“မျက်လှည့်ဆရာ´´
“မျက်လှည့်ဆရာ´´
ဈေးထောင့်နားက တစ်နေရာ
လူစုကာ အုံလို့ခဲ
လက်ခုပ်သံ သောသောညံစဲ
ရှေ့ရောက်အောင် တိုးဝှေ့ကာလှမ်း
“ဟဲကလေး အရမ်းတိုးရလား´´
ဆူလိုက်တာ ဂရုမစိုက်ဘဲ
ကြည့်ချင်လို့ ရှေ့ကိုတိုးမြဲ
ရှေ့ရောက်လို ထိုင်ကာအကြည့်
မျက်နှာနဲ့ တည့်ကာတိုးသည့်
ပါးပျင်းထောင် မြွှေဟောက်တစ်ကောင်မို့
လန့်ကာသာ အော်ငိုမိပါတယ်
လကွင်းသံတောင် လွမ်းကာတာမို့
“ကလေးမငိုနဲ့ သူညှို့ထားတယ်တဲ့´´
ဪ့ ပေါက်မည့်မြွှေကို ပြန်ကာညှို့နိုင်သူရယ်
စွမ်းချက်ကို အထင်ကြီးလို့
အားကျမိတာ ကလေးဘဝကပါ။
ခင်ခ။
( ငယ်ငယ်တုန်းကပေါ့ဗျာ )
6 comments
KZ
September 9, 2013 at 5:06 pm
ကျနော်တို့ အထက်ကို ကြည့်လိုက်လေ။
အကုန် မျက်လှည့်ဆရာကြီးတွေချည်းပဲ။
ဆရာ့ ဆရာတွေနဲ့ နေရတော့ မျက်လှည့်ပြလို့ အပြခံရမှန်းမသိတာ။
😀
ဦးကျောက်ခဲ
September 9, 2013 at 5:29 pm
ငယ်ငယ်တုန်းက…. မိဘတွေတားမြစ်လို့ မျက်လှည့်မကြည့်ဖူးဘူး…
အသက်ကြီးလာမှ ဒေးဗစ်ကော်ပါးဖီးလ်၊ လေဘာတီရုပ်ထု ဖျောက်ပြတာကို ကြည့်ဖူးတာ…
မျက်လှည့်တစ်ပွဲ လှည့်နိုင်လှ လူတစ်ထောင်ပေါ့…
အဲရွှေပြည်ကြီးက မျက်လှည့်၊ စိမ်းစိုတဲ့ သစ်တောတွေကို ဟတ်ချလောင်း လုပ်ပြလိုက်တာ…
စိနတိုင်းမှာ အိမ်ကြီးအိမ်ကောင်း၊ ပရိဘောဂ အကောင်းစားတွေအဖြစ် ပြန်ပေါ်လာလို့…
ပြည်သူ သန်း၅ဝ ကျော် ဟယ်ကနဲ ဖြစ်ရသတဲ့…
ဧရာဝတီကိုပြမည့် နောက်တစ်ပွဲ မကြည့်ချင် တော့ဘူး ဆရာခရယ်…
🙁
ခင် ခ
September 9, 2013 at 9:13 pm
ကိုကျောက်ရေ ငယ်ငယ်ကကြည့်ရတဲ့ မျက်လှည့်က သူ့ဝန်ကျင်းလောက်ပြရပြီး မျက်လှည့်ပြနေမှန်းလည်းသိကြတာပေါဗျာ။ မျက်လှည့်ပြမှန်းမသိအောင် ပြသွားတဲ့ နေပူတော်နေရာကြီးက အရင်တောဆိုဘဲ အဲဒီက သစ်ပင်တွေရှင်းလိုက်တာများ တော်ချက်ကတော့ တွေးသာကြည့်ဗျာ။
au kyein
September 9, 2013 at 9:18 pm
ဒေးဗစ်ကော်ပါဖီးလ် က ဦးနေဝင်းတပည့်
ဒိုင်နမို က ဦးသန်ရွှေရဲ ့ငယ်သူငယ်ချင်း။
အလင်းဆက်
September 9, 2013 at 9:23 pm
မြွေ တစ်ကောင် လို ..ညှို ့နိုင်ချင်တယ်…
🙂
ဦးကြောင်ကြီး
September 11, 2013 at 10:16 am
မျက်လှည့်ဆရာ
ဘဝဂ်ချဲ့လာ
အစပ်မတည့်ပါ
သမက်ဟဲ့ငါ…။