Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Facebook တွင် သူငယ်ချင်း အဖြစ် Add ကြရာဝယ် ….

လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကျော်အချိန်တုန်းက ကျွန်တော်တို့တစ်တွေအတွက်

ကွန်ပျူတာဆိုတာ ဈေးကြီး ပေးဝယ်ရတဲ့ သူဋ္ဌေးအုပ်စုများသာ ကိုယ်ပိုင် ဝယ်ထားနိုင်တဲ့

ပစ္စည်းတစ်ခုပေါ့ဗျာ။ အဲဒီတုန်းကဆိုရင် ကျွန်တော်တို့မှာ ကွန်ပျူတာ သင်တန်းလေးတက်၊

အင်တာနက်အီးမေးဆိုတဲ့ သင်တန်းတွေတက်ပြီး ကွန်ပျူတာဆိုုင်တွေမှာ တစ်နာရီ လေးငါးရာပေးပြီး

သွားသုံးခဲ့ရတာပေါ့ဗျာ။ အဲဒီလို အင်တာနက် အီးမေလ်းတွေ ပေါ်ခါစကတော့ ခုလို နာမည်ကြီး

ဆိုရှယ်လ် ဆိုဒ်တစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကတော့ မပေါ်သေးပါဘူး။ အဲဒီတုန်းက ခေတ်စားနေတာက

Myanmar Tea Shop လိုမျိုး .. chat room တွေပေါ့ဗျာ။ ကိုယ်ကလည်း အင်တာနက်လေးသုံးခါစ

သူငယ်ချင်းအပေါင်းအသင်းမရှိသေးတဲ့အချိန်ဆိုတော့ ချက်ရွန်းတွေဝင်ပြီး သူများရေးသမျှဖတ်၊

ဟာသတွေဆို ရယ်မောလိုက် လုပ်ခဲ့ရတာပေါ့။ အဲဒီအချိန်တုန်းကတော့ ခုလိုမျိုး အင်တာနက်ကနေ

ချစ်ကြိုက်တာတွေ၊ ကလူအိသို့ မြူအိသို့လုပ်တာတွေကလည်း ခုလောက် ခေတ်မစားသေးဘူးပေါ့။

အပြောင်အပျက်ပြောတာလောက်ပဲရှိကြတယ်။ (ကျွန်တော်မသိတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ)

ခေတ်ကာလတွေကြာလာတော့ ခုဆိုရင် အကြီးဆုံး ဆိုရှယ်လ် မီဒီယာက ဖေ့ဘုတ်ဖြစ်လာတယ်။

ဖေ့ဘုတ် မပေါ်ခင်ကတော့ အခြားအခြားဟာတွေလည်း ရှိသပေါ့လေ။ ဒီလောက်တော့ မအောင်မြင်ဘူးပဲ ဆိုပါစို့။

ခုကျတော့ ဖေ့ဘုတ်မှ မသုံးတတ်ရင် တော်တော် ခေတ်နောက်ကျသလိုဖြစ်နေတာကိုး..

ကျွန်တော့်အတွက် ခုချိန်ထိ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့အချက်လေးတွေက

ဖေ့ဘုတ်သုံးကြတဲ့ ရည်ရွယ်ချက်လို့ပဲ ဆိုဆိုပေါ့ဗျာ …

ဖေ့ဘုတ်မှာ တွေ့သမျှလူတွေကို သူငယ်ချင်းအဖြစ်လိုက်အက်တာကိုပါပဲ။

ကိုယ့်ရဲ့ Friend List မှာ သူငယ်ချင်းအရေအတွက် များချင်လို့ပဲလား။

ဒါမှမဟုတ် ကိုယ်က တစ်ကယ်ခင်လို့လား ..ပေါ့ ..

အကြောင်းရင်းကဘာလဲ .. ?

ကျွန်တော့်အတွက်ကတော့ ရှင်းတယ် ..

