မဟာဆဒ္ဒန်ဂူ- ကရင်ပြည်နယ်
ကရင်ပြည်နယ် မှာ ရှိတဲ့ မဟာဆဒ္ဒန်ဂူကို အလည်တစ်ခေါက်ရောက်ခဲ့ပါတယ်
ရောက်ခဲ့တာနဲ့တန်အောင် ဂူအစကနေအဆုံးထိဝင်ဖို့ဆုံးဖြတ်ခဲ့ကျပါတယ်
ဂူဝကိုရောက်တော့ ဂေါပကအဖွဲ့က ဂူထဲကိုဝင်မှာလားလို့မေးပါတယ်
ဝင်မှာလို့ပြောတော့ ဂူထဲမှာ မီးအလင်းရောင်ရအောင် မီးထွန်းဖို့ အလှူငွေလေးထောင်ကောက်ပါတယ်
အလှူငွေထဲ့ပြီးဂူထဲ ကိုဝင်ခဲ့ကျပါတယ် ဂူဝမှာ ဘယ်မှာမှမတွေ့ဘူးတဲ့မျက်နှာပုံထွင်းထားတဲ့ စေတီတစ်ဆူကိုလည်းဖူးခဲ့ရပါတယ်
ဂူအစကနေဂူအဆုံးထိ ၄၅ မိနှစ်လောက် အတက်အဆင်းတွေနဲ့သွားခဲ့ရပါတယ်
ဂူအလယ်နားလောက်မှာ အလင်းဝင်ပေါက် ၂ပေါက်သာတွေခဲ့ရပြီး
ကျန်တဲ့နေရာမှာတော့ မီးအလင်းရောင်မှုန်ပြပြလေးနဲ့ အေးမြစိုစွတ်နေပါတယ်
ဂူခေါင်မိုးတွေမှာတော့ လင်းနို့တွေအများကြီးပါပဲ
ဂူအဆုံးမှာတော့ စေတီတစ်ဆူရှိပါတယ် ပြီးတော့ မဟာဆဒ္ဒန်အင်းကြီးပေါ့
ကဲအခုတော့ ဂူဓာတ်ပုံတွေအရင်ကြည့်ရအောင်နော်
မဟာဆဒ္ဒန်ဂူဆောင်းတန်းအစ
ဒီလှေကားလေးအတိုင်းတက်
ဂူအဝနားကကျောင်း
ဒီလိုလျှောင်းတော်မူပုံလဲရှားတယ်
ဂူအမိုးပေါ်က စေတီသေးသေးလေးတွေ
ဂူအဝ
ဂူအဝကစေတီ
ဂူအဝကလူမျက်နှာနဲ့စေတီ
လျှောင်းတော်မူ
အလင်းဝင်ပေါက်1
ဂူပေါ်ကကျောက်ပန်းဆွဲ
အလင်းဝင်ပေါက်၂
ဂူထွက်ပေါက်ကိုလှန်းမြင်နေရပြီ
ဂူအဆုံးပါ
ဂူအဆုံးက စေတီလေးကို အပေါ်ကနေလှန်းဖူးလိုက်ပါအုံး
ဂူအဆုံးကို အပြင်ကလှန်းရိုက်ထားတာ
လမ်းလျှောက်ရလို့မောသွားပြီးလား စေတီလေးကိုဖူးပြီးရင်
မဟာဆဒ္ဒန်အင်းမှာအမောပြေလေညှင်းခံရင်းလှေစီးမယ်နော်
16 comments
ဒညင်းဝက်
February 7, 2014 at 7:41 am
ကရင် ပြည်နယ်ထဲ ထပ်သွားချင်တယ်ဗျာ
အရင်တခေါက်သွားတုန်းက နေရာစုံအေင် မရောက်ခဲ့လို့
🙂
Novy
February 7, 2014 at 10:13 am
ဇွဲကပင်တောင်ကိုရောက်တော့ ဂိုက်ပေးကြမ်းတဲ့ အလက်ဆင်းကိုတောင်သတိရသေး
KZ
February 7, 2014 at 8:03 am
သဘာဝဟာ သဘာဝပါ။
ဂူ အဆုံးကို အပြင်က လှမ်းရိုက်ထားတဲ့ ပုံကို အကြိုက်ဆုံးပဲ။
🙂
Novy
February 7, 2014 at 10:16 am
ဟုတ်တယ်ဆွိရေ..မဟာဆဒ္ဒန်ဂူက တကယ်သဘာဝအတိုင်းပဲရှိသေးတယ်
လူတွေပြုပြင်ထားတာသိပ်မရှိဘူး
အဖြူကောင်တွေလဲတော်တော်များများလာတာတွေ့တယ်
