ဂျိုး အမတေဥရှာပုံတော် (ဇတ်သိမ်းပိုင်း)

ေမာင္ရိုးJanuary 7, 20141min47016

  ​နောက်​ကျတဲ့​ခြေ​ထောက်​..သစ္စာ ​ဖောက်​

 

 

ဒုတိယ​နေ့ တွင်​ ​ဇော်​ဂျီ​မြှောင်​၏ အ​​ရှေ့​တောင်​ဘက်​သို့ ထွက်​လာခဲ့ကြပါသည်​ ။

သစ်​ပင်​များထူထပ်​ရာ ​တောင်​ကြား ၊ကုန်​းရိုး နှင်​့ လျှိုအစပ်​များကိုသာဦးတည်​ခဲ့ကြပါ၏။

ဤ​နေရာသည်​ ဖထီးနှင့်သူ့ရွာသားများအမြဲလာ​နေကျ ဆားကွင်​းဖြစ်​သည်​ဟုသိရ​လေသည်​ ။

ဆားကွင်​း ဟူသည်​မှာ ထို​နေရာတဝိုက်​တွင်​ စမ်​း​ရေ​ပေါက်​​သော​ကြောင်​့ အနည်​းငယ်​စိုထိုင်​း​နေပြီး

​မြေကြီးမှာ အငန်​ဓာတ်​ရှိသည်​ ဟု …။

 

ထို့​ကြောင်​့ ​တော​ကောင်​များတခါတရံလာတတ်​ပြီး ထို​မြေကြီးကို လျက်​တတ်​​လေသည်​ ။

ဤသည်​ကိုသိ​သော ဖထီးတို့က ​စောင်​့ပြီးပစ်​ခတ်​ဖူး​လေသည်​ ။

​တောင်​ကြားအဝင်​သို့​ရောက်​သည်​နှင်​့ ခြုံနွယ်​များပိတ်​ဆို့​နေသဖြင်​့ လမ်​းရှင်​းရ​သေးသည်​ ။

ထင်​သ​လောက်​ခရီးမတွင်​ခဲ့ပါ ။

ကျ​နော်​တို့၏ မူလကစိတ်​ကူးယဉ်​ခဲ့သမျှသည်​ ​တောတွင်​းသို့​ရောက်​​သောအခါ ပျက်​ပြယ်​ သွားခဲ့ရပါပြီ ။

ထို့အတူ … ကြာဖူးခဲ့​သော ဂျိုးအမ​တေဥမှာလည်​း အတုများဖန်​တီး၍ လိမ်​လည်​​ရောင်​းချကြ​ကြောင်​း

ပို၍ထင်​ရှားလာခဲ့သည်​။

​နောက်​နှစ်​ရက်​​လောက်​လည်​ပြီးပါက ပြန်​ရန်​ဆုံးဖြတ်​မိသည်​ ။

ကျ​နော်​တို့ ​မျှော်​လင်​့ထားသလို လွယ်​လင်​့တကူရှာ​ဖွေ၍မရနိုင်​မှန်​း

သိခဲ့ကြပြီဖြစ်​သည်​။ အကယ်​​၍များ ထိုဂျိုးအမြု​တေဥသည်​ ရှိခဲ့ရိုးမှန်​ပါကလည်​း

ထိုက်​တန်​သူမှသာ ရနိုင်​မည်​ဖြစ်​​ကြောင်​းနားလည်​ခဲ့ရပါ၏။

 

​နေ့လည်​ပိုင်​းအထိမနားမ​နေကြိုးစား၍ ရှာခဲ့ပါ​သော်​လည်​း ငှက်​သိုက်​ ၃ ခုမျှသာ​တွေ့ခဲ့ပါသည်​ ။

ကျ​နော်​တို့ ယခုကဲ့သို့ ​တောထဲတွင်​လက်​နက်​​ကောင်​း​ကောင်​းမပါပဲ​နေနိုင်​ခြင်​းမှာ ရိုးမကျားများမျိုးတုန်​းသွားခြင်​း၊ ​ပြောင်​နှင်​့စိုင်​တို့ မရှိနိုင်​​တော့ခြင်​း နှင်​့ ​တောဆင်​ရိုင်​းများသည်​လည်​း

ရိုးမအတွင်​းထဲ၌သာ​နေထိုင်​တတ်​ကြခြင်​းတို့​ကြောင်​့ဖြစ်​​လေသည်​ ။ ​မြွေနှင်​့ ​တောဝက်​ရန်​​တော့ရှိပါ​သေးသည်​ ။

 

ရုတ်​တရက်​ ….