ကျွန်တော့်ရဲ့ ဖေ့ဘုတ်ဟာ ကျွန်တော့်အတွက် ရေးချင်တာရေးတဲ့ သီးသန့်ကမ္ဘာလေး ..

ကျွန်တော့်ရဲ့ personal information အားလုံး အစစ်အမှန်နဲ့ ကျွန်တော့်ရဲ့ ရင်ဖွင့်ရာ ၊

ရေးချင်တာရေးတဲ့ နေရာလေး .. ဒီနေရာလေးကို ကျွန်တော်က တန်ဖိုးထားတယ် ။

ကျွန်တော့်ကို လာအက်ကြသူတွေ ရှိကြတယ်။ ကျွန်တော်နဲ့ တစ်ခါမှလည်း မသိဘူး၊

မမြင်ဖူးတဲ့ သူတွေပေါ့။ တော်ရုံတန်ရုံ ကျွန်တော်လက်သင့်မခံပါဘူး။ ဘာလို့လဲဆိုတော့

ဘဝင်မြင့်တယ်ရယ်လို့ စွပ်စွဲချင်လည်း မဖြေရှင်းချင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို

လာအက်ထားတယ်၊ ဘာအဓိပ္ပါယ်လဲ ..ကျွန်တော့်ကို ခင်တာလား၊ ကျွန်တော်ရေးတာတွေကို သဘောကျတာလား။

အဲလိုတွေမရှိဘဲနဲ့ ကျွန်တော့် Friend List ထဲမှာ နေပြီး စကားတစ်ခွန်းမှလည်းမပြော၊

မိတ်ဆက်မလုပ်ဘဲ ပေ့ချ်မှာ နေ နေရင် ကျွန်တော်ရေးသမျှဖတ်ပြီး မျက်စိနောက်၊ အမြင်ကတ်နိုင်လောက်တယ်။

ကျွန်တော်လည်း ကိုယ်နဲ့မသိတဲ့သူတွေကို မအက်ဘူးမဟုတ်ပါဘူး။

ကျွန်တော်ကနေပြီးလည်း စတင်ပြီး အက်ပါတယ်။

 

ကျွန်တော်က အရင် စတင်ပြီး အက် တဲ့သူတွေဟာ
ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ဖြစ်မယ်
သူတို့ရဲ့ အရည်အချင်းတစ်ခုခုကို ကျွန်တော် သဘောကျတဲ့ သူတွေဖြစ်မယ်
ဥပမာ – စာအရေးအသား ၊ သီချင်းဆိုတာ ၊ တော် တဲ့သူတွေ ၊ထက်မြက်တဲ့သူတွေ

 

ကျွန်တော်ကစတင် အက်ပြီးတော့လဲ သူတို့ကို ပစ်မထားတတ်ပါဘူး။

ကျွန်တော် တကယ်သဘောကျတဲ့ ပိုစ့်လေးတွေ ကို Like တတ်တယ်။

တစ်ခါတစ်လေ comment လေးတွေ ရေးတယ်။ တစ်ခုက ကျွန်တော်က

ဟန်ဆောင်ပန်ဆောင် အားနာလု့ိ သူငယ်ချင်းချင်းမို့လို့ဆိုတာတွေနဲ့

Like လုပ်တာမျိုးတော့မရှိဘူး။ ကျွန်တော့်ရဲ့ ကလစ်တစ်ချက်တိုင်းဟာ

စိတ်ထဲမှာ ပါ မှ လုပ်တာချည့်ပဲ။

ကိုယ်က စပြီး အက်တဲ့သူကို ပထမဆုံးအကြိမ်တော့ သွားပြီး နှုတ်ဆက်တယ်။

ကိုယ်သဘောကျတဲ့အချက်လေးတွေ ပြောတယ်။

ဒီစာကို ဖတ်နေတဲ့ သူငယ်ချင်းများကရော ..ဖေ့ဘုတ်မှာ အက်ကြတယ်ဆိုရာဝယ်

ဘယ်လို စိတ်ကူးစိတ်သန်းများနဲ့ အက်သလဲဆိုတာ သဘောထားများကို သိချင်ပါတယ်။ 😀

 