Wow
February 7, 2014 at 9:20 am
ဒါဆို ဂူက တစ်ဖက်ပိတ်မဟုတ်ဘဲ.. ဟိုဘက်ဒီဘက် အပွင့်ပေါ့နော်…
ဂျဂါးမစပ် အင်းကျီဒီဇိုင်းနာ သိသလိုပဲ မနို… :kwi:
Novy
February 7, 2014 at 10:19 am
ဟုတ်တယ် ဂူက နှစ်ဘက်ဖွင့် ဟိုဘက်မှာ အင်းလဲရှိတယ် နောက်နေ့ကျရင်
အင်းထဲမှာလှေစီးမယ်နော်
အင်းကျီဒီဇိုင်းနာကို မေးလိုက်ပါ မော်ဒယ်လုပ်ခိုင်းမလားလို့ 🙂
weiwei
February 7, 2014 at 10:15 am
ဂူအဆုံးအထိ မဝင်ခဲ့ဖူးဘူး … လူတစ်ယောက်မှ မရှိတဲ့အချိန်ရောက်သွားလို့ ကြောက်ပြီး မဝင်ရဲခဲ့တာ .. ကလေးတွေလဲပါလို့လေ ..
အခုမှပဲ အဆုံးထိ ဝင်ကြည့်လိုက်ပါတယ် ..
Novy
February 7, 2014 at 10:23 am
မဝေရေ..ဂူထဲမှာလမ်းလျှောက်ရတာစိတ်ဝင်စားဖို့ကောင်တယ်
သဲထိပ်ရင်ဖိုလေးပေါ့ ဘာများတွေ့မလဲ ဘာတွေထွက်လာမလဲဆိုပြီး ရသမျိုးစုံခံစားရတယ်လေ
တဘက်မှာ အင်းလဲရှိတော့ အထူးအဆန်းပေါ့
kai
February 7, 2014 at 10:59 am
လျှောင်းတော်မူပုံက.. ပန်းပုအချိုးအူကြောင်ကြောင်ကြီးဖြစ်နေတယ်ဗျ..။
ထိုင်ကန်တော့နေသူတွေ…သနားစရာ..
Novy
February 7, 2014 at 11:28 am
သူကြီးနော်………………သူကြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လူမျက်နှာနဲစေတီပုံတောင်ရှိသေးတာပဲ သူတို့ဒေသရဲ့ လက်ရာနေမှာပေါ့
sorrow
February 7, 2014 at 12:49 pm
ဒါ့ပုံထဲက အစ်မချောချောလေးက ဘူတုန်းဗျ…နောက်နောက်များ ခီးသွားရင်ပြောချမ်းပါဂျာ လကားစီစဉ်ပေးမယ်……မမချောချောလေးတွေဆို စီစဉ်ပေးချင်နွန်းနို့……အာဟိ ….
Novy
February 7, 2014 at 2:06 pm
ဒါ့ပုံထဲက အစ်မချောချောဆိုတာ ဘုကိုပြောတာရဲ
အန်တီကိုပြောတာလား 🙂
အနောက်မှာချစ်တီးမကြီးလားပြီးပြေးပြေး ကချင်လေးရေ…………
ဦးကြောင်ကြီး
February 7, 2014 at 12:51 pm
အမ်တီနိုဗွီကိုခြစ်တယ်.. ဂျူ နိုလေးဂိုလည်းခြစ်တယ်…
Novy
February 7, 2014 at 2:08 pm
အန်တီလည်းကြောင်ကြီးကို ကရင်ဟင်းချက်စားချင်တယ်
မဟာရာဇာ အံစာတုံး
February 7, 2014 at 1:11 pm
ဟူးးးး တော်ဘာဒေးရဲ့ …
နာ့ ယောက်ခမ ဂူထဲမှာ ဘာမှ ဖြစ်မသွားလို့ …
Novy
February 7, 2014 at 2:10 pm
မိအံ ညည်းကလည်း မတော်ပါဘူးဆိုမှဇွတ် :-