Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ”MG

၂၀၁၄ နှစ်သစ်မှာ ရွာသူရွာသားအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ဗျာ….

အင်း..ဘာလိုလိုနဲ့ အသက်က တစ်နေ့ထက်တစ်နေ့ ကြီးလာတော့…မှတ်ဉာဏ်တွေလည်းသိပ်မကောင်း အရေးထဲ..ပင်စင်ကမယူနိုင်သေးတော့ နေ့စဉ်အလုပ်ကလည်း မိုးလင်း၊မိုးချုပ်သွားနေရသေး….အသက်ကြီးမှအိမ်ထောင်ကျတော့ လူကအိုလှပြီ..သားသမီးတွေက ငယ်ငယ်လေးတွေ…(အူးကျောက်စ် တွေ့ရမဲ့ဒုက္ခတွေပေါ့) အတူတွဲသွားရင် မသိသူတချို့က မြေးအဖိုးတွေ လမ်းလျှောက်ကြတယ်ထင်တာ.. တစ်ခါကပေါ့..ကျုပ်ကားစုတ်လေး ဓါတ်ဆီသွားဖြည့်တော့…ကျုပ်ကကားပေါ်က.. သားက ဆီဆိုင်ရောက်တော့ ပိုက်ဆံလေးကိုင်၊ ကောင်တာပြေးပြီး ဆီဘောက်ချာသွားဖြတ်၊ ပီးတော့ပြန်ပြေးလာပြီး..ဘောက်ချာကို ပန့်ကိုင်ကိုပေး..ပေးရင်းနဲ့ သူကပြောလိုက်သေး.. `ဦး..ဆီပြည့်ပြည့် ထည့်နော်´ တဲ့…သားက ၃နှစ်ပဲရှိသေးတာ…အဲဒီတော့ ပန့်ကိုင်တဲ့ ဘိုးတော်(ကျုပ်လောက်ရှိပါတယ်ဗျာ)က..`ဟာ..အဘမြေးလေးကလိမ္မာလိုက်တာ´တဲ့… တောက်စ်..သေရော ကားဆီဖြည့်ပြီးလို့ သားကားပေါ်ပြန်တက်လာတော့…ရယ်ပြီးကျုပ်ကိုပြောတယ်… `ဖေကြီးကို ဒါကြောင့်ပြောတာ…ဆံပင်ဆေးဆိုးပါလို့´…

ဟီး..ဟုတ်သားပဲ ကျုပ်ဆံပင်တွေကလည်း ၈၀%လောက်ဖြူနေပြီကိုး…`အေးပါသားရယ်´လို့ပဲ ကျုပ်ပြန်ပြောရင်း..ရယ်နေလိုက်တယ်….. အဲဒီလို အိုကြီးအိုမ မိသားစုအရေးနဲ့ အလုပ်ရှုပ်နေသူ ကျုပ်ဆိုတဲ့ `ကြီးမိုက်´ ကို မန်းဂဇက်ဆိုလား..မြန်းဂဇက်ဆိုလား..ဟို..ဟို..ဒေါင်းတွေမွေးပြီး…ဒေါင်းဥကိုသေးတယ်ပြော ပြောနေတဲ့ လော့ကျနေတဲ့ အိမ်ကြီးမှာနေသူ၊ သဂျီး အူးခိုင်ဆိုသူ ကမြင်းကျောထပြီးထောင်ထားတဲ့ ဝက်ဆိုဒ်က မိတ်ဆွေတစ်ချို့က အတင်းရော..အဓမ္မကြီးရော…ကျုပ်ကို ဖတ်ရွေးငှက္ကဋ္ဌ ခန့်ကြပြန်ပါရောဗျာ…….. အဲဒီမှာ ပြဿနာစတာပဲ…အားနာလို့လက်ခံလိုက်ပေမဲ့…ဖင်မနိုင်ပဲ ချဉ်ပေါင်ဟင်းစားသလို ဖြစ်ပါလေရော…ဒါပေမဲ့ ကျုပ်ဆိုတဲ့ကောင်ကလည်း…တစ်ခုခုတာဝန်ရှိပြီဆို… လက်မလျှော့တတ်တဲ့ အကျင့်ကရှိနေတော့… မအားတဲ့ကြားကပဲ…ဂဇက်ရွာ(တစ်ချို့လည်းမြို့လို့ဆိုကြရဲ့)ထဲက ကျုပ်နဲ့ရင်းနှီး၊ ခင်မင်ဖူးတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက်အသုံးချပြီး….. ကိုယ်ကိုတိုင် ဘာမှမလုပ်ပဲ ဖတ်ရွေးငှက္ကဋ္ဌ လုပ်လာတာ…အင်း..ခုဆို..၂၀၁၃ ဒုတိယ နှစ်ဝက်အတွက် “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို..သုံးကြီမ်မြောက်ကျင်းပဖို့ ရက်တွေနီးလာပြန်ပါပကော။ ဘာပဲပြောပြော..ဒီဖတ်ရွေးအဖွဲ့ကြီးဟာ….

