ကျွန်တော်တို့ခြေရာ
နံနက်ခင်းလေးတစ်ခုမှာပေါ့
ကျွန်တော်တို့ရွာလေးရဲ့ ကမ်းခြေတလျှောက်
အတွေးစတွေဆန့်ထုပ်ရင်း လမ်းတလျောက်
တနေ့တာနွေးထွေးတဲ့အလင်းရောင်ကိုဖန်ဆင်းတော့မယ့်
နေမင်းကြီးကိုနှုတ်ဆက်လိုက်တယ်……………..
ပင်လယ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့
လေပြေနုတွေက အေးမြပေမယ့်
ကျွန်တော်တို့အတွက် ကံကောင်းခြင်းတွေသယ်ဆောင်လာပြီး
ပျော်ရွှင်မှုတွေကိုတော့ မင်းတို့နဲ့အတူဆောင်ကြဉ်းမသွားပါနဲ့
ကျွန်တော် ဝမ်းနည်းတတ်လို့ပါ…………………
အဆံမရှိတော့တဲ့ အသွေးရောင်စုံ
ခရုခွံလေးတွေကတော့ ဒီလောကနဲ့မသက်ဆိုင်တော့သည့်အလား
ဖြူလွှလွှသဲသောင်ပြင်ပေါ် တိပ်ဆိပ်စွာလဲလျောင်းရင်း
ငြိမ်သက်ခြင်းတေးသွားကိုဆိုနေကြလေရဲ့
သူတို့ခြေရာတွေကတော့
လှိုင်းလေးတွေအောက်ကွယ်ပျောက်ခဲ့ရပါပြီ………………
ကျင်းဝကို ကိုယ်စီထွက်လာကြတဲ့
ဂဏန်းနီလေးများကတော့
လွပ်လပ်မှုကိုကြွေးကြော်ရင်း
ဘေးတိုက်ပြေးလွှားဆော့ကစား
ညီညွတ်ခြင်းတေးသွားကိုဆိုနေကြလေရဲ့
မျှော်လင့်ချက်ကိုယ်စီနဲ့လေ……………….
ကမ်းခြေအလှကို တန်ဆာဆင်ထား
ခိုင်ခံ့ မာကျောလှပါတယ်ဆိုတဲ့
ကျောက်ဆောင်တွေက ညည်းတွားတယ်
သူတို့ကို ညင်သာစွာပုတ်ခတ်
လှိုင်းလေးတွေပေးတဲ့ ဒဏ်ရာကိုယ်စီနဲ့ပါ…တဲ့…..
ပင်လယ်ပြင်တဖက်ကမ်းက
မိုးကုတ်စက်ဝိုင်းစွန်းဆီမျှော်ကြည့်မိတယ်
ကျွန်တော်တို့ပန်းတိုင်များ အဲဒီမှာရှိလေမလား
တားဆီးထားရာလှိုင်းလုံးကြီးတွေကိုကျော်ပြီး
သွားကြည့်ချင်ပေမယ့် စဉ်းစား
ပန်းတိုင်မရောက်ခင်များ ငါနစ်မြုတ်သွားလေမလား………
ဒီစိုးရိမ်ကြောက်ရွံ့မှုတွေအားလုံး
မြေနှုတ်ပေါင်းသင်ပြစ်လိုက်တယ်
ရေလှိုင်းတွေတောင် ကျောက်ဆောင်တွေကိုတိုက်စားနိုင်ခဲ့သေးတာပဲ
လက်ကျန်ဘဝကို အလှပဆုံးထုဆစ်လို့
ပန်းတိုင်ထိ ကိုယ်တိုင် ပဲ့ကိုင် ရွက်လွင့်
အနက်ရှိုင်းဆုံးခြေရာတွေ ထင်ကျန်စေရစ်မယ်…………………..
