Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာလူးကြော် နှာဗူးညှော် Crispy fries

စပါယ်ရှယ် အိမ်လုပ် အာလူးကြော်နည်း လျှို့ဝှက်ချက်မှာ နှစ်ပြန်ကြော်ပြီး ၎င်းနှစ်ခုအကြား ရေခဲသေတ္တာထည့် အအေးခံပေးခြင်းဖြစ်၏။ ပထမ ဆီပူနှစ်ခြင်းသည် အာလူးအသား နူးညံ့ပျော့ပြောင်းစေရန်နှင့် ဒုတိယအခါတွင်မူ  အာလူးအပြင်သား ကြွပ်ရွအောင် မီးပြင်းတိုက်ပေးရမည်။

လူနှစ်ယောက်စာအတွက်… စားသုံးဆီ၊ တပေါင် ဆယ်အောင်စ (တပိဿာ နီးပါးလောက်ထင်တယ်) ခန့်ရှိ အာလူးများအား အခွံမချွတ်ဘဲ တလက်မ လေးပုံတပုံအရွယ် အချောင်းများ လှီးဖြတ်ပါ။ အိမ်သုံးဆား ဖြူးပါ၊ ကြော်ပြီးလျင် မြည်းလို့ရလဗျီ..။

ပြုလုပ်ပုံ အဆင့်ဆင့် နည်းနာနိဿယ ညွှန်ကြားလွှာ အမိန့်ပြန်တမ်း ဥပဒေသ ဖော်မြူလာ မှတ်တမ်း ပုရပိုက်

၁။ ကွာတားခြင်ခွက် ၆ခွက်စာအရွယ် ဇောက်ဒယ်အိုး dutch oven ထဲ ဆီနှစ်လက်မ မြှုပ်အောင်ထည့်ပြီးလျင် မပူမပြင်း ၃၇၅ ဒီကရီ ဖာရင်ဟိုက်ရောက်အောင် မီးအပူပေးပါ။ အခါအားလျော်စွာ အာလူးကို အပေါ်အောက် လှန်ပြီး အရောင်ဖျော့ နူးညံ့သည်အထိ ရှစ်မိနစ်ကြာ အပူရှိန် ၃၂၅ ဒီကရီ ပေးရမည်။ (အာလူးကြောင့် ဆီအပူ ကျသွားသည်) ဆားမှုန့် နှံ့အောင်ဖြူးပြီး မုန့်ဖုတ် သတ္တုဗန်းပြားတွင် အေးစက်သွားအောင် ရေခဲသေတ္တာထဲ တနာရီ ထည့်ပါ။ ( ပုံပါ လင်ဗန်းမျိုးထင်တယ်၊ မူရင်းဓာတ်ပုံ မဟုတ်ပါ။ မူရင်းစာမှာတော့ ဘာဆိုတာပါ၏..)

၂။ ဆီအပူရှိန် ၃၈၅ ဒကရီပေးပါ။ အာလူး အသုတ်လိုက်ခွဲပြီး (အိုးထဲကြပ်ညှပ် မနေရန်) ရွှေအိုရောင် ပေါက်ကာ ကြွပ်ရွသည်အထိ နှစ်မိနစ်လောက် မွှေပေးပါ။ ဆားမှုန့်ဖြူးပြီး ဗန်းထဲပြောင်းထည့်ပါ။ ဟင်းခတ်အမွှေးအကြိုင် တမျိုမျိုး ဖြည့်ပြီးလျင် နတ်သုဒ္ဓါတမျှ အရသာရှိသည့် ဆတ်စလူး အာလူးကြော် ရပါပြီ။ မယုံလျင် ဆမ်းကြည့် ဆီကုန်မည်မှာ မြေဂျီးလက်ခတ် မလွဲတည်း….။

အကြော်ဆရာ ဦးကြောင်ကြီး (ရွာသူ ခရစ်စတယ်လိုင်းဂလေး ဘဲ၊ တရုတ်သဗုံ ကြေးမုံဂျီး ယံသူ)

ခရစ်စပီဖရိုင်း မြစ်နဒီလှိုင်း ခြစ်ကြည်ဝိုင်း သစ်တည်ဆိုင်း..

The Secret to Crispy French Fries at Home

By Saveur | In The Pantry  http://shine.yahoo.com/shine-food/secret-crispy-french-fries-home-220400652.html

http://l.yimg.com/bt/api/res/1.2/E_F3ozLvyF6wzwAuPnlGhA--/YXBwaWQ9eW5ld3M7cT04NTt3PTQwMA--/http:/l.yimg.com/os/publish-images/lifestyles/2013-07-11/f5fd0a7a-38a6-4289-849a-38d84896cc7c_126-80-bearnaise-and-fries400.jpgThe secret to outstanding homemade French fries is to fry them twice, and chill them in the refrigerator in between frying. The first plunge in oil cooks the potatoes through for a fluffy texture; the second one, at a higher temperature, forms a crisp exterior.

