Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” အများခေါ်ခဲ့တဲ့ အဘပါတဲ့ “

ခင္ခMarch 5, 20144min39514

” အများခေါ်ခဲ့တဲ့ အဘပါတဲ့ “

 

ဟိုအရင်တုန်းက သူငယ်ချင်းနှစ်ယောက် လမ်းဓာတ်မီးတိုင်နားက အုတ်ခုံလေးမှာထိုင်နေကြစဉ်

 

” မိုးနတ်မင်းကြီးရေ ကျွန်တော်တို့အိမ်ကို လျှပ်စစ်မီးလင်းအောင်လုပ်ပေးပါ”

” ဟေ့ကောင် လျှပ်စစ်မီးလင်းအောင် မိုးနတ်မင်းကြီးက ဘယ်လုပ်တတ်မလဲ “

” ဘာဖြစ်လို့လဲကွ “

” မိုးနတ်မင်းတို့နေတဲ့ နတ်ပြည်မှာ လျှပ်စစ်မီးမရှိဘူးလေ အဲဒီတော့ လျှပ်စစ်မီးဆိုတာသူဘယ်သိမလဲ “

” ဟေ အဲလိုလား “

 

” မိုးနတ်မင်းကြီးရေ သူများတွေကိုင်ပြောကြသလို ကျွန်တော်ကို ဟန်းဖုန်းလေးရအောင် လုပ်ပေးပါ”

” ဟေ့ကောင် မိုးနတ်မင်းကြီးတို့ နတ်ပြည်မှာဖုန်းမရှိတော့ ဘယ်သိမလဲဟ “

” ဒါဆိုသူတို့က နတ်တစ်ပါးနဲ့တစ်ပါး ဘယ်လိုဆက်သွယ်လဲဟင် “

” သူတို့ရဲ့တန်းခိုးနဲ့  လှမ်းပြောလို့ရတယ်လေ”

” ဟေ အဲလိုလား “

 

” မိုးနတ်မင်းကြီးရေ  အသစ်ထပ်မံတိုးချဲ့မယ် မြို့ကွက်တွေမှာ အစိုးရသတ်မှတ်မြေဈေးနဲ့ မြေကွက်တစ်ကွက် ပိုင်ဆိုင်ရအောင် လုပ်ပေးပါ”

” ဒီကောင်တော့ ပြောလေကဲလေပါလား မိုးနတ်မင်းကြီးမှ မြေကွက်အကြောင်းမသိတာ ဘာလုပ်ပေးနိုင်မှာလဲ”

” ဟင် မြေအကြောင်းလဲမိုးနတ်မင်းကြီးက မသိဘူးလား”

” ဘယ်သိမလဲ သူတို့နတ်တွေက ဘုံဗိမ္မာန်နဲ့ ကောင်းကင်မှာနေတော့ မြေအကြောင်းဘယ်သိလိမ့်မလဲ”

“ဟေ အဲလိုလား”

 

ဒီလိုနဲ့နှစ်လအလီလီပြောင်းလာခဲပြီး နှစ်ပေါင်း ၂ဝ ကျော်ကြာမြင့်လွန်မြောက်တဲ့ တစ်နေ့တစ်၌ ကားပြပွဲပြု လုပ်သည့် မိုင်ဒါကွင်းအတွင်းသို့ ခေတ်မှီကားအနက်တစ်စီးဆိုက်ရောက်လာပြီး ကားပေါ်ကသပ်သပ်ရပ်ရပ် ဥပတိရုပ်ကောင်းသော လူကြီးတစ်ဦးဆင်းလာတာကိုတွေ့လိုက်သည်အခါ ထိုကားပေါ်ကဆင်းလာသည့် လူကြီးထံတို့ သူတို့အရွယ်တူ လူကြီးတစ်ဦးက အနီးအနားထိအပြေးလေးသွားပြီး

” ဟေ့ သူငယ်ချင်း ” လို့အော်ပြီးခေါ်လိုက်တယ်ဆိုရင်ဘဲ ခုနကားပေါ်မှဆင်းလာသူလူကြီးကလှမ်းကြည့်ပြီး

