Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီမှာ! ဒီမှာ!

ဇီဇီAugust 7, 20131min93635

ဒီမှာ ဒီမှာ!!!
တစ်ခုလောက် ပြောပြမို့။
ပြောစရာလည်း ဒီရွာထဲပဲရှိတာဆိုတော့လေ……….
.
.

ဒီလိုပါ။
ကဗျာပြခန်း ကိစ္စပေါ့။

စတင်သူ အလက်ဆင်းးးး၊ ကြိုးစားပေးသူ လုံမလေးနဲ့၊ ဦးဆောင်သူ သဂျားးး တို့ကြားမှာ ကျနော် က အချောင်ခိုနေတာ။ ပြီးမှ ကိုယ့် ပြခန်း အလှည့်အတွက်ပဲ သီးသန့် လူ စာရင်းကို ကဗျာ လိုက်တောင်းတာမျိုးပဲ လုပ်လာတာပါ။ လူ ၁၅ ယောက်လောက်တော့ နည်းမျိုးစုံသုံးပြီး ကဗျာတောင်းလို့ရတာပေါ့လေ။
.
.

ခုဟာက ဘာလို့မှန်းမသိ ကဗျာ ပြခန်းကို ကဗျာ ပို့တာ နည်းနည်းလာတယ်တဲ့။
စဉ်းစားကြည့်တော့လည်း ………
ကဗျာ ပြခန်းကို ပို့မဲ့ အစား ကိုယ့်ဟာကိုယ် ပို့(စ) အနေနဲ့ တင်ချင်စိတ်ရှိနေမှာတို့
ကိုယ်ပို့ပြီးနောက်ပိုင်း ပြခန်းမှာ ချက်ချင်းပါမလာလို့ စိတ်ကွက်သွားတာတို့ ဖြစ်နိုင်ပါတယ်။
.
.

ဒါကလည်း ကျနော် ရှင်းပြနိုင်ပါတယ်။
ဥပမာ။ သဂျား/အလက်ဆင်း/ကျနော်/လုံမ အဲဒီလို အစဉ်အတိုင်း ပြခန်းသွားမယ် ဆိုကြပါစို့။
ကျနော့ အတွက် ပြခန်းကို သဂျား ပြခန်း အပြီးလောက်ကတည်းက စစုပြီး အပြည့် ပြင်ထားတာပါ။
ဒါကြောင့် သဂျား ပြခန်း အပြီးမှာ ပေးထားတဲ့ကဗျာတွေဟာ လုံမလေး ပြခန်းလောက်မှ ပါနိုင်တာမျိုးမို့ သည်းခံ/ခွင့်လွှတ်/စိတ်ရှည်ကြပါလို့။ အနုပညာ သမားတွေ ပဲကို။ နော်!  😀
.
.

အဲ! ကိုယ့် ကဗျာကို ပြခန်းမပို့ပဲ ကိုယ့်ဟာနဲ့ကို တင်ချင်တာကတော့ ကျနော် မပြောနိုင်တော့ပါဘူးးးး သူ့ အခွင့်အရေးကိုးးးးး
ဒါမဲ့ ပြောချင်တာတစ်ခုက ကိုယ့်ဟာနဲ့ကို တင်မဲ့ ကဗျာ နဲ့ ပြခန်းကပြတဲ့ ကဗျာမှာ အားပေးမှုခြင်း အနည်းငယ်ကွာပါတယ်လို့ပြောချင်ပါတယ်။ (ရွာ့ ဆယ်လစ်ဘစ်တီ ကဗျာရေးသူတွေ မပါ)
.
ဘာလို့ ပြောနိုင်တုန်း ဆို ကျနော်ကိုယ်တိုင်လည်း ပြခန်းမှာပါမှ သေချာဖတ်ကြည့်ပြီး လိုက်ဖက်မဲ့ ဓာတ်ပုံတို့ အရောင်တို့ ရွေးဖို့ စဉ်းစားတာပါ။
သတ်သတ်တင်ထားတဲ့ ကဗျာဆို မဖတ်ဖြစ်ပါဘူးးးး။ မဖတ်တဲ့ အတွက်လည်း မမန့်ရဲပါဘူးးးးးး။
ဒီလို အခြေအနေတွေ ရှိပါတယ်။
.
.

