Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စေ့စေ့တွေး…မြင်အောင်ကြည့်…ဦးနှောက်သုံး…

johnnydeerFebruary 6, 20141min58316

မြို့ကလူတစ်ယောက် တောသွားလည်တယ်ဆိုတာ….

စိမ်းမြမြ လယ်ကွင်းပြင်ကြီးကို ကြည့်ချင်လို့….
လယ်ကွင်းအလယ်က လယ်စောင့်တဲလေးမှာ အိပ်ရင်း အေးချမ်းဆိပ်ငြိမ်မှုအရသာကို ခံစားချင်လို့….
လယ်ကွင်းထဲ ဖြတ်တိုက်ခတ်လာတဲ့ လေနုအေး နွဲ့နွဲ့နော့နော့လေးကို တဝကြီး ရှုရှိုက်ချင်လို့…
တော့ဓလေ့ တောအစာလေးတွေကို မြည်းစမ်းကြည့်ချင်လို့…
တော့ဓလေ့ လယ်ကန်သင်းရိုးတလျှောက် ပုဇွန်လုံးနှိုက် ဖားရိုက် ငါးရှာ ပျော်စရာ ဗဟုသုတလေးတွေရချင်လို့…
တဂျောင်းဂျောင်းနဲ့ ဟိုယိမ်း ဒီယိမ်း လှည်းကြမ်းလေး စီးချင်လို့…
တောသဘာဝ တောအလှု တောဓလေ့ ပျော်ရွှင်မှုတွေ စီးမျောခံစားချင်လို့….

ဒီလို အချက်တွေကြောင့် တောကို အလည်သွားကြတာပါ….

ဒါကို တောကလူတွေက မြို့သားတွေ လာလည်တာပဲဆိုပြီး မရှိရှိတာ ရှာကြံပြီး ကိတ်မုန့် ခပ်ညံ့ညံ့တွေ မရမက ဇွတ်ဝယ်ကျွေး..ချိုရဲရဲ ရေခဲမုန့် တွေ ဇွတ်ကျွေး…ကားအစုတ်ကြီးတွေနဲ့လိုက်ပို့…ဒီလိုဧည့်ခံလို့ကတော့ မြိုကကလူကလဲ စိတ်ညစ်…တောကလူတွေအတွက်လဲ ဝန်ထုပ်ဝန်ပိုး ဖြစ်…ဘာတစ်ခုမှ အဆင်ပြေနိုင်စရာမရှိပါဘူး…

ဒီလိုသဘောမျိုးပါပဲ….
နိုင်ငံခြားက ခရီးသွားဧည့်သည်တွေ မြန်မာပြည်လာလည်တယ် ဆိုတာ မြို့ကလူ တောလာလည်သလိုပါပဲ…ကိုယ့်သဘာဝ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစံတွေကို အရှိအတိုင်းပဲ ပြရမှာပါ…သူတို့တွေ့ချင် လေ့လာချင်တာလဲ ဒီက သဘာဝတရားတွေကိုပါပဲ…

ဥပမာပေါ့ဗျာ….နိုင်ငံခြားသားတစ်ယောက်က မေမြို့လာလည်တယ် ဆိုပါစို့…သူတို့ ဘာတွေ စိတ်ဝင်စားလဲ…ကန်တော်ကြီးလား…ရေတံခွန်လား…

ကန်တော်ကြီး….

.မြန်မာတွေ မျက်စိမှာ ဘယ်လောက်လှလှ…သူတို့အတွက်တော့ လမ်းဘေးရှုခင်းသာသာပါပဲ…သူတို့ ဒီထက် အပုံတစ်ရာလှတဲ့ ပန်းခြံတွေ ရောက်ဖူးပြီးသားပါ…

ရေတံခွန်…

လက်တောက်လောက် ရှိတဲ့ ရေတံခွန်လောက်ကတော့ သူတို့ စိတ်တောင် မဝင်စားပါဘူး…သူတို့ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ရေတံခွန်တွေ ရောက်ခဲ့ဖူးပြီးသားပါ…