17 comments

  • KZ

    September 11, 2013 at 3:16 pm

    မသိရင် လက်မခံဘူးးးး
    ပြီးတော့ မြူကျူရယ် ဖရန့်ကို စစ်တယ်။

    စာ ကြိုက်တဲ့သူ (ပတ်ဘလစ် သမား) တွေတော့ ကိုယ်ကြိုက်ရင် လိုက် အက် တယ်။
    ဒါမှ မဟုတ် ဖောလိုးလုပ်ထားတယ်။

    အပြင် မှာ တွေ့ဖို့ မလွယ်တဲ့ အခြေအနေမို့ တစ်နေ့တာ အနေအများဆုံးက အဲ့ဒီမှာဖြစ်နေတယ်။ 🙂

  • အလင်းဆက်

    September 11, 2013 at 3:30 pm

    အပ်တာ မအပ်တာ ထက်

    အခုထိ
    တစ်နာရီ လေးရာပေးပြီး
    ဖေ့ဘုတ် သုံးနေရသေးတဲ့ ကိုယ့်ဘဝကို
    မကျေနပ် ဖြစ်နေတယ်

    🙁

      • အလင်းဆက်

        September 11, 2013 at 4:34 pm

        တစ်မိနစ် လေးကျပ်တန်ပဲ သုံးလို့ရမယ့်
        CDMA နဲ့
        ဆိုတော့
        ဟန်းဆက်ကောင်းကောင်းလည်း ဝယ်နိုင်သေးဘူး
        ဆိုတော့

        . . . . .
        ဆိုတော့. . .
        . . .
        🙂

  • Myo Thant

    September 11, 2013 at 3:33 pm

    ကျနော်ကတော့ မသိပဲ အက်ပေမယ့်
    သူတို့ဆီက အကျိုးရှိတဲ့ လင့်ခ်တွေ သတင်းတွေ ရတတ်တယ်ဆို မှတ်ထားတယ် ၊
    တစ်ချို့ကတော့ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေ ၊ တချို့က အပြင်မှာကို သိသူတွေ ၊
    တချို့ကတော့ အထူးသဖြင့် ရွာထဲမှာပဲ ရင်းနှီးပြီး အပြင်မှာ မဆုံဘူးသူတွေ ၊
    ဥပမာ ဆာမူရိုင်းဂီ ၊ နှင်းကေသရာချစ်တဲ့ ကိုကျောက် ၊ ခြင်္သေ့ကျွန်းက ဟင်းစပ်တော်တဲ့ ကေဇီ ၊ ပြီးတော့ ကိုကိုကြောင် စသဖြင့်ပေါ့ ၊
    အဲသလိုလူတွေနဲ့နေရတာ ဘယ်လောက်စိတ်ချမ်းသာလည်း ၊
    လုံးဝကို မျက်စိနောက်လာရင်လည်း စက္ကန့်ပိုင်းအတွင်း ဘလော့တတ်တာ ကျနော်ပါ ၊
    ( ရွာသူားတွေကို ဟုတ်ဘူးနော့ ) 🙂

  • ဦးကျောက်ခဲ

    September 11, 2013 at 3:58 pm

    ကျောက်စ်ကတော့ အပြင်လုပ်ငန်းခွင်က ဘဝနဲ့ ရွာထဲက ဘဝကို စည်းခြားထားတယ်…
    တခြားအကောင့်မှာ အပြင်မှာလူချင်းမရင်းနှီးရင် မအဒ်ပေမယ့်…
    ရွာအတွက် အကောင့် “ဦးကျောက်ခဲ” မှာတော့၊ ရွာသူရွာသားမှန်ရင် အကုန် အဒ်…
    အဲသည်က မိတ်ဆွေများကိုလည်း မတွေ့ဖူးပေမည့် ဘာကြောင့်မှန်းမသိ၊ အလွန်ရင်းနှီးနေပြီး…
    မှန်ရာပြောရရင် ရွာ့အကောင့်လေးကို ပိုခင်တွယ်မိတယ်… ပေါချင်သလို ပေါလို့ရလို့…
    😀

