Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမှားမှား အယွင်းယွင်း အလွဲလွဲ အချော်ချော်

မြန်မာလို တထောင့်သုံးရာနဲ့ ဘယ်နှစ်ခုနှစ်မှန်း သေချာမသိ … မှတ်မိတာ နောင် ဆယ်နှစ်ကျော်မှ

အဖေက ကရင်လူမျိုး တလိုင်းပေါ့ … အသားခပ်လတ်လတ် ညိုတောင်မညိုရှာပါဘူး

အမေက ဧရာဝတီတိုင်း ဝါးခယ်မသူ ဖြူတာမှ ဖွေးရော … ရန်ကင်းမှာ တွေ့ပီး လူငယ်တို့ သဘာဝ ဒွန့်လိုက်တော့ အစ်မတော် ၂ယောက် တရုတ်ပြည်က ကြွာလာလို့ … ကြုံတယ်ထင်ပါတယ် ….. ဖြူဖြူဖွေးဖွေးပေါ့ ။

ဘယ်နဲ့ဗျာ ကျုပ်ကျမှ …. အဲ့တုန်းက နယ်လ်ဆင်မန်ဒဲလားလဲ ခေတ်မစားသေးပါဘူး … အမီတာဘရ်ဂျန်းလဲ ခေတ်မထသေး … ကျုပ်ကျမှ ဂဲမွေးတဲ့ ကာတော်လိပ်က ဆင်းဆင်းချင်း နာ့စ်တွေကြား ဦးအောင်ဇေယျ လက်ရုန်း မီးတောက်တာတော့ ပျင်းတောင် ပျင်းသေးတယ် …

ထားပါတော့ …

၈၈မှာ ဥက္ကလာတခွင် ပြဲပြဲစင် မြောင်းထဲမှာ ဝဲဘလက်ဗျစ်နဲ့ ၁၁နှစ်သားကျုပ် ဒေါင်းငါးတွေ ဖမ်းနေချိန် ဂျင်ကလိတွေဂျီး တွေ့တွေ့နေတယ် …။ အဲ့မှာ စလွဲတာပဲ ၅ရက်ကွက်သားကျုပ် ဦးလာဘရဲ့ အချည်ဆိုတာ ဝါးခယ်မကပို့တဲ့ ခါးတက်ချဉ်လောက် ကောင်းရိုးလားပေါ့  ကိုယ့်ကိုကိုယ် အဟုတ်မှတ်လို့ ပါရမီလမ်းပေါ်ထွက် ငါဟဲ့ ၅ရပ်ကွက်သားပေါ့ … လက်ထဲမှာ ဖန်ပုလင်းတဘက် ဂျင်ဂလိ တဘက် ကိုင်ထားချိန် ဇတ်ကနဲ ဂုတ်ကဆွဲလို့ ကားယားယား ပါသွားလေရဲ့ ။ အဲ့မှာ နိူင်ငံရေးဆိုတာ စသိတာ …………… နိူင်ငံရေးအကြောင်းပြောရရင် နိူင်ငံရေးနဲ့ မိဘကျေးဇူး ဆပ်ဖူးတယ်  အဲ့အရေးအခင်းကာလ ၄ဝိုင်းထိပ်က သမဆိုင်ကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတွေ ဝိုင်းဝန်ကြိုးပမ်းမှုကြောင့် ကျုပ်လည်း ဆန်တဆွဲနဲ့ ဆပ်ပြာ ၃ပိုင်း အိမ်ကိုပါလာတယ် …. အဖေက မြဝတီဘောပင်နဲ့ ဆောင့်ထိုးတာ ခုထက်ထိ ပေါင်မှာ ဒဏ်ရာရှိသေးတယ်။ စာရိတ္တပျက်လို့တဲ့ ….

ဒါနဲ့ စာအတော်အတန် ဖတ်တတ်တဲ့ အချိန် အာဇာနည်နေ့ ရောက်တိုင်း သူများတွေ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတနေချိန် ကျုပ်ကတော့ ဂလုန်ဦးစောကို အံ့ကျော်လောက်မှ သတိမထားဖြစ် … ဦးနေဝင်း( ဗိုလ်ချုပ်နေဝင်း) ကို တိုးတိုး ဆဲမိလေရဲ့ အကျယ်ကြီး မဆဲရဲဘူး ကျုပ်အဖေက ဦးစောနေဝင်း …

ဒိလိုနဲ့

ဒီလိုနဲ့

ဒီလိုနဲ့

ဆယ်တန်းတော့ အောင်တယ် ခင်ဗျားတို့ ပြောတဲ့ စိန်ပန်းပြာတွေ ဂျပ်ဆင်တွေ ဘာမှမသိ တက္ကသိုလ်ဆိုတာ ဝေလာဝေး