” ဟာ သူငယ်ချင်း နေကောင်းတယ်နော် မတွေ့တာတောင်အတော်ကြီးကိုကြာပေါ့ ” ဆိုပြီးလက်စွဲနုတ်ဆက်ကာ စကားတွေပြောကြတယ်လေ။ သူတို့ပြောဖြစ်ကြတဲ့စကားတွေထဲမှာ

” သူငယ်ချင်း မင်းက နောက်ဆုံးပေါ်ခေတ်မှီကားတွေတောင်စီးနိုင်ပြီဆိုတော့ ငယ်တုန်းက ဆုတောင်းနေတဲ့ မိုးနတ်မင်းက မင်းဆုတောင်းတွေကို ဖြည့်ပေးလိုက်ပြီနဲ့တူတယ်နော်”

” အဲဒီတုန်းက ငါဆုတောင်းတော့ မင်းဘဲ မိုးနတ်မင်းက လျှပ်စစ်မီးဆိုလည်းမသိနိုင်ဘူး ဖုန်းလဲမသိ မြေလဲ မသိပြောခဲ့ပြီး ငါအခု အိမ်မှာလျှပ်စစ်မီးလည်းထိန်ထိန်ညီးလို့ မီတာဆိုသုံးလေးလုံး ဟန်းဖုန်းဆို ငါ့သား ခြောက်တန်းကောင်တောင်နှစ်လုံးလောက်နဲ့ မြေကွက်တွေလည်းအများကြီးရခဲ့တာ မိုးနတ်မင်းက မင်းပြောသလို မသိတော့ ဘယ်လုပ်ပေးနိုင်မှာလဲကွ”

“ဒါဆိုဘယ်နတ်မင်းက ဖန်တီးပေးလို့ အခုလို ငါ့သူငယ်ချင်းကောင်းစားရတာလဲ ပြောစမ်းပါအုံး”

” အခုလို ကောင်းစားတဲ့အခြေအနေဖြစ်အောင် ဖန်းတီးပေးခဲ့သူက မိုးနတ်မင်းထက် လျှပ်စစ်မီး ဖုန်း မြေ နဲ့ မြန်မာပြည် မြေပေါ်မြေအောက်ဘာရှိတယ်ဆိုတာအကုန်သိတဲ့ သူနဲ့တွေ့ဆုံခဲ့လို့ဘဲကွ သူငယ်ချင်းရ”

” ဟေ ဟုတ်လား ဒါဆိုအဲဒီသူက ဘယ်သူလဲဟင်”

…………………………………………………………………………………………………………………

……………………………………………………………………………………………………………………….

………………………………………………………………………………………………………………………

………………………………………………………………………………………………………………………..

…………………………………………………………………………………………………………………

……………………………………………………………………………………………………………………….

………………………………………………………………………………………………………………………

………………………………………………………………………………………………………………………..

အဲဒီသူက ဘယ်သူလဲ ဘယ်တန်ခိုးရှင်လည်း နတ်လား ဘီလူးလား ဘာလဲသိချင်ကြရင်ဖြင့် ပြောပြမယ်ဗျာ

…………………………………………………………………………………………………………………

……………………………………………………………………………………………………………………….

………………………………………………………………………………………………………………………

………………………………………………………………………………………………………………………..

အဲဒီသူကဘယ်သူလည်းဆိုတော့ တစ်ခါတုန်းက အဲဒီတုန်းက အများခေါ်ခဲ့တဲ့ အဘ ပါတဲ့။

 

 

ခင်ခ။

 

14 comments

  • မမချွိ

    March 5, 2014 at 3:56 pm

    အဘက မစ တာတောင် ဂလောက်ဆိုတော့..
    အဘကိုယ်တိုင်ဆိုရင် …………………………
    အင်းးးးးးးးးးးး

    • ခင် ခ

      March 5, 2014 at 4:13 pm

      မမချွိ ကလည်း သူ့ခေတ်သူ့အခါတုန်းက အဘ စွမ်းချက်ကတော့
      အဘနဲ့ သိကျွမ်းမိတ်သဟာတွေအတွက်တော့ အခုထိတောင် တသတသ ဖြစ်ရလောက်အောင်ပါဘဲဗျာ။