အဲဒီတော့ ………
ကိုယ် ၃ ပုဒ်လောက် ရေးဖြစ်ရင် ၁ ပုဒ် လောက်တော့ ပြခန်းအတွက် ချီးမြှင့်ပေးပါလို့ ကဗျာ ဆရာ/ဆရာမ များကို လေးလေးစားစား တောင်းဆိုချင်ပါတယ်။
နောက်ပြီး ပြခန်းကို ပို့ဖြစ်တဲ့ ကဗျာများကိုလည်း ပြခန်း အပြီး/ ဗုဒ် အပြီး ထိ စောင့်ပြီးမှ ရွာထဲမှာ ကိုယ်ပိုင် ပို့(စ) အနေနဲ့ တင်ပေးပါလို့ အလေးအနက် တောင်းပန်ပါတယ်။
.
.

ဒီ အကြောင်းကိုလည်း အစကတည်းက ရှင်းပြပြီးသားပါ။
ဘက်လိုက်မှု မပါတဲ့ ဗုဒ် အဖြစ်ရှိချင်လို့ ပြခန်းမှာ ရေးသူနဲ့ ကဗျာနဲ့ကို တွဲမထားပါဘူးးးး
(ဒါကို အင်မတန် ထောင့်စေ့တဲ့ သဂျားက ဗုဒ်ကို မျက်ခြေမပြတ်ကြည့်ပြီး ပြခန်း တာဝန်ခံထဲက ဆု ရရင် မယူရဘူး ပြောလို့ သတ်ရပါသေးတယ်။)  :mrgreen:
ဘက်လိုက်မှု ကင်းအောင် လုပ်ထားတာမို့ ရလာတဲ့ ဗုဒ် ဟာ ဘယ်သူပဲရရ စင်ကြယ်တယ်လို့ပဲ ယုံကြည်ပါတယ်။
ခု ပြခန်းက လူစာရင်းကို နောက်ပြခန်းမှာ လူနဲ့ ကဗျာ နဲ့တွဲပြီး ဖော်ပြသွားတာမို့ ပိုင်ရှင်ပျောက်တဲ့ အဖြစ်မျိုးလည်း မဖြစ်နိုင်ပါဘူးးး
ကျနော့ အပိုင်းကဆို အပြင်က ကဗျာတွေ ဖြည့်လို့ရသော်လည်းး ဗုဒ်နဲ့ ဆုကို ရွာထဲကပဲ ပေးမယ်လို့ ဆုံးဖြတ်ကြပြီးပြီမို့ တတ်နိုင်ရင် ကဗျာ တွေ အကုန်လုံးရွာထဲကပဲ ရချင်ပါတယ်။
ဒါပေမဲ့ ဒီကြားထဲ ဒီ ထက် ကောင်းတဲ့ အကြံဉာဏ် ပိတ်သတ်ထဲမှာ ရှိလို့ ရှိရင် ပေးပါဦးဗျာ။
.
.
.
အချုပ်အားဖြင့် ဆိုရသော်…………

ဟီးဟီးးး
ကဗျာ လိုချင်တာပါ။  ကြီးကြီးကျယ်ကျယ်တွေ ရေးနေလို့ အမြင်မကပ်ကြပါနဲ့။
ကဗျာ ကို ……….
၁) ရသအစုံ
၂) တိုသော/ရှည်သော
၃) အမျိုးအစားမရွေး
၄) ရွာထဲက ဘယ်သူမဆို လွတ်လပ်စွာပေးပို့နိုင်ပါတယ်လို့။
ကလောင် ကို နာမည်ရင်းမသုံးချင်လဲ တခြားနာမည်နဲ့ ပို့ပေးလို့ရပါတယ်။
အမှန်ကို လျှို့ဝှက်ထားပေးပါ့မယ်။
..
ဒါပေမဲ့ ဈာန် လို ဆုရတဲ့ထိ ပါသွားရင်တော့ လူလုံးပြရပေမပေါ့။ ဟိဟိ   :kwi:
.
.

နော်။ နော်။
အနော့ ကို သနားရင် ပို့ကြနော်။
ကဗျာ အား များမလာဘူးဆိုရင် အနော် တင်တဲ့ ပို့(စ) အသုံးမကျဘူးလို့
ကလေးတွေ ဆူမှာစိုးလို့ နော်။ပို့ပေးနော်။   😀

alinsett.art@gmail.com ကို ပို့ပေးပါ။

စာကြွင်း။ ။ အမှတ်စဉ် ၁၅ အထိ ကဗျာ ပေးပို့တဲ့ အရေအတွက် အများဆုံးသူ အတွက် တစ်ခုခု စီစဉ်ထားပါကြောင်းးးး   :mrgreen:

