ဒါ. . .ကဗျာ မဟုတ်ဘူး. . .
သစ်ပင်တစ်ပင်လို
မြေပြင်ကို အမြစ်တွေတွယ်ကပ်ပြီး
သီးပွင့်ဝေဆာလိုက်ချင်တယ်
ဒါပေမယ့်. . .
ငါဟာ. . .
မြေပြင် ကို . . .ထိခွင့်မရှိသူ. . .
ကလေးငယ်တစ်ယောက်လို
မိုးရေထွက်ချိုးပြီး
မိုးသီချင်းတွေ အော်ဟစ်လိုက်ချင်တယ်
ဒါပေမယ့်. . . .
ငါဟာ. . .
မိုးစက်တွေ ကို . . .မုန်းရသူ. . .
ပင်လယ်ကမ်းစပ်တွေရဲ့
သန့်စင်တဲ့လေထုမျိုး
ငါ ရှူရှိုက် မက်မောချင်ပါတယ်
ဒါပေမယ့်. . .
ငါဟာ . . .
အသက်မရှူဝံ့တော့သူ. . .
ဟောဟိုက ငှက်တွေလို
တိမ်ဖြူကောင်းကင် အပြာထဲ
ဝဲခနဲ ပျံသန်းလိုက်ချင်တယ်
ဒါပေမယ့်. . . .
ငါဟာ . . .
အတောင်ပံတွေ မီးလောင်ခဲ့တဲ့သူ. . .
ခရီးသည်တစ်ယောက် ဆိုပေမယ့်
ငါရှာနေရတာ ငါ့အတွက်မဟုတ်တဲ့ရိက္ခာ ။
. . . . . . . . . .. . . . . . . . . . .
. . . . . . . . . .. . . . . . . . . . .
. . . . . .” ___________ ”
. . . . . . . . . . . . . . . . . . .. . ။
အလင်းတန်းတစ်ခုဆိုပေမယ့်
ငါ့ကိုယ်ငါ ပြန်မမြင်ရတဲ့
ကိုယ်ကျိုးစွန့် အလင်းတွေနဲ့
ငါဟာ. . . .
ရူးလောက်အောင် ပူနေသူ. . . .
သူတို ့အတွက် ထင်သာမြင်သာရှိဖို ့
ငါ့ရဲ့လောင်ကျွမ်းမှုကို ရင်း. . . .
ငါ့ဆန္ဒတွေ . . . လောင်စာလုပ်လို့ပေါ့
ငါဟာ . . .
ခြစ်ခြစ်တောက် ကြောက်နေသူ
သွေးမရှိတဲ့ အနာတရတွေနဲ့
ငါ့ရင်ဘတ်လည်း မွနေခဲ့
ဘယ်သူမှ မမြင်နိုင်တဲ့ မျက်ရည်နဲ့
ငါရေးနေတဲ့ ငါ့သမိုင်းးးး
ရာဇဝင်တော့ . . .
နည်းနည်းရိုင်းလိမ့်မယ်
တချို ့ကတော့ ကြိုက်မှာ မဟုတ်ဘူး။
ဒါ. . . . က . . . . . . . . . . . . . . . . . . . .
ကဗျာတစ်ပုဒ်မှ မဟုတ်တာ . . .။ ။
==========================
အလင်းဆက်
19 . 9. 2013 .
(( ကြေမွနေသော နေ့တစ်နေ့ ))
20 comments
sorrow weaver
September 20, 2013 at 10:22 am
စကားလုံးရိုးရိုးလေးတွေနဲ့ ဆန်းနေတဲ့ ကဗျာ … 🙂
အလင်းဆက်
September 20, 2013 at 10:35 am
ဖတ် ရှု ခံစားပေးတာ ကျေးဇူးတင်ပါတယ်
ညီငေး ရေ
:kwi:
ဦးကြောင်ကြီး
September 20, 2013 at 10:23 am
ကဗျာမဟုတ်
စာအုပ်
တဏှာရုပ်
လျှာထုတ်
ပါချုပ်
ဖာလုပ်
ညာခုတ်
နှာမှုတ်..
အလင်းဆက်
September 20, 2013 at 10:38 am
ဦးကျောင် ရေးသွားတာကမှ
ကဗျာ
:kwi:
မနှင်းဖြူ မှန်မှန်ပြော
September 20, 2013 at 1:22 pm
မိုက်တယ် ……. အဲလိုကဗျာမဟုတ်တဲ့ကဗျာတွေကမှ
ရင်ကိုတိုက်ရိုက်ထိတာ ………….