  • surmi

    September 11, 2013 at 4:14 pm

    ရွာမှာလည်​းဆာမိ …. Fbi မှာလည်​း ဆာမိ ဆို​တော့ … ရွာထဲကလူ​တွေနဲ့ပို ရင်​းနှိးပါတယ်​ …

  • Mr. MarGa

    September 11, 2013 at 4:25 pm

    account နှစ်ခု ရှိတယ်
    တစ်ခုက အပ်သမျှ လက်ခံတယ်
    တော်တော်များများကိုလည်း အပ်တယ်
    အဲဒါက အပြင်သူငယ်ချင်းတွေ များတယ်
    အဲဒီအကောင့်ကို ဝင်ရင် ဟိုဖတ်ဒီဖတ်လောက်ပဲ၊(လူများတော့ သတင်းစုံတယ်လေ)
    ဘာမှ သိပ်မလုပ်ဖြစ်
    နောက်တစ်ခုက ဂဇက် အကောင့်
    အထဲမှာ အများစုက ရွာထဲကလူတွေ
    ရွာကလူ အားလုံးနီးပါး ကို အပ်ထားတယ်
    (အဲဒါကြောင့် တစ်ခါတစ်လေ မေ့တာပေါ့ အဟီး)
    ကိုယ့်ကို လာအပ်သမျှကိုလဲ mutual friend အရင်စစ်ဖြစ်တယ် (အားလုံးကိုလဲ လက်မခံ)
    အတော်များများနဲ့ ကွန်မန့်တွေ လိုက်ပေး ဟိုပြောဒီပြော ပြောဖြစ်တယ်
    ဂလုချက်တွေနဲ့ လေပေါကြတယ်။
    အခုနောက်ပိုင်း အများဆုံး သုံးဖြစ်နေတယ်။
    virtual community တစ်ခုပါပဲ။
    သူ့ကြောင့်လဲ ရွာနဲ့ ရင်းနှီးမှု ပိုလာသကိုး… :mrgreen:

  • တစ်ချို့ကျတော့လည်းလာအဒ်လို့လက်ခံပြီးမှ အခြေအနေမဟန်မှန်းသိရင် အန်ဖရန့်ပြန်လုပ်ဖို့လည်း
    ခပ်လန့်လန့်
    🙁
    ဖွဘုတ်ကြီးအကြောင်းကတော့ ပြောရရင်တစ်ထောင့်တစ်ည

  • ခင် ခ

    September 11, 2013 at 7:49 pm

    ကျွန်တော်မှာ မွေးအမည်နဲ့ ဖေ့ဘုတ်တစ်ခု ရေးအမည် ခင်ခ နဲ့ဖေ့ဘုတ်နှစ်ခုရှိတယ်။ ခင်ခ ဖေ့ဘုတ်မှာတော့ ရွာထံက လာအက်ရင်လက်ခံဖြစ်တာများပေမယ့် မွေးအမည်နဲ့ ဖေ့ဘုတ်မှာတော့ အပြင်မှာလုချင်းတွေ့ဘူးသူမှ လက်ခံဖြစ်တာများပါတယ်။
    ကျွန်တော်ကတော့ လူချင်းမတွေ့ဆုံ မရင်းနှီးသေးတဲ့ သူကိုတော့ ကိုယ်ကစပြီး မအက်ဖြစ်တာများသလိုပါဘဲဗျ။