​ရှေ ့မှဦး​ဆောင်​သွား​နေ​သောဖထီးမှာ တုန်​့ကနဲရပ်​လိုက်​​လေသည်​ ။

ပြီး​နောက်​ ကျ​နော်​တိုအား သစ်​ပင်​​ပေါ်တက်​ရန်​ လက်​ဟန်​ဖြင်​့ပြ​ပါ​တော့သည်​ ။

​မျောက်​ရှုံးနှင်​့ မျိုးတင်​့မှာ နီးစပ်​ရာအပင်​​သို့တက်​သွားနိုင်​​သော်​လည်​း

ကျ​နော်​့မှာ မည်​သို့မှမတက်​တတ်​​ချေ။

ဖထီးကိုကြည်​့လိုက်​​လေရာ သစ်​ပင်​တစ်​ပင်​ကိုကွယ်​၍ သူ၏ဒူး​လေးကို အသင်​့ပြင်​​နေသည်​ကို​တွေ့လိုက်​ရ​လေ​တော့သည်​ ။

ကျ​နော်​သိလိုက်​ပါပြီ ။ မမြင်​ရ​သေး​သော အန္တ​ရယ်​တခုခု​တော့​တွေ့ရ​တော့မည်​ ။

 

ကျ​နော်​လည်​း သစ်​ပင်​တက်​မရသည်​ဖြစ်​၍ ဖထီးနှင်​့လက်​တကမ်​းအကွာ၌ အသာကွယ်​၍ကြည်​့​နေမိ​လေ၏ ။

ကျ​နော်​ကြည်​့​နေစဉ်​အတွင်​း ခြုုံအကွယ်​အတွင်​းမှ ခတ်​မဲမဲညစ်​ညစ်​ သဏ္ဍန်​တစ်​ခုတိုးထွက်​လာ​​လေ​တော့သည်​ ။

​တောဝက်​ ! ….ဟုတ်​ပါသည်​ ။ နှာ​ခေါင်​းပွစိပွစိလုပ်​ရင်​း ခြုံထဲမှထွက်​​ပေါ်လာ​လေရာ ကျ​နော်​အသက်​ပင်​မရှူရဲ …။

အသားများများပင်​တုန်​​နေသည်​ထင်​၏ ။ ​ပေ ၄ဝ ..၅ဝခန်​့သာကွာသဖြင်​့ ​ပြေးလို့လွတ်​နိုင်​ဖွယ်​မရှိ​ပေ …။

ကျ​နော်​တို့အား​ဘေးတိုက်​အ​နေအထားဖြင်​့ ​မြေကြီးကို နှာ​ခေါင်​းဖြင်​့ထိုးရင်​း တ​ရွေ့​ရွေ့ထွက်​လာသဖြင်​့ ဖထီးမှာဒူး​လေးကိုအသာပင်​့ပြီးချိန်​​နေသည်​ကို​တွေ့လိုက်​ရ​လေ​တော့သည်​ ။

 

“​ဖြောင်​း”

 

ဒူး​လေးပစ်​လွှတ်​သံအဆုံး … ​ထို​တောဝက်​သည်​ မြှားတံတန်​းလန်​းဖြင်​့ ” အူး ” ကနဲ​အော်​၍ ​ခေါင်​းယမ်​းလိုက်​သည်​ကို​တွေ့သည်​နှင်​့ ..

ကျ​နော်​သုတ်​​ခြေတင်​၍​ပြေးပါ​တော့သည်​ ။ လမ်းရယ်​လို့မရှိ​သော​တောတွင်​း​ပြေးရသည်​ဖြစ်​၍

ရှိသ​မျှခြုံနွယ်​တို့ဖြင်​့ငြိခြင်​း ၊ ကမူများ ချိုင်​့ခွက်​များကိုခလုတ်​တိုက်​ခြင်​းများ​ကြောင်​့လဲပြိုခြင်​းများဖြစ်​ရ​လေသည်​ ။ သို့​သော်​… ကျ​နော်​​နောက်​သို့လှည်​့မကြည်​့​တော့ပါ ။

​လဲလျှင်​ အတင်​းကုန်​းထပြီးသာ အသက်​လု​ပြေး​နေမိသည်​ ။ကျ​နော့​နောက်​မှလဲ

​တောတိုးသံများထပ်​ကြပ်​မကွာကြား​နေရပါပြီ ။

 

ဒီတချီ​တော့ …ကျ​နော်​​သေ​တော့မည်​ထင်​၏ ။ ပြူးထွက်​​နေ​သော​တောဝက်​၏ အစွယ်​ကြီးကိုမြင်​​ယောင်​ရင်​း မိသားစုဝင်​များ ၊ချစ်​ခင်​ရ​သောသူများ ၊သူုယ်​ချင်​းများ၏ ရုပ်​ပုံလွှာများ တန်​းစီ၍ အာရုံထဲ​ပေါ်လာ​လေသည်​ ။

ကျ​နော်​မလွတ်​နိုင်​​တော့ပါ …

​နောက်​မှလိုက်​လာ​သော ​​တောဝက်​ကြီး၏​ခြေသံသည်​ နီးသထက်​နီးလာ​ပါပြီ …။

​တောထဲတွင်​ လူမသ်ိသူမသိ မရှုမလှ​ဖြင်​့​တောဝက်​ထိုးပြီး​သေ​ရ​သောကျ​နော်​့အဖြစ်​သည်​ ဆိုးဝါးလှသည်​..ဟု ..​တွေးရင်း ​မောသည်​ထက်​ပင်​​ပို​မောလာ​လေ၏ ။

​ပြေး​နေ​သော​ခြေလှမ်​းများ တဖြည်​းဖြည်​း​လေးလံလာသည်​ ။

 

ရုတ်​တရက်​ ……

.