အလင်းဆက်
September 20, 2013 at 1:27 pm
ကျွန်တော်လည်း ရင်ထဲက လာတဲ့ တကယ့်ခံစားချက်နဲ့ ချရေးဖြစ်တာပါ
ရင်းတွင်းဖြစ် ပေါ့
:kwi:
မနှင်းဖြူ မှန်မှန်ပြော
September 20, 2013 at 2:09 pm
ြိကိုက်သဗျာ …..ကျုပ်က သူများစာတော့ မဝေဖန်တတ်ဘူး
လေးလုံးတွေ သံပေါက်တွေလည်း နားမလည်ဘူး
ခံစားချက်လေးတိုက်ဆိုင်ရင် အရေးအသားလေး သဘောကျရင် ကြိုက်သဗျာ
ကိုယ်လည်း ..ရေးချင်တာရေးတယ် … ဘာမှတော့ မသိဘူးရယ်..
:hee:
အလင်းဆက်
September 20, 2013 at 5:48 pm
မနှင်းဖြူလည်း
ရေးအားနဲ့တွေးအားလေး ကောင်းပါတယ်
သိပြီးသား
:kwi:
Mahar Myanmar
September 20, 2013 at 2:36 pm
ဘာရယ် တော့ မဟုတ်ဘူး ဗျ..
မြေကြီး လည်း ထိခွင့် မရှိသူ…..
မိုးစက် တွေ ကို မုန်း နေရ တာ….
အသက်ကြမ်းကြမ်း မရှူ ဝံ့ တာ…
အတောင်ပံ တွေ မီးလောင်ကျွမ်း ဘယ် မှ မသွား နိုင်တာ…
ကိုယ်ရှာတဲ့ ရိက္ခာ ကို့်ယအတွက် မဟုတ်တာ..
သမိုင်း က နည်းနည်း ရိုင်း ေ နတာ…
ခံစား ရတယ် ဗျာ..
အိမ်ထဲ က အိမ် ပြင် မထွက် နိုင်သူ လို…
မေး ခွန်း တစ်ခု …ပေါ် လာ ပါ ရဲ့…
” ဘာ ရောဂါ ပါ လိမ့် ခင်ဗျာ…..”
ခင်တဲ့
ဘီယာ
အလင်းဆက်
September 20, 2013 at 5:54 pm
ဘာ ရောဂါလဲ ဆိုတော့
ဆိုးဝါးတဲ့ ကံကြမ္မာဆိုး က ပေးတဲ့ရောဂါ
မွန်းကျပ်နေတယ်ဗျို့
အဖြစ်အပျက်တွေက ကြမ်းတမ်းပြီး
ကိုယ်က ခံစားလွယ်တတ် ခံစားချက်ပြင်းထန်တတ်လွန်းတော့
. . . . . .
. . . . . .
စိတ်ရောဂါ ပါ ။
🙁
မောင် ပေ
September 20, 2013 at 7:34 pm
ဒါဟာ စကားပြေမဟုတ်ဘူး
ရပ်စာသားလဲ ဟုတ်ဘူး
သေချာတာကတော့
ဖတ်လို ့ရတဲ့ဟာတော့ ဖြစ်တယ်
အလင်းဆက်
September 20, 2013 at 7:48 pm
အစစ်ပေါ့…လေးလေပေ…
ဖတ်ရလို ့ရတဲ ့….စာ….
🙂
ကျော်စွာခေါင်
September 21, 2013 at 1:45 am
အလင်းရေ
သိပ်ကောင်းတဲ့ စာသားတွေက သိပ်နာကျင်ချိန်မှာ ထွက်လာတယ်တဲ့..
ခုလို စာကောင်းလေးတွေလည်း ဖတ်ချင်တယ်..
ကိုယ့်ညီလေးကိုလည်း မနာကျင်စေချင်ပါဘူး…
အနီးနားမှာသာ ကိုယ်ရှိရင်တော့
ကိုယ့်ညီ ရင်ဖွင့်သမျှ..
ဆေးလိပ်ငွေ ့တွေ ထောင်းထောင်းထအောင် ဖွာရှိုက်ရင်း မျှဝေခံစားပစ်လိုက်ချင်ပါရဲ ့..