သူတို့ ဘာစိတ်ဝင်စားတာလဲ….
သူတို့က မေမြို့ဆိုတာ ကိုလိုနီခေတ်က တည်ခဲ့တဲ့ မြို့ဆိုတော့ သိပြီးသား….ကိုလိုနီအငွေ့အသက် ရှေးအိမ်တွေကို အဓိက စိတ်ဝင်စားတယ်…ကိုလိုနီခေတ် ရှေးဗိသုကာလက်ရာတွေကို လေ့လာချင်တယ်…နေထိုင်သွားခဲ့ကြတဲ့ ရှေးဘိုးဘွားဘီဘင် အဆက်အဆက်ကို စိတ်ကူးနဲ့ မှန်းကြည့်ချင်တယ်…

မေမြို့မှာက…
ရှေးအိမ်တွေ အများကြီးရှိပါတယ်…တော်တော်များများကို အစိုးရရုံး…အိမ်အဖြစ် ပြောင်းလဲထားတယ်…နိုင်ငံခြားသားတွေက ဝင်လေ့လာချင်တယ်…ဝင်လို့မရဘူး…နိုင်ငံခြားသားတွေခမျာ အပြင်ကနေ ဟိုချောင်း ဒီချောင်း သူခိုးလိုလို ကြမ်းပိုးလိုလို ဘဝ Auto ရောက်ရပါလေရော…အမှန် ဖြစ်သင့်တာကတော့ ဒီလို အိမ်တွေကို ရှေးမူမပျက် ပြင်ဆင်…ရှေးဟောင်း ပရိဘောဂတွေ ဓာတ်ပုံတွေ ရှာထည့်…သမိုင်းကြောင်းတွေ ရေးထား…(ဥပမာပေါ့လေ…ဒီအိမ်ကတော့ အင်္ဂလိပ်ခေတ်က သစ်တောဝန်ထောက် မစ္စတာ ဘယ်သူနေသွားတဲ့အိမ်ပါ ဘာညာပေါ့) ဝင်ခွင့် ဒေါ်လာတွေကောက်…ခရီးသွားတွေဆို ဘယ်လောက် သဘောကျလိုက်ကြမလဲ…ဘယ်လောက်တောင် လာလိုက်ကြမလဲ ဆိုတာ…
ခုတော့…ဧည့်သည်တွေကို လိုက်ပို့ကြပါတယ်…
ကန်တော်ကြီး…ရေတံခွန်…
မြို့ကလာတဲ့သူတွေကို Cream အညံ့ကြီးနဲ့ ကိတ်မုန့် ဇွတ်ကျွေးသလိုပါပဲ…ကျွေးတဲ့သူတော့ ဘာမှသိမှာမဟုတ်ဘူး…စားတဲ့သူတော့ စိတ်ဓာတ်တွေ ကျလို့….
ဟိုတယ်လုပ်ငန်းနဲ့ဆိုင်လို့ ရေးရတာပါ…ပြင်ဆင်နိုင်ဖို့ပါ…
ခရီးသွားမြှင့်တင်ရေး…ဘာညာသာရကာ ရွတ်နေကြပြီး တကယ်မြှင့်တင်ဖို့ဆိုတာ တာဝန်ရှိသူတွေ ဦးနှောက်သုံးတတ်ဖို့လိုပါတယ် ဆိုသည့်အကြောင်း အချက်တစ်ချက်ကိုပဲ ဥပမာ ယူ ရေးလိုက်ရပါတယ်….

16 comments

  • kyeemite

    February 6, 2014 at 10:52 am

    အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ… 😛 😀

  • လုံမလေးမွန်မွန်

    February 6, 2014 at 12:33 pm

    ဟုတ်ပါ့ဗျာ.. အနော်လည်း ကန်တော်ကြီးထဲသွားလည်တုန်းကဆို အဲ့လိုခံစားချက်ကို ခံစားမိတယ်.. တကယ်တော့ ကန်တော်ကြီးက တကယ့်အသေးအမွှားလေးပါ.. ပန်းတွေကို ဆေးခြယ်ထားတာ.. ဘယ်လိုမှ ခံစားကြည့်လို့မရဘူး.. Tourism အကြောင်းများ ပြောရင် အားကြီးရယ်.. အားမှ အတင်းတုပ်ပါဦးမယ်.. :mrgreen:

    • sorrow

      February 6, 2014 at 1:44 pm

      အောင်မငီး …ဗမာပြည်မှာပဲရှာတွေ့နိုင်တဲ့ သစ်ပင်တွေ သစ်ခွတွေ ..အကောင်တွေ ..လိပ်ပြာတွေ… ဝါးတွေ ကြည့်ခဲ့ဘူးရား သာမီးရယ် …ရင်ကျိုးရချည်ရဲ့ ….

