Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြာလွင်လွင် (ဓါတ်ပုံပိုစ်)

1အပြာရောင်တောင်တန်း
1အပြာရောင်တောင်တန်း

 

“ပြာလွင်လွင်”

 

ပြီးခဲ့တဲ့ရက်က မိတ်ဆွေများနဲ့ဓါတ်ပုံရိုက်ထွက်ခဲ့ကြပါတယ်။

အားလုံးသုံးယောက်။

ရဲရွာဘက်ကအပြန်နေဝင်ချိန်ကိုေ ရတံခွန်တောင်အသွားလမ်း

အောင်ပင်လယ်မှာ ရိုက်မယ်ဆိုပြီး ဆည်တော်ကြီးမြောင်းဘောင်

အတိုင်းလာခဲ့ကြတာပါ။

အဲလိုလာနေရင်း တစ်ခါက ရွှေမင်းသားပြောတာကိုသတိရသွားပါတယ်။

ဒီမြောင်းဘောင်လမ်းတစ်နေရာမှာတောင်အရိပ်တွေက ရေထဲကိုကျ

နေတာရှိတယ်ဆိုတာကိုပါ။

အဲလိုသွားနေရင်းက ရေကြည်ပေါက်မရောက်ခင်တစ်နေရာ

မြောင်းဘောင်လေး နံဘေးကိုကြည့်လိုက်တော့ တောင်တန်းတွေရဲ့

အရိပ်က ရေထဲမှာကျနေတာကို မြင်တော့

မိူရသလို ဝမ်းသာသွားကြပါတယ်။

ဒါနဲ့ဘဲဆင်းပြိး ဓါတ်ပုံတွေရိုက်ကြပါတယ်။

ဒါပေမယ့်လုံလောက်တဲ့အလင်းရောင်က မရ။

ပုံကစိတ်ထင်သလောက်ပြတ်သားမှူမရှိ။

ဒါပေမယ့် ပြာလွင်သော ရှမ်းတောင်များရဲ့

ပုံရိပ်ကို ကင်မရာထဲမှာမြင်ရတော့ ကြည့်မဝ။

တကယ့်သဘာဝအလှတရားများ။

ကျနော်က အပြာနုရောင်နှစ်သက်သူ။

ပြာလွင်လွင်တောင်တန်းမျာက  ကျနော်ကို့ဖမ်းစားထားလိုက်ပါတယ်။

နောက်တစ်ချိန်ထပ်၍ လက်ဆော့မယ်လို့ ဆုံးဖြတ်မိပါတယ်။

ကဲ ပြာလွင်လွင်လေး လှမ လှ။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

16-10-2013

2ရေထဲမှာတောင်ပြာလွင်
2ရေထဲမှာတောင်ပြာလွင်
3အရိပ်
3အရိပ်

 

 

4 မဲမဲလေးက တစ်မျိုးလှ
4 မဲမဲလေးက တစ်မျိုးလှ
5 အပြာရင့်ရင့်
5 အပြာရင့်ရင့်
6အပြာအစိမ်း ပန်းနု ညနေခင်း
6အပြာအစိမ်း ပန်းနု ညနေခင်း

 

7 တူသလိုလို မတူသလိုလို
7 တူသလိုလို မတူသလိုလို
8ပန်းနုလွင်ပြင်
8ပန်းနုလွင်ပြင်

 

 

9 လွင်လွင် ပြာပြာလွင်
9 လွင်လွင် ပြာပြာလွင်
10 ဆင်တူရိုးမှား
10 ဆင်တူရိုးမှား

 

29 comments

  • မဟာရာဇာ အံစာတုံး

    October 17, 2013 at 10:08 am

    ပြာလွင်လွင် ပေါပီး
    ဘဇာဂျောင့် ဟိုမဲမဲဂျီးက ပါလာရဒါဒုန်း
    ဟွန့်နော် …
    ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မလုပ်နဲ့ ..
    လူဇိုးး မချစ်ဒေါ့ဘဲ နေပလိုက်မယ် …

