဟီ ဟိ ၊ သူဂျီး မမြင်စေနှင့် )

  • အလင်း ဆက်

    July 25, 2013 at 9:12 pm

    တုတ်ထိုး ကြိုက်တယ် ။
    မန်းလေးရောက်ရင်.. သွားစားဦးမယ် ။
    😆

  • ဦးကြောင်ကြီး

    July 26, 2013 at 9:11 am

    ဂေဇက်သဂျီး အယာတိုလာ မာမွတ်ခိုမ်က သူ စားခွင့်မရှိလို့ တွတ်ပီတုတ်ထိုး စာမူအပိုင်းဂို ဖြုတ်ပေးပါတဲ့.. 😡

    • အာဂ

      July 26, 2013 at 4:41 pm

      အောင်ကျူး….တဂျီး မာမွတ်ဂျီးလား ဒါဆိုရင် အမေရိကားကို ဝက်သားတွေပို့ပေးလိုက်မယ်။ သူသိပ်ကြိုက်လောက်တယ်။

  • Yin Nyine Nway

    July 26, 2013 at 10:24 am

    ဟင်း….. ဂဂ တို့ကတော့
    အစားနဲ့ နှိပ်စက်ပြီ…..
    ဝက်သားထုတ်ထိုးက စားချင်စရာလေး
    မန်းလေးကို သွားချင်နေတာ
    တပိုင်းသေနေဘီ
    မသွားဖြစ်တေးဘူး …
    ရောက်ရင် တွားစားမယ်

  • Ma Ei

    July 26, 2013 at 11:40 am

    တောင်သမန် ဦးပိန် အလှကြည်လို့
    တွတ်ပီ တုတ်ထိုး အဝ စားဘို့
    မန္တလေးကို သွားကြပါစို့…..

  • ဦးကျောက်ခဲ

    July 26, 2013 at 11:48 am

    တော်ဘီဗျာ… အလုပ်ထွက်ပြီး ရွာပြန်…
    တုတ်ထိုးပဲ ရောင်းစားတော့မယ်…
    ဟီ ဟိ စားချင်လိုက်တာ၊ ရှလွတ်… :mrgreen:

  • Ma Ma

    July 26, 2013 at 3:35 pm

    မန်းလေးသွားရင်စားချင်တာတွေများနေပြီ။
    အရင်က မန်းလေးက မိတ်ဆွေတစ်ယောက်က ရှင်ဥပဂုတ်ဝင်းမှာနေလို့ ရွှေနှင်းဆီထိုးမုန့်ပဲ ဝယ်စားရင်းနဲ့ တခြားထိုးမုန့်မစားဖြစ်တော့ဘူး။
    ယှဉ်စားကြည့်တော့လည်း ရွှေနှင်းဆီထိုးမုန့်က တနိုင်တပိုင်လုပ်တော့ လတ်ဆတ်ပြီး ပိုပြီးစားလို့ကောင်းတယ်။ 🙂

  • (၈၃လမ်းနဲ့ ၈၄လမ်းအတွင်း ၈၂လမ်း၊ ရှင်ဥပဂုတ်ဝင်း၊)

    ဂဂရေ
    (၈၃-၈၄)ကြား ၂၈ လမ်း ရှင်ဥပဂုတ်ဝင်းလို့ ပြင်ပေးလိုက်နော်။

    • အာဂ

      July 26, 2013 at 5:36 pm

      ဟုတ်ကဲ့ လေးပေါက်ရေ…။ ကျွန်တော်လည်း သူတို့ မုန့်ဘူးက လိပ်စာကိုကြည့်ရိုက်လိုက်တာပဲ..။ဘယ်လိုဖြစ်သွားတယ်မသိ..။ ဆော်ရီး။။။။။။။။။။။။။။။။။။။။။။။။အဟီး… 😀

  • Mr. MarGa

    July 26, 2013 at 9:18 pm

    ဗိုက်ဆာနေတဲ့အချိန် ဆိုရင်
    ဒီလိုပို့စ်နဲ့ သွားသွားတိုးတယ် :byae
    နောက်နေ့ သွားစားမယ်….

  • Min Zarni

    July 27, 2013 at 6:50 am

    ကိုဆွေမင်း အရမ်းအောင်မြင်တုန်းက သူကျိုက်ထီးရိုးသွားတုန်းက
    ရေးတာလေးသွားအမှတ်ရတယ်. အဲ့သည့်ကာလ ကျိုက်ထီးရိုး သေနတ်တွေမယ်.
    မချစ်ရင်သတ်ပစ်မယ်. တို့ တွတ်ပီတို့. ရေးလေ့ရှိတယ်.
    သူ့ဇာတ်ကောင်နာမည် ယူသုံးတာနဲ့ပတ်သတ်ပြီး သူရေးခဲ့တာလေးပါ.
    အင်း
    ခုလည်း အမှတ်မမှားရင် တွတ်ပီ ကို customized typeface အတိုင်းကို.
    ဒဲ့ ကူးထားတယ် အောက်မေ့တာပဲ. ဟိုဆြာမြင်ခဲ့ရင်တော့.
    ဘာပြောမယ်မသိ. ထားပါတော့.
    အောင်မြင်မှု အတွက် critical success factors ဘယ်လောက်ရှိလည်း
    ကျနော် မသိ. ကျနော်သိတာကတော့. အမြင်စူးရှထက်သန်မှုက
    တခုအပါအဝင် ဆိုတာပါပဲ. တခြားမကြည့်နဲ့.
    ဆြာတွတ် ကို အစားကောင်းစားသူကြိုက်သူအနေနဲ့.
    ကျနော် တို့ သိပ် သတိမထားမိကြ. မေ့လျော့တတ်ကြတာပါပဲ
    သူအတိအကျမြင်ခဲ့တယ်.

    Anyway. Bravo ပါ ဝက်ဒုတ်ဆြာရယ်.

    အဲ့ ပြီးတော့ဗျူးဆြာရယ်.

  • kai

    July 27, 2013 at 3:56 pm

    အမှန်က.. ဝက်သားဆိုတာ.. အင်မတန်ညစ်ပတ်တယ်…
    သူ့ကိုယ်နှိုက်ကကို.. ညစ်ပတ်နေတာ…
    ဂေါတမဗုဒ္ဓတောင်ဝက်ပျိုသားနဲ့.. ဝမ်းတော်လားပြီး ပရိနိဗ္ဗာန်ပြုရတာလို့.. စာတွေမှာဆိုပါတယ်..။
    ( ဒါကြောင့်လည်း.. မွတ်စလင်တွေမစားတာဖြစ်ကောင်းဖြစ်မယ်… )
    ဒီကြားထဲ… ကိုယ်တွင်းကလီစာဆိုတာက… ကိုလက်စရောတင်မက.. မကောင်းတာတွေစုံပလုံရှိနေတာ…
    အနောက်နို်င်ငံတွေမှာ.. တိရိစ္ဆာန်ကလီစာတွေစားြကြတာမဟုတ်…

    ဆိုတော့…
    ဆိုင်လိပ်စာလေး.. လုပ်ပါဦး.. :kwi:

  • myat pearl phyu

    January 29, 2014 at 1:18 pm

    i’m so so hungry hungry as a bear 😀

    စားစရာမုန့်ဒွေလည်း သွားရည်ယိုရ တွေ့ကြုံဗဟုသုတလည်းရ နဲ့

    မိုက်သကွာ…

Leave a Reply