ဝေဖန်ခံရမှုပေါင်းများစွာ

ချီကျူးထောပနာမှုပေါင်းများစွာ

ပံ့ပိုးကူညီမှုပေါင်းများစွာ

ပါဝင်အားဖြည့်ပေးမှုပေါင်းများစွာ

အထင်လွဲ ရှုံ့ချမှုပေါင်းများစွာ

စိန်ခေါ်အကဲစမ်းမှုပေါင်းများစွာ

လေ့လာစောင့်ကြည့်မှုများစွာ – – – – – – – –

—————————–

—————————–

—————————–

—————————–

အဲဒီလို များစွာတွေကိုကျော်ဖြတ်ရင်း ချီတက်လာတာ….

ခုဆိုရင် တစ်နှစ်ခွဲဆိုတဲ့ အချိန်ကို အောင်မြင်စွာဖြတ်ကျော်လာနိုင်ခဲ့ပြီးပါပြီ….

ပထမဆုံးအကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအခန်းအနားကို ၂၀၁၃ ဇန္နဝါရီလ (၂၀)ရက်နေ့ မှာ ကန်တော်ကြီးထဲက P3 စားသောက်ဆိုင်မှာကျင်းပခဲ့ကြပြီး…. ဒုတိယအကြိမ် မန်းဂဇက်ရွာသူရွာသားများတွေ့ဆုံပွဲ နဲ့ ဆုပေးပွဲကို ၂၀၁၃ ခုနှစ် ဂျူလိုင်လ (၂၁) ရက်နေ့ မှာ ကန်တော်ကြီးထဲမှာပဲ အောင်မြင်ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ကြပါတယ်…

ဒုတိယအကြိမ်တွေ့ဆုံပွဲမှာတော့ ထူးထူးခြားခြား မန်းဂဇက်ချစ်သူများ စာပေဆုရစာမူများကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ် (အဲဒီအမှတ်တရ စာအုပ်ကို ဒီတစ်ခေါက်တွေ့ဆုံပွဲမှာလည်း ရယူအားပေးနိုင်ကြပါတယ်)

အဲဒီလို ချိနဲ့နဲ့ လှုပ်လီ လှုပ်လဲ့ ချီတက်လာခဲ့ကြတာ…

အခုဆိုရင် တတိယအကြိမ်မြောက် “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို ကန်တော်ကြီးထဲက ကျင်းပနေကျဆိုင်မှာပဲ ကျင်းပသွားဖို့ စီစဉ်ထားပါကြောင်း နဲ့ ရွာသူ ရွာသားများအားလုံး(တစ်ယောက်မကျန်) ပျော်ရွှင်စွာ ကြွရောက်ကြပါရန် လေးစားခင်မင်စွာနဲ့ ဖိတ်ကြားအပ်ပါတယ်ဗျာ….