.

.

.

.

ကျ​နော်​့​နောက်​မှ တစုံရာမှခုန်​အုပ်​လိုက်​သည်​ကိုသိလိုက်​ရ​လေ​တော့သည်​ ။

ကျ​နော်​ မ​ရှောင်​တိမ်​းနိုင်​ခဲ့ပါ ။ကျ​နော်​့ မျက်​လုံး​တွေပြာ​ဝေသွားသည်​ ။

ထို့​နောက်​… လုံး​ထွေးလျှက်​ ခြုံတစ်​ခု​ဘေးသို့လဲကျသွား​လေ​တော့သည်​ …။

 

” ​ကောင်​​လေး…​ကောင်​​လေး… သတိထား​လေ.. ”

 

 

 

 

 

” ဖထီး….ဖထီး.. ..​.”

ကျ​နော်​ အထစ်​ထစ်​အ​ငေါ့​ငေါ့ဖြင်​့ လဲကျ​နေရာမှ​ခေါ်​နေမိသည်​ ။

 

” ​အေး…ငါရှိတယ်​​ဝေ့..သတိထားပါဟ…​တောဝက်​ လိုက်​မလာပါဘူး …. ခွီး …”..

 

ထို့​နောက်​… ကျ​နော်​့အားသိုင်​းဖက်​၍ချုပ်​ထားရာမှလွှတ်​​ပေးလိုက်​​လေ​တော့သည်​ ။

ကျ​နော်​..မ​သေ​သေးပါ ။ ယခုမှ ကျ​နော်​ ​သက်​ပြင်​းချနိုင်​​​တော့သည်​ ။

ကျ​နော်​့​ဘေးတွင်​လည်​း မျိူးတင်​့နှင်​့ ​မျောက်​ရှုံးတို့က ပြူးကြည်​့​နေကြသည်​ ။

” ​ကောင်​​လေးရာ…မင်​းလုပ်​တာနဲ့ ​တောဝက်​ကြီးလွတ်​သွားတာ နာသကွာ…

မင်​းက ​ကြောက်​ပြီးစွတ်​​ပြေးတာကိုး… မင်​းကိုလိုက်​ဆွဲ​နေရတာနဲ့ပဲ …ကံ​ကောင်​းလို့ကွာ..”

ဖထီးမှာ စိတ်​ပျက်​လက်​ပျက်​ဖြင်​့ မချိတင်​ကဲ​ပြော​လေသည်​ ။

 

” ကျ​နော်​က မြှားမှန်​သွား​တော့ လဲကျပြီထင်​တာ​လေ…မလဲပဲ ​အော်​ပြီး​ခေါင်​း​ထောင်​လိုက်​​တော့ ..ကျ​နော်​တို့ကိုလိုက်​ပြီထင်​တာ​ပေါ့…ဒါ​ကြောင်​့စွတ်​​ပြေးတာ ဖထီးရဲ့..”

 

” ဘယ်​ကလာကွာ… မြှားတစ်​ချက်​နဲ့ဘယ်​လဲပါ့မလဲ.. ငါပစ်​တာ လက်​ပတ်​ကြားကွ.. ဒါ​ပေမယ်​့ အ​ကောင်​ကြီးတယ်​လကွာ..အ​ရေလဲထူတယ်​ကွ..ဒါဏ်​ရာရပြီး​ပြေးမှ ​နောက်​ကလိုက်​​ချောင်​းပြီး​ဆော်​ရမှာ.. ခွီး … ”

 

“သိဘူး​လေဗျာ …ကျ​နော်​တနု့ကိုလိုက်​ထိုးပြီမှတ်​လို့ ​ပြေးတာဗျ… ”

 

“​အေး…​တောထဲမှာအဲ့လိုကျပ်​ကျပ်​​လုပ်​…. ​တောဝက်​ထိုး မ​သေပဲ လမ်​း​ပျောက်​ပြီး​သေမှာ … မင်​းကို လူခြင်​းကွဲပြီးလမ်​း​ပေိာက်​သွားမှာစိုးလို့ ငါကလိုက်​ဆွဲရတာကွ.. ”

 

” ဒါနဲ့များဖထီးရယ်​ …​နောက်​က​အော်​လိုက်​​ရော​ပေါ့…ကျ​နော့ဖြင်​့​တောဝက်​လိုက်​ထိုးပြီဆိုပြီး ​သေပြီမှတ်​​နေတာ.. ‘”

 

“အသံ ​ပေးလို့မရလို​ပေါ့ကွ… ငါ​အော်​လိုက်​မှ ဟိုဘက်​ကို​ပြေး​နေတဲ့ ​တောဝက်​​တွေ လိုက်​လာမှာ… ​ ဝှီးး … ”

 