အညတရကျောင်းဆရာ တစ်ဦး
19 comments
•*¨နန်းတော်ရာသူ •*¨
December 29, 2013 at 2:17 pm
ဖိတ်ခေါ်မှုကို အလေးထားပြီးဝင်ရောက်ရေးသားပေးတာ လှိုက်လှဲဝမ်းသာစွာကြိုဆိုပါတယ်ဆရာရေ။
🙂
Tun Lin Naing
December 29, 2013 at 2:52 pm
ဟုတ်ကဲ့ပါဗျာ….
surmi
December 29, 2013 at 2:54 pm
ပရိုဖိုင်အမှန်နဲ့ဝင်လာတာဖြစ်လို့ ပွင့်လင်းရိူးသားမှုကို လေးစားပါတယ်ဗျို့
surmi
December 29, 2013 at 3:00 pm
ပထမဆုံး မိတ်ဆက်တဲ့လက်ရာကိုကြည့်ပြီး…
အမာခံရွာသား(မန်ဘာ) တစ်ယောက်တော့ရြပြီ လို့..
ဝမ်းမြောက်မိပါကြောင်း…
အဉ်အမြဲ ဒီရွာထဲမှာပျော်ရွင်ပါစေကြောင်း နဲ့ ….
စာများများရေးတင်စေလိုကြောင်း..
ကွန်မန့်များများ လွတ်လပ်စွာ တွေးခေါ်ရေးသားစေလိုပါကြောင်း….
လုံမလေးမွန်မွန်
December 29, 2013 at 3:09 pm
စာကောင်းလေးနဲ့ ဝင်လာတာကို ကြိုဆိုပါတယ်ရှင့် ..
စိတ်ဓာတ်တွေကျနေချိန်မှာ ဒီစာကိုဖတ်လိုက်ရလ်ို့ ကျေးဇူးတင်ပါတယ်.. နောက်လည်း.စာတွေအများကြီး ရေးပါဦးလို့…
Tun Lin Naing
December 29, 2013 at 3:11 pm
ခုလိုအားပေးတာ ကျေးဇူးပဲနော
koyinmaung
December 29, 2013 at 3:24 pm
ဒီကဗျာလေးဖတ်ရတော့ တချိန်က မော်တင်စွန်းဘုရားကိုရောက်ခဲ့တဲ့အချိန်လေး
ပြန်အမှတ်ရနေမိတယ် …ပင်လယ်လှိုင်းသံကိုအဝေးကကြားနေရတယ်
ကျောက်ဆောင်တွေကြားပျော်ရွင်ခဲ့ကြ ခရုလေးတွေလိုက်ကောက်ကြ…
ကျေဇူးဘဲ… အင်မတန်ကောင်းတဲ့ကဗျာလေး အားပေးဖတ်ရှု့သွားပါတယ်…….
alinsett
December 29, 2013 at 4:27 pm
စိုးရိမ် ကြောက်ရွံ့မှ ု အားလုံးကို
မြေနှ ုတ်ပေါင်းသင်ပြစ်လိုက်တယ် တဲ့လားဗျာ
—–
🙂
ကဗျာအလှနဲ့ အသာကြွလို့ လှမ်းလာတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် လို့
ကျွန်တော့်ကို ကျွန်တော် ပြန်မိတ်ဆက် ရ ရင်တော့
ကျွန်တော်က . . .
