Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြေးမုံအူပြတ် Appendix ဝတ္ထုရှည် စ/ဆုံး

“ကြေးမုံဂျီး.. ဟောသည်မှာ ကျိရမ်း… မင်းကြောင့် ငါခံစားနေရဒါ..” ပြောပြောဆိုဆိုနှင့် ကကြောင်ကြီး ရင်ဘတ် ဖွင့်ပြလိုက်သည်။ “အို.. ဟင်.. မွေးမေ့လေ့” အာမေဋိတ်သံ ပေါင်းစုံသွားသည်။ အကြောင်းမူဂါး ကကြောင့်ဒွင် အသဲမရှိဒေါ့ဂျေ။ ခွေးစားသွားဂျင်း မဟုတ်.. ကြေးမုံဂျီးကြောင့် ရသောဒဏ်ရာ တနည်းဆိုသော် အခြစ်ကြောင့် ကြောင်ကြီးတွင် အသဲမရှိ တစစီ ကြေမွခဲ့ရလေဗျီ.. ဒန်တန့်တန်… (လက်ခုပ်တီးဂျပါ… ဖြောင်းဖြောင်းဖြောင်း) အားလုံး၏ အကြည့်များ ကြေးမုံဂျီးထံ စုပြုကျရောက်လာသည်။ သူ့ကိုယ်သူ အာပြိုဂျီး၊ ယဲရဲတောက် တရုတ် ကူမြူနစ်ပါတီကေဒါ၊ ဝသဗုံတပ်မှူး၊ မြစ်ဆုံရေကာတာ စီမံကိန်း ဖြစ်မြောက်ရေး ကော်မတီဝင်၊ လက်ပံတောင်း ကြေးနီတောင် လုံထိန်းရဲအဖွဲ့ ထောက်ပံ့ရေးမှူး စသည့် ဂုဏ်ပုဒ်များဖြင့် နာမည်ကောင်းယူ လူတွင်ကျယ်လုပ် ဂွင်တဲ့နေရာမှ နွေလည်ခေါင် မိုးကြိုးပစ်ချ ခံရသလို တုန်လှုပ်သွားသည်၊ ဆောက်တည်ရာမရ ဖြစ်သွားသည်၊ ခေါင်းနားပန်းကြီးသွားသည်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ မျက်နှာ ဇီးရွက်လောက် ရှိတော့၏။

“အိုး.. ဒါတွေ ကျမ အသိဗူး.. လာမရှုပ်နဲ့ ဇက်ပြုတ်သွားမယ်၊ ရဲခေါ်လိုက်ရမလား” ကြေးမုံဂျီးကလည်း မခေ၊ တရုတ်ကူမြူနစ်ပါတီမှ ပေးထားသည့် ဂြိုလ်တုလက်ကိုင်ဖုံးထုတ်လျက် ခြိမ်းခြောက်သည်။ မြန်တျန့်ပြည်နယ် ရဲတပ်ဖွဲ့ အားကိုးမရလျင် တရုတ်နိုင်ငံရဲဌာနဂျုပ်ထိ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားမည့် သဘော.. ကဲ ကကြောင်ကြီး နင်.. ဘာတတ်နိုင်သနည်း..။ “ကြေးမုံဂျီးဃလည်းကွယ်.. အခြစ်ရေးမှာ စစ်ရေးတွေ ဝင်မပါပါနဲ့၊ နှလုံးသားရေးရာမှာ ဗုံးမှားကျွေးစရာ အလိုဗူး.. သဖုန်းစားလေးပမာ ရုံးနားသေးပါမိတာ ခွေးလွှတ်ပါ။” ကြေးမုံဂျီး ငိုင်သွားသည်၊ ထိသွားဗီ ကကြောင် ပစ်လွှတ်လိုက်သော ကျည်ဆံ ပစ်မှတ်တိုက်ရိုက် ထိလအိ။ မိန်းမဆိုသည်ဂ ခက်သည်၊ အညှာသိလျင် ခိုင်းစားရော့ တသက်။ (မကြာဂင် မိန်းမယူဂါ ကောင်း (အင်္ဂုလိသံဖြင့်ဖတ်) ကျမည့် လူပွေဂျီး ဦးကျောက်စ်နှင့် နှူးဘာဂိုဏ်းဂျုပ် ဖူဂီစံဒို့အတွက် စဂါးလက်ဆောင် ဖြစ်ပေသီတမုံ့) ကြေးမုံဂျီးလည်း ဘာသားနှင့် ထုထားသည် မှတ်လို့….။ သွေးနှင့်ကိုယ် သားနှင့်ကိုယ်.. ခြစ်တတ်သည့် သတ္တဝါပေဗဲ..။ ကူမြူနစ် ပါတီကေဒါသင်တန်း ဘယ်လောက် မာမာ.. အခြစ်နှင့်တွေ့လျင် ဒူးထောက် အညံ့ခံဂျသည်သာ..။

