နှစ်ကူးဆန္ဒ သုညတ 2014
ရှင်တော်ဘုရား
သုညတရား
အဆုံးစွန်
နားလည်ရပါလို၏။
ဘဝဘုန်းရိပ်
ဇမ္ဗူထိပ်
သုညတိတ်ဆိတ်
နေရပါလို၏။
ဖြစ်လေရာဘဝ
သုညတ
ရုပ်နာမ်ထပ်တူ
ကျရပါလို၏။
မရှိပညတ်
ရှိပရမတ်
ယှဉ်ဆက်မပြတ်
တရစပ်ဖြစ်ရပါလို၏။
နှစ်ကူးချိန်ခါ
မင်္ဂလာ
သုညသံသာ
ကြားရပါလို၏။
မလိုမှရ
ထိုသုည
စိတ်အင်ဆန္ဒ
ပြည့်ဝရပါလို၏။
5 comments
•*¨နန်းတော်ရာသူ •*¨
January 1, 2014 at 10:18 am
တောင်းတဲ့ဆုနဲ့ပြည့်ပါစေဒက်ကတ်
alinsett
January 1, 2014 at 11:52 am
ကဗျာတွေ…ဆန်လိုက်တာ…အုကျောင်ရယ်…
:kwi:
လုံမလေးမွန်မွန်
January 1, 2014 at 1:17 pm
ဒါ အူးကြောင်ရဲ့ပို့စ် ဟုတ်ပါတယ်နော်…
Wow
January 2, 2014 at 8:56 am
ကြောင်တစ်ရာရသွားဘီ..
ဟက်ပီးနယူးယား ပါကြောင်…
မဟာရာဇာ အံစာတုံး
January 2, 2014 at 9:32 am
နယူးရီးယားပါ ဥကြောင်
သုည ဆိုမှ
သုည ဆိုတာ သူ့နေရာနဲ့သူမှဗျ ..