35 comments

  • Min Zarni

    August 7, 2013 at 1:56 pm

    လုံးချင်း တအုပ်စာလောက် ပို့ချင်လို့ဗျာ..
    ရမလား..ငှင်င်င်

    • KZ

      August 7, 2013 at 2:00 pm

      ရပါတယ်။
      ရပါတယ်။
      အချိန်မရွေးသုံးလို့ရမဲ့ ကဗျာမျိုး သာပေးပါ။ ၂ အုပ်စာပေးလည်း ကျေးဇူးအားကြီးတင်ပါတယ်။

      ခါတော်မှီ အချစ် ကဗျာတွေကျ နောက်တစ်ယောက် ပြောင်းတဲ့ အချိန် သုံးမရမှာ စိုးလို့။
      ငိငိငိ။
      😀

      • Min Zarni

        August 7, 2013 at 2:05 pm

        ဟုတ်ပါဘီ နောက်တယောက်ထပ်ပြောင်းစရာမရှိတော့လို့
        အမြဲနုပျိုလတ်ဆတ်နေမှာပါ..
        နောက်တအုပ်ကိုတော့ သမီးလေးမွေးတဲ့အခါ ရေးပါ့မယ်..
        ဒချိ ..ဒချိ

        • Mr. MarGa

          August 7, 2013 at 2:19 pm

          သမီးလေးမွေးရင် ဃကိုအသိပေးပါ
          ငိငိ

  • Wow

    August 7, 2013 at 2:04 pm

    ဟိုမှာ… ဟိုမှာ… :mrgreen:
    ဟင်းနော် အစောရီးထဲကပို့ထားပီးသား မပါလို့ဂဒေါ့…. ရုံးပိတ်ရက်တွေမှာ ခန့်မှန်းတာထက်ပိုပြီး ကိုယ်အလေးချိန်တိုးပါဇီ… :kwi:

    • KZ

      August 7, 2013 at 2:06 pm

      အဲဒါက အနော့ ပြခန်း အတွက် သပ်သပ်တောင်းတာ။
      ထပ်ပို့ပေးဦးနော်။ :mrgreen:

  • ဦးကျောက်ခဲ

    August 7, 2013 at 2:08 pm

    ကျောက်စ်နဲ့… လားလားမျှ မသက်ဆိုင်ပါကြောင်း…
    ကဗျာမရေးပါကြောင်း… ဓားပြမတိုက်စေလိုပါကြောင်း…ဟီ ဟိ
    😀

    • Mr. MarGa

      August 7, 2013 at 2:10 pm

      အို ကျောက်စ်
      လောလောဆယ် မျက်ကွယ်ပြုထားပါမယ်
      သို့သော်
      တောင်းရန်လူစာရင်းမှာ အစဉ်ထည့်ထားတယ် ဆိုတာ….သတိချပ်ပါကုန်…

      • KZ

        August 7, 2013 at 2:12 pm

        တဂျားရေ။
        ကျောက်တုံးတွေတောင် နှဲ့ပါများရင် ဘာဖြစ်တယ်ဆိုလားးးး
        ဒီကျောက်ခဲလည်း နှဲ့ကြတာပေါ့အေ။ :kwi:

        • Mr. MarGa

          August 7, 2013 at 2:18 pm

          ငိငိ
          နိုင်ကွက် ရှာနေတယ်
          တွေ့တော့မယ်
          လောလောဆယ် အတင်းအကျပ်ဆို မကောင်းလို့ ထိုင်ကြည့်နေတာ

  • ဓားပြဗိုလ် ကဗျာတောင်းနေတယ်နော်.. ကောင်းကောင်းမွန်မွန်ပြောနေတုန်း ပေးထားကြပါ.. နောက်မှ အဆိုးမဆိုနဲ့.. :mrgreen:

    ဟုတ်တယ်.. ကဗျာတွေ ပို့ကြပါဦးနော်.. ပို့စ်တင်ချင်တာလည်း (ကိုယ်တိုင်လည်း အဲ့လိုပဲမို့) ကိုယ်ချင်းစာပါတယ်… ဒါမယ့် ပြခန်းရဲ့ ရည်ရွယ်ချက်ကိုက ရွာထဲမှာ ကဗျာလေးတွေ စည်ကားလာဖို့ရယ်၊ အကုန်လုံးကို တစ်စုတစ်စည်းတည်း ပြထားဖို့ရယ် ဆိုတော့…. အားလုံးရဲ့ ရသစုံကဗျာလေးတွေကို လိုချင်ပါတယ်လို့… နော်….

