Jamboree of Jackal and Jackass
ဘာဖြစ်နေမှန်း မသိဘူး …. ခုတလော စိတ်ထဲ မတင်မကျနဲ့ ဘဝင်လဲ မကျခြင်ဘူး။
ကိုယ်တွေကသာ စိတ်အနှောင့်အယှက် ဖြစ်နေတာ သူတို့တွေက ပျော်ပျော်ရွှင်ပါ။
မင်း မနာလိုဖြစ်နေတာလား … ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ် … စိုးစဉ်းမျှ ထိုစိတ်မရှိ …. ဒါဆိုရင် ဘာဖြစ်နေတာလဲပေါ့ … ??? … ကျနော် မဖြေတတ်ပါ။
ခင်ဗျားတို့ ပြောနေ လုပ်နေတာတွေကို ပုံပြင်တပုဒ် ဖတ်ပြခံနေရသူလို မျက်ဝန်းတွေ အကြောင်သားနဲ့ အံ့ဩဖွယ် မျက်နှာပေးထားဖို့ ကျနော် ၅နှစ်သားလေး မဟုတ်တော့ပါ…။
ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားတာတော့ အမှန်။ နောက်ပီး ရေဆန်သလို ကိုယ်က ပြန်ပီး နားလည်ပေးထားတယ်။ ကြည့်ကျက်လုပ်ကျပါဗျာ ….
လေးစားပါတယ်
လေးစားပါတယ်
လေးစားပါတယ် ….. ။
ဒါပေမဲ့ ခင်ဗျားပြောသလို “ခုချိန် ငါ့ရှေ့မှာ မင်းရှိနေလို့ကတော့ အရေခွံ ဆုတ်ပြစ်မယ်” ဆိုတဲ့ စကား ကျုပ်နားမှာ တော်တော်ခါးတယ် ….။
ရာဇဝင်တွေ ပြန်လှန်ကြေးဆို ဆိုရိုးကိုတောင် ချိုးခဲ့တဲ့ ကျုပ်လိုကောင် ….. အဲ့လူတောင် သေရှာပါဘီ …. ဘာတဲ့ ????
” နံရံကို ကြက်ဥနဲ့ ပေါက်ရင် ကြက်ဥဘဲ ကွဲတယ်တဲ့ ” အဟေ့ …. ” ကြက်ဥကွဲတာ ဟုတ်ပါဘီ ခင်ဗျား နံရံကြီးကရော ပကတိ အတိုင်းဘဲလားလို့ ” ပြန်မေးယုံတင် မဟုတ် လက်တွေ့လည်း ပြခဲ့ပါတယ် … ။
ဆိုတော့ ကိုယ့်ဆြာရယ် … ချဉ်ပေါင်ဟင်းနဲ့ ဝက်သားဟင်း လဲကြေး ကြေငြာရရင် ….
ခင်ဗျား ကလည်း ဝက်သိုး ဟင်းသိုး ပြုတ်မနူး ….. ၊
ကျုပ်ကလည်း ကလေကဝ ချဉ်ပေါင်ရိုင်း ချဉ်တာထက် ခါးတာပိုတယ်….။
ဒီတော့ လဲကြစေသတည်းပေါ့ ….
ဇာတ်လမ်းကို အဆုံးသတ်ရရင်
ခင်ဗျားက လူပြိန်း …..
ကျုပ်ကလဲ ခွေးအ ….
ပျော်ပွဲရွှင်ပွဲကြီး စပြီပေါ့ဗျာ ….
🙁
တယောက် ၁၃တောင့်ပါဘဲ
ကွိ … ကွိ
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
ဘာရယ် မဟုတ်ပါဘူးဗျာ … ဂနေ့ လုပ်လက်စ လုပ်ငန်း အဆုံးတောင် သတ်လို့ ၁၈ရက်နေ့ လုပ်ငန်းတောင် အပ်တော့မယ်
ကိုယ့်ဆြာ ကြီးကြီးမာစတာက ဘယ်သူ မြှောက်ပေးတယ် မသိ အဖေနဲ့ သားအရွယ်ကို အွန်လိုင်းမှာ လူငှားပီး ( သူစာမရိုက်တတ်လို့ သောက်ပြင်းကြီးတာ မဖြစ်နိူင် ) ရှယ် ဖြဲတယ်
ကိစ္စက ရလိုမှုတဲ့ … ပထမတော့ သည်းခံ ရှင်းပြနေသေးတယ် … ကျနော် လခစားပါ …. ကြားက ချိတ်ပေးတဲ့ အေးဂျင့်နဲ့ဘဲ ပြောပါ ဆိုတာကို …..