ထိုအခါ ပရိတ်သတ် အပေါင်းလည်း စုတ်တသတ်သတ်နှင့် ဖစ်မှဖစ်ရလကွယ်…၊ တယ်အခြစ်ကြီးသူပါတဂါး.. တောက်စ် ငါ့နှမနဲ့သာ ဖစ်လိုက်ပါဒေါ့ကွာ စသဖြင့် သူ့ထက်ငါ အလုအယက် ချီးမွှမ်းမဆုံး ဖစ်ကြကုန်လေသီ။ ကြေးမုံဂျီးလို မဟုတ်တရုတ် သင်တန်းတက် ဥနှောက်အဆေး ခံထားရသူအဖို့က သာဆိုး၏။ သူ့တို့ကိုယ်သူ ငြံဂျီးရှင်၊ တက်နီယဲမေ၊ ပဉ္စမံကြွက်သား၊ ပါတီကေဒါ ဘယ်လိုပဲ သမုတ်မုတ် စားနေဂျ ကြောင်ကြီး၏ မီးဖိုချောင် အတွင်းမှ ကြွက်ခလေးသာ ဖြစ်သည်။ ငှီးလျောင်း ငှီးလျောင်း….။

ကြေးမုံဂျီးရယ်.. မင်းဂိုငါ ခြစ်ခဲ့ဒါ အိမ်မက်မှ အဟုတ်တာ.. လူသိ၊နတ်သိ၊ဗြဟ္မာသိ၊ ၃၁ဘုံဓါး အကုန်သိတယ်။ ငါကျူးလွန်ထားတဲ့ ကိုယ်စောင့်နတ်၊ ဂေါင်းစောင့်နတ်၊ လက်စောင့်နတ်၊ ခြေစောင့်နတ် သက်သေရှိဒယ်….။ အလွယ်မေ့ ရရိုးလားကွယ်။ သစ္စာတရားဆိုဒါ ညှစ်ပါများရင် ပိန်ရှုံ့သွားတဲ့ သွားတိုက်ဆေးဗူးမှ အဟုတ်ထှာ..။ သုံးသုံး မသုံးသုံး တက်နေတဲ့ မီတာခလို အမြဲတက်ကြွ လန်းဆန်းနေတယ်။ မင်းထင်သလို ငါနဲ့ ခယစ်စတယ် ဘာမှအဖြစ်ဖူး၊ ငပလီသွားတာ သံတွဲပဋိပက္ခ ဖြေရှင်းဖို့၊ ဟိုတယ်အတူတည်းဒါ ညဖက်ကြီး အရေးပေါ်လာလို့ နှစ်ကိုယ်ဂျား တိုင်ပင်နှီးနှောဒါ။ နေ့ဖက်ဆို လူမြင်သူမြင် ဥဒဟို သွားလာနေဒါဗဲ.. မယုံရင် ရခိုင်သတင်း အမြဲ စုံစမ်းနေဒဲ့ ဆော်ဒီထောက်လှမ်းရေး ဆလိုင်းဖင်ပြောင်နဲ့ အီရန်စပိုင် အေ့ဝဒီဂျီးတို့ဂို မေးကြည့်..။