ကျွန်တော်ပါ
🙂
ကိုပေါက်(မန္တလေး)
December 29, 2013 at 5:33 pm
လာသာ လာ ပါ
လှိုင်းကလေး ရာ။
သောင်ပြင်မှာခိုနား
့ပြန် ထွက် သွား ပါ ။
နာ ကျင် ပ ါစေ
ကြို နေ မှာ။
•*¨နန်းတော်ရာသူ •*¨
December 30, 2013 at 10:17 am
{ပင်လယ်ပြင်တဖက်ကမ်းက
မိုးကုတ်စက်ဝိုင်းစွန်းဆီမျှော်ကြည့်မိတယ်
ကျွန်တော်တို့ပန်းတိုင်များ အဲဒီမှာရှိလေမလား
တားဆီးထားရာလှိုင်းလုံးကြီးတွေကိုကျော်ပြီး
သွားကြည့်ချင်ပေမယ့် စဉ်းစား
ပန်းတိုင်မရောက်ခင်များ ငါနစ်မြုတ်သွားလေမလား………}
ဒီကဗျာလေးကိုနောက်တစ်ကြိမ်ဖတ်မိတော့မှ သေသေချာချာသဘောပေါက်တယ်။
ညီမတို့လည်းအဲဒီလိုသို့လောသို့လောဖြစ်နေရတယ်လေ။
လက်ရှိဘဝရဲ့အကောင်းဆုံးအချိန်ကရောက်လာဦးမှာလား..ဆက်စောင့်နေရမလား။
လှိုင်းလုံးကြီးတွေကိုကျော်ပြီးတော့ သွားကြည့်သင့်ပြီလား…
လက်ရှိမှာတော့ အဆံမရှိတော့တဲ့ခရုခွံတွေလို ငြိမ်သက်စွာလဲလျောင်းနေရတာကြာပါပြီ။
ခေတ်စနစ်ကိုပဲအပြစ်တင်ရမှာလား၊ရှေးကုသိုလ်ကံတရားလား
😥
Mr. MarGa
December 30, 2013 at 1:17 pm
ခြေရာတစ်ခု
ကမ်းစပ်မှာ ချမလား
ကျောက်သားပေါ်မှာ ထွင်းမလား
ကိုယ်တိုင်သာ ဆုံးဖြတ်
သုံးသပ်လို့ ကြည့်ရမည့်ပုံပါလား…………
Tun Lin Naing
December 30, 2013 at 3:16 pm
ဘဝ ဆိုတာကြီးက သိတဲ့အတိုင်းပဲ ကိုယ်လိုသလို ဖြစ်မလာနိုင်ဘူးလေ…….
စိန်ခေါ်မှုတွေလည်း တစ်ခုပြီးတစ်ခု ရောက်လာမှာပဲ…………….
အရေးကြီးတာတစ်ခုက ကိုယ် ဘာဖြစ်ချင်လဲဆိုတဲ့ ပန်းတိုင်ကို အရင်ရှာ
တွေ့ရနိုင်တဲ့ အခက်အခဲတွေကို ကြိုတွေးပြီး ကြောက်မနေစေဖို့………..
ဘဝမှာ တစ်ခါပြိုလဲခဲ့ဖူးရင် စိတ်ပျက်မသွားစေပဲ ပြန်လည်ရုန်းထနိုင်ဖို့………..
ဘဝကို ရိုးရှင်းစွာဖြတ်သန်းပြီး
ကိုယ်လုပ်ဆောင်ရတဲ့အလုပ်တိုင်းမှာ တာဝန်ဆိုတာအပြင် စေတနာပါ ထည့်ပေးလိုက်နိုင်ဖို့……..
အားပေးချင်တဲ့စေတနာနဲ့ ရေးစပ်ထားခဲ့တာပါ…….
ဒီကဗျာလေးကို ဖတ်ပြီး ဘဝကို ဆက်လက်ရင်ဆိုင်ဖို့ အားအင်ဖြစ်စေတယ်ဆိုရင် ကျေနပ်ပါပြီ……
အရိပ်စစ်
January 1, 2014 at 4:30 pm
ရွာသားအသစ်လေး ဆိုတာ နဲ့ မင်္ဂလာပါ ပေါ့နော်
အနက်ရှိုင်းဆုံး ခြေရာလေးတွေ ချန်ထားရစ်စေဖို့
တိုက်တွန်းအားပေး တဲ့ နူးနူးညံ့ညံ့ စေတနာကဗျာလေး
နောက်ထပ် ကဗျာကောင်းလေးတွေကိုလည်း
စောင့်မျှော်သွားမည်ဖြစ်ကြောင်းးးးး
kai
December 30, 2013 at 3:28 pm
နှစ်ကုန်အမှတ်တရ.. ကဗျာဆရာပေါ့..