    • KZ

      August 7, 2013 at 2:44 pm

      ဟုတ်တယ်နော်။
      လုံမလေးပြောတဲ့ အတိုင်းပဲ ရေးနေရင်း ဓားမြသံထွက်ချင်လာလို့ မနည်း ထိန်းပြီး တောင်းပန်နေပါတယ်။
      တောင်းပန်တုန်းမပေးရင် ပြန်ပေးဆွဲ ငွေညှစ် (အဲလေ) ကဗျာ ညှစ်ပါ့မယ်။
      မင်ဂါ ဆောင်ခါနီး သတို့သားမျိုးဆီကဆို သတို့သမီး ပြန်ပေးဆွဲပြီး ကဗျာတောင်းပါ့မယ်။
      ငိငိငိ။
      😀

      • ဦးကျောက်ခဲ

        August 7, 2013 at 2:59 pm

        တိန်… မရက်စက်ကြပါနဲ့ကွယ်…
        သာမီး မွန်မွန်၊ မိဇာဂျီးပြောသလိုမျိုး မကြံနဲ့နော်…
        အူးလေးကို ကျေးဇူးတင်လွန်းလို့ ဦးချမိတယ်ဆို…
        😀

  • အရီးခင်

    August 7, 2013 at 2:30 pm

    ပြောရရင်တော့ ဖြစ်တတ်တဲ့ သဘောပါဘဲ။
    အစ ပိုင်း အသစ် ဆိုတာ လူတွေ ရဲ့ စိတ် ကိုပိုပြီး ဆွဲဆောင်နိုင်တာ မဟုတ်လား။
    နောက်ပိုင်း အဲဒါ ကို ထိန်းထားနိုင်ဖို့ အတွက် ပိုပြီး အရေးကြီးတာ။
    ဒီတော့ နည်းဗျူဟာ တွေ အစုံ ထုတ်ကြပေတော့။ 😉

    • KZ

      August 7, 2013 at 2:46 pm

      ဟုတ်တယ် အရီးရေ။
      ခေါင်းပူလို့ အဖွဲ့ထဲကထွက်မယ်ပြောပြီး ရန်စနေတာ မအောင်မြင်သေးဘူးးး :mrgreen:

    • Mr. MarGa

      August 7, 2013 at 2:46 pm

      အရီးခင် ဆီကနေလဲ
      ကဗျာလေးတွေ မျှော်နေပါတယ်ဗျို့
      ပို့ပေးပါဦး 😉

  • ခင် ခ

    August 7, 2013 at 2:35 pm

    ကဗျာကတစ်မျိုး စာကတစ်မျိုး
    ဟိုဟိုဒီဒီ လျှောက်လို့ရေး
    အကောင်းအမှတ်နဲ့ ဖော်ပြပေး
    တကယ်တမ်းကျတော့ ထင်ရာရေး
    ခင်ခ ပို့တဲ့ ကဗျာလေး။

    • KZ

      August 7, 2013 at 2:47 pm

      ကိုကြီး ခ လေးပဲ လိမ်မာတယ်။
      ခွိခွိခွိ။
      တစ်နှစ်စာ ပြည့်အောင် ရေးပေးနော်။ 😀

      • ခင် ခ

        August 7, 2013 at 2:58 pm

        ကျုပ် ခင်ခ ရွာအမည် ဂျီမေးက အခုတလောပို့မရဘူးဖြစ်နေလို့ဗျ။ အမည်ရင်း ဂျီမေးကနေအခုဘဲ ပို့ပေးလိုက်ဗျ။

        • KZ

          August 7, 2013 at 3:02 pm

          ကျေးဇူး များဂျီး အားဂျီး ပါ ကိုကြီး ခ!!
          🙂

  • kyeemite

    August 7, 2013 at 3:47 pm

    ♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫
    ဟိုဖက်အိမ်က နေ့တိုင်း နေ့တိုင်း
    ကဗျာတွေ လှမ်းလှမ်းတောင်းတတ်တဲ့
    ဟိုမန်းမြို့သူကို…♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫
    ကျနော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
    “ကေဇီကဗျာလွတ်”လို့ပေးထားတယ်…♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫
    အိုး…ကေဇီကဗျာလွတ်ရေ့..ကြိုးစားလိုက်စမ်းကွယ်
    ကဗျာတွေမရရင် ဝိုင်းစပ်ပေးမဲ့လူတွေ ရှိတယ်…♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫ 😀