သူ့ဘဲ ဒေါက်တာကြေးအိုး မအားလို့ အထီးကျန်နေဒဲ့ အီးဒုံးဂျီး ပဲခူးဘုရားဖူးအပြန် ထန်းတောထဲ ထန်းရည်မူး လဲနေဒါတောင် လက်ဖျားနဲ့ အတို့ဗူး။ တကိုယ်လုံးကို လက်ကြီးနဲ့ ဖက်ပွေ့ချီ ကားပေါ်တင် ပေးခဲ့တယ်။ သူ့ ခန္ဓာကိုယ် အတ္တဘော လေးလွန်းလို့ လမ်းမှာ နာရီဝက် ကြာတာပဲ ပြောစရာရှိတယ်။ အထိအတွေ့ သာယာပီး ဆိတ်နဲ့ပြစ်မှားမယ် အထင်နဲ့၊ လူကွ..လူလူ၊ သစ္စာရှိဒယ်။ အေဘီအက်စ်ဒီအက်ဖ် ရဲမေခြာတူးနဲ့ အက်စ်ဘီက စပိုင်နှင်းမမ တို့ကိုလည်း ပြန်လည်သင့်မြတ်ရေးအတွက် လုပေါင်သစ်ပါတီဝင် ဦးကျောက်စ်ခဲနဲ့ ရုရှားပျံစစ်ဗိုလ် တို့ဆီ ဆက်သပြီးပီ။ ကေအန်ယူ ပက်ကညော နော်ရှီးဂို ဂျပန်ယာကူဇာ နှူးဘာဂီ ရသွားတာ အမဲရိုး ဟင်းအိုးမှ အားမနာလို့ တချက် ဆိတ်မကွက်ခဲ့ဗူး။ သာမီးလေး အမွန်ဆိုလည်း ငါနဲ့စပ်တူထိုးထားတဲ့ အောင်ဘာလေထီ သိန်း၁၅၀ဝဆု ပေါက်သွားတာ အံဇာတုံးနဲ့ ဒင်းပေါင်းပီး မသိခြင်ထောင် ထောင်ဖို့ ကြိုးစားနေပီ။  ညည်း သိန်း ၇၅ဝနဲ့ ငအံဇာ ကြိုက်ရာရွေး အကြပ်ကိုင်လိုက်ရင် ဟိုလဒ မျက်ရည်နဲ့မျက်ခွက်ဖြစ်ပီ.. ဒီလောက်ဆို အမြင်မှန် ရပါဒေါ့ ကြေးမုံဂျီးရယ်.. ဒချိ ဒချိ ဒချိ..။

“အဟင့် အဟွန့် အဟွမ့်.. ရွှတ်ဖတ်၊ သာမီး မိုက်မှားမိပါဒယ်၊ ကိုကြောင် စေတနှာကို စော်ဂါးမိတာ ခွေးလွှတ်ပါ၊ တရုတ်က အမေရိကန်ကို အကြွေးနဲ့ သိမ်းတော့မယ်လို့ မဟုတ်တရုတ် ရေးခဲ့မိသလို အမှားကြီး မှားခဲ့ဗျံပါပီ။ ဒဂယ်ဒေါ့ သာမီးလည်း ရင်နဲ့အမျှ ကြေကွဲရပါဒယ်၊ ကိုကြောင့်မှာသာ အသဲမရှိတော့တာ မဟုတ်၊ သာမီးမှာလဲ အူအတက် မချိဒေါ့ဗူး၊ ခံစားရလွန်းလို့ ခွဲထုတ်ပစ်လိုက်ရပြီ၊ ဟောသည်မှာ ဆေးမှတ်တမ်း ဓာတ်မှန်” ကြေးမုံဂျီး အိုက်တင်အပြည့် နှာရည်ရွှဲလဲဖြင့် စပိုင် လက်စွဲအမှတ် ဖိုးတွမ်တီးတွင်ပါရှိသော ရန်သူ့လက်ရောက် ငိုသံပေါက် ပညာ ထုတ်သုံးလိုက်သည်။

