ငါး ငပိချက်။
ဝါတွင်းချိန်။
ငှက်ကလေးတွေ စိုးစီ စိုးစီ
ဝင်းပေါက်မှာ မြည်
ချိ်န်တန်ပြီ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး။
ဦးပေါင်းကို ဆွမ်းတော်တင်
သုံးချောင်းထောက်ပြင်
သံလွင်လွင် ကြေးစည်တီးလို့
ထွန်း တဲ့ ဆီမီး။
အမျှတဲ့ သုံးကြိမ် ဝေ
သွန်းတဲ့ ညောင်ရေ
မာပါစေ ကမ္ဘာသား
အောက်ထက် နံလျား။
ရွာဦးက ကြေးစည်သံ
ကျောင်းဝေဠုဝန်
ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်
ဆွမ်းအုပ်ပြင်ပါ့။
ကိုရင်ကြီး ပျိုတို့မောင်
ညှိုးနွဲ့ယောင်ယောင်
ပျိုတို့မောင် မာပါစ
မေးလိုက်ပါကြ။
မာပါရဲ့ အထွေးရယ်
ပြောလိုက်ပါကွယ်
ရွာလယ်မှာ ကိုရင်ပန်းလို့
ညှိုးလျ ရိနွမ်း။
ကပိယ အဖိုးအို ( ပ- သေးသေးလေးမရှာတတ်ပါသဖြင့် သည်းခံကြပါရန်။)
ဆိုးလှတယ် ဆို
တို့ကိုရင် ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား။
ဟင်းလေးကို ကျိုချက်လို့
မနက်က ထည့်လိုက်တယ်
ကိုရင့် ဘို့ကွယ်
ရွာလယ်မှာ သူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ။
ချာရစ်လေး မပျောက်ခင်
ထွက်ခဲ့စေချင်
လိင်ပြန်ရင် ဆံရှည်ထားပါနဲ့
သန်းတွေ က များ။
လိင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကပ် အနံကျယ်
ဈေးချိုက ဝယ်
အနံကျယ် ခပုံနွဲ့တယ်
ဆုတ်လို်က်ပါတဲ့။
ဆွမ်းတော်ခံ ကိုရင်ကြွတော့
မယ် စ လို့ မေးလိုက်တယ်
ရှင်လိင်ပြန် ဘယ်တော့ရက်
ထွက်ခဲ့ပါမယ်
မျက်နှာ ငယ်ငယ်
ဘယ့်နှယ်မှ မမိန့်
သည် တဝါ အနှိုင်ခဲလို့
နွှဲရ ရှာလိမ့်။
ကိုရင်ကြီးလာမယ်ဆို
ဝင်းပေါက်က ကြို
အို….. အလို ကိုရင်ထွက်ကယ်
ငါး ငပိချက်။
ဆရာ မင်းသုဝဏ်
( သတ်ပုံက မူရင်းအတိုင်းပါ။)
ဆရာ့ရဲ့ ဒီကဗျာကို ကဗျာ့ဥယျာဉ် ဆိုတဲ့ ကဗျာ စာအုပ်လေးထဲကနေ ရပါတယ်။
ဖတ်ရင်းနဲ့ ကဗျာရဲ့အကြောင်းအရာကို မျက်လုံးထဲမြင်ယောင်လို့ ဖတ်ချင်တဲ့ သူများ ရှိလေမလားလို့ ကူးရေးလိုက်ရပါကြောင်းရှင့်။
စာအုပ်ကလေး ကို ဘယ်နှစ်ခုနှစ်က ထုတ်ခဲ့တယ်ဆိုတာ မတွေ့ရပါဘူး။
ဆရာ ဇော်ဂျီ၊ ဆရာမင်းသုဝဏ် နဲ့ ဦးဘ တို့ ရွေးချယ်တည်းဖြတ်သည် .။ ဆိုတာ လေးပဲ တွေ့ပါတယ်။
မန်းဂေဇက်ရွာသားများလည်း ဖတ်ပြီး သဘောကျ နှစ်ခြိုက်လေမလားလို့ တင်ပေးလိုက်ပါတယ်။
မန်းဂေဇက် ရွာသားအပေါင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း။
မြန်ပြည်တခွင် ကြည်ရွင်စေချင်တဲ့
ကြည်လွင်
ရန်ကုန်မြို့။
၁၆. ၃. ၂၀၁၃
14 comments
Myo Thant
September 16, 2013 at 11:17 am
၁၆ – ၃ – ၂၀၁၃ ဆိုတော့
လွန်ခဲ့တဲ့ ၆ လ ကတင်ထားတာလား ?