  • မဟာရာဇာ အံစာတုံး

    March 5, 2014 at 4:48 pm

    ဒီအဘနဲ့
    ဘဘဘိုး၊ ဘဘအောင် တို့နဲ့ယှဉ်ရင်တောင်
    ဒီအဘက ပိုစွမ်းမယ် ထင်ဒယ်နော် … :mrgreenn:

    • ခင် ခ

      March 5, 2014 at 4:52 pm

      အဲဒီခေတ် အဲဒီအခါတုန်းက အဘ လို့ဆိုရင်ကို ကိစ္စအားလုံးအပြီးဆိုဘဲဗျ

  • အဘ..အဘ.. မိုးနတ်မင်းထက်တောင် စွမ်းပါလား..
    နောက်ခါဆို ဆုတောင်းပြောင်းရမယ်..အဘနတ်မင်းကြီး မစပါ လို့.. :mrgreen:

  • kai

    March 5, 2014 at 5:34 pm

    အဲဒီ..ငတ…အဲ..အဲ..အဘပြန်လာလိမ့်မယ်…။ ခုတလော.. အလိုတော်ပြည့်ဆိုလားနဲ့.. ခပ်စိတ်စိတ်ကလေး.. ထွက်လာနေတယ်..။
    ထောင်ထွက်မြေးတွေနဲ့ပေါင်းရိုက်ကြရင်.. မြန်မာ့နိုင်ငံရေးတော့ ရှုပ်ပြီးရင်းရှုပ်ကြဦးမယ်ပေါ့..။

    အင်း..
    ဒီမိုး..ဒီလေ..ဒီလူတွေနဲ့.. သာမန်လူထုကြီးကတော့..
    ကွန်ဆာဗေးတစ်အယူတွေကြားထဲ.. မသက်သာဘူးသာမှတ်ပေတော့…. လို့..။ :mrgreen:

  • TNA

    March 5, 2014 at 6:41 pm

    ဟယ် အဘ မပါ။ ခုရေးတဲ့အဘလဲ မပါ။ ရွာထဲမှာရှိပြီးသားအဘနှစ်ယောက်လဲ မပါ။ :mrgreen:

  • ဦးဦးပါလေရာ

    March 6, 2014 at 10:19 am

    သူတို့ပေးခဲ့တဲ့ ဒါဏ်ရာတွေ မကျက်သေးဘူး…
    ဒါကြောင့် မေ့လဲ မမေ့သေးပါဘူး…..
    လာရဲရင် ပြန်လာခဲ့ပေါ့…

  • kyeemite

    March 6, 2014 at 11:27 am

    ဦးပါတော်တော်စိတ်နာနေပုံရတယ်… 😛
    တစ်ပြည်လုံး “အဘ”တွေရဲ့ပိုင်ဆိုင်မှုတွေ ပေါင်းကြည့်ရင် ကွန်ပြူတာတောင် လောင်သွားနိုင်တယ် :loll:

    • ခင် ခ

      March 6, 2014 at 1:27 pm

      ဆရာမိုက်ကလည်း အဲဒါကြောင့် အစိုးရမှတ်တမ်းတွေကို စက္ကူဖိုင်နဲ့ဘဲထားနေစဲပေါ့ဗျာ။
      ဖျောက်လွယ် အဲ မှားလို့ ရှာလွယ်အောင်လို့နေမှာပေါ့။

  • ဦးကျောက်ခဲ

    March 6, 2014 at 1:36 pm

    အဘတောင်မှ အဘကြီး အဘလေး အဘပိစိကွေးဆိုတာရှိသေးတယ်…
    အဲသည့် အဘကြီး စေတနာ ဗရပွနဲ့ မ လိုက်တာ …
    တစ်တိုင်းပြည်လုံးမွဲပြီး သူ့ဒူးမနာသားတွေ ချမ်းသာကုန်ရော…
    😀

    • ခင် ခ

      March 6, 2014 at 1:48 pm

      ဘ မျိုး စုံ လင်
      အ ကွက် ထွင် လို့
      ညာ စား ပေါင်း စား
      သူ တို့ ကြီး ပွား……… ဆိုသတဲ့ ကိုကျောက်ရေ။

  • ရဲစည်

    March 6, 2014 at 5:35 pm

    အဲ့ အဘတွေထဲ အဘဖောပါသလားဗျ။

    ဟိ ဟိ

Leave a Reply