ဤသို့ဖြင်​့စာရင်​းချုပ်​​သော်​ …. ကျ​နော်​့တွင်​​ပေါက်​ပြဲဒဏ်​ရာများစွာဖြင်​့

​ထော့နဲ့​ထော့နဲ့လမ်​း​လျောက်​ရင်​း စခန်​းချရာသို့ပြန်​ခဲ့ရ​လေ​တော့သည်​ ။

ကျ​နော်​​ပြေးသဖြင်​့ ဖထီမှထပ်​ကြပ်​မကွာ​ပြေးလိုက်​ရင်​း လိုက်​ဆွဲခဲ့သည်​ ။ မျိုးတင်​့နှင်​့ ​မျောက်​ရှုံးတို့သည်​လည်​း ဖထီးနှင်​့ကျ​နော်​​ပြေးသဖြင်​့ သစ်​ပင်​​ပေါ်မှခုန်​ချပြီး​ပြေးလိုက်​လားကြသည်​ ။

ဤသို့အ​ကြေး​ကောင်​းကြ​လေ​သော​ကြောင်​့ .. အဖိုးတန်​လှ​သော ​ရေဘူးများ ၊ ထမင်​းထုတ်​များနှင်​့ ဖထီး၏ မြှားတံများမှာ လမ်​းတ​လျောက်​ ထွက်​ကျကုန်​​လေ၏ ။

ကျ​နော်​့ခါးတွင်​ချိတ်​ထား​သော ဓား​မြှောင်​သည်​ပင်​ ဘယ်​ခြုံကြား၌ ငြိခဲ့​လေမသိ ။

ဓားအိမ်​သာကျ​န်​​လေ​တော့သည်​ ။ စခန်​းပြန်​​ရောက်​မှသာ ထမင်​းချက်​ကြပြီး ည​နေစာနှင်​့ ညစာ ​ပေါင်​း၍စားရ​လေ​တော့သည်​ ။ ထို့​နောက်​ ..ကျ​နော်​တို့စဉ်​းစားရ​လေပြီ ။

 

ဤသို့ မ​ရေရာ​သော မလုံခြုံ​သောခရီးစဉ်​ကို ဖျက်​သိမ်​းမလား… ​တောထဲ​တောင်​ထဲ အသက်​အဆုံးခံမလား…? ။

ကျ​နော်​တို့ လူငယ်​သုံး​ယောက်​ ညီညွတ်​ကြပါသည်​ ။ မနက်​ဖြန်​…​စော​စောပြန်​ကြမည်​ ..ဟု …

ထိုညက လင်​့စင်​​ပေါ်​တွင်​ ကျ​နော်​အိပ်​မ​ပျော်​နိုင်​ခဲ့ပါ ။ အိမ်​ပြန်​ရ​တော့မည်​ဖြစ်​သဖြင်​့ ​ကျေနပ်​ဝမ်​း​မြောက်​မိသလို

​နေ့လည်​ကရခဲ့​သောဒဏ်​ရာများကလည်​း နာကျင်​ကိုက်​ခဲ​နေ၍ဖြစ်​​လေသည်​ ။

လိမ်​းစရာ ​ဆေးများမပါခဲ့သဖြင်​့ ပွန်​းပဲ့ ​ရောင်​ကိုင်​း​နေ​သောဒဏ်​ရာများက ည​​လေ​သွေးလို့ ​ချမ်​း​လေတိုင်​း

အစွမ်​းပြ​နေပါ​တော့သည်​ ။ ကျ​နော်​တို့ စကားသိပ်​မ​ပြောဖြစ်​ကြပါ ။အ​တွေးကိုစီ ဖြင်​့ငြိမ်​​နေမိကြ​လေသည်​ ။

 

​နောက်​​နေ့ နံနက်​​စော​စောထ၍ ပြင်​ဆင်​သိမ်​းဆည်​းပြီးပြန်​ဆင်​းခဲ့ကြ​လေသည်​ ။

အပြန်​ခရီးမှာ ကုန်​းဆင်​းဖြစ်​ခြင်​း​ကြောင်​့လည်​း​ကောင်​း ၊ ဖထီး၏ လမ်​းကျွမ်​းကျင်​မှု​ကြောင်​့ ဖြတ်​လမ်​းကိုအသုံးပြုခြင်​း​ကြောင်​့လည်​း​ကောင်​း

ညအိပ်​စခန်​းကိုမဝင်​ဖြစ်​ကြ​တော့ပါ ။

အသွားတုန်​းက ​အေး​အေး ​ဆေး​ဆေး ဖြင်​့တစ်​ညအိပ်​ခဲ့​သောခရီးကို အပြန်​တွင်​ ​နေ့ခြင်​း​ပေါက်​ပြန်​ဆင်​းခဲ့ခြင်​းဖြစ်​​လေသည်​ ။