ရင်ကွဲနာကျနေတဲ့ …မြက်ခင်းစိမ်းကြီးပေါ်…။
အလင်းဆက်
September 21, 2013 at 7:52 am
ဦးခေါင်ရေ
ကြင်နာတတ်တဲ့ အားပေးစကားလေး ဖတ်ရတာ မျက်ရည်တောင် ဝဲမတတ်ပါပဲဗျာ။
ကျေးဇူးပါ။
ဒီနေ ့ရက်တွေဟာ
ကျွန်တော့် ဘဝထဲက အစားထိုးမရတဲ့ဆုံးရှုံးမှု တစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နေ့ရက်တွေပါ
ပြောပြချင်တယ်
ဒါပေမယ့်
ကိုယ့်အဖြစ်တွေကို
ကိုယ်တိုင်က မေ့ပျောက်ထားရတယ်
အနာဂတ်ကိုလည်း မေ့ထားရတယ်
မွန်းကျပ်လွန်းလို ့. . .
😥
မောင်ဘလိူင်
September 21, 2013 at 4:33 pm
ကဗျာမဟုတ်ရင်..ဘာပါလိမ့်? သို့သော် ကဗျာ ရယ် စကားပြေရယ်လို့
ခွဲခွဲခြားခြားပြောနိုင်စရာ အဖြေမရှိဟုထင်သည်..။ ပြောရလျှင်တော့
ကဗျာသည် ကျစ်လျစ်သော ရသစာပေတစ်မျိုး ဖြစ်နိုင်၏။ ရသစာပေ
ဆိုတာ ထပ်ပြောရင် အနှစ် ၂၅၀ဝ ငြင်းခုံပွဲကြီးပေပ။ ဘရတမုနိ လက်
ထက်တွင် ငြင်းပွဲရပ်သည်ဟု ဆိုကြသော်လည်း ယနေ့တိုင် ပုံစံတစ်မျိုး
မျိုးဖြင့် ငြင်းခုံနေဆဲ ဖြစ်လေသည်။
အလင်းဆက်
September 21, 2013 at 5:33 pm
ဟုတ်ပါ့ ကိုဘလှိုင် ရေ
ဗျာ / ပြေ ကိစ္စက အထူးသဖြင့် ကျွန်တော်တို့ဆီမှာ ငြင်းလို ့ခုန်လို ့ကောင်းတုန်း လို ့ပြောရ င် ရပါသေးရဲ့ ။
အခု ကျွန်တော် ရေးခဲ့တာက ကဗျာ မဟုတ်ဘူး ဆိုပေမယ့် ကိုဘလှိုင်ပြောသလို ကျစ်လျစ်အောင် ရသ မြောက်အောင် ရေးထားတဲ့စာ ပါပဲ။
ကိုဘလှိုင် ရေ
အခုလို ဖတ်ရှုခံစားပြီး ကွန်မန့်ပေး ဆွေးနွေးသွားတဲ့အတွက် ကျေးဇူးတင်လျက်ပါဗျ
ချစ်ခင်လေးစားလျက်
Mr. MarGa
September 21, 2013 at 5:22 pm
ဒါ ကဗျာမဟုတ်ဘူး
စာလဲ မဟုတ်ဘူး
ချာတာတာ စာတွေထဲမှာ ဒါမပါဘူး
ဗလာသာသာ စာတွေနဲ့လဲ ယှဉ်လို့မရဘူး
တကယ်တော့
ဒါဟာ
စကားလုံးတွေ ထုဆစ်
ဖုထစ်နေတာတွေကို ညှိလို့
အတု အစစ် ခွဲစရာ မလိုအောင်ကို ရေးထားတဲ့ စာ….
အလင်းဆက်
September 21, 2013 at 5:37 pm
ရလဲ့
သဂျား ရေ
နီ ရေးတွားတဲ့ comment က မှ
ကဗျာလိုလို
ဘာလိုလို
စာတိုတို ပါလားဟ
သဘောကျသကွာ
:kwi:
ကဗျာပြခန်းတာဝင်ခံတစ်ယောက် ဆိုတော့ ဒလောက်တော့
ကဗျာဆန်ဦးမှပေါ့ ။
နီ နောက်တစ်ခါ ကဗျာ မရေးတတ်ဘူးလို ့
မပြောနဲ့တော့
ဒါပဲ
🙂
Mr. MarGa
September 21, 2013 at 6:48 pm
အချွန်နဲ့ မ မ ပါနဲ့ဟယ်
နင့်ခေါင်းစဉ်အတိုင်းလေး ကာရန်လိုက်ကြည့်တာပါ
ဒီ ဘာမဟုတ် ညာမဟုတ်လေးကို သူ့ဟာသူပဲ ရှိပါစေ 🙂
အလင်းဆက်
September 21, 2013 at 9:46 pm
မ မှာဘဲ..တွာ…
:kwi: