နို့ထိန်းသည် သားအမိ
အို…. မိခင်
နို့ဆာလောင်လို့ ငိုကြွေးနေတဲ့ကလေး
ရေကျက်အေးလေးတိုက်ကျွေး
ခြူသံလေး လှုပ်လို့
အာရုံကို လွှဲပြောင်းပေးထားတယ်…..။
ပုခက်ထဲက ကလေးငယ်ခမြာမှာတော့
ရေအေးလေးသောက်ပြီး
ခြူသံလေးရဲ့နောက်မှာ
နို့ချိုချိုတွေ ကျလာမလားလို့
အသံလာရာနောက်ကို ငေးမော
မျှှော်လင့်ချက် အရောင်တစ်စ
သူ့မျက်ဝန်းလေးမှာ တွဲခိုနေတယ်……။
မိခင် ကတော့
သူ့သားငယ်ကို နို့တစ်နပ်
အငတ်ထားလိုက်ပြီး
တိုက်ကျွေးရမဲ့နို့ချိုချိုတွေကို
လိုနေတဲ့ တစ်နေ့တာအိမ်စရိတ်အတွက်
မိခင်နို့ မထွက်တဲ့
တစ်ခြားကလေးငယ်တစ်ယောက်ကို
ဒီတစ်နေ့စာ နို့ပေးတိုက်လိုက်ရတယ်…….။
နေဝန်းနီ
14 comments
Ma Ma
June 30, 2013 at 7:14 pm
အဲ- ဒီကဗျာဖတ်ပြီး ငိုချင်စိတ်တောင် ပေါက်လာတယ်။ :'(
ပြောမယ့်သာ ပြောရတယ် ကဗျာထဲက ကလေးက ကိုယ်တိုင်တွေရဲ့ ဘဝကို ထင်ဟပ်ပြထားသလားတောင် မသိဘူး။ 🙁
မင်းမင်း
June 30, 2013 at 7:47 pm
ဘာပြောရ မှန်းတောင်မသိတော့ဘူး။
မိဘတယောက်မို့ ကလေးတွေရဲ့ ဘဝကို နားလည်တယ်။
ပြီးခဲ့တဲ့အပါတ်က မိဘမဲ့ ကလေးတွေကိုအလူ ပေးတုန်းက
ကလေးတွေကိုကြည့်ပြီး ဒီထဲမှာ ငါ့ကလေး ပါပြီး
ငါက ငါမဟုတ်တဲ့တယောက်ဆိုရင်ဆိုပြီး အတွေးဝင်မိလို့
မျက်ရည်စို့မိတယ်။ (Good post ပါပဲဗျာ)
naywoon ni
June 30, 2013 at 8:19 pm
မမရေ…. ခင်ဗျားတို့ကိုစောင်းရေးနေတာဗျ …………။
မင်းမင်း ရေ….(ကိုယ့်ထက်ငယ်မယ်ထင်လို့ ကို မတပ်တော့ဘူး ) ကလေး ဆိုတာက ဘာမှမသိတတ်တဲ့ သူတွေပါ …..။ ဒီထက်နဲနဲ ပိုတွေးလိုက်ရင်ဖြင့်……………။ ကျေးဇူးပဲနော်
padonmar
June 30, 2013 at 10:19 pm
ပဂိုးဒါး
အဘနီ
ဘယ်နေရာကနေထားပြီး စောင်းရေးနေတာလဲ။
အလင်း ဆက်
June 30, 2013 at 9:58 pm
အင်းးးး
ရသ မြောက် တယ်ဆိုတာ ဒါကိုပြောတာ..သေချာပါတယ် ။
ဒီ ရသတွေ ထဲက…
ဘယ် အချက်တွေ…ရလိုက်သလဲ….