      • ကြည့်ခဲ့ဘူး.. သများ လုပ်သက်နုနုလေးမှာ သွားခဲ့ရတဲ့ အပျော်ခရီးဆိုတော့ လူကြီးတွေ ခေါ်တဲ့နောက် လိုက်တာရယ်..ဒါ့ပုံတွေ အားကြီရိုက်ပြီး ပြန်လာခဲ့ရတယ်.. နှမြောထှာ.. 🙁

  • sorrow

    February 6, 2014 at 1:34 pm

    ကန်တော်ကြီး….
    မြန်မာတွေ မျက်စိမှာ ဘယ်လောက်လှလှ…သူတို့အတွက်တော့ လမ်းဘေးရှုခင်းသာသာပါပဲ…အဲ့တာကတော့ နည်းနည်းကွဲလွဲတဲ့အမြင်ကဆွေးနွေးချင်ပါတယ်ဗျ ။အင်္ဂလန်က Kew botanical garden ကိုကော်ပီကူးထားတဲ့ မြန်မာမျိုးရင်းလေးရာလောက်ရှိတဲ့ Eco Tour သမားတွေ တကူးတက လေ့လာရတဲ့ ရုက္ခဗေဒဥယျာဉ်ပါဗျ ။ နောက်တစ်ခုက နိုင်ငံခြားသားတွေက မလာခင်မှာ တိုးကုန်ပဏီနဲ့ သေချာတိုင်ပင်ပြီးမှ ခရီးစဉ်ဆွဲတတ်ကြပါတယ်ခင်ဗျ ။ နိုင်ငံခြားသားအလာနည်းတဲ့ကိစ္စကတော့ ဟိုတယ်လုပ်ငန်းနဲ့ဆိုင်လို့ ရေးရတာပါ ဆိုလို့ ဒေသတွင်းက ဟိုတယ်တွေဈေးနဲ့ လေယဉ်လက်မှတ်ဈေးတွေကို ယှဉ်ကြည့်စေလိုပါတယ်ခင်ဗျ ။နောက်တခုကရန်ကုန်မှာ ပြင်ဦးလွင်သားတွေGM အဆင့်နဲ့ ဦးဆောင်နေတဲ့ ခီးသွားကုန်ပဏီတွေ ဆယ်ခုလောက်ရှိပါတယ်ဗျ ။ ကိုလိုနီခောတ်က အိမ်တွေကို ပြင်ဆင်ပြီး ပြသဖို့ကတော့ တူညီတဲ့ အကြံဥဏ်ပါခင်ဗျ ။ လေးစားပါတယ် ။

    • sorrow

      September 12, 2014 at 3:44 pm

      ခုမှပြန်တူးမိတယ်..ကျော်ဘာများမန့်မှားပါလိမ့်… အနီခြောက်ခုတောင် ….အဟိဟိဟိ

      • kai

        September 12, 2014 at 3:50 pm

        အနီတွေ့တိုင်း…အစိမ်း ၂ပြန်မြှောက်လို့.. မှတ်ကွယ်…။

        တခါကများ..စိတ်ကူးပေါက်ပြီး.. အဲဒီအနီရောင်ကို.. png မှာအပြာလေးပြောင်းပေးလိုက်ဖူးတယ်..
        ဖိုတိုရှော့မှာ.. One Click ပါပဲ.. လွယ်ထှာ…။

        သဘောက.. အနီက… ကွန်ပြူတာရဲ့.. ဝက်ဘ်ကုဒ်မှာ.. #FF0000
        အစိမ်းက.. #00FF00
        အပြာက… #0000FF

        တကယ်တော့.. နံပါတ်တွေပါပဲနော…။ :k:
        (ငါကွ.. တရားပေါက်ပြီ..)