ကြေးမုံနှင့်ကြောင် တူတူညောင်
ကြေးမုံနှင့်ကြောင် တူတူညောင်

ဂွီစ်.. ငါ့ကြဒေါ့ အသဲ၊ သူ့ကြဒေါ့ အူအတက်တဲ့လား?? ။ ဧကန်ဒ မစားနိုင် မသောက်နိုင် တမှိုင်မှိုင် တတွေတွေ ဖြစ်လို့နေမယ်။ အူတိုတယ် ဆိုဒါ ဒါမျိုးဗေပဲ။ ကကြောင်ကြီး ဆက်မငြင်းသာဒေါ့..။ မယုံတဝက် ယုံတဝက်ဖြင့် လက်ခံလိုက်ရသည်၊ မိန်းမနဲ့ ယောက်ျား ထပ်တူ မကျစဂေါင်းလေ..။ သို့သော် တိတိကျကျသိအောင်တော့ မေးအုံးမှ…။

“ဗျိုး..ဒေါက်ဒေါက်၊ နေ့ကောင်းလား၊ ညကောင်းလား၊ မနက်တော့ လုပ်နဲ့ဗျာ၊ စောစောစီးစီး ခြေကုန်လက်ပန်း ကျနေမယ်။” ဒေါက်တာကြေးအိုး မှောက်လျက် ကြမ်းပြုနေရာမှ အလန့်တဂျား ဖြစ်သွားသည်။ ကမန်းကတန်း ပုဆိုးပြင်ဝတ်ရင်း “ပေါက်ကရတွေ မပြောစမ်းနဲ့ဗျာ” ပါးစပ်ကလည်းဟန့် လက်မှ ကြမ်းပြင်ကိုစမ်းကြည့်သည်၊ “လာဗျာ ကကြောင် ကြမ်းမှာထိုင်..။ ဆိုဖာခုံကဒေါ့ ဘီယာဆိုင်က အီးဒုံးဂျီး အကြွေးဆိုပီး လာသိမ်းသွားဒယ်။” “ဖစ်မှဖစ်ရလေ ဒေါက်ဒေါက်ရယ်၊ အဲလောက်တောင် အီးဒုံးဂျီး ဝါရင့်နေပီလား။ အပေါင်းအသင်း မှားလေသကိုး၊ ဒါဇင်ပလပ်ဆိုပီး ရွာအစဉ်နှက်တော့ လျှာအပြင် ထွက်ရပြီ..။ ကြမ်းပြင်တခုလုံးလည်း ချိုင့်ခွက်တွေချည်းပါလား၊ ဘီလိုဖြစ်သတုံး..၊ အတွင်းအားဆိုဒါ တရုတ်သိုင်းကား ထဲမှာသာ ရှိဒယ်ထင်တာ အခုတော့ လက်တွေ့ မြင်ရပြီ။ ဒေါက်ဒေါက်ကို လေးစားသဗျာ။ ဒေါက်တာကြေးအိုး အင်းမလုပ် အဲမလုပ် သူမဟုတ်သလို ရုပ်အတည်ဂျီးနှင့် နေလေသည်။ “လာရင်း ကိစ္စဂဒေါ့ ကျနော့် တောင်မယေး ကြေးမုံဂျီးမှာ အူအတက် မရှိတော့တာ ဆေးပညာ ရှုဒေါင့်အရ ဒေါက်ဒေါက် ဘယ်လိုမြင်သလဲ သိချင်လို့။” “ ဒါတော့ အသိဘူးကွ၊ ကျုပ်က အိုဂျီ စပါယ်ရှယ်လစ်၊ ဟိုအကြောင်းကလွဲ အခြားဆိတ် အဝင်စား…။ ဩဇီဆရာဝံမ ကြင်လျှာဒေါ် မစ္စတာဖော မေးကြည့်ပါလား..။”