ပျော်ပါစေ.. တခါတရံတောင်း
ဇတ်ပေါင်းရင် တောင်းတိုင်းမရတဲ့ဆု
ဥလိုက်လို့ ၂၀၁၄ အကောင်ဖြစ်စေ.. ။ ။
Wow
December 31, 2013 at 1:33 pm
ဒဂျီးက ဥ ဆိုလို့ ခြေဥ ပြင်ဖို့လေးကော စိတ်မဝင်စားဂျဘူးလား..
ပန်းတိုင်ကိုမုန်းတယ်…
မျှော်လင့်နေရတာကိုမုန်းတယ်…
အကြောက်တရားတွေကိုမုန်းတယ်…
ရိုးသားမှုတွေကို ဖုံးနေတဲ့ ဆိတ်သားရေတွေကို မုန်းတယ်…
အမြစ်ကလှန်ပြစ်ချင်တဲ့စိတ်တွေနဲ့
အမုန်းပျောက် သွားမှာကို မုန်းတယ်…
kai
December 31, 2013 at 2:16 pm
၂၀၀၈ ဥတည်ပွဲလုပ်တုံးကဘာလို့စိတ်မဝင်စားခဲ့ကြသလည်းဆိုတာထက်…
ပထမရွေးကောက်ပွဲလုပ်တော့.. ဒီချုပ်ကဘာလို့.. ဝင်မပါခဲ့တာလည်းဆိုတာလေး..လည်ပြန်ကြည့်မိရင်..
ဘာအခုမှ… ဘာအခုမှလဲလို့… ပြောချင်မိပါရဲ့..
အဲဒီသမိုင်း.. ဒီဂဇက်ထဲတင်ကျန်ရစ်တယ်…။ လိုက်ဖတ်ကြည့်…။
သိသာလှတာကို.. ဘာလို့ကြိုမသိခဲ့ကြတာလည်း… ဟင်…။
ဆိုတော့…
မင်န်ဒဲလားလွန်ပြီးနောက်… အခြေအနေတွေပြန်ဖတ်ကြည့်နေရင်း..ဒေါ်စုလွန်ပြီးနောက်.. ဒီချုပ်ကို.. လှမ်းကြည့်နေမိတယ်..
အော်..
အနိစ္စ…အနိစ္စ…
Wow
December 31, 2013 at 2:51 pm
ဒီမို အင်အားကို လျှော့မထွက်ပါနဲ့ သဂျီးရယ်.. ဖွတ်တွေက လက်ကုန်နေပါဘီ..
ဘာမှလုပ်ပိုင်ခွင့် မရှိရင်းကြားက ဒီနေ့အထိ လက်ရည်တူ ယှဉ်လာတဲ့ အင်အားကို လျှော့မတွက်ပါနဲ့…
ဖွက်ထားတဲ့ လက်သည်းတွေ အများကြီးရှိပါသေးတယ်.. :kwi:
Wow
December 31, 2013 at 3:00 pm
ဒါနဲ့ ဇဂါးမစပ်.. အနော့်ပွိုင့် အရင်က သုံးသောင်းကျော်လားလို့… ဒဂျီး ငါးထောင်ကျော်.. ညာတာပါတေးနဲ့ သတိမထားဘူးဆိုပြီး ပြန်ယူထားဒါလား..
မဟာရာဇာ အံစာတုံး
January 2, 2014 at 1:42 pm
ကဗျာဆရာရေ
ကျုပ်ကလည်း အားပေးလို့ သွားပါသဗျ …
ဒီနေရာလေး ရေးထားတာကိုတော့ အကြိုက်ဆုံးလို့ ဆိုချင်တယ်ဗျာ ..