​တောင်​​ခြေရွာကို​ရောက်​​တော့ ​တော်​​တော်​​မှောင်​​နေ​လေပြီ ။

အဆင်​းဖြစ်​သဖြင်​့ ထမင်​းစားချိန်​သာနားပြီးဆင်​းခဲ့​လေ​သော​ကြောင်​့ ခရီး​တော့ပန်​းလှပါသည်​ ။ အမိုး၏ တဲကို​ရောက်​​တော့မှ

ကိုယ်​လက်​သန်​့ပြီး ​ခြေပစ်​လက်​ပစ်​နားကြ​ပါ၏ ။

ထို​နေရာတွင်​ ချစ်​စရာ ​တောဓ​လေ့​လေးတစ်​ခုကို​တွေ့လိုက်​ရသည်​ ။

ကျ​နော်​တို့လူစု မိုးချုပ်​မှ​ရောက်​လာသဖြင်​့ ထမင်​းဟင်​းများ အဆင်​သင်​့မဖြစ်​ပါ ။ထို့​ကြောင်​့

ရွာထဲရှိအိမ်​များမှ ထမင်​းများ ဟင်​းများလာပို့ကြသည်​မှာ အလျှံအပယ်​ဖြစ်​​လေသည်​ ။

အများစုမှာ ငပိ​ထောင်​း ၊ ငါး​ခြောက်​ဖုတ်​နှင်​့ ဟင်​းရွက်​ပြုတ်​များဖြစ်​​သော်​လည်​း

ငံငံစပ်​စပ်​ဖြင်​့ ထမင်​းမြိန်​လှသည်​ကို​တော့ မှတ်​မိ​နေပါ​သေးသည်​ ။

ထိုညက … အမိုး၏ တဲအိမ်​​လေးထဲတွင်​ အိပ်​ရသည်​မှာ ​ပြောမပြတတ်​​အောင်​ပင်​ ဇိမ်​ရှိလှ​ကာ၏ ။

​​တောထဲမဝင်​မှီညက ခိုးလိုးခုလုဖြစ်​​သောဝါကြမ်​းခင်​းသည်​ ယခုအခါတွင်​​တော့…

 

 

 

 

 

 

ဒန်​း​လော့​မွေ့ယာကြီးအလား ​သက်​​တောင်​့သက်​သာရှိ​နေသ​ယောင်​…..

​တစ်​ချက်​တစ်​ချက်​ တိုက်​ခတ်​လာ​သော ​ဆောင်​းအကြွင်​းအကျန်​​​လေနု​အေးသည်​ ကျ​နော်​တို့ကို​ချော့သိပ်​​နေသည်​့နယ်​ထင်​မှတ်​မိ​လေ​တော့သည်​ ….။

 

 

 

 

 

 

အထက်​ပါဖြစ်​ရပ်​များ ဖြစ်​ပွါးခဲ့ပြီး နှစ်​​ပေါင်​း ၂ဝ ​ကျော်​မျှကြာ​သောအချိန်​တွင်​ ………

 

.

.

.

.

.

.

.

.

.

.

 

တ​နေ့သ၌…ကျွန်ု​ပ်​​မောင်​တူးသည်​…

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားအနီးတွင် ဖွင့်လှစ်ထားသော ဘုရင် မည်သော လက်ဖက်ရည်ဆိုင်လေးတွင် အေးအေးလူလူ ထိုင်နေရင်းဖြင့် အားလပ်ခြင်း အရသာအား စီးကရက် အမြည်းဖြင့် ကောင်းကောင်းကြီး ခံစားလျက် ရှိနေလေ၏။ ဘုရင် လက်ဖက်ရည်ဆိုင်လေး ဖွင့်လှစ်ထားသည့် နေရာသည် ဆူညံ့လွန်းခြင်း၊ တိတ်ဆိတ်လွန်းခြင်း အစွန်းနှစ်ပါး လွတ်လျက် ရှိနေသည့်အတွက် အေးဆေးစွာ နေလိုသော ကျွန်ုပ်အတွက် သင့်လျော်သော နေရာတစ်ခု ဖြစ်သည်ဟု မှတ်ချက် ပြုမိသေး၏။

 

လက်ဖက်ရည်ဆိုင်လေး၏ အတွင်းနံရံများတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံကားများအား ချိတ်ဆွဲ၍ ထားသည်ကို တွေ့မြင်ရလေ၏။ ကျွန်ုပ်လည်း ထိုပုံကားများအား ငေးမော ကြည့်ရှုရင်းဖြင့် ကျွန်ုပ် မမှီလိုက်သော်လည်း စာတွေ့ဖြင့် ရင်းနှီးခဲ့ပြီး လွန်စွာ လေးစားရသော မြန်မာနိုင်ငံ၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အကြောင်းအရာများအား စဉ်းစားမိလေ၏။ တစ်ဖန် လက်ဖက်ရည်ဆိုင် စားပွဲထိုးလေး တစ်ဦး၏ လည်တွင် ဆွဲထားသော အနက်ရောင် အဝိုင်းပြားလေးအား မြင်မိပြန်ရာ ကျွန်ုပ် ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်အတွင်းမှ ရတနာသိုက်အညွှန်း မြေပုံဆွဲပြားပေလော ဟူ၍ တောက်တီးတောက်တဲ့ တွေးမိပြန်သေးတော့၏။