“ဟိုင်း. ဂွတ်မောနင်း ဂွနှိုက်၊ အိုင်ဂိုးတူစကူးလ် ဘတ်လဗိုင်လိုက်၊ ဦးဖော ဟောင်းအာယူ။” “ဟဲလို အိုင်ဆေး ပန်းကန် မိန်းမခိုင်းလို့ (ဟုတ်ဖူး) သူ မအားလို့၊ ဝှက်သဟဲလ် မောင်မင်းကြောင်ကလေး..” “မြန်တျန့်ဂဇက်ရွာ အဖိုးတန် မျိုးမှန် ခေတ်ပြင်ညာတက် နှစ်ဦး လေပေးဖြောင့်သည်။ (ယခုမှစ၍ တောသူတောင်သား လူအများ နားလည်စေရန် ၎င်းတို့ပေါစကားအား မြန်တျန့်လို အတိုချုံး ဘာသာပြန်ပေးပါမည်၊ ဇဂါးချတ်) “xx xxx xxxx အဲဒါဗဲ ဦးဖောရေ.. ဘယ်လိုသဘောရှိဒုံး ဦးဖောဂဒေါ်ကို မေးပေးပါ။” ချက်ဆို အောက်ထိ တိုးလျှိုးပေါက်သော ဦးဖောလည်း ချက်ခြင်းဆိုသလိုပင် “ဒါဒေါ့သီးခံ ဒဂါကြောင်၊ ငါ့မဟေသီဂ ဂျင်နရယ်လစ်ကွ၊ အူပိုင်းတွေ သိမယ် အထင်ဗူး။” “ဗွာလဲဗျ ဂျင်နရယ်လစ်နဲ့ စပါယ်ရှယ်လစ် ဘာကွာသလဲ” ကကြောင် ခေါင်းရှုပ်သွားသည်။ “ဟမ်း.. ဂျင်နရယ်လစ်ဆိုဒါ သေမည့်စစ်ဗိုစာရင်း လုပ်ပေးတဲ့ ဆြာဝံမဂျီးပေါ့ကွယ်၊ အဲလို အလွယ်မှတ်၊ ကူညီချင်ပေမဲ့ ဆြာဝံတွေ လိုက်နာရတဲ့ ကုတ်လော့အပ်သစ် သွားထိရဲဗူး၊ လက်စူးရင် သိပ်နာလို့၊ ဒါဗဲနော်.. ဂွပ်။” ကကြောင် ပြန်မပြောနိုင်ဂင် ဖုံးချသွားသည်။

ေဩာ်.. ဒွတ်ခ ဒွတ်ခ.. မြန်တျန့်ပြည် ဆေးတက္ကသိုလ်ပဲ ညံ့လေသလား၊ ဆြာဝံဆေးကျောင်း သင်ရိုးကိုယ်၌ အပြစ်လား.. ဘယ်သူမှ မေးစမ်းမရ၊ ဆလာဝံတောင် မသိဆို အပြင်လူ ပိုဆိုးတော့မပေါ့။ တိုင်းရင်းဆေးဖက် လှည့်ရအောင်လဲ ဘော်ဒါဂျီး ဆြာထက်ဝေးက ပထဝီ၊ တေဇော၊ ဝါယော၊ လာဘောဒဲ့… အာဘောနဲ့ လာဘော တောင်ကွဲပြား သိပုံမရ။ အူကလီစာဆို ပိုဝေးရော့မယ်.. ဒင်းက အရိုးဆက်ပညာသာ တဖက်ကမ်းဒါ ဗေဂလား။ ခုတလော ရွာမှာ စွာကျယ်စွာကျယ် လုပ်နေတဲ့ ဘိုးတော်ခေါင်များ အားကိုးရမလား အသိဗူး၊ သွားလေဦးမှဗဲ..။