 

:-DD

mg-conf-3
မြန်မာ့ဂဇက် အဖွဲ့ဝင်များ တတိယအကြိမ် တွေ့ဆုံပွဲ

နေ့ရက်။ ၂၀၁၄ ခုနှစ် ဇန္နဝါရီလ (၁၂) ရက်

အချိန်။ နံနက် ၈ နာရီ မှ ၁၁ နာရီခွဲ

နေရာ။ ကန်တော်ကြီး ကရဝိတ်ဥယာဉ်ကမ္ဘာ၊ ရှန်တီစားသောက်ဆိုင်

ဆုံကြအုံးမယ်လေ…ပျော်ပျော်ပါးပါးပေါ့…

တက်ရောက်မည့်သူများ ကွန်မန့်လေးနဲ့ စာရင်းပေးကြပါနော….. u

============================

တွေ့ဆုံပွဲ တက်ရောက်မည့်သူ စာရင်း

============================

  • မင်္ဂလာစုံတွဲ (ကျောက်စ် + နှင်းစ်)
  • (အ)ဘဆွေ (လူပိုဂျီး)
  • ဦးကြီးမိုက် (ခ) ကြိုက်မီး … မသေချာဟု ပြော*
  • ဦးဦးပါလေရာ … မလာဘဲ မနေနိုင်၍ လာမည်ဟု ပြော*
  • အန်တီဒုံ … စိတ်ကောက်ပြေသွား၍ လာမည်ပြော*
  • အန်တီမားမား … မသေချာ ပြောပြီး ကျိမ်းသေပြီဟု ပြန်ပြော*
  • အန်တီဝေ … လာဖြစ်ဖို့ သေချာဟု ပြော*
  • ဦးပီချိုကြီး … မိသားစုလိုက် လာမည်ဟု ပြော*
  • မဝေါင်း (ခ) မဝိုး … လာမည်ဟု ပြော*
  • ကိုကြောင်ဝတုတ် … လာမည်ဟု ပြော*
  • ကိုရွှေတိုက်စိုး … လာရင် သမီးလေးပါ ခေါ်လာမည်ဟု ပြော*
  • ကိုဆောရိုး … လာမည်ဟု ပြော*
  • ဦးအံစာတုံး … လာမည်ဟု ပြော*
  • ဒေါ်မွန်မွန် … လာမည်ဟု ပြော*
  • ဦးစွယ်တော် .. လာမည်ဟု ပြော*
  • ဂါးနဲ့ဂီ … လာမည်ဟု ပြော*
  • ကပ္ပိယသာဒင် .. လာချောင်းမည် ပြော*
  • မမွန်းပူအမ် … လာဖို့ ကြိုးစားမည် ပြော*
  • မနောဖြူလေး … လာဖို့ ကြိုးစားမည် ပြော*
  • မရွှေအိ … ခဏ လာမည် ပြော*
  • မနိုဗွီ … လာဖို့ ကြိုးစားမည် ပြော*
  • မောင်ဘလှိုင် … လာမည်ဟု ပြော*
  • ဒေါ်ကေဇီ … စပွန်ဆာရှိ လာမည် ပြော*
  • ကိုအောင်မိုးသူ … လာမည်ဟု ပြော*

============================

52 comments

  • မဟာရာဇာ အံစာတုံး

    January 6, 2014 at 11:22 am

    ကျော် ပထမဆုံး စာယင်း ပေးဘာဒယ် …
    လာဂဲ့ဘာမယ် …
    ဒါမယ့် … ဆုလေး တစ်ဆုလောက်တော့ အားနာပါးနာနဲ့ ပေးဂျဘာ …
    မပေးဘူးဆိုယင်ဒေါ့ လာဘူးဗျဲစ် … ဟွန့် ..

  • ကြောင်ဝတုတ်

    January 6, 2014 at 11:57 am

    ကျွန်တော် ဖက်ဖက်ကက် လာပါ့မယ်ခင်ဗျ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • sorrow

    January 6, 2014 at 12:52 pm

    တားတားလဲလာမယ်

  • kyeemite

    January 6, 2014 at 2:15 pm

    တားက စဉ်းစားအုံးမယ်..ခိခိ 😀

  • TNA

    January 6, 2014 at 2:52 pm

    လာဖို့များပါသည်

  • တိမ်တမန်

    January 6, 2014 at 2:57 pm

    ဒီတစ်ပွဲတော့
    စိတ်မကောင်းစွာနဲ့ပဲ မလာနိုင်တော့ပါဘူးဗျာ

    တွေ ့ဆုံပွဲ လုပ်မယ့် ရက်မှာ
    မန်းလေး ရောက်နေမှာမို ့

    လာချင်သော်လည်းးးးးး

    😥

  • Wow

    January 6, 2014 at 4:00 pm

    အနော်လာမယ် မိုက်မိုက် :kwi:

