ကျွန်ုပ်နှင့် လူလော၊ နတ်လော
–
–
–
+++++++++++
တစ်နေ့သ၌ ရန်ကုန်မြို့ သင်္ဃန်းကျွန်းဘူတာရုံ အတွင်း၌ အချွန်အတက်များ ပါရှိသော ရွှေဝါရောင် နတ်ဝတ်နတ်စားများအား ဝတ်ဆင်ထားသော အသက် ၄ဝ အရွယ်ခန့်ရှိ လူကြီးတစ်ဦးသည် ရင်ကိုကော့၊ ခါးကို ထောက်လျက် မည်သူမျှ ဂရုပြုခြင်း မရှိဘဲ မျက်နှာထား ခပ်တင်းတင်းဖြင့် မတ်မတ်ရပ်နေလျက် ရှိသည်ကို တွေ့ရလေ၏။ ဘူတာရုံအတွင်းနှင့် ဘူတာရုံမှ ဖြတ်သန်းသွားလာသူများမှာ ထိုလူကြီးအား အထူးအဆန်းသဖွယ် ကြည့်ရှုကာ ထင်မြင်ချက် အမျိုးမျိုး ပေးကြလေ၏။ သို့ရာတွင်မူ ထိုလူကြီး၏ ခပ်တင်းတင်း မျက်နှာထားကြောင့် လူကြီး ကြားလောက်အောင် ပြောဝံ့သူဟူ၍ မရှိဘဲ ၎င်းတို့အချင်းချင်း ကြားလောက်ရုံသာ ခပ်တိုးတိုး ပြောဆိုလျက် ရှိကြလေသည်။
ထိုလူကြီးသည် ရှည်မျောမျော နတ်ဦးထုပ်ကြီးအားလည်း ဆောင်းထားလျက်သား ရှိချေ၏။ ၎င်း၏ မျက်နှာတွင်လည်း လွန်စွာ ထူထဲသော နှုတ်ခမ်းမွှေးများ ပေါက်ရောက်နေသည့်အပြင် တုတ်ခိုင်သော ခန္ဓာကိုယ် အချိုးအစားနှင့် အရပ်အမောင်း ကောင်းခြင်းကြောင့် အမှန်ပင် နတ်သိကြားပေလော ဟူ၍ ထင်မှတ်ဖွယ် ရှိလေသည်။ ထိုလူကြီးသည် ဝါဝင်းသော အသားအရောင်သာ ပိုင်ဆိုင်ခဲ့ပါလျှင် နောက်တစ်နေ့ထုတ် သတင်းစာ၊ ဂျာနယ်များ၌ “နတ်သိကြားတစ်ပါး သင်္ဃန်းကျွန်းဘူတာရုံအတွင်း သက်ဆင်းလာခြင်း” ဟူသော ခေါင်းစီးကြီးဖြင့် ပါရှိလာဖွယ် ရှိလေသည်။ သို့ရာတွင် ၎င်း၏ နက်မှောင်သော အသားအရေ ကြောင့်သာ လူသာလျှင် ဖြစ်ချေသည် ဟူ၍ မှတ်ယူနိုင်ခြင်း ဖြစ်ပေတော့၏။
ထိုလူကြီး ရောက်ရှိအပြီး မိနစ် ၃ဝ ခန့် အကြာတွင် ရွာသာကြီးသို့ ထွက်ခွာမည့် ရထားတစ်စင်းသည် သင်္ဃန်းကျွန်းဘူတာသို့ ဆိုက်ရောက်လာလေ၏။ ရထားပေါ်မှ လူများသည် ထိုလူကြီးအား အထူးအဆန်းသဖွယ် ကြည့်ရှုကြလေ၏။ အချို့ကမူ စပ်ဖြီးဖြီး အမူအယာဖြင့် ၎င်းတို့အချင်းချင်း တီးတိုးစကား ဆိုကြလေ၏။ လူကြီးသည်လည်း ရထား၏ နောက်ဆုံးတွဲသို့ သွားရောက်ကာ အဆိုပါ ရထားဖြင့် လိုက်ပါသွားလေသည်။ ဘူတာရုံအတွင်းမှ လူအများသည်လည်း ရွာသာကြီး ရထားပေါ်သို့ တက်ရောက်သွားသော နတ်ဝတ်နတ်စားနှင့် ထိုလူကြီး ကြည့်ရှုလျက် နတ်ရူးကြီးတော့ ရွာသာကြီး လိုက်သွားပြီ ဟူသော စကားဖြင့် ပြောဆိုလျက် ပွဲကျ၍ နေလေတော့၏။
+++++++++++
ရွာသာကြီးရထား ထွက်ခွာသွားအပြီး ၁၅ မိနစ်ခန့် အကြာတွင် ပုဏ္ဏားကဲ့သို့ ဝတ်ဆင်ထားသော အသက် ၃ဝ အရွယ် လူရွယ်တစ်ယောက်သည် သင်္ဃန်းကျွန်းဘူတာ အတွင်းသို့ ရောက်ရှိလာပြန်လေ၏။ ထိုလူရွယ်သည် ရထားလက်မှတ် ရောင်းသော နေရာသို့ သွားရောက်ပြီးနောက် ရွာသာကြီးသို့ ထွက်ခွာမည့် ရထားချိန်ကို မေးမြန်းလေ၏။ ထိုအခါ ရထားလက်မှတ် ရောင်းချသော စာရေးမှ စပ်ဖြီးဖြီး မျက်နှာထားဖြင့် ပြောလေ၏။
“ရွာသာကြီးရထားက စောစောကမှ ထွက်သွားတာ၊ နောက်ရထားလာဖို့က နှစ်နာရီကျော်လောက် လိုသေးတယ်။ စောစောက သိကြားမင်းကြီးကို အမှီလိုက်ချင်ရင်တော့ ကားနဲ့သွားမှပဲ ရလိမ့်မယ်။”
ထိုအခါ ပုဏ္ဏားကဲ့သို့ ဝတ်ဆင်ထားသော လူရွယ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးနောက် ….
