Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးများ၏ တရားရေးမဏ္ဍိုင်ရွဲ့နေသည် စောင်းနေသည်

Lutt Latt ThuJune 28, 20131min2532

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးများ၏ တရားရေးမဏ္ဍိုင်ရွဲ့နေသည် စောင်းနေသည်

ဆောင်းပါးရှင် – ကျော်မိုးဇော်(ဝန်းသို)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်စီတာပူမြောက်ကွင်းအမှတ် ၁၁/၂ ဦးပိုင်အမှတ်(၁၆၇) (မူလပိုင်ရှင် ဗိုလ်မှူး တင်ထွန်းဝင်း)အမည်ပေါက် ဂရန်အမှုတွဲအမှတ် ၉၇၀(၃)/၂၀၀၀-၂၀၀၁ အိမ်ခြံမြေနှင့်ပါတ်သက်၍ ဒေါ်မေလွင်(ခ)ဒေါ်စီ နှင့် ဦးလှိုင်မင်း(ခ)စီပိုး ၎င်း၏ဇနီး ဒေါ်မိုး(ခ)ခင်သန်းနု တို့၏ သူပိုင်ကိုယ်ပိုင် အငြင်းပွားရာမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အဆင့်ဆင့်သော တရားရုံးများ၏ ဆုံးဖြတ်ချက်များသည် လူသားခြင်းမစာနာ အဖြစ်မှန်ကို မရောက်သော ဆုံးဖြတ်ချက်များဖြစ်သည်ဟု ရိုးသားစွာ ယူဆမိပါသည်။ ဦးလှိုင်မင်း(ခ)စီပိုး နှင့် ၎င်း၏ဇနီး ဒေါ်မိုး(ခ)ခင်သန်းနု တို့သည် လက်လုပ်လက်စား ဘဝဖြင့် ပင်ပင်ပမ်းပမ်းရုန်းကန်လှုပ်ရှားနေရသူများဖြစ်သည့်အတွက် တရားစရိတ်ပင် အနိုင်နိုင်ဖြစ်ပါသည်။ သို့သော် ၎င်းတို့နှင့်တရားပြိုင် ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ဆိုသော အမျိုးသမီးမှာ (ခွန်အားသစ်)အမည်ဖြင့် တချိန်က အပေါင်ဆိုင် လုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ယခုလည်း ဥစ္စာဓနနှင့် မြေယာအတော် များများပိုင်ဆိုင်ထားကြောင်း သိရပါသည်။ သို့ဖြစ်ပါသောကြောင့် ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ သည် တရားစရိတ်ပင်မက ဝန်ဆောင်မှုအားလုံးကိုပင် တတ်နိုင်သူဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဦးလှိုင်မင်း(ခ) စီပိုး ၎င်း၏ဇနီး ဒေါ်မိုး(ခ) ခင်သန်းနု တို့နှင့် ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ တို့၏ ယှဉ်ပြိုင်မှုသည် အစမှာကတည်းကပင် အခြေခံအချက်ခြင်း ပိုင်ဆိုင်မှုခြင်းပါ မတူညီကြပါ။ သို့ပါသော်လည်း တရားနတ်စောင့်သည် ဆိုသည့်စကားအတိုင်း အမှန်တရားအတွက် ဦးလှိုင်မင်း(ခ)စီပိုး နှင့် ၎င်း၏ဇနီးတို့သည် နှစ်ပေါင်း၊ လပေါင်းများစွာ ဇွဲရှိရှိဖြင့် သက်ဆိုင်ရာတရားရုံးအဆင့်ဆင့်၌ ရှေ့နေရှေ့ရပ်များငှားရမ်း၍ တတ်နိုင်သလောက် ရင်ဆိုင်ခဲ့ကြပါသည်။ လောကပါလသဘောအရ အသက်(၁၀၀)မနေရ အမှု(၁၀၀)ပေါ်ရသည် ဆိုသည့်စကားအတိုင်း စားစရာ မရှိလျှင်နေပါစေ မိမိတို့၏ ချွေးနည်းစာဖြင့်ဝယ်ယူထားသော အိမ်ကလေးအရှုံးမခံရရေးအတွက် ဇွဲရှိရှိရင်ဆိုင်ခဲ့ကြပါသည်။ အသက်(၇၀)ကျော် အမေအိုကြီးကို လုပ်ကျွေးနေရသည့်အပြင် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး အစရှိသည်ဖြင့် ကလေးငယ်တို့၏ ဘဝတက်လမ်းအတွက်ကိုလည်း တဖက်ကဝတ္တရားမပျက် ထမ်းဆောင်နေရ ပါသည်။ ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာသည် အရင်ကပင် ခွန်အားသစ် အမည်ဖြင့် အပေါင်ဆိုင်လုပ်ငန်းကို လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ အပေါင်လုပ်ငန်းလုပ်ကိုင်သူ တို့၏ သဘာဝ အရ ငွေချေးမည်ဆိုလျှင် အာမခံ ပစ္စည်းရယူထားပါမှ ငွေကိုထုတ်ချေးပေးသည့် ထုံးစံရှိသည်ဆိုတာ လူတိုင်းပင်အသိဖြစ်ပါသည်။ ဦးလှိုင်မင်း(ခ)စီပိုး နှင့် ဒေါ်နီ(ခ) ဒေါ်ဆောင်ဟွာ ၏ ခင်ပွန်း ဦးလီဟွာချင်း (ကွယ်လွန်)တို့သည် ဆရာတပြည့်ဆိုဆို လုပ်ဖော်ကိုင်ဖက်များဆိုဆို တချိန်က ဦးလှိုင်မင်းက ပန်းရံဆရာ နှင့် ဦးလီဟွာချင်းက ကျောက်ဆစ်ဆရာအဖြစ် အတူတကွ နှစ်အတန်ငယ်ကြာအောင် လုပ်ကိုင်ခဲ့ကြပါသည်။ မိသားစုချင်းလည်း ရင်းနှီးကြမည်ဖြစ်ပါသည်။ ဦးလှိုင်မင်း ၏ မိသားစုသည် နဂိုကမှ မပြေလည် သူများဖြစ်၍ ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာထံ၌ ငွေတိုးချေးမည်ဖြစ်ပါသည်။ ၎င်းတို့ ပိုင်ဆိုင်သော မြေဂရန်ကိုလည်း ဒေါ်နီ က ယူထားမည်ဖြစ်ပါသည်။ သို့ပါသော်လည်း ဦးလီဟွာချင်း ကွယ်လွန်ပြီး မကြာခင်မှာပင် 2008 ခုနှစ်လောက်တွင် ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ၏ နေအိမ် မီးလောင်ပျက်စီးခဲ့ပါသည်။ ပြဿနာများက ထိုမှစ၍ အခြေခံလာသည်ဟု ယူဆပါသည်။ ဦးလှိုင်မင်း(ခ)စီပိုး တို့၏ မြေဂရန်အား မီးလောင်ပျက်စီးသွား သည်ဟု ဆိုကာ ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ က ပြန်မပေးတော့ပါ။ ၎င်းအပြင် ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ က ဦးလှိုင်မင်း တို့၏ နေအိမ်အား ၎င်းပိုင်ဆိုင်ကြောင်း ဦးလှိုင်မင်းတို့အား နေအိမ်မှ ဆင်းပေးစေလိုကြောင်း အဆင့်ဆင့်တိုင်တန်း၍ အရေးဆိုခဲ့ပါသည်။ (မီးလောင်၍ ဂရန်ပျောက်ဆုံးသွား သည်ဆိုရာ၌ ဖြစ်နိုင်ချေရှိသော်လည်း မဖြစ်နိုင်ဟု ၎င်း ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ကတော့ ပြောပိုင်ခွင့်ရှိပါသည်။ သို့ပါသော်လည်း