ဆောင်းနှင်းလေ
မိုးစက်ကလေးတွေနဲ့ ငါက ချစ်သူမရှိတဲံ့
ဆောင်းတွင်းကာလတစ်ခုကို ခရီးဆက်နေလေရဲ့ ။
ဘာကိုမှ မသိတဲ့ ကလေးတစ်ယောက်လိုများ
မိုးရေထဲမှာ ကစားခွင့်ရမယ် ဆိုရင်တောင်
ငါက အအေးမိ ချောင်းဆိုးမှာ ကို ကြောက်ဖို့ စိတ်တွေရှိမှာ မဟုတ်ဘူး၊
နေရာတကာ အချုပ်အချယ်တွေနဲ့
ဘဝတစ်ခုကို ရှင်သန်လာခဲ့တဲ့
မိုးရာသီရဲ့ တိမ်စိုင်တွေလို ဟိုရွေ့လိုက် ဒီရွေ့လိုက်နဲ့ ။
ကျဆုံးမူတွေနဲ့ ဘဝက
ဘယ်တောအခါမ မရှင်သန်လာခဲ့ရင်တောင်
ငါကတော့
ချစ်သူအတွက် နှင်းတောထဲကို သွားရဦးမှာပါ။ ။
One comment
kopauk mandalay
August 3, 2010 at 10:23 am
မိုးစက်ကလေးတွေကနေဘဝပြောင်းလာတဲ့
နှင်းရည်စက် ချစ်မြဲချစ်လျက်
ချစ်နေအုံးမယ်ထင်ပါတယ်။