“ဘာရယ် …။ ဘာရယ် …။ စောစောက သိကြားမင်းကြီး ဟုတ်သလား”
ဟူ၍ အလောတကြီး မေးမြန်းလိုက်လေ၏။
“ဟုတ်တယ်လေ။ စောစောကမှ သိကြားမင်းအဝတ်အစားနဲ့ လူကြီးတစ်ယောက် ရွာသာကြီးကို လိုက်သွားလေရဲ့”
ဟူ၍ ဘူတာရုံလက်မှတ်စာရေး မှ ပြောလိုက်သောအခါတွင် ပုဏ္ဏားလူရွယ်မှာ တောက်တစ်ချက် ခေါက်လိုက်လေတော့၏။ ၎င်း၏ တောက်ခေါက်သံမှာ လွန်စွာ ကျယ်လောင်သွားရကား ဘူတာရုံစာရေးနှင့် အနီးအပါးမှ လူအများသည် အလန့်တကြား ဖြစ်သွားရလေ၏။ ၎င်းနောက်တွင်ကား ပုဏ္ဏားလူရွယ်မှာ သင်္ဃန်းကျွန်းဘူတာအား ဖြတ်သန်းလျက် သင်္ဃန်းကျွန်းဈေးဆီသို့ ခပ်သုတ်သုတ် လျှောက်လှမ်းသွားသည်ကို တွေ့ရလေတော့၏။
+++++++++++
သူကြီး အော် မြို့ပိုင်မင်းကြီး က ပို့စ်တင်တာကို ပွိုင့်နှစ်ဆ တိုးပေးထားတယ်ဆိုလို့ ဟုတ်မဟုတ် သိရအောင် အစမ်းတင်ကြည့်တာ ….
ဟုတ်သလိုလိုပဲ
ခင်ဗျားတို့လည်း စမ်းပြီး တင်ကြည့်ကြလေ ……။
7 comments
Crystalline
March 2, 2014 at 2:47 pm
ပြီးခဲ့တဲ့နှစ်ထဲလဲ..အဲလို ပွိုင့်တွေညာညာယူတာမနည်းဘူးနော်.. ဆက်ရန်တွေ… လူတွေမေ့လောက်ရှိမှ ဝန်ခံမယ်ဆိုတာတွေ.. နာတို့မမေ့သေးဘူးနော်.. :mrgreenn:
မဟာရာဇာ အံစာတုံး
March 3, 2014 at 2:08 pm
အော် .. ဂျီးဒေါ်ရယ် …
ကျုပ်က မေ့နေလောက်ပြီ မှတ်လို့
ဆက်ရန် အသစ်ကလေး တင်ကျိတာ ..
မေ့မှ မမေ့သေးဘဲကိုး … :mrgreenn:
kyeemite
March 3, 2014 at 2:12 pm
ငိငိ..သဂျီးတော့ ချိတော့မှာပဲ :mrgreenn:
မဟာရာဇာ အံစာတုံး
March 3, 2014 at 2:21 pm
အို …
ချိချိပေါ့လို့
ကျုပ်တို့မှ မနှိပ်စက်ရင်
ဘယ်သူနှိပ်စက်မှာလဲလို့ ….
TNA
March 4, 2014 at 1:36 pm
ဟုတ်လား ဒဂယ်တိုးတာလား သကြား ပုဏ္ဏား မင်းကြီးရယ်။ ရွာသာကြီးကောရောက်သလားဟေ
မမချွိ
March 5, 2014 at 11:11 am
ရွာသာကြီး နဲ့ သကြား ဆိုတော့ …………………
သဂျူးယား လို့ ဆိုလိုတာလား??
😀
မဟာရာဇာ အံစာတုံး
March 5, 2014 at 11:21 am
ဟုတ်တယ် … ဟုတ်တယ် ..
သဂျူးယား …
သကြားအရူး လို့ ပြောတာ .. ဟီဟိ .. :mrgreenn:
==========
တိုရီးသဲ
ရွာသာကြီး ရောက်သလား ဘာလား
တားတားလည်း မတိဘူးနော် …