ဘောပင်တစ်ချောင်းဧ။် ရင်တွင်းခံစားချက်
ငါ့ကိုထားထားတယ်
မှန်ဘောင်လေးတစ်ခုထဲမှာပေါ့
တန်ဖိုးကြီးကြီးနဲ့ ဒီဇိုင်းလေးက
ဘယ်သူနဲ့မှမတူဘူးလေ
အဲဒီအချိန်မှာ
သူကငါ့ကိုကြည့်နေတယ်
ပြီးတော့
အရောင်းဆိုင်ကကောင်မလေးကိုပြောတယ်
ဒီဘောပင်လေးသဘောကျတယ်ချစ်ကြည့်မယ်တဲ့
မှင်ရည်လည်းလှဒီဇိုင်းလည်းသွက်တဲ့
ငါ့ကိုသူသဘောကျသွားတယ်
ဒီလိုနဲ့ သူဟာငါ့ရဲ့ပိုင်ရှင်ဖြစ်လာခဲ့တယ်
သူနဲ့ငါအမြဲတစ်တွဲတွဲပါပဲ
သူရေးချင်တဲ့စာမှန်သမျှကို
ငါကကောင်းကောင်းမွန်မွန်ရေးပေးတယ်လေ
တစ်နေ့
ငါ့ကိုယ်ထဲကမှင်ရည်တွေခမ်းခြောက်လာတယ်
သူကတော့ငါ့ကိုယ်ထဲကလောင်စာဖြစ်တဲ့မှင်ကိုပြန်ဖြည့်ပေးဖို့စိတ်ကူရှိပုံမရပါဘူး
ဒီတော့ငါဟာသုံးမရတဲ့ဘောပင်ဖြစ်လာခဲ့တာပေါ့
ဒါ့ကြောင့်သူကငါ့ကို အမှိုက်တောင်းထဲပစ်ခဲ့တယ်
သူကတော့ငါနေခဲ့ဖူးတဲ့ မှန်ဘောင်လေးရှိတဲ့ဆီကိုသွားတယ်
ပြီးတော့ငါလိုဘောပင်တစ်ချောင်းနဲ့ပဲ
နောက်တော့
အဲဒီဘောပင်လည်း …………………………………
11 comments
lele kyi
July 29, 2013 at 8:26 pm
လူသားတစ်ယောက်ရဲ့တန်ဖိုးကအဲဒီဘောပင် လိုကုန်ဆုံးမသွားပါဘူး။ ဖြစ်ချင်းဖြစ်စွမ်းအင်ပြောင်းလဲသွားသလိုမျိုးပုံစံပြောင်းသွားမှာပါ။ 🙂
ကျမ ကို Supplier တစ်ယောက်ပေးသွားတဲ့ဘောလ်ပင်ဆိုရင်ရေးလို့လဲမရဘူး။တော်တော်လဲဟောင်းပြီးပျက်စီးနေပြီ။ သူဘာလို့အဲဒီဘောလ်ပင်ပေးသွားမှန်းလဲမသိဘူး။ ဒါပေမဲ့ အဲဘောပင်ကျမရဲ့အလုပ်စားပွဲပေါ်မှာအခုထိသိမ်းထားတုန်းပါပဲ။
ကိုပေါက်(မန္တလေး)
July 29, 2013 at 10:55 pm
ရင်ထဲမှာတွယ်ညိ
တန်ဖိုးထားမိသမျှ
နှစ်ကာလကြာကြာ
ိသိမ်းထားတတ်ပါတယ်။
kyeemite
July 30, 2013 at 10:35 am
သဂျီးတွေ့ရင်အပြောခံရလိမ့်မယ်နော..ဘောပင်ကို ဘောပင်လိုပဲမြင်ဘို့.. ေွိေွိ
ခံစားမိလေသမျှ
အကြံသမားသိလေသဗျ
ခံထားအခုနေများ
အမှန်တရား အခုထွေပြား။
ကြိုဆိုပါတယ်ဗျာ 🙂
Ma Ma
July 30, 2013 at 1:17 pm
ဘောပင်နေရာကနေ အငှားခံစားပြတယ် ပြောရမလား။
ကိုယ်ပြောချင်တာကို ဘောပင်နေရာကနေ ပြောသွားတယ် ပြောရမလား။
😀
ဦးဦးပါလေရာ
July 30, 2013 at 1:50 pm
အတိုင်းအတာတစ်ခုအထိ ကိုယ်က အသုံးကျ ခဲ့တယ် ဆိုတာလေးအတွက်တော့
စိတ်ကျေနပ်စရာကောင်းပါတယ်…။
အရီးခင်
July 30, 2013 at 2:50 pm
မတူတာ ကို မန့် ကြည့်မယ်။ 😉
ကိုယ်က နဂိုထဲ က မှင်ထည့်သုံးလို့ ရတာ မဟုတ် ဘဲ
တစ်ခါသုံး လေး ဖြစ်နေမှတော့ အလွယ် အစားထိုး တာခံရဖို့ များနေမှာပါဘဲ။
မဟုတ်လား။ 😛
အတွေးလေး ကို အားပေးပါတယ်နော်။
အလင်း ဆက်
July 30, 2013 at 9:03 pm
ဒီလိ ု…
အတွေး ခံစားမှု ..
စာအတိ်ုလေးတွေကို..
အခုတလော…တော်တော်လေးကြိုက်မိနေတယ် ။
ဖတ်ချင်သေးတယ်ဗျာ..။
ဦးကြောင်ကြီး
July 31, 2013 at 8:47 am
ကျုပ်ဘောကိုလည်း
ကျုပ်သိပ်ခြစ်တယ်
အမြဲတသသ
ကိုင်တွယ်ပွတ်သပ်
ချော့မြှူကစားတယ်
သူကလည်း
ဆိတ်ကြီးတယ်
သွားမစနဲ့
ထောင်းကနဲ
ထောင်းကနဲ
မြွေဟောက်
ပါးပြင်းထောင်သလို
ရန်စွယ်တငေါငေါ
“အယ်မလေး
ကျောင်းစရာဂျီး”
ကျုပ်ပြောဒါမဟုတ်
လိင်တူချသူ
ဖြိုးသစ်လူအော်သံ..။
Min Zarni
July 31, 2013 at 9:07 am
ကိုကိုကြောင့် ကောမန့် ဖတ်အပြီး ငယ်ဘဝက ဆြာတယောက်ကို သတိရသွားတယ်…
ကျနော်တို့ ကျောင်းသားတွေမှာ အကျင့်တခု ရှိတတ်ကြတယ်..
အဲ့ဒါက ဘောပင်တွေ ခုံတန်းလျားပေါ်က နေ ပြုတ်ကျသွားရင် ..
ဘောစိ ကြွေသွားပလား.. ကို မှတ်စုစာအုပ် တခုခု ကို နောက်ကျောဖုံးလှန်ပြီး
စမ်း ခြစ် ကြည့် ရေးကြည့်ကြတာ ပါ.. (လုပ်ဖူးသူတွေလည်း မှတ်မိကြဦးမယ်ထင်ပါ့)
အဲ့ဒိ သချင်္ာဆြာများ အဆိုပါ မြင်ကွင်းကို မြင်ရင် .. ဘာပြောတယ် အောက်မေ့တုန်း…။
ဟိုကောင် ဖင်လှန်ပြီး ဘောစမ်း နေတယ်
တဲ့ ..
အာ ဟိ…
အတော်နောက်တဲ့ ဆြာ ..
:harr:
မဟာရာဇာ အံစာတုံး
July 31, 2013 at 4:20 pm
ဒီလို သက်မဲ့တို့လို …
သက်ရှိ တိရစ္ဆာန် တို့လို အမျိုးအစားတွေကို
ခံစားရေးဖွဲ့တဲ့ ပုံစံမျိုးတွေဆို သိပ်သဘောကျတာပဲ …
အခုလည်း ဘောလ်ပင်လေး အကြောင်း ဖတ်သွားပါတယ်ဗျို့ …။
Conny Kim
August 6, 2013 at 6:45 pm
Account က password မေ့သွားလို့ ပြန်ဝင်လို့မရဖြစ်နေတာနဲ့ ပြီးတော့ recover ပြန်လုပ်လို့မရဖြစ်နေလို့ အသစ်ပြန်လုပ်လိုက်ရတယ် အခုလိုအားပေးကြတဲ့အတွက်ကျေးဇူးပါ ဒီစာစုလေးကရေးထားတာတော့ကြာပါပြီ Ma Ma ပြောသလို ကိုယ့်ခံစားချက်ကိုကိုဘောပင်ရဲ့သဘာဝနဲ့ရောလိုက်တာပါ