“ဘိုးဘိုးခေါင်ဂျီး ခင်ဗျား၊ သားတော်ကြောင် အခစားဝင်ပါဒယ်၊ လာရင်းအကြောင်းဂဒေါ့…” “တော်တန်တိတ်.. စပေါ်ဆန်တအိတ်” ဘိုးဒေါ်ခေါင်မှ ဆီးဟောက်သည်။ “ဟိုက်.. အလွယ်ဗာလား၊ စဂါးတောင် အစရသေး… စပေါ်တောင်းတော့ဒါဗဲ၊ တော်သေးတာပေါ့ တခါထဲ အပြည့်မတောင်းဒါ..။” ကကြောင် အတွေးမဆုံးခင်.. “ထွီ… ရာရာစစ အသပြာ ဆရာအဟုတ်ဘူးကွ၊ ကာရံလိုက်အောင် ပြောတာ….။ မင်းဘာကြောင့် လာလဲ ငါသိဒယ်။ အချိန်ကုန်ခံ နားမထောင်ချင်လို့ ပညာခန်း ပြတာ။” ကကြောင် တခါထဲ ဝပ်သွားသည်။ ရှာနေသော ဆြာဂေါင်း တွေ့ပြီ၊ ကိစ္စပြီးလို့ကဒေါ့ လိင်ဗျံနဲ့ အယ်လ်အေခေါ်ပြီး သဂျီးမာမွတ်ခိုမ် အိမ်ပေါ်တက် သောင်းဂျန်းခိုင်းမည်။ သာမီးဒေါ်လေး ကိုယ်တိုင်တောင်းပန်မှ ကျေအေးနိုင်မည်၊ ရုပ်ဝါဒီသဂျီးကို မှတ်လောက်သားလောက် ရှိအောင် ဒီလောက်တော့ ပညာပေးရမည်။။

ဆြာခေါင် ဘုရားဝတ်ပြုသည်၊ နှုတ်မှလည်း တဖွဖွ မန်းနေသည်၊ ဘာမှ ထူးမလာသေး.. ဓာတ်မစီးသေးထင်၏။ ဝူး..ဝရော အုံး ဂွမ်း အပြင်မှ လေပြင်းတိုက်သံ အတိုင်းသား ကြားနေရသည် လျှပ်စီးသံ တဒိုင်းဒိုင်းနှင့်.. မိုးဒေဝါ နတ်မင်း လေဟုန်စီး ကြွချီလာဗလော..။ ထိုသို့ အားကိုးတဂျီးနှင့် ကြည့်နေစဉ်.. “အောင်မငှီး သောက်ခွီး.. အိမ် တံခါး အမြန်ပိတ်ပါဟ၊ ဟိတ်ကောင် ငကြောင်.. ဘာငေးနေသဒုံး ပြတင်းပေါက်တွေ လိုက်ပိတ်စမ်း.. အပြင်မှာ လေမုန်တိုင်းတိုက်တာ မကြား.. နားပင်းနေလား။” “တိန်.. မသိလိုဗာ ဆြာဂျီးရယ်. .အနော်ဃ ဓာတ်စီးတယ် မှတ်လို့..။”