ကဗျာ စာသားတစ်လုံးချင်းစီကို… ပြန် စစ်ကြည့်မယ် ။
🙂
အဘနီရေ…
ကဗျာလေးကို ဖတ်ရှု ခံစားသွားပါကြောင်းးး
လေးစားစွာဖြင့်
အလင်းဆက်
KZ
July 1, 2013 at 8:56 am
ပိုလျှံ (တယ်လို့ ပြောထားတဲ့) လျှပ်စစ်တွေကို
နိုင်ငံတွင်း လုံလောက်အောင် မပေးပဲ
နိုင်ငံခြားငွေရဖို့ ထုတ်ရောင်းရတာရော ဒါမျိုးတင်စားလို့ ရသလားဟမ်?? 🙁
ဒါမှ မဟုတ် စေတနာကို မရှိလို့လားဟမ် ?? 🙁
kyeemite
July 1, 2013 at 11:55 am
ဆြာနီ့ကဗျာဖတ်မိတော့…ဒါလေးသွားတွေ့တယ်…
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ဇူလိုင် ၁ ရက် (ယနေ့) တွင် စတင်ပို့လွှတ်မည်:(
မောင် ပေ
July 1, 2013 at 12:50 pm
ကျုပ်ကတော့ မို ့ပါဆွန်း ရဲ ့နို ့ရောင်းတဲ့ မိန်းမ နဲ ့ဆင်းရဲ သား တို ့ရထားပေါ်မှာ တွေ ့ဆုံပုံအကြောင်း ရေးထားတဲ့ ဝတ္ထုတို ကို သတိရမိတယ်
ယောက်ျားနေရာမှာ ဘိုနီ ပေါ့
မင်းမင်း
July 1, 2013 at 3:55 pm
အဲဒီထိတွေးရင်
အဲဒီထနဆက်တွေးရရင်
ရင်ဘက်ထဲအောင့်အောင့်လာလို့
ဆက်မတွေးပါရစေနဲ့ဗျိုး
မခံစားနိုင်လို့ပါ။
kai
July 1, 2013 at 4:36 pm
အဲဒီလို အဓိပ္ပါယ်နဲ့… ဝတ္ထုတိုကလေးတပုဒ်…
ဖတ်ခဲ့ဖူးတယ်..။
ဦး ကြိမ်
July 1, 2013 at 8:12 pm
ဒီမိခင် နဲ့ဒီသား…….လို အဖြစ်မျိုး
ဒီကမာ္ဘ ဘယ်နေရာမှာ မှ မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ်……။
မဟာရာဇာ အံစာတုံး
July 3, 2013 at 3:00 pm
မတွေ့တာ ကျာဘာဘီဂေါ ဘဘနီ ..
လွမ်းလို့ လာကျိဒါ ..
ဒဒိရဂျောင်း လာပေါဒါ ..
ကဗျာလေး ဖတ်ပီး တမျိုးတမည်ဒေါ့ ဖစ်တွားမိဒယ် …
Khaing Khaing
July 4, 2013 at 10:43 am
ကိုကြီးနီရေ … မတွေ့တာ ကြာပီနော် …. တွေ့ရတာ ဝမ်းသာပါတယ်လို့ အရင်နှုတ်ဆက်ပါရစေ ….. ကိုကြီးနီရဲ့ ကဗျာလေးက အရမ်းအနှစ်ရှိတယ်နော် …. မိခင်တစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ ကလေးငယ်ရဲ့ မျှော်လင့်ချက် ….. သမီးက မိခင်အနေနဲ့ပြောမယ်ကိုကြီးနီရာ …. အိမ်စရိတ်လိုပြီး နို့မထွက်တဲ့ မိခင်ရဲ့ ကလေးကို တိုက်လိုက်တာဟုတ်ပါပီ … ဒါဆို ကိုယ့်သားသမီးကကော သူများကြောင့် ရေပဲသောက်လိုက်ရတဲ့အဖြစ်ဖြစ်သွားပီလေ ….. သူများကိုပေးတာ ကုသိုလ်တော့ရပါတယ် … ဒါပေမယ့် ကိုယ့်ရင်သွေးလေးလည်း ထိခိုက်သွားတာပဲလေ ….. သူ့ရဲ့မိခင်ဆီက ရရှိမယ့် နို့ချိုရည်တွေကို မသောက်ရပဲ နို့ငတ်ရတဲ့ ကလေးငယ်က ရင်ထဲဘယ်လောက်တောင် ဆာလောင်မွတ်သိပ်သွားမလဲ …. မိခင်ကလည်း မိမိနို့ချိုရည်ကို မိမိကလေးကို လုံလုံလောက်လောက်တိုက်ပြီးမှ ပိုလျှံတာကို သူများကလေးကို တိုက်သင့်တယ်လို့ ထင်တယ် ကိုကြီးနီရေ … နို့ဆိုတာ စို့လေထွက်လေပါပဲ … မခန်းသွားပါဘူး ……….
naywoon ni
July 5, 2013 at 8:20 pm
တို့တိုင်းပြည် အဲဒိလိုဖြစ်နေတာကြာပြီပဲ ခိုင်ခိုင်ရယ်………။ စီစစ်ရေးခေတ်မှာ ကဗျာတွေ အရွေးမခံခဲ့ရပေမဲ့ ဒီလိုအကြောင်းအရာလေးတွေရေးချင် ဒီလိုရေးရတယ်လို့ ဆရာတွေက သေချာသင်ထားလို့ အကျင့်ပါနေပြီး ဒီလိုလေးရေးလိုက်တာ
တစ်ဆက်တည်း သူကြီးရေ စကားအတင်းစပ်လိုက်ဦးမယ်….။ သူကြီးပြောတဲ့ ဝတ္ထု ဆိုတာ မဖတ်ဖူးတာအမှန်ပါဗျာ….။ ကျနော်ရေးလိုက်တာက ကွယ်ကွယ်ဝှက်ဝှက်လေးရေးလိုက်တာ ခုတော့ မသူတော် သဘောနဲ့ ဘာကိုရေးတာပါလို့ ဖော်လိုက်မိပြီ….။ တစ်ကယ်တော့ ကိုယ့်ဖာသာကိုဝှက်ထားပြီး ကဗျာဖတ်တဲ့သူကို စိတ်ကြိုက်ခံစားခွင့်ပေးထားရမှာ ………..။