  • Wow

    September 12, 2013 at 11:11 am

    ခုနောက်ပိုင်းတော့ လူမသိရင် ဒါမှမဟုတ် ကိုယ်သိတဲ့သူက ထောက်ခံတာမဟုတ်ရင် အက်တာကို လက်မခံပါဘူး… ကိုယ် ပရိုင်ဗစ်စီလေးနဲ့ ကိုယ်နေချင်လို့ပါ … ၆ ကြီးကျယ်တာတော့ မဟုတ်ပါဝူး :mrgreen:

  • မင်းခန့်ကျော်

    September 12, 2013 at 11:14 am

    ကျ​တော်​က​တော့ {လက်​ပိုက်​၍​ဖြေ​နေဟန်​}

    စသုံးသုံးချင်​း ​တွေသမျှ မြင်​သမျှ ကြိုက်​သမျှ

    သိတာ​ကော မသိတာ​ကော အကုန်​အပ်​ပါသည်​။

    ၃ ရက်​တိတိ မအပ်​ရန်​သတိ​ပေးစာထုတ်​ခံရပါသည်​။

    နားမ​ထောင်​ရင်​ဘာလုပ်​မလဲ​တော့မသိ။

    အဲဒီကတည်​းက ​နောက်​ပိုင်​းဆင်​ချင်​လာတယ်​။

    ကိုယ်​့နဲ့အဆင်​​ပြေနိုင်​မဲ့သူ​တွေ။ လိုအပ်​တယ်​ထင်​သူ​တွေကို

    အပ်​တယ်​။ သူများလာအပ်​ရင်​​တော့လူမ​ရွေးဘူး။အကုန်​လက်​ခံတယ်​။

    ၅၀၀ဝ ပြည်​့ရင်​ရပ်​သွားလိမ်​့မယ်​​လေ။ အားလုံး​သောသူငယ်​

    ချင်​းများကို​တော့ ​ပျော်​​စေချင်​ပါတယ်​။

  • ခင် ခ

    September 13, 2013 at 4:02 pm

    အပေါင်းလေးတွေစီစီရီရီနဲ့တွေ့ရတယ်လေ။

  • koyinmaung

    September 13, 2013 at 7:50 pm

    ကိုတရုတ်ကြီးတို့တိုင်းပြည်ကတော့
    facebookသုံးဘို့ကျော်ဆိုက်ကိုသုံးနေရတုန်းဗျို..
    အယင်ကျော်ဆိုက်တွေက facebook နဲ့youtube ဖွင့်လို့သိပ်အဆင်မပြေချင်ဘူး
    fg740p.exe ကိုဒေါင်းပြီးသုံးတော့မှ facebook တို့ youtube တို့ကို
    သုံးလို့ရတော့တယ်…တော်တော်ကြောက်ဒူးတုန်တဲ့တိုင်းပြည်ပါဘဲ….
    ခုမှ facebook အကြောင်းလေ့လာနေရတုန်းပါ…
    အော် ဒိုဘဝ ဒို့ဘဝ…..