ဟိုအေးဂျင့်(ဝါ ) အလုပ်ပွဲစားက မာန်နတ်လောက် ရှိတော့ အနှီ ဒေဝဒတ် မဆီမဆိုင် ကျနော့်ကို လာရမ်းတယ် ….
ဒါမှ အားမရ မင့်ငါ့ကို ဖုန်းဆက်စမ်းကွာတဲ့ ကမာ္ဘ့ ခေါ်ဆိုခ အကြီးဆုံး ဖုန်းကို ခေါ်ခိုင်းတယ် …. ပီးတော့ တလုံးတပါဒမှ နားမထောင် လွှတ်ဆဲပါလေရော …
ကိုယ်တွေက ခိုင်းလို့လဲ လာလုပ်ရသေးတယ် … သူရို့စိတ်အထင် ဒီအလုပ်ကဘဲ ဒေါ်လာ သန်းချီရနေတဲ့ အပေါက် ….
စိတ်ပေါက်ပေါက်နဲ့ ဆဲပလိုက်တယ် … 🙂
အဲ့ ပုဂ္ဂိုလ်ကြီးတော့ မသိ ကျနော်တော့ ခုထိ အိပ်မရဘူး … ဒေါသတွေ အလိ်ပ်လိုက် ထွက်လို့ … ဒီမှာ လာရင် ဖွင့်တာ …
အားလုံး စိတ်အနှောင့်အယှက် ဖြစ်ရင် တောင်းပန်တယ်ဗျာ ….
တော်သေးဘီ …
15 comments
အလင်း ဆက်
July 11, 2013 at 7:58 am
ကျွန်တော်က ဝက်သိုးမဟုတ်ပါဘူး
လူသိုးပါ
ထမင်းသိုး ဟင်းသိုးနဲ့ တစ်သဘောထဲရယ်ပါ ။
😆
ရဲစည်
July 11, 2013 at 12:42 pm
ဟုတ်ကဲ့ …
မှတ်လိုက်ပါဘီဗျာ ..
ဆြာ၄ ဒညင်းသိုး အဲလေ ယောင်လို့ အလင်းသိုး
😀
အလင်း ဆက်
July 11, 2013 at 1:36 pm
😆
အလင်းသိုးးးးဒဲ့
ဗြဲ ဟဲ ဟဲ
KZ
July 11, 2013 at 8:05 am
ခင်ညားတော့မသိ။
ကျုပ် တော့ ဒေါသထွက်ရင် နှလုံး (နေရာ) ကို ရေခဲကပ်ရတဲ့ထိပဲ။ 🙁
ဒေါသဆိပ်တက်တာ။
ကျန်းမာရေးတွက်မကောင်းလွန်းလို့ ကြိုးစားလျှော့ထားတယ်။
ရင်ဖွင့်နည်းပဲ သုံးပါအေ။ ဒါက ကောင်းပါတယ်။
အသည်းနှလုံးနေရာပြောတာနော်။ ရေခဲမှားကပ်မစိုးလို့။
ရဲစည်
July 11, 2013 at 12:36 pm
ဘယ်နှလုံးမှတော့ ရေခဲကပ်ရဘူးဗျ အဟီး …
JD တလုံးတော့ သုံးပိုင့် ပြောင်သွားတယ် …
ပြန်စဉ်းစားလိုက်
မော့လိုက်နဲ့ … မိုးကိုလင်းရော
ဦးကျောက်ခဲ
July 11, 2013 at 8:56 am
ဆိတ်လျှော့ကိုရင်…
ကျောက်စ်လည်း ဟိုတလောက အသက် ၆ဝနီးနီး အဖိုးကြီးနဲ့ စကားများရသေးတယ်…
အတော်တင်းလာလို့ မောင်းထုတ်မိတဲ့အထိပဲ၊ ပြန်စဉ်းစားမိရင် စိတ်တော့မကောင်းပါဘူး…
အဲသည်တော့ စိတ်ပေါက်လာရင် ရင်ဖွင့်လိုက်၊ ပေါ့ သွားတာပေါ့…
ရဲစည်
July 11, 2013 at 12:32 pm
လျော့ထားပါတယ် အူးလေးရယ် ….
ဒင်းတို့ ဒီသောက်ကျင့်တွေ မဖျောက်သေးသ၍ တိုးတက်မယ် မထင် ..
🙁
ဘက်ဂျက် ၁၀၀၀ဝ တန်လောက်ကို ၁သိန်းလောက်တင် … ပီးရင် အဆင့်ဆင့် ရိတ်ကျ လှီးကျ
နောက်ဆုံး ကိုယ်တွေက ကိုယ်တင်ထားတဲ့ အက်စတီမိတ် မှီရင် ရသမို့ ဘာမှ မပြောလိုပါဘူး
အဲ့တာတောင် အားမရ ကိုယ့်ဆြာများ ဟိုဟာဝယ်ပေးအုံး ဒီဟာပို့ပေးအုံးနဲ့ …. ။
အဲ့တာကြောင့်မို့ မြန်မာပြည်က အဆောက်အအုံတွေ အုတ်ကန်နီးနီး အဆင့်ဘဲ ရှိတာ
ကတောက်စ်
kyeemite
July 11, 2013 at 9:03 am
ခွေးအ ရဲ့ပေါက်ကွဲသံ
ဘဝဂ်သို့ တိုင်ညံ
လူပြိန်းက မခံ
အသားကုန်ပြန်ကာဆဲ
အကွဲနဲ့အဆဲပြိုင်
ခွေးအ မနိုင်
ယိုင်တိုင်တိုင်ခွေကာလဲတယ်
အိပ်မရပြီပဲ။
ရဲစည်
July 11, 2013 at 12:40 pm
ဟိုက်ရှ် ..
တယ်မိုက်တဲ့ ကဗျာပါလား ဦးမိုက်
ဇဂါးမစပ် တံဆိပ် အသစ်တမျိုး တွေ့ထားတယ်ဗျို့
ငြိ … ညိ 😛
မဟာရာဇာ အံစာတုံး
July 11, 2013 at 11:31 am
လူဒွေ .. လူဒွေ ..
ဒေါသ ထွက်လာရင် …
ဘာလို့ ဆဲရဒါလဲ ???
ထွက်လာဒဲ့ ဒေါကကို ပြန်သွင်းလို့ ရဒဲ့ နည်းဂေါ ချိဘူးလား သိဘူး …
ထားဘာဒေါ့ …
ကျုပ်ဒေါ့ဖင့် ဒေါသတွေ အတောင့်လိုက် ထွက်လာရင် …
အိပ်ဒါထဲ တွားပီး အီးအီး ပါပလိုက်ဒါဘဲ …
ရဲစည်
July 11, 2013 at 12:38 pm
ဒါဆို အံဂျီးက ဒေါသထွက်လို့ ဖြည်တဲ့
တက်ကနစ်ကို ဒတ်ပုံလာရိုက်ဦးမယ် …
ကဗျာအတော်ဆန်တာဘဲနော် .. အဟတ်
ဒေါသဖြင့်ပေကျံနေသော အီးတုံးများပေါ့
🙂
ဗုံဗုံ
July 11, 2013 at 1:36 pm
အူးလေးကွဲစည် ဒီတစ်ခါ ဒေါသထွက်လာရင်
ကင်းမြီးကောက်ထောင်ပြီး အား ဆိုပြီးအော်လိုက်သိလား
ဒေါသတွေ အောက်ပြုတ်ကျသွားလိမ့်မယ်
Shwe Ei
July 11, 2013 at 4:36 pm
အော် ဒါ့ကျောင့် စောစောစီးစီး အွန်လိုင်းရောက်နေသကိုး…ကွိ ကွိ
TNA
July 11, 2013 at 6:36 pm
လူကြီးလေလေဆဲလေလေ ငါတကောကောလေပဲလားမသိပါဘူး။ သူတို့က စိတ်ကောက်ရတာနဲ့ အပေါ်စီး ကဆဲရတာနဲ့။ အလိုက်မသိရကောင်းလားလို့ မခေါ်နိုင်မပြောနိုင်ဖြစ်ရတာနဲ့။ သောက်ကျိုးနဲအထက် စီးတွေ ပေါ့အေ။
ိ
ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်
July 12, 2013 at 12:02 am
အင်း …. အဲ့ဒါ လက်ရှိဖြစ်နေတဲ့ အမှန်တရား ပေါ့ဗျာ …..