SERVES 2

INGREDIENTS
Canola or peanut oil, for frying
2 large russet potatoes (about 1 lb. 10 oz.), unpeeled, cut into ¼”-thick sticks
Kosher salt, to taste

INSTRUCTIONS
1. Pour oil to a depth of 2″ into a 6-qt. heavy-bottomed dutch oven and heat over medium-high heat until the temperature registers 375° on a deep-fry thermometer. Add all the potatoes and cook, turning occasionally and maintaining an oil temperature of 325° (adding the potatoes will cause the temperature to drop), until pale and tender, about 8 minutes. Using a slotted spoon, transfer fries to a rack set over a rimmed baking sheet and refrigerate until chilled, about 1 hour.

2. Increase oil temperature to 385°. Working in small batches, add potatoes again; cook, stirring until golden brown and crisp, about 2 minutes. Using a slotted spoon, transfer fries to a rack set over a rimmed baking sheet. Season fries with salt.

15 comments

  • surmi

    August 30, 2013 at 8:38 am

    ဦး​ကြောင်​
    မြန်​မာမှုပြု​လေဗျာ
    ဒီမှာက မီး​သွေးမီးဖို ထင်​းမီးဖို​တွေနဲ့ ​ကြော်​ရင်​​ကြော်​ရမှာ
    အပူချိန်​ ဘယ်​လိုတိုင်​းမတုန်​း 🙂
    အာလူး​ကြော်​အတွက်​ အဲသ​လောက်​ဆီသုံးရရင်​​တော့

  • surmi

    August 30, 2013 at 8:41 am

    ကျုပ်​လည်​း အာလူး​ကြော်​​ရောင်​းတာစိတ်​ဝင်​စား​နေတာနဲ့အ​တော်​ပဲ ​ကျေး​ကျေး
    ဆိုင်​ဖွင်​့ဖြစ်​ရင်​ ဦး​ကြောင်​ကြီးအာလူး​ကြော်​လို့ နာမည်​​ပေးမယ်​
    ကန်​​တော်​ကြီးထဲမှာ ဆိုင်​​ပေါက်​စ​လေး​တွေနဲ့​ရောင်​း​နေတာ လက်​မလည်​ဘူး
    စမ်​းကြည်​့ဦးမှ 🙂

  • kyeemite

    August 30, 2013 at 9:07 am

    ထူးဆန်းပါပေ့ ကိုကိုကြောင်ရယ် 😀

  • Ma Ma

    August 30, 2013 at 9:07 am

    ကောင်းပါလေ့။
    အလုပ်ပါးနေတာနဲ့ အတော်ပဲ။
    စမ်းပြီးကျော်စားကြည့်လိုက်အုံးမယ် ခရစ်စတယ်လိုင်းဂလေး ဘဲ၊ တရုတ်သဗုံ ကြေးမုံဂျီး ယံသူ ကြီးရေ။
    အင်းးးးးးးပြောမယ့်သာပြောရ။
    ဂျောက်ချထားတာတော့ မဟုတ်လောက်ပါဘူးနော်။ :loll:

  • KZ

    August 30, 2013 at 9:12 am

    ဒိ ဖ ရိုင်း ကြော်နည်းလား ကြောင်။
    ဆီ ဝ ကြော် စာ စားတယ်ဆိုတာ………………………………….
    ……………………………………………………………..
    ………………………………………………………….
    …………………………………………………..
    ………………………………………….

    မကောင်းတဲ့ အချက်တွေ သူများတွေ ပြောလိမ့်မယ်။
    ကျနော်တော့ စာဖတ်ပြီး စားချင်လာလို့ ဒီနေ့ အဲ့လိုအာလူးကြော်မှာစားမယ်။
    အိမ်မှာ ကြော်စရာ အိုး ရှိဘူးးး 😀

    ကျန်းးးးး
    ခရစ်(စ) ဘဲ ရတာ (အဲလေ) ကြောင်ရတာ မသိလိုက်ပါလားးး ဘယ်တုန်းကတုန်းးး :mrgreen:

  • Wow

    August 30, 2013 at 9:19 am

    အာလူးနှစ်ပြန်ကြော်ပေါ့…

  • ဦးကျောက်ခဲ

    August 30, 2013 at 9:49 am

    အကြော်ဆြာ ဦးကြောင်ကြီး…
    နှာဗူးညှော် မိလို့ အနာဟောင်းတွေ ထလာဦးမယ်…
    နောက်ပြီး အာလူးက မိန်းခလေးတွေကို ထွားကျိုင်းစေသတဲ့…
    ဟီ ဟိ ခင်ဗျားအကြံ ဒါအကုန်ပဲလား… အားဟိ
    😀