  • TNA

    September 14, 2013 at 10:22 pm

    သိမှာပဲလက်ခံတယ်။ ကိုယ်ကလဲ ခင်မှပဲစအက်တယ်။ အမထဲမှာဆို သိတဲ့လူချည်းပဲ။

  • ဆုမြတ်မိုး

    September 18, 2013 at 9:48 am

    အဲဒီဖွဘုတ်ကြီးကမကောင်းဘူး ။ ဆုမြတ်မှာတော့ account နှစ်ခုရှိတယ်..။ fan page ရယ်နာမည်အရင်းနဲ့နှစ်ခုပဲ ။ ဖန်ပေ့ချ်မှာတော့ လိုက်ခ်ချင်သူတွေလိုက်ခ်…လုပ်ချင်တာလုပ် ။ ကိုယ်တိုင်လည်းမဝင်ဖြစ်ဘူး ။ ကိုယ့်နာမည်နဲ့ဟာကျတော့အမြဲလိုလိုဝင်ဖြစ်ပါတယ် ။ စာရေးဖော်ရေးဖက်တွေ ၊ ကိုယ်ကြိုက်တဲ့အဆိုတော်တွေ ၊သူငယ်ချင်းတွေ၊ အလုပ်ကလူတွေလောက်ပဲထားပါတယ် ။ ကိုယ့်သူငယ်ချင်းတွေကလွဲရင်ဘယ်သူ့မှမအတ်ဖြစ်သလို အတ်ရင်လည်းလက်မခံဘူး ။ ဖွဘုတ်စသုံးတုန်းက အကုန်လုံးလက်ခံဖူးတယ် ။ ကိုယ်ကဘာမှလည်းမဟုတ်ဘဲနဲ့ သူငယ်ချင်းတွေ တော်တော်များလာတော့ privacy မရှိသလိုစခံစားရတယ် နောက်ပြီး ကိုယ်က ချယ်ရီမေမှာသူငယ်ချင်းတွေနဲ့ကာလာအိုကေသွားဆိုဖို့ ဆိုင်ထဲဝင်တုန်းပဲရှိတယ်.. ဖွဘုတ်မှာ ချယ်ရီမေမှာတွေ့တယ်ဆိုပြီး ပိုစ့်တွေတက်လာတော့ တော်တော်စိတ်ညစ်ပြီး fri တွေအကုန် remove လုပ်ပစ်ပါတော့တယ် ။ အရမ်းခင်တဲ့သူ ဆယ်ဂဏန်းလောက်ပဲထားရာကနေ ခုဆိုတဖြေးဖြေးများလာတာ သုံးရာကျော်လာလို့ ပြန် remove လုပ်ဖို့စဉ်းစားနေတာ ။ ဒါပေမယ့် ခုအကောင့်ထဲရှိတဲ့သူတွေက remove လုပ်ဖို့ မျက်နှာနာတဲ့သူတွေဆိုတော့ လုပ်လို့လည်းမရပြန်ဘူး ။ ရုံးကလူတွေကိုတော့ အကုန်လုံး restrict လုပ်ထားတယ် ။
    ဓာတ်ပုံတွေကိုလည်းတော်တော်များများ only me ပဲလုပ်ထားတယ် ။ တချို့က ဖွဘုတ်မှာဓာတ်ပုံတွေအသေတင်..ပုံတွေအလွဲသုံးစားလုပ်ခံရတာတွေကိုမသိကြဘူး ။ ဒါကြောင့်မို့ ဖွဘုတ်မှာ တော်တော်များများအချက်အလက်တွေကို only me ပဲလုပ်သင့်ပါတယ် ။ နောက်ပြီးအဲဒီဖွဘုတ်က yahoo, google အပြင် ဖွဘုတ်လော့အင်နဲ့လုပ်ရင်ကိုယ့်ဒေတာတွေအကုန်သူများကိုပေးတာပါ ဒါကြောင့်ဖွဘုတ်မေးလ်နဲ့ ကိုယ့်ပါဆင်နယ်မေးလ်ကိုတစ်ခုတည်းမသုံးသင့်ဘူး ။ ဖွဘုတ်ဇာတ်လမ်းတွေအများကြီးပဲရှိတယ် ။ ကော့မက်ရှည်သွားတဲ့အတွက်ကော….ပိုစ့်နဲ့မဆိုင်သလိုဖြစ်သွားတဲ့အတွက်ကော..ခွင့်လွှတ်ပါရှင့်..။

    ခင်မင်လျက်
    ဆုမြတ်

    • ဦးကြောင်ကြီး

      September 18, 2013 at 10:01 am

      ဒါဆို ဆုမြတ်နိုးနဲ့ဦးကြောင် ဥမြတ်နိုး ဆိုပီး သီးသန့် ဖေ့ဘွတ်ကမာ္ဘလေး တည်ဆောက်ရအောင်ကွယ်…။

Leave a Reply