  • KZ

    February 6, 2014 at 3:48 pm

    ဘဘဂျီးတို့ က အဟောင်းဆိုရင်
    အတွေးအခေါ်ဟောင်း
    အကျင့်ဟောင်း
    အကွက်ဟောင်း တွေကလွဲလို့ ကျန်တဲ့ အဟောင်းမှန်သမျှ ဘာမှ မထိမ်းသိန်းချင်ဘူး လူလေးးးရယ်

    😀

  • kai

    February 6, 2014 at 5:31 pm

    ပြောလို့သာပြောသာ..
    ယူအက်စ်..အယ်လ်အေကို.. မြန်မာပြည်ကအသိတွေလည်လည်လာတော့.. မြန်မာဆိုင်လေးခေါ်ပြီး.. မြန်မာထမင်းဟင်းလေး.. ဝယ်ကျွေးမိပါတယ်..။
    ဘာပြောသလည်းဆိုတော့..
    အေး.. မင်းတို့မြန်မာပြည်လာမှ.. ဟမ်ဘာဂါတွေ.. ပီဇာဆိုင်တွေလိုက်ပို့ကျွေးဦးမယ်တဲ့…

    မှတ်သွားတာ.. အခုထိ..။ :mrgreen:

  • ဒညင်းဝက်

    February 7, 2014 at 6:53 pm

    တာဝန် သိမှု တာဝန်ယူမှုနဲ့ စိတ်နေသဘောထားတွေလည်း
    မြှင့်တင်ပါဦးမှ. . . .

    :kwi:

  • johnnydeer

    February 8, 2014 at 3:35 am

    ကိုယ်ရေးတဲ့ စာလေးတွေကို ဝိုင်းကောမန့်ပေးတဲ့သူတွေကို ပြန်ပြောရအောင် ဆိုဒ်ဖွင့်မယ်လို့ ကြိုးစားတော့ ဆိုဒ်က မပွင့်…ပွင့်ပြန်တော့ Log In မဝင်နဲ့….ဪ…MPT…MPT …နင့်ကိုလေ…ငါ တောက်တောက် စဉ်းပစ်ချင်တယ်…

  • မှန်ပါကြောင်း

    ရှေးအိမ်တွေကို ခေတ်မှီအောင်မပြင်ဆင်ဘဲ ရှေးကအတိုင်းထား ပြီး ပြစေချင်ပါကြောင်း

    မန်းလေးမြို့မှာလည်း ရှေး ကတည်း က အိမ်တွေ ရှီပါကြောင်း

    အချိုဆိုခေတ်မှီအောင်ပြင်လိုက်တော့ ရ သ ပျောက်သွားပါကြောင်း
    ဥပမာ ကာတစ်တိုက်

  • Yae Myae Tha Ninn

    September 12, 2014 at 5:05 pm

    အကုန်လုံးက မှန်နေတော့ ဘာပြောရမှန်းကို မသိဘူး… တခုပဲပြောချင်တာ… တခါမှ ဒီလောက်နီတာ မမြင်ဖူးဘူး… ကြည့်မကောင်းလို့ လျှော့ပေးခဲ့ပါတယ်ဗျား… တဂျီးတောင် ကျွန်တော်ကယ်လို့ ကာလာလွတ်တာ… 🙂

    • ခင် ခ

      September 12, 2014 at 8:38 pm

      အနီကတော့ ဒီအတိုင်းတာထားလိုက်ပါဗျာ
      ပေးတဲ့သူက တောပုန်းကြီးဘဝကလာတာမို့ အကောင်းမြင်ဝါဒီမဟုတ်ဘူးလေ

  • Yae Myae Tha Ninn

    September 13, 2014 at 10:34 am

    အော်.. အော်… ဟုတ်… 🙂

  • kai

    September 13, 2014 at 11:54 am

    ဒါကိုသေသေချာချာပြန်ဖက်မိတော့.. စာရေးသူဂျွန်က… တော်တော်အမျှော်အမြင်ရှိတာပဲလို့…

    တိုးရစ်ဇင်တိုးတက်ချင်ရင်…
    ရန်ကုန်က.. ကိုလိုနီခေတ်အဆောက်အဦတွေ စတစ်တကျထိမ်းသိမ်းတာက.. ပျူခေတ်ကမြို့ကိုပြန်ဖေါ်တာထက်ပိုဆွဲဆောင်နိုင်တယ်လို့..

Leave a Reply