ရစ်ဘီး
ဘဝကို
တဖြည်းဖြည်းလွွှှတ်တင် မှုမှာ
မျက်နှာကြီးရာ ဟင်းဖတ်ပါတွေကြောင့်
သီးခံမှုက
ကြိုးတစ်ဆုံးလျော့ပေးနေရတယ်
ညံ့ဖျင်းပုံများ
ရေလိုက်ငါးလိုက်မလုပ်တတ်တော့
ငါ့အိပ်မက်တွေ
ချာလပတ်ကို ရမ်းလို့
အပေးလား
အယူလား
မိုးခါးရေဆိုတာ
အောက်လမ်းပညာတစ်မျိုးပဲထင်တယ်
တွေးခေါ်မှုရေဒါက
အမှတ်တရတွေကို ဆွဲတင်တယ်
နာကျင်မှုတွေကို နေလှန်းတယ်
လောကဓံမှာငြိတွယ်နေတဲ့
အောက်လုံးတွေက
ငါ့ရွက်တိုင်မှာ ဖောဖောသီသီထိုးစိုက်လို့
မယုံမရှိနဲ့
ဘယ်လောက်ပဲရိုးသားရိုးသား
သံယောဇဉ်လမ်းတစ်လျှောက်မှာ
ငွေကြေးနဲ့
မှန်စာတိုက်မထားနိုင်တော့
ငါ့အိပ်မက်တွေ
ပြတ်ကျခဲ့ရတာ အကြိမ်ကြိမ် ။
ကိုစစ်
8 comments
ဒိတ်ဒိတ်ကြဲ ငမွဲ
March 2, 2014 at 8:58 pm
မယုံမရှိနဲ့
ဘယ်လောက်ပဲရိုးသားရိုးသား
သံယောဇဉ်လမ်းတစ်လျှောက်မှာ
ငွေကြေးနဲ့
မှန်စာတိုက်မထားနိုင်တော့
ငါ့အိပ်မက်တွေ
ပြတ်ကျခဲ့ရတာ အကြိမ်ကြိမ် ။
—————————————
အဲဒိ စာသားလေးမှာ…
မျောသွားတယ်….
Crystalline
March 3, 2014 at 10:01 am
၃ခါလောက်ဝင်ဖတ်ပြီး.. တခုခုတော့ရေးခဲ့မှပါလေဆိုပြီး ရေးခဲ့တာ :mrgreenn: ဟိုဖက်ပို့စ်ကိုတော့ မနေ့ထဲက ဖတ်ပြီး.. ကွန်မင့်ရေးမလို့က… လာဆဲတဲ့သူလာရင်ကြားညှပ်မှာမို ကွန်မင့်မထားဖြစ်တာ.. :mrgreenn:
Crystalline
March 3, 2014 at 10:16 am
ဆောရီးမရှင်းမှာစိုးလို့.. လာဆဲမှာ ပို့စ်ပိုင်ရှင်ကိုမဟုတ်.. ကွန်မင့်ကိုပြောတာ.. :))
marblecommet
March 3, 2014 at 11:16 am
မင်းက
နည်းနည်းလောင်းကျွမ်းပြီး များများ ခံစားတတ်တယ်
ငါကျတော့….:P
TNA
March 4, 2014 at 1:41 pm
ခုခေတ်ကတော့ ငွေကြေးကရှေ့တန်းရောက်နေတာတော့ သေချာတယ်။ အချစ်ဆိုတာ ဗိုက်မှမဝတာကိုး
ကိုပေါက်(မန္တလေး)
March 4, 2014 at 3:04 pm
ငွေကြေးနဲ့
မှန်စာတိုက်မထားနိုင်တော့
ငါ့အိပ်မက်တွေ
ပြတ်ကျခဲ့ရတာ အကြိမ်ကြိမ် ။
ပြာ မကျ ဘဲ
အပိုင်းပိုင်း အစ စ
ကြေ ကွဲ
ငါ ့ ရ င် ဘတ် ကြီး ထဲ ကို
နင် ခ ဏ ဝင်
မြင် လာေ အာင် ကြည့် လှည့် စမ်း ပါ။
Mr. MarGa
March 6, 2014 at 9:38 am
ငွေကြေးနဲ့
မှန်စာတိုက်မထားနိုင်တော့
ငါ့အိပ်မက်တွေ
ပြတ်ကျခဲ့ရတာ အကြိမ်ကြိမ် ။
အင်း…ဘယ်လိုပြောရပ 🙄
ko six
March 9, 2014 at 4:16 am
ဘဝက
ဆဲသံဆိုသံ အားပေးသံတွေနဲ့
နှစ်သိမ့်ခံနေရတာပါပဲ
ငွေကြေးမပါထမင်းဟာ
ဆားမပါတဲ့မြင်းပွဲကို
သွားလောင်းရသလိုပါပ
ဟိုလူပြောခဲ့သလို
ခံရပေါင်းများတော့
ဉာဏ်ကောင်းလာခဲ့ပြီဆိုပါတော့