    • KZ

      August 7, 2013 at 3:56 pm

      အဲ။ အဲ။
      ကျုပ် ကိုကြီးမိုက် ချစ်ဖို့ကောင်းချက်တော့။
      သီချင်းများ ဆိုသွားလိုက်သေးးးးးး
      ခွိခွိခွိ။
      ကဗျာ ထပ်ပေးဦးနော်။ 😀

    • Myo Thant

      August 7, 2013 at 3:57 pm

      ရေဒီယို ကမာရွတ် ကနေ ကေဇီကဗျာလွတ် တဲ့ ၊
      မိုက်တယ်မိုက်ရယ် 🙂

      • KZ

        August 7, 2013 at 4:06 pm

        ဟို မိုက်ရယ်။ မိုက်ရယ် ဆိုတဲ့ လူဂျီးလည်း ကဗျာလေးတွေ မစ ပါဦးနော်။
        နို့မို့ ကောင်းကောင်းကို ပြန်ပေးဆွဲဖို့ မိဗုံကို ခိုင်းလိုက်မယ်။ 😀

  • TNA

    August 7, 2013 at 4:00 pm

    ဓမြအဖွဲ့လာဘီဗျို့ ပြေးကြပြေးကြ။ တုန်ဆိုမတ်စိတက်လာရင်ကြည့်လိုက်ဓမြပဲ။ ပြေးဘီ။

    • KZ

      August 7, 2013 at 4:04 pm

      ဟဲဟဲ။
      ပြေးနိုင်မှ လွတ်မယ်နော်။
      ပြေးဖို့ စိတ်မစောပါနဲ့ မွသဲ။
      ပြခန်း ၁ဝ ခုစာလောက် ကဗျာလေး ချီးမြှင့်ပြီးမှ ပြေးပါ။
      :mrgreen:

    • KZ

      August 8, 2013 at 12:31 pm

      ဒို ့အရေး
      ဒို ့အရေးးး :mrgreen:

  • kyeemite

    August 8, 2013 at 9:07 am

    အခုမှသတိထားမိတယ်..အားလုံးလူရွှင်တော်ပြန်ဖြစ်ကုန်ပီနော်…
    “ကြယ်တစ်လုံး” လေ 🙂
    တစ်ကပြန်စတာလားမသိ…

  • ဦးကြောင်ကြီး

    August 8, 2013 at 9:09 am

    လိုဂျင်ဖြတ်ယူကွာ လဗျွတ်စ်… ခွီးထဲမှ သူ့ဘဂျီးနွားကျောင်းတာ အဖေါ်လာစပ်တယ်….

  • ဗုံဗုံ

    August 8, 2013 at 11:33 am

    သာမီးလည်း ပို့မယ်နော်..
    ထည့်ပေးနော်… ဟင်း ဟင်း
    ထည့်မပေးလို့ကတော့.. အိမ်က အူးလေးနဲ့ ဝေးပြီမှတ်. :mrgreen:

    • KZ

      August 8, 2013 at 12:22 pm

      သုုံးပေးဦးမှာာာာာာာာာာ။
      ဝါကျွတ်ရင်သာ မမေ့ကြေးးးးးး
      😀

  • မဟာရာဇာ အံစာတုံး

    August 9, 2013 at 3:05 am

    ကဗျာ တစ်ပုဒ် ပို့ပေးရင်
    ဘီလောက် ပေးမဒုံးးး
    ယုတ်စွအဆုံး …
    အာာဘွားးး ပေးမယ်ဆိုရင်တောင် ဟုတ်တုတ်တုတ် …
    လဂါးဆို ပုံနဲ့တဂွ ဟိုကဗျာဂျီး ပို့လိုက်မှာ … ဟီးးးဟီးးး
    :mrgreen:

    • KZ

      August 9, 2013 at 8:02 am

      ကဗျာတောင်းတဲ့ ပို့(စ) မှာလည်း လူသိပ်မဝင်ဘူးဆိုတော့ကာ။
      ဒီ ပလိုမိုးရှင်းကို သုံးရင်ကောင်းမလား လို့ စဉ်းစားနေပြီ။ 😀

      အဲ့ ကဗျာကြီးပေးမယ်ဆိုရင်တော့ ကတ်ကြေးစာမိမယ်မှတ်!!!
      :mrgreen:

    • အလင်းဆက်

      August 9, 2013 at 2:42 pm

      အံစာ
      ကဗျာ သာ ပို ့ပေးပါ

      နီ ့ကို အာဘွားပေးဖို ့
      ဒေါ်ဖွားမေကြီးကို နီ ့ဆီ လွှတ်လိုက်မယ် ။
      :kwi:

Leave a Reply