အဲဒီည……..လက်ခုပ်တီးမိပါရဲ့
အဲဒီည……..လက်ခုပ်တီးမိပါရဲ့
……………………………………
ငိုခဲ့ရတဲ့ညပေါင်းများစွာ
ငါမရေတွက်နိုင်ခဲ့
ရူးသွပ်စွားမိုက်မဲမိခဲ့တဲ့ညတွေလည်း
ငါမရေတွက်နိုင်ခဲ့
ဒီတစ်ခါငိုရခြင်းမှာကင်းဝေးမလားလို့
စိုးရိမ်စိတ်တွေနဲ့ငါလက်တွဲမိခဲ့ပါရဲ့
ထက်ခါထက်ခါငိုရအုံးမယ်ထင်ပါတယ်
မလိုအပ်ခြင်းတွေလား
မနာလိုခြင်းတွေလားငါဝေခွဲမရ
တိုးညင်းစွာဆုတ်ခွာနေတာတော့သိနေခဲ့တယ်
ဘယ်အချိန်များကျန်နေခဲ့ရအုံးမှာလဲ
နေ့လား ညလား
သေချာတယ်ငါမကျန်တော့ဘူး
ငါ့ရင်မှာပရ နှင့်ဟိတရောက်နေခဲ့ပြီ….။။။
ဇွဲမာန်(အင်းဝ)
8 comments
alinsett
October 27, 2013 at 10:54 am
အောက်ဆုံးက စာသားလေး သုံးကြောင်း ဖတ်ပြီး
ကျွန်တော်
ဖျားသွားတယ်။
သေချာတယ်
ကျွန်တော့် ရင်မှာ
အဲဒါ ရောက်မလာသေးဘူး
ကျွန်တော်. . .
ကြိုးစားရဦးမယ်
KZ
October 27, 2013 at 10:57 am
ဇွဲမာန် ကဗျာတွေ ပါဖူးသလား အလက်ဆင်းးးးး
ကဗျာ တောင်းလိုက်ဦးးးးးးးး
🙂
alinsett
October 27, 2013 at 12:48 pm
တောင်းမလို့ပဲဗျ
🙂
ကဗျာပြခန်းအတွက် ကဗျာလေးများ မစ ပါဦးခင်ဗျ
alinsett.art@gmail.com က
ကဗျာတွေကို မျှော်လင့် ကြိုလျက်ရှိကြောင်းပါ
ကိုရင်စည်သူ
October 27, 2013 at 10:34 pm
ကိုရင်အလက်ဆင်းရဲ့ အနုပညာဓါတ်ခံကော ပါရမီကောက အဲ.. ရုပ်ခံ ကောင်းတော့..
အမ်းး.. အမ်းး. ကဗျာပြခန်းက ခေတ်ကောင်းဦးမှာပါလေ… ။
ခေတ်ကောင်းရင်လဲ တားတို့ကို မမေ့ပါနဲ့ညှော်..
အနဲဆုံး ရဲဇားဇဂါးလေး လိုက်ပြောလို့ရတာပေါ့ညှော်.. ဒချိ..ဒချိ..
ချစ်လို့ဇဒါ..
ရွှေမိုးတိမ်
October 28, 2013 at 3:04 pm
ကဗျာလေး အားပေးသွားပါတယ်ရှင်
အရိပ်စစ်
October 29, 2013 at 6:35 am
ကဗျာလေး လက်ခုပ်တီးပါတယ်…
ဇွဲမာန်(အင်းဝ)
October 29, 2013 at 2:29 pm
alinsett says: ရေ ကျွန်တော်မလုပ်တက်ဘူးဗျ၊ ဘယ်လိုလုပ်ရမှာလဲ၊ ခုစာတင်တာတောင် စမ်းတဝါးဝါးနဲ့တင်နေရတာ သိပ်မလုပ်တက်ဘူး၊ ဒါတောင် လေးပေါက် သင်ပေးထားလို့ စာတင်တာသိတာ ဒါတောင်နည်းလမ်းကျလားမသိဘူး။
alinsett
October 29, 2013 at 2:52 pm
ကိုဇွဲမာန်ရေ..။
ကဗျာပြခန်း ကို.. ဒီ လင့်ခ်မှာသွားကြည့်ပါနော် ။
http://myanmargazette.net/tag/%E1%80%80%E1%80%97%E1%80%BA%E1%80%AC%E1%80%BB%E1%80%95%E1%80%81%E1%80%94%E1%80%B9%E1%80%B8
————————————
ကဗျာပြခန်းအတွက်..ကဗျာရေးင်္ပြီးရင်.. မေးလ်နဲ ့.. ပို ့လို ့ရပါတယ် ။
alinsett.art@gmail.com ကို ပို ့လိုက်ရုံပါပဲ ..။
ကျွန်တော်တို ့ ပြခန်းအဖွဲ ့ဝင်တွေ က…
ကိုဇွဲမာန် ပို့လာတဲ ့ ကဗျာကို.. ပုံလေးတွေ နဲ ့ လှလှပပ ဖြစ်အောင် ပြင်ဆင်ပြိီး..
တစ်လ နှစ်ခါတင်ပြနေတဲ ့.. ကဗျာပြခန်းမှာ.. ထည့်ပြမှာဖြစ်ပါတယ် ။
————————————
ကဗျာပြခန်းမှာက..
အကြိုက်အများဆုံးကဗျာ ကို အမှတ်တရ လက်ဆောင်လေး..စီစဉ်ပေးနေတဲ ့အတွက်.
ကဗျာပြခန်းဆီ ပို ့ပေးထားတဲ ့ကဗျာကို…
ပြခန်းမှာ… ဖော်ပြပြီးတဲ့ အချိန်ထိ စောင့်ပြိီးမှ… ဂဇက်ရွာထဲမှာ.. သီးသန့်တင်စေချင်ပါတယ် ။
—————————
ကဗျာပြခန်းက…
ကဗျာလေးတွေကို ကြိုဆိုနေပါတယ်.လ.ို ့…
လေးစားစွာဖြင့်…