မီးလောင်မှုဖြစ်လျှင် အရေးကြီးသော စာရွက်စာတမ်းများနှင့် ရတနာပစ္စည်းများမှာ အလွယ်တကူသယ်ဆောင်၍ ရအောင် ထားတတ်သည့် သဘာဝရှိပါသည်)။ ဦးလှိုင်မင်း(ခ)စီပိုး နှင့် ၎င်း၏ဇနီးတို့သည် မပြေလည်သူများဖြစ်သည့်အလျောက် ဒေါ်စန်းစန်းလွင် ထံ၌လည်း မြေဝယ်စဉ်က စာချုပ်စာတမ်းများကို သက်သေခံထား၍ ငွေချေးခဲ့ဖူးသည်ဟု သိရပါသည်။ သို့ဖြစ်ပါ၍ ဦးလှိုင်မင်း တို့မှာ ဒေါ်စန်းစန်းလွင် က ၎င်းတို့၏ အိမ်မြေကို ပိုင်ဆိုင်ကြောင်း သက်ဆိုင်ရာတရားရုံးများ၌ အဆင့်ဆင့် အမှုဖွင့် တိုင်ကြားခံရပါသည်။ ဦးလှိုင်မင်း(ခ)စီပိုး မိသားစု တို့သည် တဖက်က ဒေါ်နီ(ခ)ဒေါ်ဆင်ဟွာ တဖက်က ဒေါ်စန်းစန်းလွင် နှစ်ဦးစလုံးမှာ ဓနဥစ္စာအရ ကြွယ်ဝသူများ ပြေလည်သူများကြား၌ နှစ်ဖက်ညှပ်၍ ညှစ်သတ်သလို အသက်ရှုကြပ်၍ မလူးသာ မလွန့်သာ ခံစားကြရမည်ဖြစ်သည်။ ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ သည် တရုတ်လူမျိုးဖြစ်၍ FRC ဟု သိရပါသည်။ သက်ဆိုင်ရာတရားရုံးများသို့ အမှုဖွင့်တိုင်ကြားရာတွင် ၎င်း၏ ညီမဖြစ်သူ နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူ ဒေါ်မေလွမ်(ခ)ဒေါ်စီ အမည်ဖြင့် အမှုဖွင့် တိုင်ကြားထားပါသည်။ ဦးလှိုင်မင်း(ခ)စီပိုး ဒေါ်စန်းစန်းလွင် နှင့် ဒေါ်နီ(ခ)ဒေါ်ဆင်ဟွာ တို့၏ ပြိုင်ဆိုင်မှုသည် တဖြည်းဖြည်း တစ်စတစ်စ ပြင်းထန်လာခဲ့ပါသည်။ နောက်ပိုင်းတွင် ဒေါ်စန်းစန်းလွင်မှာ ဆက်လက်ပြိုင် ဆိုင်ခြင်းမရှိတော့ပဲ ကစားကွင်းထဲမှ နှုတ်ထွက်သွားပါသည်။ ဦးလှိုင်မင်း(ခ) စီပိုးကလည်း ရှေ့နေများငှားရမ်း၍ ၎င်းပိုင်ဆိုင်ကြောင်း ချွေးနည်းစာများဖြင့် ဝယ်ယူခဲ့ကြောင်း ချေပသလို ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ကလည်း ၎င်းပိုင်ဆိုင်ကြောင်း ရှေ့နေများငှားရမ်း၍ ရင်ဆိုင်ခဲ့ကြပါသည်။ ဦးလှိုင်မင်း(ခ)စီပိုးက ဗိုလ်မှူးတင်ထွန်းဝင်း အမည်ပေါက်ဂရန် နှင့် မြေအား ဦးမြင့်သောင် မှ တဆင့် ဦးရိုယွိစ် မှ ၎င်းတို့ 2005 ခုနှစ်ကပင် သက်သေခံ အထောက်အထားများဖြင့် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ကြောင်း ဝယ်ယူစဉ်က ဦးရိုယွိစ် မှာ ဘိလိယက်ခုံလုပ်ငန်းများ လုပ်ကိုင်၍ ဦးမင်းမင်းထက် တို့၏ မိသားစုအား ပိုနေသောနေအိမ်အခန်းကို ငှားရမ်းထားကာ ဦးလှိုင်မင်း တို့ဘက်မှ တစ်သိန်းငါးသောင်းကျပ် နှင့် ဦးရိုယွိစ် ဘက်မှ တစ်သိန်းငါးသောင်း ကျပ်တို့အား ဦးမင်းမင်းထက် တို့၏ မိသားစု အားပေးမှ ဦးမင်းမင်းထက်တို့ နေအိမ်မှ ဆင်းသွားကြောင်း၊ 2008 ခုနှစ်၌ ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ၏ အိမ်မီးလောင်စဉ် ၎င်းတို့၏ မြေဂရန်ပါသွားသည် ဆို၍ သက်ဆိုင်ရာ မြစ်ကြီးနားမြို့ ၏ မြေစာရင်းဋ္ဌာနများတွင် အကြောင်းကြား၍ တစ်စုံတစ်ဦးက မြေဂရန်ဖောက်လာခဲ့ပါက ပြုလုပ်ပေးခြင်း မရှိအောင် ကန့်ကွက်ထားကြောင်း ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ၏ ငွေတိုးချေးလုပ်ငန်း လုပ်ကိုင်ကြောင်း သက်သေခံ၎င်း၏ မူရင်း လက်ရေးဖြင့် ရေးသားထားသော စာရင်းများ စာချုပ်စာတမ်းများ ဖြင့် ဒေါ်ဆောင်ဟွာ မှာ အပေါင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ထံမှ လည်း မိမိတို့အနေဖြင့် အတိုးဖြင့် ငွေ သိန်း(၂၀)ကျပ် ချေးငှားထားပါကြောင်း မိမိတို့၏ အိမ်ဂရမ်ကို (13-4-2006)ရက်နေ့၌ ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ မှ မိမိတို့လက်ထဲမှ သိမ်းယူသွားကြောင်း အိမ်ခွန် မြေခွန် မီးခွန်များကိုလည်း အိမ်ဝယ်ယူသည့် အချိန်မှစ၍ ထမ်းဆောင်ထားကြောင်း အိမ်သာရေချိုးကန်များ နေအိမ်ပြင်စရာရှိသည်များကို မိမိတို့အိမ်ဖြစ်သည့်အလျောက် လိပ်ပြာသန့်သန့်ဖြင့်ပင် ပြုလုပ်ထားကြောင်း၊ ၎င်းတို့ပိုင်ဆိုင်ကြောင်းကို ရပ်ကွက်နေပြည်သူများနှင့် အုပ်ချုပ်ရေးမှူးတို့မှ အစ သိရှိကြောင်း၊ ပုံစံ(၁၀)ပင် ပြုလုပ်ထားကြောင်း စာရွက်စာတမ်း အထောက်အထား အခိုင်အမာဖြင့် ရှေ့နေမှတဆင့် တင်ပြထားပါသည်။ ထို့ပြင် ရှေ့နေမှ တဆင့် မြစ်ကြီးနားခရိုင်တရားရုံးသို့ “အခွင့်အမိန့်အရ အခမဲ့နေသူအား နှင်ထုတ်လိုမှု” နှင့်ပါတ်သက်၍ ချေပလွှာ၌ တရားလို ဒေါ်မေလွမ်(ခ)ဒေါ်စီ ကိုယ်တိုင် ရုံးတော်ရှေ့လာရောက်ခြင်းမပြုပဲ အထွေထွေလွှဲအပ်စာအရ မဟုတ်သူ ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ဆိုသူ မှ တရားလိုကိုယ်စား ရုံးတော်ရှေ့ လိုက်ပါဆောင်ရွက်နေသဖြင့် မူလကတည်းက အမှုမှာ ပျက်ပြယ်လျက်ရှိပါ သည်ဟု 2010 ပြည့်နှစ် စက်တင်ဘာလ(၂၀)ရက်နေ့စွဲဖြင့် ချေပခဲ့ပါသည်။ ကာယကာရှင် ဦးလှိုင်မင်း ၏ ဇနီးအား 2008 ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ၏ နေအိမ်မီးလောင်ပြီး 2009 ခုနှစ် နောက်တွင် ခရိုင်မြေစာရင်းအရာရှိ (အမည်မသိ)၎င်းနေထိုင်ရာအိမ်သို့ လာရောက်၍ ဓာတ်ပုံရိုက်ကြောင်း နောက်နေ့(၁၅)နာရီတွင် ရုံးသို့လာရောက် စေလိုကြောင်း ပြောဆိုသွားရာ ဒေါ်မိုး(ခ)ဒေါ်ခင်သန်းနု မှာ ပညာမတတ်သူ လက်လုပ်လက်စားဖြစ်၍ (၁၅)နာရီ ချိန်းသည် ဆိုသည်မှာ ဘယ်အချိန်ကို ပြောမှန်းမသိ၍ ၎င်းနှင့်ပါလာသူရပ်ကွက်လူကြီး ဦးအိုက်မောင် (ဦးဆာကီး) ဥက္ကဋ္ဌ တို့အား မေးမြန်းမ နေ့လည်(၃)နာရီကို သိကြောင်း နောက်နေ့မြေစာရင်းသို့သွားရာ ခရိုင်ဦးစီးအရာရှိက မေးမြန်းသည်များကို ဟုတ်မှန်သည့်အတိုင်း ဖြေကြားခဲ့ကြောင်း ခရိုင်မြေစာရင်းအရာရှိက ဘာဘဲဖြစ်ဖြစ် ဗိုလ်မှူးတင်ထွန်းဝင်း ၏ ကိုယ်စားလှယ်လွှဲစာရသူသာ အနိုင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ (တရားရုံး၌ တင်ပြခြင်းမရှိ) ရုံး၌ အမှုဖွင့်ထားသောအမည်အရ ဒေါ်မေလွမ်(ခ)ဒေါ်စီ (မြစ်ကြီးနားခရိုင်တရားရုံး) 2010 ခုနှစ် မကြီးမှုအမှတ်(၃၇) ၂၀၁ဝ ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ ထွက်ချက်၌ ဦးလှိုင်မင်း (ခ) စီပိုး မှာ ၎င်း၏ ခင်ပွန်းအဖွဲ့တွင် ပန်းရံခေါင်းဆောင်ဖြစ်ကြောင်း အချင်းဖြစ်မြေမှာ ဗိုလ်မှူး တင်ထွန်းဝင်း ၏ မြေအား ဦးမြင့်သောင်၊ ဦးမြင့်သောင် မှ ဦးရိုယွိစ်၊ ဦးရိုယွိစ် မှ တဆင့် ၎င်း ဝယ်ယူခဲ့ကြောင်း သက်ဆိုင်ရာစာရွက်စာတမ်းများမှာ ၂၀၀၈ ခုနှစ်၌ အိမ်မီးလောင်၍ ပါသွားကြောင်း ကိုယ်စားလှယ်လွှဲစာကို ဗိုလ်မှူးတင်ထွန်းဝင်း ထံမှ ယူ၍ သက်ဆိုင်ရာမြေစာရင်းရုံးတွင် ကျမ်းကျိန်လွှာတစ်ရပ်အပေါ် မူတည်၍ တရားပြိုင်များအား အကြောင်းကြားခြင်းမရှိပဲ မြေဂရမ်လျောက်ထားရယူခဲ့ပါကြောင်း ငွေတိုးချေးစားသည်ဆိုသည်မှာ မဟုတ်ကြောင်း ငွေကျပ်သိန်း(၂၀)ကို ကျမ သက်သက်ချေးပေးလိုက်ကြောင်း ၂၀၀၅ ခုနှစ်ကပင်စ၍ ဦးလှိုင်မင်း တို့ မိသားစု နေထိုင်သည်ကို ကျမကိုယ်တိုင် ကောင်းစွာ မသိရှိကြောင်း စသည်ဖြင့် ထွက်ဆိုထားပါသည်။ ဦးလှိုင်မင်း(ခ)စီပိုး ၏ ရှေ့နေ ဦးနိုင်မြင့်ဦး မှ ၂၀၁ဝ ခုနှစ်၊ ဩဂုတ်လ(၂၃)ရက်နေ့စွဲဖြင့် မြစ်ကြီးနားခရိုင်တရားရုံးသို့ မိတ္တူနှင့်တကွ “ဒေါ်စန်းစန်းလွင် (၁/မကန(နိုင်)012730) အိမ်အမှတ် NR-213 ) စီတာပူရပ်ကွက်၊ မြစ်ကြီးနားမြို့” ဟု ဆိုကာ ဦးလှိုင်မင်း(ခ)စီပိုး တို့အား ဒေါ်မေလွမ်(ခ)ဒေါ်စီ မှ အခွင့်အမိန့်အရ အခမဲ့နေထိုင်ခွင့်ပြုသူများကို နှင်လိုမှုစွဲဆိုရာ ဒေါ်စန်းစန်းလွင် မှ ဦးနိုင်မင်းတို့ထံမှ အာမခံအပေါင်ပစ္စည်းအဖြစ် လက်ခံသိမ်းဆည်းထားသော စာချုပ်စာတမ်းမူရင်း(၃)စောင်ကို ရုံးတော်ရှေ့ ထုတ်ဖော်တင်ပြရန် အကြောင်းကြားခြင်း” ဟု ဆိုကာ တင်ပြခဲ့သော်လည်း ဒေါ်စန်းစန်းလွင် ရုံးတော်သို့ လာရောက်ခြင်းမရှိခြင်း၊ စသည်ဖြင့် အမှုဖြစ်စဉ်များနှင့်ပါတ်သက်၍ သိရပါသည်။ အမှုမှာ ဒေါ်မေလွမ်(ခ)ဒေါ်စီ တစ်ဦးတည်းသာ သက်ဆိုင်ရာ အဆင့်ဆင့်သောတရားရုံးများ၌ အနိုင်ရ၍ ဦးလှိုင်မင်း(ခ)စီပိုး နှင့် ၎င်း၏ ဇနီး ဒေါ်မိုး(ခ)ခင်သန်းနု တို့သည် အိမ်ရှင်ဘဝ မှ အိမ်ငှားဘဝ၊ အိမ်မဲ့ယာမဲ့ဘဝသို့ ရောက်ရှိသွားရမလို ဖြစ်နေပါသည်။ ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ အကြောင်း ဦးလှိုင်မင်း(ခ)စီပိုး နှင့် ၎င်း၏ဇနီးသည် နှင့် မိသားစုတို့အကြောင်း သိသူ ဒေသခံပြည်သူတို့က ဦးလှိုင်မင်း (ခ)စီပိုး တို့၏ မိသားစုဘက်က စိတ်မကောင်းဖြစ်ကြသလို တရားရုံးများ၏ အဆုံးအဖြတ်များသည် အရင်လိုပဲ ပြောင်းလဲမှု မရှိသေးကြောင်း ယခုလိုအဖြစ်အပျက်များသည် တိုင်းပြည်၏ ရှေ့သို့သွားနေသောကာလတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသည်မှာ မှန်လျက် လက်ရှိအခြေအနေအရ အမှန်တရားက ရှေ့မရောက်ကြောင်း အင်းအားသည် အမှန်တရားလိုဖြစ်နေကြောင်း တရားရုံးများ၌ ယုတ္တိရှိအောင် ဖန်တီးနိုင်သလို ဖန်တီးထားသော အရာများထက် မြေပြင်စစ်ဆေးမှုကို အတိအကျယူ၍ သက်ဆိုင်ရာဌာနများမှ စစ်ဆေးအကူအညီပေးလျှင် အကျိုးများနိုင်ကြောင်း မျှမျှတတဖြစ်သွားစေလို ကြောင်း သက်ဆိုင်ရာ လ.၀.က၊ မြေစာရင်းဋ္ဌာနများကလည်း လိုအပ်သလို အကူအညီပေးလျှင် ကောင်းကြောင်း မိခင်အိုကြီးနှင့် ကလေးများကို ဦးဆောင်၍ လုပ်ကိုင်ကျွေးမွေးနေရသော ဦးနိုင်မင်း(ခ)စီပိုး နှင့် ၎င်း၏ ဇနီးသည် တို့အား စာနာမိကြောင်း ၎င်းတို့၏ ရှေ့ရေးမှာ ရင်လေးစရာဖြစ်ကြောင်း မြစ်ကြီးနားဒေသခံပြည်သူများနည်းတူ ခံစားရပါသည်။ တကယ်တော့ တရားဥပဒေစိုးမိုးရေးအတွက် တရားရုံးများသည် အစိုးရနှင့်ပြည်သူတို့အကြား ယုံကြည်မှုတည်ဆောက်ရာတွင် လည်းကောင်း၊ နိုင်ငံရေးအရ တရားဝင် တည်ရှိမှုအတွက် လည်းကောင်း အရေးပါလှသဖြင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

2 comments

  • အလင်း ဆက်

    June 28, 2013 at 9:03 pm

    ဖတ်သွားပါသည် ။
    ဝေမျှ တင်ပြ လာခြင်းကို
    ကျေးဇူးတင်ပါသည် ။

    ဘီယာတန်ခိုးတော်ကြောင့် မူးနေသောခေါင်း…
    စားလုံးပူးပူုးလေးတွေကြောင့်..
    ပိုမူးသွားပါသည် ။
    အဟိ။
    😆

  • ဆောင်းပါးလေး ဖတ်သွားတယ်ဗျာ …
    ဒီဆောင်းပါး ဘယ်ထဲက ဘာညာကွိကွ လေးလည်း
    အောက်ဆုံးမှာ ထည့်ပေးရင် ပိုကောင်းမလားလို့ဗျ …
    အကြံပြုတာပါနော့ …

Leave a Reply