  • Crystalline

    August 30, 2013 at 10:19 am

    အော်ဇီကအစ်မတွေက McCain Superfries ကိုလူကြုံရှိတိုင်းပို့ပေးတယ်.. ကြိုက်လည်းအရမ်းကြိုက်တယ်.. နောက်တော့သူတို့ဆီက ဆားမှုန့်ဗူးလေးနဲ့ဖြူးစားတာပေါ့.. ဒီတိုင်း Frozen လုပ်ထားလို့ခဲနေတာကို ကြော်တာနဲ့ ကြွပ်ရွနေတာကိုကြိုက်တာ..
    ကျမက သူတို့အာလူးကိုကြည့်ပြီး အဲလိုလှီး.. ကော်မှုန်နဲ့နယ်.. frozen လုပ်ပြီးကြော်ကြည့်တာ.. ပျင်းတွဲတွဲနဲ့ပျက်ကရော.. :mrgreen:
    အကြော်ဆရာကြောင်နည်းနဲ့စမ်းအုန်းမှပါလေ.. 🙂

    • ဦးကျောက်ခဲ

      August 30, 2013 at 10:26 am

      ဟီ ဟိ အကြော်ဆြာ ကြောင်ကြီးကို ကြော်ခိုင်းလိုက်လေ…
      တူက ကြက်ဥပြုတ်နည်းလည်း စပယ်ရှယ်လစ် ဆိုပဲ…
      ကြောင်နှူးဘာကြီးကို အားကိုးလိုက်စမ်းဘာ…
      😀

    • Foreign Resident

      August 30, 2013 at 3:47 pm

      Crystalline says:
      ” အော်ဇီကအစ်မတွေက McCain Superfries ကိုလူကြုံရှိတိုင်းပို့ပေးတယ် ”

      သူ ကြော်ငြာတာနှင့် ၊ အဘတောင် အဲဒီ တံဆိပ် ဝယ်စားကြည့်ဦးမှပဲ ။

      အိမ်မှာတော့ ၊ လှီးထား အရသာမှုန့် ထည့်ထားပြီးသား ၊
      Ready Made အာလူးချောင်း တွေကို ၊
      Deep Fryer ထဲ ထည့်ကျော်လိုက်တာပဲ ။

      တစ်ခုတော့ ရှိတယ် ၊ မိန်းမ မသိအောင် ခိုးဝယ် / ခိုးကျော် ရတယ် ။
      မိန်းမ က အဲလို French Fried တွေ ကျော်စားတာ မ ကြိုက်ဘူး ။
      ၁ ။ ကျန်းမာရေး အတွက် မ ကောင်းဘူး တဲ့ ။
      ၂ ။ ဆီလည်း အရမ်းကုန်တယ် ။
      Deep Fryer ထဲ တစ်ခါထည့် ဆီ ၁.၅ လီတာ လောက်က ၊
      ၃ ခါလောက် ကျော်ပြီးရင် သွန်ပြစ်ရတာလေ ။
      ဝယ်စားတာက ပိုတန်တယ် ။

  • ကိုရင်စည်သူ

    August 30, 2013 at 5:02 pm

    အူးကြောင်ဂျီး… ကြော်ချင်ဒါ ကြော်လို့ရပါဒယ်.. တမီးလေး ခရစ်လေးကိုဒေါ့
    မကြော်သွားဘာနဲ့နော်…။ ။ 😥
    ချကားမစပ်… လက်ပံရွာက အစ်မတွေက fried stuffed pastry လူကြုံရှိရင်
    ထည့်ပေးလိုက်တယ်.. အဲ့ဒါကြီးက ရွခဲသေတ္တာလည်း ထည့်မရတော့…
    နေပူလှန်းပီး သကြားဖြူးစားရင် ကြွတ်ရွပီးကိုကြိုက်တာ ကိုယ့်ဘာသာ ဆီထဲထည့်ကျော်တော့
    ပျော့တွဲတွဲနဲ့လုပ်တာ ပျက်ကရောဗျာ..
    fried stuffed pastry … ကို အားလူးမထွက်အောင် ကြောင်နည်း.. အဲ ကြော်နည်း
    ဆြာကြောင်ပဲ သမားဆိုအိုမှ.. အတိုင်း အိုကြီးအိုမနဲ့ သင်ပေးပါဗျာ…
    ထိချင်တာထိ.. ခစ်ရစ်လေး မထိစေချင်သူ… :mrgreen:

  • မောင် ပေ

    August 30, 2013 at 8:08 pm

    ဪ ဆ ရာ ကြောင့် ခ ဗျာ မှာ လဲ
    အ ကြောင်း မ တော် တော့
    အာ လူး ကြော် ၊ ကြော် ရောင်း နေ ရ ရှာ ပြီ ကိုး
    ဟီ ဟိ

  • အရီးခင်

    August 31, 2013 at 2:12 am

    ကြောင်တစ်ကောင်တော့ Cry ကို Fry နဲ့ စမျှား နေပြီ။
    သတိ မကြည်စင်လေးရေ။
    အညှော်မမိစေနဲ့ ဟေ့။ 😛

  • Myo Thant

    August 31, 2013 at 4:03 pm

    အာလူးကြော်တော့ ကြိုက်ပါ၏ ၊

Leave a Reply