စစ်တပ်ထဲ ရောက် ၁၃နှစ်

(နေဦး ဖင်မှာ RPG မှန်ထားသေးတယ် … မယုံရင် လှန်ပြလို့ရတယ်)

နိူင်ငံရေးလုပ် အဆောင် ၁၃မှာ ၂နှစ်

သကြားလုံးရောင်း မော်လမြိုင်မှာ ၁နှစ်

စင်္ကာပူရောက် ငါးချပီး သဘောင်္ကျင်းတကာ ငုတ်တိုင်စိုက် အိပ်ငိုက်

ဒီလိုနဲ့

ဒီလိုနဲ့

ဒီလိုနဲ့

၃၆နှစ်ဆိုတဲ့ ကာလကို မှတ်မိသလောက် ချရေးရင် ခင်ဗျားတို့ ၃၆ရက်နဲ့ ဖတ်မကုန်ဘူး …. ကျုပ်လဲ မရေးနိူင်ဘူး ….။

ကျုပ်ရေးသမျှ လူ့ဘဝ မှတ်တိုင် ကျုပ်ရိုးသားတယ်လို့တော့ မဆိုလိုဘူး ….

ဆိုတော့

ဟော့ … ဒီဆိုဒ်မှာ ကျုပ်ထက် ရှင်းတဲ့ သူတောင် ကျုပ်လောက်မရှင်းဘူး

ဒီတော့

သူများကိုလဲ ဆေးမထိုးဘူး

ကိုယ့်လဲ ဆေးထိုးမခံဘူး

မြွေမြွေခြင်း ခြေမြင်တယ် …

သိပ်လဲ မရယ်ကျနဲ့အုံး …. အူတက်သွားမှာ စိုးလို့ …

😆

ကျုပ်မှာ ပြဿနာတခုတော့ ရှိတယ် .. အတည်ရေးရင် လွဲတယ်

အလွဲရေးရင် … အဟုတ်မှတ်ကြတယ် …

လူတွေ အပြစ်မဟုတ် …. ကျုပ်အပြစ်

ကျုပ်တို့က ပညာမတတ်ခဲ့တော့ အဲ့လိုရှင်းရှင်းဘဲ ပြောတတ်တယ် …

အဲတော့ … ကျုပ်သက်လုံ သိပ်မကောင်းဘူး …

ဒါပေမဲ့

ဪ နေဦး အောက်မှာ ကျုပ် အလှဆုံးပုံ .. တင်ပေးထားတယ်

 

C360_2013-07-10-12-54-18

 

ဆိုတော့ ….. ပညာမတတ်တော့ အရပ်ထဲ အော်ဆဲသလိုပေါ့

အင်းဂလိပ်လိုလဲ တလုံးမှ မတတ်ဘူး ….

အတည် ပြောရင်လဲ လက်မခံချင်ဘူး ..

ဆိုတော့ ပေါလစ်တင်တဲ့ဆိုင်းယင့်တို့

ဒီမိုးက ရပ်တိုင် ဈေးရှင်တို့ …

ဘာဘာညာညာ … ကြည့်ကျက်ပြောကျဗျာ …

 

ရှင်းရှင်းပြောရရင်

အူးသန်းယွှေမှ အူးသန်းယွှေဘဲ

ဆက်ဒန်ဟူစိန်၊ ကဒါဖီနဲ့ အိုစမာဘင်လာဒင်တောင် သေခါနီး ဆလမ်မလေးကွမ်းခံရတဲ့သူ

ခင်ညားတို့ ကြိုးစားဂျ

ကျုပ်လဲ ကြိုစားနေတယ် …

လာမဲ့ ၂၀၁ရမှာ ဟဲ့ရွာထဲက တယောက်မှတော့ ကျုပ်မမြင် ….. ကျုပ်ကလွဲလို့ …

🙂

 

နည်းနည်းလျော့ပါ ဦးဦး ကိုကို ဒေါ်ဒေါ် မမတို့ …

ညှင်း … ညှင်း …. ညှင်း

စတိုင်းယား …. ဒါပေမဲ့ … အတည်

၂၁ရက်နေ့ အရှက်မရှိ ဘူဖေးသွားစားဦးမှာ ….