 

ဤသို့ ကျွန်ုပ်သည် စီးကရက်သောက်ရင်း ဟိုတွေး၊ ဒီတွေး နေသည့်အခိုက်တွင် ဘုရင် လက်ဖက်ရည်ဆိုင်လေး၏ ရှေ့သို့ အနက်ရောင် ကားလေးတစ်စီး ထိုးရပ်လိုက်သည်ကို တွေ့လိုက်ရလေ၏။ ကားရပ်သွားသောအခါ ကားအတွင်းမှ လူကြီးတစ်ဦး ထွက်လာလေ၏။ ထိုလူကြီး၏ မျက်နှာတွင် အမွေးအမျှင်များ ထူထဲစွာ ပေါက်ရောက်နေသည်ကို တွေ့ရလေ၏။ အရပ်အမောင်း အားဖြင့်လည်း မနိမ့်လွန်း မနိမ့်လွန်း၊ ကိုယ်ခန္ဓာမှာလည်း အတန် တုတ်ခိုင်လှသူ ဖြစ်လေသည်။ ထိုလူကြီးကို မြင်မိပြန်သောအခါ ကျွန်ုပ်လည်း ဆရာကြီး မင်းသိင်္ခ၏ ဇာတ်ကောင် ဖြစ်သော ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား အား ပြေး၍ မြင်မိပြန်သေးတော့၏။ ထိုလူကြီးနှင့် ဒေါက်တာ ဆိတ်ဖွားသည် ထိပ်ပြောင်ခြင်း၊ မပြောင်ခြင်း သာလျှင် ကွာခြားလိမ့်မည်ဟု မှတ်ချက်ပြုမိပြန်သေးတော့၏။

 

ဒေါက်တာဆိတ်ဖွားနှင့် တူသော ထိုလူကြီးအား ကျွန်ုပ် ကြည့်ရှု၍ မှတ်ချက်ပြုနေသည့် အခိုက်တွင်ပင် ကျွန်ုပ်ထိုင်နေလျက် ရှိသော စားပွဲဝိုင်းတွင် ဝင်ရောက် ထိုင်လေ၏။ ပြီးနောက် ကျွန်ုပ်အား ပြုံးပြ နှုတ်ဆက်ကာ ….

 

“မောင်ရင် … ရောက်နေတာ ကြာပြီလား”

 

ဟူ၍ မေးလေ၏။ ထိုအခါ ကျွန်ုပ်မှလည်း တစ်ဖန် ပြန်လည် ပြုံးပြ၍ …

 

“သိပ်မကြာသေးပါဘူး ဦးသာ”

 

ဟူ၍ ပြောလိုက်ရလေ၏။ ထိုလူကြီးကား ကျွန်ုပ်၏ ချစ်ခင်ရပါသော မိတ်ဆွေကြီး ဦးသာ ဖြစ်လေသည်။ ဦးသာ သည် ထူးခြား ဆန်းကြယ်လှသော အဖြစ်အပျက်များအား ကျွန်ုပ်အား ပြောပြတတ်လေ၏။ အချို့ အကြောင်းအရာများမှာ သူ၏ ကိုယ်တွေ့ ဖြစ်လေသည်။ အထူးအဆန်း စိတ်ဝင်စားသော ကျွန်ုပ်အတွက်မူ ဦးသာ ပြောသမျှ တို့သည် စိတ်ဝင်စားဖွယ် အကြောင်းအရာများဖြင့် ပြည့်နှက်နေတတ်လေသည်။ ဦးသာနှင့် ကျွန်ုပ်တို့သည် တစ်လတွင် တစ်ကြိမ်ခန့် တွေ့ဆုံတတ်ပြီး စကားစမြည် ပြောတတ်ကြလေသည်။ ယခုလည်း ကျွန်ုပ်မှ ချိန်းဆိုထားသဖြင့် ဦးသာသည် ကျွန်ုပ် ရှိရာသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။

 

ဦးသာ အတွက် မှာယူထားသော လက်ဖက်ရည် ကျစိမ့် တစ်ခွက်အား စားပွဲထိုးလေးမှ လာရောက် ချပေးသောအခါ ဦးသာသည် ဇွန်းလေးဖြင့် လက်ဖက်ရည်ခွက်အတွင်းမှ နို့ဆီများအား ဖယ်ရှားနေသည်ကို တွေ့ရလေသည်။ ယင်းအတွက်ကြောင့် ဦးသာ သည် လက်ဖက်ရည် ခပ်ကျကျ သောက်ရခြင်းကို နှစ်ခြိုက်သူ တစ်ဦး ဖြစ်မည်ဟု ထင်မှတ်မိလေ၏။ ကျွန်ုပ်လည်း ဦးသာ သောက်ရန်အတွက် စီးကရက် ကမ်းရလေ၏။ ဦးသာ သည် စီးကရက် ကြိုက်သူ တစ်ဦး ဖြစ်သည့်အတွက် စီးကရက် ကြိုက်သော ကျွန်ုပ်နှင့် အကျွမ်းဝင်လှခြင်း ဖြစ်ပေမည်ဟူ၍လည်း ထင်မှတ်မိပြန်သေး၏။