  • စိန်ဗိုက်ဗိုက်

    October 17, 2013 at 10:22 am

    ကြိုက်တယ်ဗျို ့
    အဲလိုရှုခင်းဘေး..ပဲဂျီးလှော်ဝါးပြီး ဘီအီးထိုင်သောက်ချင်တာ..
    ရေထဲတော့ တွန်းမချနဲ ့ ..ကျော် ရေမကူးတတ်ဝူးရယ်

      • Ma Ma

        October 18, 2013 at 8:45 am

        ပြန်ပေါ်လာတဲ့ ကျော် လေသံပြောင်းသွားသလိုပဲ။
        ပြာလွင်လွင်ကောင်းကင်ကလည်း ပန်းချီဆရာ အပြာရောင်ဆေးအိုးမှောက်သွားသလားထင်ရလောက်အောင်ပါပဲ……. 🙂

  • alinsett

    October 17, 2013 at 10:52 am

    ဝိုးးးးးးး
    အသက်ရှုဖို့တောင်မေ့သွားစေလောက်သော အလှတရားတွေပါလားးး

    ဒီလိုပုံလေးတွေ နဲ့ ကဗျာလေးတွေ တွဲစပ်ကြည့်ရင်တော်တော်လှမလားပဲ

    တွေးမိတာပါ

    • မင်းခန့်ကျော်

      October 17, 2013 at 11:22 am

      ဆရာရေ စကားအတင်းဆက်လို့ ဖြင့်

      မြန်အောင် ဟောပြောပွဲ က မှတ်တမ်းခွေ ထွက်ခဲ့ရင်

      ကျတော်လဲလိုချင်ပါတယ်။

    • အလက်ဆင်း တို့ကဗျာ ပြခန်းကို ကျနော့် ဓါတ်ပုံများဖြင့်တစ်ခါလောက် အလှဆင်ချင်ပါသည်
      ဒီဇင်ဘာနောက်ဆုံးအပါတ်ကို ထူးထူးခြားခြားဖြစ်အောင် ဓါတ်ပုံဖြင့် အလှဆင်ကြရအောင်

      • alinsett

        October 18, 2013 at 7:47 am

        ဟုတ်ကဲ့ လေးပေါါက်ရေ

        ကဗျာ နဲ့ လေးပေါက် ပုံလေးတွေ တွဲစပ်ပြီး
        ပြခန်းတစ်ခန်းဖွင့်လိုက်ရင်တော့
        သိပ်လှသွားမှာပဲ။

        စီစဉ်ကြပါစို့

  • Ma Ei

    October 17, 2013 at 11:12 am

    အပြာရောင် အနု အရင့် တောင်တန်းတွေ အထပ်ထပ် နဲ့ ရေပြာပြာ…
    ဒါ ဓာတ်ပုံလား…ပန်းချီလား…ဆရာရေ…

  • မင်းခန့်ကျော်

    October 17, 2013 at 11:15 am

    အပြာရောင် + တောင်တန်း = ကျတော်အလွန်ကြိုက်သောပုံများဖြစ်လာ။

    ပန်ချီ ဆိုရင်တော့…..

    အပြာနုနု + တောင်တန်း+ ကျေးလက် အငွေ့အသက် = ကျတော်ကြိုက်သောပန်းချီကားဖြစ်လာ။

    ဒီပုံတွေတော့ကျတော်သိမ်းထားမယ်။ သူဂျီး ဆာဗာကိုစိတ်မချလို့ :mrgreen:

    • ကိုခန့် မြန်အောင် ပွဲ ရလျင် ပို့ပေးပါမည်
      အပြာရောင်သည်လူစိတ်ကိုပျော့ပြောင်းနူးညံ့စေပါ၏လို့ ရုပ်ကြမ်းကြီးကိုပေါက်က ခံယူထားပါ၏

