အိမ်ပြန်ချိန် (ဝါ) ဘိုင်…ဘိုင်..Back
အနေမနီး
ခရီးဝေးမှ
ဂဇက်ရွာ ……။
အလည်လာမိ
တွယ်ငြိနေ မှ
ရှောင်ခွါ ရလို့
သောကလည်းရောက်
စိတ်လည်းနောက်ခဲ့……။
ပျော်ရာမနေ
တော် ရာနေရ
ဘဝများစွာ
ကြုံရပါလည်း
ရှေးရှေးရေစက်
ထုံးနှောင်လျှက်တည့်
ဘုံမိဤမြေ
ဤဌာနေကို
မသွေစိတ်ဝမ်း
နေ့တိုင်းလွမ်းမိ
မှန်းမျှော်ကြည့်သော်
တော်တော်ဝေးလျက်
အိမ်မက်ထဲက ဂဇက်ရွာ ……။
ပျော်ပင်ပျော်ငြား
ရွာသူားနှင့်
စကားလက်ဆုံ
ပြောမကုန်၍
တွေ့ဆုံ ကြုံကွဲ
ဖြစ်မြဲ ဓမ္မတာ
ရင်မှာ နာမိ
ဆည်းဆာလည်းပုတ်
ရောင်နီ ဆုတ်လို့
ကျွန်ုပ် အိမ်ပြန်ရတော့မည် …..။
9 comments
Mr. MarGa
September 25, 2013 at 7:58 pm
ဗျို့ ခရီးသည်ကြီး
စတုန်းက စပြီး မပြန်သေးနဲ့ဦးလေဗျာ
ဖတ်ရွေး ဘယ်လိုဆက်မယ် ဆိုတာကို စောင့်ကြည့်သွားပါဦး ဗျ
လုံမလေးမွန်မွန်
September 25, 2013 at 8:14 pm
အွန်းလေ
အဲလို လုပ်လို့ရမလား
သဂျားပြောတဲ့အတိုင်းပဲ
San Hla Gyi
September 25, 2013 at 8:25 pm
ကဲပါ သူပြန်ချင်နေတာကို ဆွဲမနေပါနဲ့။ ပြန်ပါစေ။
အလင်းဆက်
September 25, 2013 at 8:52 pm
အိမ်ပြန်ချိန်..ကိုယ့်ရဲ ့အနားမှာ…ရှိ ပေးပါ…
တို့ လမ်းမခွဲနိုင်တော့….တာ……
(((((ဂဇက်ကြိီးသာ သီချင်းဆိုတတ်မယ်ဆိုရင်… ခရီးသည်ကြီး ရဲ ့ကဗျာကိုဖတ်ပြီး.အဲဒလို ဆိုလိမ့်မယ်..)))
ဦးကျောက်ခဲ
September 26, 2013 at 8:58 am
ဆရာသမားကလည်း တားပါရစေဆိုမှ အတင်းပဲ…
ပြောမရရင် ပုဆိုးခါးပုံစကို ဆွဲထားမှာနော်…
သားမီးလေးတွေ ဝိုင်းဆွဲမှ ကျောက်စ်ကို တရားခံမရှာနဲ့…
😀
KZ
September 26, 2013 at 9:05 am
ဟွန့်။
ဂလိုပဲ ပြောချင်ရာပြောပြီး ထားခဲ့ပြန်ဦးမယ်ပေါ့။
ဒါပဲ နော်။
ဂတိနော်။
ဟိုကော်မန့်မှာဘာပြောထားတုန်း မှတ်မိတယ်မဟုတ်လားးးးး
😀
မနှင်းဖြူ မှန်မှန်ပြော
September 26, 2013 at 9:51 am
အိမ်ပြန်ချိန် ကိုယ့်ရဲ့အနားမှရှိပေးပါ..
အာဟာ..အာဟာ ..
ဟီးးးးးးးးးးးးးးးး ဖတ်သွားတယ် ..ကောင်း၏
kyeemite
September 26, 2013 at 9:55 am
လူတွေဟာ
အချိန်တန်ရင်တော့
အိမ်ပြန်ရပြန်တာပဲ
ဒါပေမဲ့ ရောက်ခဲ့ပျော်ခဲ့
နေမိခဲ့ဖူးတဲ့
နေရာဒေသတွေရဲ့
ချစ်ခြင်းမေတ္တာတွေကတော့
အတူပါသွားမြဲပါလေ…
ဆုံကြအုံးမယ်လေ…..ပျော်ပျော်ပါးပါးပေါ့ 🙂
ခင် ခ
September 26, 2013 at 3:56 pm
ခရီးသည်ကြီး
အိတ်ကိုဆွဲပြီး
ပြန်မယ်ပြင်လို့
တားမည်မဟုတ်
အသည်းအသန်နင်လည်း
သည်ခရီးဘဲ။
ဝေးကွာခရီး
သွားလာပြီးရင်
တစ်ခေါက်တစ်ခါ
ပြန်လှည့်လာပါ
ဂဇက်ရွာ။
မွေး ဇာတိ မဟုတ်ပေမယ့်
ရေး ဇာတိ မည်လေရဲ့။