  • kyeemite

    January 6, 2014 at 4:22 pm

    ဒွတ်ခ..ဒီလိုဆိုဆုတွေက ဘယ်သူ့ကိုပေးရမှာလဲဟ…
    စာပေဆုရော..ကဗျာဆုရောပေါင်းရင်..အားလုံး ဆုရသူ (၁၇)ယောက်တောင်..
    ဆုရှင်တွေတော့ နိုင်ဂျံဂါးရောက်နေသူမှလွဲ၍ မဖြစ်မနေလာကြစေချင်ပါသည်
    ရွာသူားတွေလည်းတတ်နိုင်သလောက်လာနိုင်အောင်လာခဲ့စေချင်ပါ၏။

  • Ko chogyi

    January 6, 2014 at 4:47 pm

    ပြီးခဲ့တဲ့အခေါက်က လာတဲ့သူနည်းလို့
    မလာဖြစ်တဲ့အတွက်ပြောလို့
    ဒီတစ်ခေါက် တစ်မိသားစုလုံးလာခဲ့ပါမယ်။

  • padonmar

    January 6, 2014 at 7:14 pm

    လာပါမယ် မိုက်မိုက်၊၊စိတ်မကောက်တော့ပါဘူး။

  • Ma Ma

    January 6, 2014 at 8:27 pm

    ရွာသူားများနှင့် အတူတကွ တွေ့ဆုံပျော်ပါးလိုပါသော်လည်း…..
    ဥက္ကဌကြီး ဘရာသာမိုက် ကို အားပေးချင်ပါသော်လည်း ……….
    မထင်မှတ်သော ကိစ္စများပေါ်လာတတ်ပါသဖြင့် ……….
    လာနိုင်အောင် ကြိုးစားပါမည်။

  • Swal Taw Ywet

    January 6, 2014 at 8:54 pm

    ရွာ့ကွပ်ပျစ်ကြီးတောင် ကြိုရွှေ့ပေးထားလိုက်ဦးမယ်၊ဟေ ဟေ့။
    ( တစ်ယောက် ထဲသူများ မထိုင်ရ )။
    ပွဲတက်ရန်၊ ကင်မရာခလုတ်နှိပ်ရန်…… အသင့်။
    With respect,
    Swal Taw Ywet.

  • kai

    January 7, 2014 at 2:35 am

    ဒီတခါမဲဖောက်တဲ့လက်ဆောင်ကို.. အမျိုးသမီးများအတွက်ပိုကောင်းတာလေးပို့ထားပါတယ်..။
    (မတော်..မဲပေါက်ခဲ့သော) အမျိုးသားများ.. တခြမ်းအဖော်မရှိပါက..
    (ကျောက်ကြောက်တို့..မောင်နှံအတုယူပြီး)
    အမြန်ရှာကြစေလို.. :mrgreen:

  • အဘရဟူဒီ

    January 7, 2014 at 9:04 am

    ဂါးနဲ့ဂီ လာခဲ့ပါ့မယ်ချင့်

    • Swal Taw Ywet

      January 10, 2014 at 7:45 am

      ဟေဟေ့၊ ဂါးနဲ့ဂီလာမယ်တဲ့။
      ကန်တော်ကြီးတော့လူစည်အုံးတော့မှာဘဲ။
      (အ)ဘဆွေလာမယ်။
      လွတ်လပ်ရေးနေ့ကမှ လွတ်လပ်ရေးရသွားခဲ့သူတွေလာမယ်။
      နေရာကောင်းရရန်စောစောလေးသာ လာခဲ့ကြပါဗျို့။
      စကားမစပ်။
      မအိရေ။
      ရွာ ကွပ်ပျစ်မှာလို ကော်ဖီ ကို ၂ခွက် သောက်လို့ရလားဟင်။
      ခင်ဗျာ၊စောစောလာရင်ကြိုက်သလောက်သောက်၊ဟုတ်လား။ စိတ်ကောင်းလိုက်တာ။
      ကျနော် ( တို့ ) က မနက် ရနာရီကျော် ကတည်းက ရောက်နေမှာမို့၊ ဟီးးးးးးးးး
      With respect,
      Swal Taw Ywet.
      (တို့ ) ဆိုတာကို တလွဲတွေးမနေနဲ့ဦး၊ဥက္ကဌကြီးနဲ့အတူ အခန်းအနားပြင်ဆင်ရေးအဖွဲ့ပါခင်ဗျ။

  • ကျွန်မအတွက်ဆုကို ဦးလေးဖြစ်သူလာယူမှာဖြစ်ကြောင်းအသိပေးအပ်ပါသည်။
    ဦးကျောက်ခဲတို့နဲ့ဆုံဖူးပြီးပြီဖြစ်ပြီး။ဦးဆာမိနဲ့လည်းချိတ်ဆက်ပေးထားပါတယ်။
    🙂
    အိမ်တွင်းရေးမအားလပ်တဲ့ကာလမို့စီစဉ်ပြီးကာမှ မလာနိုင်တော့ပါကြောင်း။
    🙁

    • kyeemite

      January 8, 2014 at 1:57 pm

      နန်းတော်ရသူ အစီအစဉ်တွေ့မှသတိရတယ်ဗျာ…ဒီလိုပါ…
      ဆုလည်းရထားပါရဲ့..ဘယ်လိုမှမလာဖြစ်သူတွေအနေနဲ့
      လူစားလွှတ်ပြီးလာယူခိုင်းလဲရပါတယ်…
      လူစားလာတဲ့သူကို နွေးထွေးလှိုက်လှဲစွာကြိုဆိုဧည့်ခံပါ့မယ် လို့ကတိပေးပါဂျောင်းးးး
      ပထမအကြိမ်တုန်းကလည်း…မိုချိုကိုယ်စား အမေနဲ့မောင်လေးလာယူသွားတာပဲ..အိုကေပါတယ်နော…

  • ကပ္ပိယ သာဒင်​

    January 7, 2014 at 10:22 am

    မနီးမဝေးက လာချောင်းကြည့်မယ် ။

  • Myo Thant

    January 7, 2014 at 12:40 pm

    မရေရာသော နေ့များနှင့်အတူ

    မသေချာ . . . ဟုသာ

  • moonpoem

    January 7, 2014 at 1:32 pm

    ပထမတစ်ခေါက်က လာဖြစ်ပြီး ဒုတိယတစ်ခေါက်က မလာဖြစ်ခဲ့ပါ။ တတိယ တစ်ခေါက်ကိုတော့ ဆုံနိုင်အောင် ကြိုးစားပါဦးမယ်ရှင့်။

  • ဦးဦးပါလေရာ

    January 7, 2014 at 4:05 pm

    ကနဦးဖတ်ရွေးအဖွဲ့ဝင်ဖြစ်ဖူးတဲ့
    ရွာ့စီဂျေကြီး ကထူးဆန်း .. ကလဲ
    လူကိုယ်တိုင် မလာနိုင်ရင်တောင်မှ
    (တွေ့ဆုံပွဲ ကုန်ကျစားရိတ်)
    အလှူ ကိုတော့ မှတ်မှတ်ရရ ထည့်ဝင်သွားပါတယ်…

    အလှူငွေ ငါးသောင်းကျပ်တိတိ ဖြစ်ပါကြောင်း…..။

    • မဟာရာဇာ အံစာတုံး

      January 7, 2014 at 4:08 pm

      ဖြောင်း ဖြောင်း ဖြောင်း
      လက်ခုပ်တီးတာနော် .. တစ်ညိုးထင်နဲ့ …
      :mrgreen:

  • KZ

    January 7, 2014 at 4:55 pm

    အသွားအပြန်လေယာဉ် လက်မှတ်လေးရယ်။ :mrgreenn:
    ကေဇီ စားသလောက် တစ်နေ့ ငါးနပ်ကို တစ်ပတ်လောက်ကျွေးဖို့ရယ်။ :mrgreenn:
    လျှမ်း သလောက် လိုက်ပို့ပေးနိုင်တဲ့ စိတ်ရှည်ကြည့်ကောင်း ဒရိုင်ဘာချောချောလေးရယ် အချိန်ပြည့်ကားလေးရယ်။ :mrgreenn:
    နောက်ပြီး ပွဲမှာ ဝတ်ဖို့ ဝတ်စုံလှလှလေးရယ်။ :mrgreenn:
    လိမ်းခြယ်ပြင်ဆင်ဖို့ရယ်။ :mrgreenn:
    ဗုံးမပေါက်မဲ့ ဟိုတယ်(ကြယ် ၅ ပွင့်လောက်) မှာ ၁ ပတ်စာတည်းခိုစားရိတ်လေးရယ်။ :mrgreenn:
    သများ ကို အဝေးကြီးကနေလာရလို့ သနားပြီး ပေးတဲ့ ဆု လက်ဆောင်လေးရယ်။ :mrgreenn:
    အဲဒါတွေ အကုန် စပွန်စာရရင် လာမယ် မိုက်မိုက်။ :mrgreenn:

    ဒါပဲနော်။ အဲဒါတွေအကုန်ရမယ်ဆိုပြီး လာမှ ဖနောင့်နဲ့ မပေါက်ရဘူးးး :mrgreenn:
    သများက နောက်တာ။ :mrgreenn:

    • မဟာရာဇာ အံစာတုံး

      January 7, 2014 at 5:03 pm

      ကျော့်မှာ အာကိုဂျီး ချောချောခန့်ခန့် တစ်ယောက် ချိဘာဒယ် ..
      သူဂ မမကေဇီကို တိတ်တခိုး ဘောကျနေဒါဒဲ့ …
      အိုက်ဒါ ….
      ကျော်က ကြားကနေ အောင်သွယ်တော် လုပ်ပေးမားလို့ … လာခဲ့မယ် ဆိုရင်ပေါ့ …
      :mrgreen:

      • KZ

        January 7, 2014 at 5:17 pm

        ဘောကျနေတယ်ဆို မလိုချင်ဘူးးး :mrgreenn:

        ဟိုလေ သဘောကျရုံဆို မလာနိုင်ဘူးလို့။
        အဲဒီ ကုန်ကျစားရိတ်ကို သာ အရင် ပို့ပေးပါ။
        ပြီးတော့တိတ်တခိုးသာဆက်ပြီး သဘောကျပါလို့ ပြောပေးပါ၊.

        :mrgreen:

    • kyeemite

      January 9, 2014 at 8:18 am

      အော်..ကေဇီကဗျာလွတ် တစ်ယောက် တော်တော်လာချင်နေပုံပေါက်တယ်…
      ကဲကဲ..ရွာထဲကစပွန်စာ ပေးမဲ့သူကိုဖိတ်ခေါ်ပါတယ်ဗျို့ 😀

  • manawphyulay

    January 8, 2014 at 9:14 am

    ဟုတ်ကဲ့ပါရှန်…

    ဒီနှစ်တော့ မနော လာနိုင်အောင် ကြိုးစားပါ့မယ်ရှင့်။

    ခင်မင်စွာဖြင့်
    မနော

  • Shwe Ei

    January 8, 2014 at 1:41 pm

    အို်က်နေ့ အလုပ်နဲနဲများမှာမို့ ခဏတဖြုတ်လာဘာမယ် 🙂

  • နွေဦး

    January 8, 2014 at 4:23 pm

    ခရီးထွက်ရက်နှင့် ကြုံနေပါသဖြင့်
    ယခုနှစ်တွင် မလာရောက်နိုင်ပါ ။
    ထို့အတွက် ရွာသူ ရွာသား အားလုံး အားအထူးတောင်းပန် ပါသည် ။
    နွေဦး ။