ဒချိ ဒချိ ( ခွက်ဒစ်တူ ကနားစီး ဂီစိန်မ )

17 comments

  • Garfield

    July 18, 2013 at 6:26 am

    မဂျီး ပြန်လာမယ်။ အရင်နေရာ လာဦးတာ။
    :mrgreen:

  • Garfield

    July 18, 2013 at 8:59 am

    လူတိုင်းက ကိုယ့်ဘဝ အကြောင်းနဲ့ကိုယ့်ချည်းပဲ၊။
    တစ်ယောက်တည်း လွဲနေတာမဟုတ်ဘူးလို့ စိတ်မှာမှတ်။
    လူရင်း (လို့ ယူဆ) တာမို့ ပြောပြတာ။ မကြိုက်ရင် ဆောဒီးးးး 🙂

    ခု ခင်ညားရဲ့ ဘဝ တစ်စိတ် လောက် ကို အကြမ်းဖျင်းသိရတော့ ပိုနားလည်သွားသလိုလို ဖြစ်သွားပြီ။ 🙂

    ကျုပ်က လူတစ်ယောက်ကို (မုန်းချင်၊ အမြင်ကတ်ချင်ရင်တောင်) သူ့ ဘဝ ကြောင်းကို ကြည့်ပြီး နားလည်ဖို့ ကြိုးစားလေ့ရှိတာပဲ။
    ဘာလို့ဆို အမုန်းတရား ကို ကိုယ့်ရင်ထဲ အကြောင်းမဲ့ မမွေးချင်လို့။

    သူငယ်ချင်း/မိတ်ဆွေဆိုရင် ပိုသိချင်တတ်ပါတယ်။ ပိုနားလည်ချင်လို့ပါ။
    တော်ရောပေါ့ ဘဝမှာ ရန်သူ စစ်စစ် တစ်ယောက်ရှိရင်။
    ကျုပ်မှာ ရန်သူစစ်စစ် ၃ ယောက်ရှိတော့ ဒီ ဘဝ အတွက် မောသန် အီနပ်(ဖ)။ :mrgreen:

    တော်ပြီအေ။
    မပြောချင်တော့ဘူးးး
    အများကြီးပြောပြီးမှ ကိုယ့်ကိုယ်ကို မှားယွင်းလွဲချော်နေတယ်လို့ ခံစားရလို့။
    ပြန်ဖျက်ပလိုက်ပြီ။ :mrgree:

    အသက်အရဆို မဂျီးလို့မခေါ်နဲ့တော့။

    ညလေးလို့ပြောင်းခေါ်ပါ။ :mrgreen:

    ဒါပဲ။
    ကြုံရင် ဘီယာတိုက်။
    သီချင်းကောင်းတွေ့ရင် လက်တို့။
    သူပုန်ထမယ်ဆို ကြိုပြော၊ ပြေးမို့။ :mrgreen:

  • ဦးကျောက်ခဲ

    July 18, 2013 at 9:24 am

    ဟရေး… စာဖတ်လာတာ အောက်ရောက်မှ လန့်လိုက်တာ… ကလူ ကလူ
    ၃၆တဲ့လား… ငယ်ငယ်လေးရှိသေးတယ်၊ သိပ်မစဉ်းစားနဲ့ကိုယ့်ဆြာ…
    ကိုယ့်သမိုင်းကိုယ်ရေး ကိုယ်ကြိုက်တာကိုယ်လုပ်၊ သူတပါးကို အရောင်မဆိုးရင်ပြီးတာပဲ…
    ကွန်ဖြူးရှပ်တော့ မဖြစ်ချင်ဘူး၊ ငါးကွန်းရှပ်ကို ဟင်းချက်စားချင်နေတာဗျ… ဟီး ဟီး :mrgreen:

  • kyeemite

    July 18, 2013 at 10:24 am

    ယွဲစီ ပုံမြင်ရတာ အံချင်စရာတော့..(အင်း..အမှန်ပြော စိတ်ဆိုးအုံးမယ်ထင်ရဲ့) ဟီး :mrgreen:
    နိူင်ငံရေးနဲ့ မိဘကျေးဇူး ဆပ်ဖူးတယ် ဆိုလို့ ဂုန်ယူဘာဒယ် 😆
    ၂၁ရက်နေ့ အရှက်မရှိ ဘူဖေးသွားစားဦးမှာ ဆိုရင်တော့
    အိမ်ကစောစောထွက်ခဲ့..နင်က မူးတူးတူးနဲ့ မျက်စိလယ်တတ်လို့ 🙂