 

ဦးသာ သည် လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် စီးကရက်အား မီးညှိရှိုက်ဖွာလိုက်ပြီး စကားစလေ၏။

 

“မောင်ရင် … ဂျိုး အမြုတေ ဆိုတာ ကြားဖူးသလား”

 

“ကြားတော့ ကြားဖူးပါတယ် ဦးသာ၊ ငယ်ငယ်တုန်းက ကြားဖူးတာဗျ။”

 

“အင်း … ကြားဖူးတယ် ဆိုတော့ ပိုပြောလို့ ကောင်းတာပေါ့။ ဒီလို မောင်ရင်ရဲ့ …. ကျုပ်တို့ လူပျိုလောက် အရွယ်လောက်ကပေါ့။ ဂျိုး အမြုတေ ဆိုတာ အတော်နာမည်ကြီးခဲ့တာပေါ့။”

 

========================

 

အထက်​ပါလူနှစ်​ဦး​တွေ့ဆုံခဲ့ရပုံများကို မဟာရာဇာအံစာတုံးမှ

​ရှေးဦးစွာမိတ်​ဆက်​​ရေးသား​ဖော်​ပြခဲ့ခြင်​းဖြစ်​ပါသည်​ ။

 

 

 

 

​လေးစားလျှက်​

​မောင်​ဆာမိ ၊ အံစာတုံး

(အမှတ်​တရ အတူတကွ​ရေးသားသည်​ )

 

 

 

16 comments

  • မဟာရာဇာ အံစာတုံး

    January 7, 2014 at 4:30 pm

    ဇာတ်သိမ်းကို
    လာဖတ်တာပါ ဥဥဆာ .. ဟီးးဟီးး
    ဇာတ်သိမ်းကို ဥဥဆာ မကြွဘူးဆိုတာ သိပေမယ့်
    နောက်ကနေ ခုန်အုပ်လိုက်တယ်လည်း ဆိုရော …
    အယ် .. ဆိုပီး ဖစ်တွားသေးး
    တော်ဒေးဒါပေါ့ … ဖထီး ဖစ်နေရို့ …

  • KZ

    January 7, 2014 at 4:45 pm

    ဪ ဂလိုကိုးးးးးး
    သည်းထိတ်ရင်ဖို ပူးပေါင်းရေးကြသည်ပေါ့။

    ကတောက် !
    တောဝက်သား စားရပြီမှတ်တာရယ်။
    😀

    • ကြောင်ဝတုတ်

      January 7, 2014 at 5:03 pm

      အမ်မလေး ကေဇီရယ်…
      တောဝက်စားမသွားတာပဲ ကံကောင်းမှတ်…

      အစအဆုံး တိတ်တိတ်လေးဖတ်၍ သည်းထိတ်ရင်ဖိုဖြစ်သွားပါသည်…
      ဦးဆာနှင့် အံဇာ… စာရေးလွန်စွာကောင်းကြောင်း ချီးကျူးဂုဏ်ပြုသွားပါ၏…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • KZ

        January 7, 2014 at 5:20 pm

        တောဝက်က မစားပါဘူးး
        ပက်လွှတ်မှာ အစွယ်နဲ့။

        😀

  • Mr. MarGa

    January 7, 2014 at 5:51 pm

    ဟင် မြန်လိုက်တာ
    နောက်ထပ် နှစ်ပိုင်းလောက် ဆက်ဦးမယ်မှတ်နေတာ ဦးဆာရ
    တို့ ဦးဆာ
    သွေးကတော့ ရဲသကိုး….
    တောဝက်သားလေးမှ မစားလိုက်ရ ဗျာ…. :mrgreenn:

  • TNA

    January 7, 2014 at 7:54 pm

    ကံကောင်းလို့ပါလားကိုဆာမိရယ်။ ဖထီးလိုက်ဖမ်းတာမြန်လို့ပေါ့ မဟုတ်လို့ကတော့ လမ်းပျောက်သွားရင် ပိုဆိုးမယ်နော်။ စိတ်လှုပ်ရှားစရာအပြည့်နဲ့ပိုစ့်ကောင်းကလေးပါ

  • Mလုလင်

    January 7, 2014 at 11:19 pm

    ဒေးဒရဲ နားက ဧက ၅၀ဝ လောက်ရှိတဲ့ ဝါးတောထဲမှာ ညနေ စောင်း ၅ နာရီလောက်ကနေ ည ၁ဝ နီးနီး ထိ လမ်းပျောက်ခဲ့ဖူးပါသည်။ မှတ်မှတ်ရရ တန်ဆောင်မုန်း လပြည့် နေ့ပါ။ ဓာတ်မီး ကော လူကော ရေထဲ ပြုတ်ကျ လို့ လရောင်အားကိုး နဲ့ စမ်းတဝါးဝါး . . . . ဗျောက်အိုး သံ လေးကို နားစွင့် ရင်း အဲ့ အသံ လာရာ ကို သွားခဲ့ရတာ ဗျို ့ . . . . တစ်သက် မမေ့ နိုင်စရာပဲ . .. အိမ်နဲ့ ဖုန်းပြော နေလို့ ရနေလို့ သာ ဖြေသာတယ်။