  • Novy

    January 8, 2014 at 4:38 pm

    ၁၁ ရက်နေ့အလုပ်ကိစ္စနဲ့ ခရီးတိုတစ်ခုသွားရမယ်
    ၁၂ ရက်နေ့လာနိုင်အောင်ကြိုးစားပါမည်

  • Ma Ma

    January 9, 2014 at 7:29 am

    လာမယ်ပြောပြီးမှ မလာဖြစ်မှာစိုးလို့ ….
    ခုတော့ ကျိန်းသေသွားပြီ။
    လာခဲ့မည်။ 🙂

  • weiwei

    January 9, 2014 at 9:26 am

    လာဖြစ်လို့ သေချာသလောက်ရှိပါတယ် ..

  • မဟာရာဇာ အံစာတုံး

    January 9, 2014 at 9:49 am

    ဒီပွဲ တက်ရောက်လာသူတွေကို
    အထူး လက်ဆောင် အနေနဲ့
    ကျော်က နေပီးဒေါ့လေ …
    အာဘွားကြီးကြီး ပေးသွားပါ့မယ်လို့ …
    လာဂဲ့ဂျနော် …
    :mrgreen:

    • kyeemite

      January 9, 2014 at 1:27 pm

      ဟေ့ရောင်..အံစရာ..နင့်ကန်မဂလေးကိုသာဝအောင်ပေးပါဟယ်.. :-DD
      အံစရာရေ…တက်ရောက်မဲ့လူစာရင်းလေးပြုစုပေးထားနော..သန်းကျူး

  • အား လုံး ကို အ နူး အညွတ် တောင်း ပန ်ပ ါသည် ခင်ဗျား
    ကျ နော် မ လာ နို်င် တာ % ပြည့် သေ ချာ သွား ပါ ပြီ။

    • kyeemite

      January 9, 2014 at 1:13 pm

      ကိုပေါက် ဒီပွဲနဲ့ တစ်ကြိမ်မှမဆုံတာ စိတ်မကောင်းပါဘူးဗျာ…
      ကိုပေါက်အမှတ်တရ စကားပြောမယ်ဆိုရင်စီစဉ်ပေးပါမယ်..
      ကိုခင်ခတို့..ဗုံဗုံတို့..ဖရဲသီး..ကိုပေ..ဘဲဥ..မင်းခန့်ကျော်….
      ခုထိလည်းမန္တလေးကလူတစ်ယောက်မှစါရင်းမတွေ့သေး…

      • ဖုန်း နဲ့ လှမ်း ပြီး နုတ် ဆက် ပ ါ မည် ကျ နော် ့ ကို ေ ပြာ ရ မယ့် အချိန် မှာ miss call ပေး လိုက် ပါ ခင် ဗျာ

  • padonmar

    January 10, 2014 at 1:24 am

    ကိုပေါက် မလာနိုင်ဘူးဆိုတာ စိတ်မကောင်းဘူး။
    ဒီတခါ ဖုန်းခေါ်ဖို့ သတိရကြပါ။
    တွေ့ဆုံပွဲမှာ ကိုကျော်စွာခေါင်ရဲ့ Viber ကိုခေါ်ကြည့်ဖို့ ကြိုးစားပါမည်။

  • aung moethu

    January 10, 2014 at 10:08 am

    ကျတော် မောင်အောင်မိုးသူ လာပါမယ် ခင်ဗျ

  • ခင် ခ

    January 10, 2014 at 11:26 am

    အနီချင်းပြိုင်နိုင်မတဲ့လား ပိုမိုရှင်းလက်ဆောင်ရှင် KZ တစ်ယောက် ဤပွဲကိုတက်ဖြစ်ခဲ့ရင် လက်ဆောင်ဆုပေးရန်အတွက် ကျွန်တော်မဖြစ်မနေလာဖြစ်မှာပါ။ အခုတော့ ထိုဆုရှင်က မန်း ပြန်ဖြစ်တဲ့အခါမှ ယူမယ်လို့ဆိုထားပါတယ်ဗျ။ ကျွန်တော် သူမ ပြန်အလာကို စောင့်နေစဲပါ။
    အနီချင်းပြိုင်နိုင်မတဲ့လား ပိုမိုရှင်းနှစ်သိမ့်ဆုရသည့် လုံမလေးမွန်မွန်ကိုတော့ ပထမဆုပေးဖြစ်ပြီးမှ ပေးရန်ရည်ရွယ်ထားပါကြောင်း မေ့နေတာမဟုတ်ပါကြောင်း ထပ်လောင်းပြောပါရစေ။
    ဥက္ကဌကြီး ဦးကြီးမိုက်ရေ ကျွန်တော်မတက်ဖြစ်ပါကြောင်း သတင်းပို့ပါ၏။