Kyi Lwin
September 16, 2013 at 12:32 pm
အဲ။ နေ့စွဲရေးလိုက်တာ မှားသွားပါတယ်။ ဆရာလစ်တုန်း ရေးရတာမို့ ခွင့်လွှတ်တော်မူကြပါ။
KZ
September 16, 2013 at 11:25 am
ကိုရင်လူထွက် ငပိချက် လို့အော်လေ့ရှိတာ ဒီ ကဗျာလေးက စ တာလားဟင်။
🙂
ခင် ခ
September 18, 2013 at 10:05 pm
နီပါသေးတယ်
နှစ်ခုကွယ်
ဘာလို့ပေးတယ်
မသိနိုင်ဖွယ်
ဗုံဗုံ
September 16, 2013 at 3:39 pm
ငါး ငပိချက် ဆိုလို့ တစ်ကယ်ချက်ကျွေးမလို့မှတ်နေတာ
ကဗျာလေးကိုး… ကောင်းပါ၏.. :p
kyeemite
September 17, 2013 at 9:11 am
ကေဇီပြောတာ ဖြစ်နိုင်တယ်… 🙂
ကဗျာလေးကိုမဖတ်ဖူးဘူးဗျာ..တင်ပေးတာကျေးကျေးပါနော
အရီးခင်
September 17, 2013 at 3:10 pm
ငါးပိချက် စားချင်သွားတယ် မကြည်ရေ။
မျှပေးတာလေး ကျေးဇူးပါ။ 😛
surmi
March 26, 2014 at 9:48 am
ဒို့အရီးကို နှုတ်ခမ်းနီတွေနဲ့ အာဘွားပေးနေကြပါလား
အရီးပျောက်နေတာကြာလို့ ဒဏ်ပေးတာထင်တယ် 🙂
-6 တဲ ့ ကွိစ်
ဆုမြတ်မိုး
September 20, 2013 at 7:57 am
ငယ်ငယ်တုန်းက ဆရာမင်းသုဝဏ်ရဲ့ကဗျာပေါင်းချုပ်စာအုပ်လေးဖတ်ဖူးခဲ့တယ် ။ ကဗျာကိုအစအဆုံးမမှတ်မိဘဲ အောက်ဆုံးပိုဒ်လေးသာမှတ်မိနေခဲ့တာ အခုမှအစအဆုံးပြန်ဖတ်ရတယ် ။ ဆရာမင်းသုဝဏ်ကဗျာလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ် ။ ဒီဘက်ခေတ်ကလေးတွေမဖတ်ဖူးကြတော့ဘူးထင်တယ် ။ ကဗျာလေးတွေရှိရင်ဆက်တင်ပါဦးနော် ။ ငါးငပိချက်ကဗျာလေးအတွက်ကျေးဇူးတင်ပါတယ်ရှင့်.. ။
ခင်မင်လျက်
ဆုမြတ်
Kyi Lwin
March 24, 2014 at 1:55 pm
မင်္ဂလာပါ မန်းဂေဇက် အဖွဲ့သားများ။
ဆုမြတ်မိုးရေ
ဆုမြတ်မိုးရဲ့ မှတ်ချက်ကို ခုမှ ဖတ်မိပါတယ်။
အလုပ်လေးတွေ ရှုပ်နေလို့ ခုမှ ဝင်မိတာပါ။
ဆရာမင်းသုဝဏ်ရဲ့ ကဗျာစာအုပ်အဟောင်းလေးထဲကပါ။
အင်ယားကန်သို့ အိုကုတို့ စာအုပ်ပါ။
နောင် အချိန်ရရင် ဝင်ရေးပေးပါ့မယ်။
အဲဒီစာအုပ်ကို အသစ်ရိုက်ပြီး ထုတ်ဝေထားတယ်ထင်ပါတယ်။
alinsett (gazette)
March 25, 2014 at 5:00 pm
ဖတ်ခွင့်ရလို့
ကူးယူတင်ပြပေးတာကို ကျေးဇူးတင်မိပါကြောင်း. . .
padonmar
March 25, 2014 at 8:28 pm
Kyi Lwin ဆိုတာ ယောကျင်္ားလေး မှတ်နေတာ။
ခုတော့ ကျမသိပြီ၊
ကြောင်ကြီးသာ မသိစေနဲ့၊
ရွာထဲက နှူးဘာတွေ ပျောက်နေတာ ခုမှ သတိထားမိတယ်။
ဘယ်ရောက်ကုန်ကြပါလိမ့်။
snow smile
March 27, 2014 at 7:38 am
အ လယ် တန်း လောက် က သင် ခဲ့ ရဘူး တယ်
မြန် မာ စာ ဆ ရာ မ တော် ချက်
ခု ချိန် ထိ အ လွတ် ရ နေ သေး တယ်
snow smile
March 27, 2014 at 9:10 am
အောက် ထက် နံ လျား
နဲ့
လိင် ပြန် ရင်
ဆို တဲ့ အ ဓိ ပ္ပါယ် ဆရာ မ က မေး တော့
တ တန်း လုံး ဖြေ လိုက် ကြ တာ
တ လွဲ စီ