အတန်ငယ်ကြာ၍ လေငြိမ်သက်သွားမှ ဓာတ်စီးဓာတ်ရိုက်ပွဲ ပြန်စသည်။ ပြုဖွယ်ထုံးစံများ ပြုလုပ်အပြီး အနားရှိ လူတယောက် (တိတိကျကျ ဆိုရသော် အိုမင်းရွတ်တွ စုတ်ပဲ့နေသည့် လူတဦး) ကတုန်ကယင် ဖြစ်လာသည်။ ဓာတ်စီးလေဗျီ.. ပူနောင်ချပ်ခြိမ်း ပူချပ်ခြိမ်း..။ ထိုသူဂါး ရွာကြက်သရေတုံး မိုက်ခဲဂျော်လကီအောင်ပုဖြစ်၏…။ အရက်နာကျ၍လော၊ တဂယ်လော.. တကိုယ်လုံး ခိုက်ခိုက်တုန်လျက် မျက်လုံး ၃၆ဝ ဒီဂရီလည် နေသည်ဒေါ့ အမှန်..။ “သားဂျီးပေါဇမ်း.. ဘာလျောက်စရာ ရှိသနည်း။” “မှန်လှဗာ ဆြာခေါင်.. ကြေးမုံဂျီး အူတိုတာ အမှန်ပါ၊ အဲလို မတိုရင် အူပုပ်ဖွယ်ရှိပါ၏။ ကကြောင့်ဂို အလေးအနက်ထား မှာလိုဒါ ကြေးမုံဂျီး အမည်မှန်.. အီတွန့်ဗွမ် ဖြစ်ပါသည်။ တရုတ်ကူမြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် တဦးဖြစ်ပြီး မြစ်ဆုံရေကာတာ စီမံကိန်းမှ ကော်မရှင် ဆယ်ရာခိုင်နှုန်း ရထားသူလည်း ဖြစ်သည်။ ဘယ်ဒူတေတေ ငရွှေမာလျင် ပီးရော ဆိုးညစ်သည့် ဆိတ်ထားရှိသူ၊ မြန်မာပြည်အား တရုတ်ပြည် လက်ဝေခံ မြန်တျန့်ပြည်နယ်အဖြစ် သတ်မှတ်ပြီး ဘွားဒေါ်ဂျီးအား ပြည်နယ်ပါတီ အကြီးအကဲအဖြစ် ထောက်ခံအားပေးနေပါသည်။ ၎င်းလိုလားချက်များ ရရှိပါဂ ၂၀၁၅ခုနှစ်တွင် ဘွားဒေါ်ဂျီးအား မြန်တျန့်ပြည်နယ်အစိုးရ အကြီးအကဲ ရာထူးပေးရန် စစ်တပ်နှင့် လက်ဝါးဂျင်းရိုက် စီမံလျက်ရှိသည်။”

ဇာတ်လမ်းက ဒါဗဲဗျာ.. ဆြာခေါင့်ကျေးဇူးနဲ့ မှုံဂျီးလျှို့ဝှက်ချက် သိရပြီးသကာလ အနော့်ဂေါင်း အိုးထိန်းစက် ပမာ ချာချာလည် သွားခဲ့ရပါဒယ်။ တဖက်မှာ နိုင်ငံဒေါ်ကျေးဇူး၊ အခြားတဖက်က နှလုံးသားကိစ္စ ဘယ်အရေး ဦးစားပေးရပါ့။ နိုင်ငံတော်သစ္စာ စောင့်ထိန်းလိုက်နာဒယ်ထားအုံး ဘွားဒေါ်ဂျီးကိုယ်တိုင် တလုပ်ကြီး အရိပ်အကဲ ကြည့်နေရတယ်။ ကြောင်ကြီး အရှိန်ကောင်းကောင်းနဲ့ တလုပ်ကို ဆန့်ကျင်ပီးရော ဘွားဒေါ်ဂျီးဃ မြန်တျန့် ပြည်နယ်သမတအဖြစ် တရုတ်ပြည်သွား ကျမ်းကြိန်လိုက်ပါပြီတဲ့.. ကကြောင်ဘွ အဲမှာတင် ပျက်ကရော…။ သိပ်မကြာဂင်တောင် ဘွားဒေါ် တလုပ်ကူမြူနစ်ပါတီ ဌာနဂျုပ်သွား သစ္စာခံပွဲ လုပ်တော့မယ်ဆိုလား။ အဲဒါလဲ ထည့်တွက်ရသေးတယ်.. နို့မို့ရင် မြွေပါလည်းဆုံး သားလည်းဆုံး၊ ကြေးမုံနဲ့ဝေး တရုတ်ကလည်း ကျွေးမှာ.. အဲ့ကြမှ ဘယ်သူမှ လာအကယ်ဗူး..။ 🙄