    • KZ

      January 10, 2014 at 11:53 am

      အဲ။
      ချည်ပြီး ချုပ်ပြီးပါလား ခခ။
      ပြန်မလာနိုင်သေးလို့ပါဗျာ။
      လာရင် ဆုလာယူဦးမှာပါ။
      ဟိ

      😀

  • KZ

    January 10, 2014 at 11:56 am

    အောင်မလေးးး
    ဘယ်နဲ့ထပ်ဖြည့်ထားတာ ကလည်း
    ။ဒေါ်ကေဇီ … စပွန်ဆာရှိ လာမည် ပြော* လို့ပဲရယ်။ :mrgreenn:
    နောက်တာလို့။ မိုက်မိုက်။
    ဟိ။
    စပွန်စာရှိတောင် ခွင့်မရမလာနိုင်ပါဘူးဗျာ။
    ဒီတစ်ခေါက်လည်း မလာနိုင်ပါဘူးးး

    သူများတွေ ကြောက်ကုန်မယ်……

    😀

  • ဝင့်ပြုံးမြင့်

    January 10, 2014 at 11:13 pm

    ဒီတစ်ကြိမ်လည်း အလွမ်းတွေကလွဲပြီး လူတော့မလာနိုင်သေးပါ။ ဦးကြောက်စ်တို့မင်္ဂလာစုံတွဲကို တွေ့ချင်မြင်ချင်လွန်းရက်နဲ့ မလာနိုင်သေးတဲ့ကိုယ့်အဖြစ်။

  • kyeemite

    January 11, 2014 at 10:08 am

    မလာနိုင်သူများအတွက်စိတ်မကောင်းပေမဲ့…ကိစ္စများမြောင်လူတို့ဘောင်မို့
    နားလည်ပေးပါတယ်ဗျာ…ဤပွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးကြသူများကိုလည်း
    ကျေးဇူးအထူးတင်ပါတယ်ဗျာ…
    ——————————–
    ( ကျောက်စ်+နှင်း)မင်္ဂလာမောင်နှံ နှင့် အဘဆွေပူးပေါင်း၍ အကျွေးအမွေးအစီစဉ်အတွက်
    အလှူငွေ နှစ်သိန်းကျပ်တိတိ လှူဒါန်းပါတယ်ဗျား…
    “ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းသင်း၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ”
    လူပျိုကြီး အဘဆွေလည်းမြန်မြန်အစွံထုတ်၍ ကိုကျောက်စ် တို့နောက်အမှီလိုက်နိုင်ပါစေ..
    အလှူငွေငါးသောင်းတိတိထည့်ဝင်ကူညီပါသော စီဂျေကြီး ကထူးဆန်းလည်းကျန်းမာ၍
    လုပ်ငန်းကိုင်ငန်းများလည်းဆထက်တပိုးအောင်မြင်ပါစေကြောင်း ဆုတောင်းပါတယ်ဗျား…
    ပွဲကိုမတက်ရောက်နိုင်သော်လည်း ဩဇီမပြန်ခင် အလှူငွေ တစ်သိန်းတစ်သောင်းတိတိထည့်ဝင်သွားပါသော အဘဖေါတစ်ယောက်လည်းစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ”……
    သာဓု…သာဓု…သာဓု

  • ဦးကြောင်ကြီး

    January 11, 2014 at 11:31 am

    ဟား ဟား ဟား ဟား ဟား ဟား… လူပေါတွေ…

Leave a Reply