  • surmi

    January 8, 2014 at 10:22 am

    သည်းခံဖတ်ရှု မှတ်ချက်ရေးအားပေးကြလေသော
    မောင်အံ
    မခိုင်ဇာ
    ဖက်ဖက်ကက်
    သဂျား
    မသဲနု
    ကိုလုလင်
    တို့နှင့်တကွ ဖတ်ရှုအားပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း …..

  • kyeemite

    January 8, 2014 at 2:28 pm

    ပေါင်းလည်းပေါင်းမိပါပေရဲ့…၆မျက်နှာနဲ့ကိုရင်ဆာရယ်…
    ကိုရင်ဆာ့စာတွေဝင်ဝင်ဖတ်ပါတယ်..ကွန်မန့်သာမပေးနိုင်လို့..
    တော်တော်ကောင်းတဲ့တောတွင်းအတွေ့အကြုံလေးပေါ့ဗျာ….

  • kai

    January 8, 2014 at 5:30 pm

    Hog လို့ခေါ်တဲ့..တောဝက်တွေ..အမေရိကားတိုက်မှာ… အကြီးအကျယ်လွှမ်းမိုးခဲ့ဖူးတယ်..
    စိုက်ခင်းဖျက်နှုန်းအရမ်းမြင့်တဲ့အတွက်.. မုဆိုးတွေအကြီးအကျယ်လိုက်သတ်ရတာပေါ့…
    သတ်ရတဲ့အထဲ.. စချိန်တင်အကြီးဆုံးတကောင်က..ပေါင်၁၀၅၁ပေါင်တဲ့…။
    အဲဒီအကောင်မျိုးဆို… ဒူးလေးနဲ့ပစ်ရင်.. သွားဖြဲပြမလားပဲ..။
    ဖထီးလည်း.. လွယ်မယ်မထင်…
    အဲဒီလိုအကောင်ကို… ဘာဂျိုးဥအမြုမှမတေပဲ.. ယူအက်စ်.. အလဘားမားမှာတော့.. အသက်၁၁နှစ်ကောင်လေးပစ်သတ်လိုက်သတဲ့..

      • kai

        January 9, 2014 at 2:08 pm

        ဒီပုံကို … ဒီရွာထဲတင်.. ၁ခါညွှန်းခဲ့ဖူးတယ်…
        ဆိုတော့…
        နောက်မညွှန်းတော့ပါဘူးဗျ…။
        ကိုယ်တိုင်မိရင်သာ.. ဝက်စွယ်အမြုတေရှာပုံတော်ဇတ်လမ်းလုပ်ရေးပါ့မယ်ဗျ… :kwi:

  • တိမ်တမန်

    January 8, 2014 at 9:20 pm

    အင်း…နှစ်ယောက် ပေါင်းရေးတော့…
    အရသာနှစ်မျိုးပေါ့… ။

    ——–

  • Novy

    January 9, 2014 at 10:41 am

    ကိုရင်ဆာမိရေ.. ဂျိုးမတေဥလေးများရမလားလို့ အားပေးလာတာ
    တော်သေးတာပေါ့ တောဝက်မပတ်လိုက်လို့

    မနိုရဲ့ ရာဘာခြံထဲမှာလဲ တောဝက်ခြေရာတွေ တစ်ခါတစ်လေတွေ့ရပါတယ်
    ကိုယ်နဲ့တော့တိုက်ရိုက်မတိုးသေးဘူး
    ကိုရင်ဆာမိရှိမှာ အပြေးနည်းလာသင်ထားမှ

  • Ma Ma

    January 11, 2014 at 6:50 am

    အော်…. ဖထီးနှယ် ဗန္ဓုလသွေးကိုမှ တောထဲခေါ်သွားတာကိုးးးးး 😀
    ဒါ့ထက် …
    (​တောထဲတွင်​ လူမသ်ိသူမသိ မရှုမလှ​ဖြင်​့​တောဝက်​ထိုးပြီး​သေ​ရ​သောကျ​နော်​့အဖြစ်​သည်​ ဆိုးဝါးလှသည်​..)
    ဆိုတော့ကာ….
    အဲလိုမှ သတင်းဖြစ်၊ ဂျာနယ်တွေထဲမှာပါပြီး သေပြီးမှ နာမည်ကျော်ကြားသွားအုံးမှာ။ :kwi:

  • ဦးကြောင်ကြီး

    January 12, 2014 at 4:24 am

    ဂျိုးအမြုတေအစစ်က အနော့်ဆီမှာဂျ.. သူတခါတခါ ပွတက်လာလျင် အောင်မငှီး ကျောင်းစရာဂျီး.. 😉

Leave a Reply