  • ဗုံဗုံ

    October 17, 2013 at 1:53 pm

    ပြာလွင်လွင်ဝေဟင်ထဲ…….ဝဲလာတဲ့ငှက်ငယ်ရယ်……..
    အပြာရောင်အချစ်ည မင်းလှမ်းကြည့်လိုက်စမ်း……..
    တိဝူး….တိဝူး…..ဒါ့ပုံတွေကြည့်ပြီး ငိုချင်တာဘဲတိဒယ်… 😥
    နာ ရေထဲခုန်ချလိုက်မှာတော့…..ဟွန်း.. :mrgreen:

  • TNA

    October 17, 2013 at 2:02 pm

    လှလိုက်တာ လေးပေါက်ရေ။ ပြာအောင်ဘယ်လိုလုပ်ရိုက်တာလဲဟင်။ ဆန်းလိုက်တာ

    • မယ်သဲရေ

      ကင်မရာမှာပါတဲ့ super vivid function ကို အသုံးပြုပြီးရိုက်တာရယ် သဘာဝအတိုင်းကို က ပြာလွင်နေတာရယ်ကြောင့်ပါ

  • Mr. MarGa

    October 17, 2013 at 2:37 pm

    တောင်တန်းပြာပြာ
    ဝေဝေဆာ
    ကာလာ ဘလိုင်း
    ဒေါင်ချာစိုင်း………….
    အဲဒီ အဲဒီ ပုံတွေကြည့်ပြီး
    blue hills ဆိုတဲ့ ပုံလေးတွေကို သတိရမိတယ်
    နင်လားငါလားပဲ လေးပေါက်ရ

  • KZ

    October 17, 2013 at 2:49 pm

    လှတာဗျာ။
    ပန်းချီအတိုင်းပဲ။

    🙂

  • Swal Taw Ywet

    October 17, 2013 at 4:13 pm

    ကူးထားလိုက်ပြီ ကိုပေါက်ရေ။
    လှလိုက်တာဗျာ။
    စကားအတင်းစပ်– နာမည်ထိုးတဲ့နေရာ p ကို P အကြီးပြင်ပေးပါလားဟင်။
    With respect,
    Swal Taw Ywet.

    • ကေဇက် သီချင်းနဲ့ခေါ်လိုက်မယ် ပြန်လာပါတော့…………………….
      ကိုစွယ်တော်ပြောတဲ့အတိုင်း မနေ့ကစပြီးပြောင်းလို်က်ပါပြီ

  • nicolus agral

    October 18, 2013 at 7:17 pm

    ဂွတ်တယ်ဗျာ
    Peace and Quiet

  • ဇွဲမာန်(အင်းဝ)

    October 20, 2013 at 11:10 pm

    ဗျို့လေးပေါက် မတွေ့တာတောင်ကြာပြီနော်၊ နေရောကောင်းရဲ့လား၊အဆင်ရောပြေလား၊ အေးဗျာ ဓာတ်ပုံတွေမကြည့်ရတာလဲကြာပြီ….သတိရတယ်လေးပေါက်ရေ..။

  • ဦးကျောက်ခဲ

    October 21, 2013 at 8:22 am

    မှန်တာပြောတာမို့ သစ္စာပါ အကိုပေါက်ရေ…
    မောင်ကျောက် ဓာတ်သေလည်းမရိုက်တတ် သိပ်လည်းစိတ်မဝင်စားပါဘူး…
    အဲ… မနေ့ညက အိပ်ရာမဝင်ခင် ဘာရယ်မဟုတ် ဒီပို့စ်ကို ကြည့်မိတာ…
    အိပ်မက်ထဲမှာ အပြာရောင်တွေ ထုံမွှန်းသွားလို့…
    🙂

  • Nyein Nyein

    October 21, 2013 at 12:50 pm

    လေးပေါက်ရေ….. အပြာရောင်တွေကို မြင်ရတာ အေးချမ်းသွားတာပဲ။
    2, 4, 6 ရယ်ကိုတော့ ကြိုက်လို့ ကူးထားလိုက်ပါတယ်ဗျို့။ 🙂

Leave a Reply