  • surmi

    July 18, 2013 at 11:37 am

    ဟိုက်​ !!!!!! 36
    ​နောက်​တခါ ဦးဆာမိလိုမ​ခေါ်နဲ့​တော့
    ဒါနဲ့ …ကျုပ်​က နှစ်​ဆယ်​​ကျော်​လို့ထင်​ထားတာ
    ကဲ လက်​ဘက်​ရည်​တိုက်​ 🙂

  • အရီးခင်လတ်

    July 18, 2013 at 1:40 pm

    အများပြောကြသလို ဖျားစူး ၃ခြောက် ပါလား။

    ဒီမှာ မောင်ယွဲ
    ၂၀၁ရ တွေ၊ ၂၀၂ဝ တွေနဲ့ လာပြောမနေနဲ့။
    ငါးဆယ်ကျော်ရင် လိုင်းပြောင်းတော့မှာ (ရှင်နေနိုင်သေး ဆိုရင်ပေါ့)။
    ဒီတော့ လက်ရှိမှာဘဲအာရုံထားတယ်။
    ရှင်းပြီလား။
    မရှင်းရင် ရှင်း အောင် ရွာထဲက အင်မတန်ရှင်းတယ် လို့ ကြော်ညာ နေသူ ကို သွားမေး။ 😆

    ဒါထက် စကားမစပ်
    ရီဝေဝေ မျက်လုံးလေး တွေက လှသဟေ့။
    😉

  • Shwe Ei

    July 18, 2013 at 2:46 pm

    (နေဦး ဖင်မှာ RPG မှန်ထားသေးတယ် … မယုံရင် လှန်ပြလို့ရတယ်)

    အိုက်ဒါကျောင့် အူးလေးလမ်းလျှောက်ရင် လိမ်ဖယ် လိမ်ဖယ် ဖစ်နေဒါကိုး..ေိေိ

  • Wow

    July 18, 2013 at 3:16 pm

    ညီး ၃၆ က နာ့ကို မမဂျီးလို့ အသဲနာအောင် မခေါ်နဲ့တော့အေ.. :mrgreen:

    • Garfield

      July 18, 2013 at 3:23 pm

      ပြောစမ်းပါအေ။
      အစ က အဟုတ်မှတ်လို့ ဘာမှ မပြောတာ။
      ဒါပဲ ကိုဂျီး ရဲစည် :mrgreen:

  • kai

    July 18, 2013 at 3:25 pm

    ၃၆မိန်းမမယူသေးဘူးလား…
    အမျိုးသမီးတွေသနားစရာ… :mrgreen:

  • e tone

    July 18, 2013 at 4:29 pm

    36ဆိုတာလျော့ပြောထားတာချင့် … တကယ်တော့ 38ဆိုလား … မူးမူးနဲ့ပြောတုန်းက ကြားထားတာ … 😆

  • cobra

    July 18, 2013 at 11:02 pm

    လူကို အပြင်မှာ တခါပဲတွေ ့ဘူးသေးတယ်
    အဲ့တုန်းကတောင် အဲ့လောက်မရင့်သေးပါဘူး
    ဆော်အရမ်းကြည်လို့ တမင် ရင့်အောင်လုပ်ထားတာလား

  • အရီးခင်လတ်

    July 19, 2013 at 2:22 am

    အခုမှ တွေးမိလို့။
    ၃ခြောက် မှာ ခြောက်၃ ကျ/မကျ စမ်းစစ်နေတာလား ????
    Happy Birthday လား ????
    ဒါဆို
    ပျော်ရွှင်ဖွယ်မွေးနေ့မှ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ လိုအပ်သော မြတ်သောဆုများ ရစေသောဝ်။
    မဟုတ်လဲ ဟုတ်တဲ့ နေ့အထိ သိမ်းထားလိုက်။
    😆

  • မောင် ပေ

    July 19, 2013 at 12:02 pm

    ကိုငှက် ရဲ ့ အမှားအယွင်းကပွဲ ဆိုတဲ့ သီချင်းကို နားထဲမှာ ကြားလာမိသလိုပဲ
    ဘာမှလဲ မဆိုင်ဘူးနော

  • ဦးကြောင်ကြီး

    July 20, 2013 at 9:03 am

    ၃၆နှစ်ဆိုတော့ ဆယ်နှစ်ကျော်ကြီးလို့ ခေါ်လိုက်မယ် ဦးလေးရဲစည်…

  • Inz@ghi

    July 22, 2013 at 2:42 pm

    ဒီအရွယ်ကြီးထိ မိဘ ဒုက္ခပေးတုန်းကိုး .. ကျော်ကတော့ အဲ့လို မဖြစ်မှာ သေချာသည်တမုံ့ ..ငိငိ..ဒချိ ..ဒချိ

Leave a Reply