8 comments

  • KZ

    January 7, 2014 at 12:38 pm

    ရီလိုက်ရတာ ဖတ်ဖတ်မော။ ဖတ်ပြီး ရီရလွန်းလို့ မောတာ။

    😀

  • Wow

    January 7, 2014 at 1:13 pm

    ဒယ်ဒီကြောင် ပျောက်နေတာ.. ကျေးမုံဂျီးလက်ချက်နဲ့များ စမုံတုံးသွားဘီလားလို့ :mrgreen:

  • မဟာရာဇာ အံစာတုံး

    January 7, 2014 at 2:45 pm

    ဒက်ဒီကြောင် ပျောက်နေဒယ် ..
    နှလုံးဒါးနဲ့ နိုင်ငံဂျား လွန်ဆွဲဘွဲမှာ
    ဘယ်သူ့ဘက်မှ မလိုက်တော့ဘဲ
    အလယ်မှာ ကားကားကြီး ကြွတွားလေဒလားဘဲ …
    ဘယ်လိုသေသေပါ …
    အမွေလေးဒေါ့ ပေးခဲ့ဘာ …

  • kai

    January 7, 2014 at 3:07 pm

    သူကချိန်လိုက်ရင်း.. ဟိုကပါသွားရင်း…
    သူကချိန်လိုက်ရင်း.. ဟိုကပါသွားရင်း…
    နဲ့..
    ချိန်ပါ…ချာပိန်ဖြစ်နေတာပါကွယ်…
    ခွေးလွှတ်လိုက်ကြ… လွှတ်လက်စနဲ့..တခါတည်း..ကိုက်ခိုင်းလိုက်ကြ.. :mrgreen:

  • Mr. MarGa

    January 7, 2014 at 6:33 pm

    ဪ… ဦးကြောင် ဦးကြောင်
    ပျောက်နေပါတယ်လို့ တွေးနေတာ
    အသည်းကို ခွေးစားသွားးး (အဲလေ) ကျွမ်းသွားလို့ကိုး….
    ရှိသမျှအတွဲတွေလဲ ကြောင်ပတ်ကုတ်တာ ကုန်ပဟ… :mrgreenn:

  • တိမ်တမန်

    January 8, 2014 at 12:15 pm

    အင်းးး ဂန်ဒဝင်မျောက် ဝစ်ထုဂျီးပါပဲ
    ဟဲဟဲ
    ဟိဟိ
    ခွိ

  • kyeemite

    January 8, 2014 at 2:19 pm

    သေဂျာချေဘီ..ဒီဝဋ်ထုဂျီးဂဒေါ့ ၂၀၁၄ဂျနါနဝါဒီလအတွက် ဖတ်ရွေးခံရနိုင်ဘေသီ။ 😀

  • Ma Ma

    January 9, 2014 at 8:11 am

    လက်စသတ်တော့ ကြောင်ကြီး အသည်းကွဲတာ ကြေးမုံကြီး ပြန်မခြစ်လို့ကိုးးးး
    အချိန်သည် အကောင်းဆုံးသမားတော်တဲ့။
    အချိန်နည်းနည်းစောင့်လိုက်ရင် ခြစ်လာမှပါ။
    တရုတ်ကလုပ်တဲ့ ထွန်ခြစ်ကြီးတွေ ကောင်းမှကောင်း။ :mrgreen:

Leave a Reply