မောင့်ဘက်တန် /ဆရာသာဂဒိုး/ မြင်းလှည်းဆရာ
၁၉၄၈ခုနှစ် မတ်လ၁၂ရက်နေ ့တွင် မောင့်ဘက်တန်က မြန်မာပြည် လွတ်လပ်ရေးရခြင်း နှစ်လကြာရှိပြီဖြစ်သော အထိမ်းအမှတ်အဖြစ် သီဟာသနပလ္လင်တော်ကို မြန်မာနိုင်ငံအစိုးရအား သမ္မတအိမ်တော်တွင် ပေးအပ်သော အခမ်းအနားပြုလုပ်ခဲ့သည်။
ထိုနေ့တွင်ပင် ဗမာ့ခေတ်သတင်းစာ အိုးဝေသတင်းစာ ဟစ်တိုင်သတင်းစာတို့ကို် သောင်းကျန်သူလူတစ်စုတို့မှ သူတို့လူကြီးပိုင်းတစ်ယောက်၏ အရှုပ်တော်ပုံတစ်ခုကို အထက်ပါသတင်းစာများတွင် ဖော်ပြခဲ့ခြင်းကြောင့် သတင်းစာဆက်မထုတ်နိုင်စေရန်ရည်ရွယ်ချက့်ဖြင့် ပုံနှိပ်စက်များကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဆရာသာဂဒိုး ရေးသားသော ကျားများကိုမွေးစားခြင်းနှင့်အခြား
ဝတ္တုတိုများစာအုပ်တွင် လေ့လာမှတ်သားရပါသည်။
ကျွန်မလုံးဝမသိခဲ့သော မြန်မာပြည်၏ အကြောင်းအရာများဖြစ်ပါသည်။
ဆရာသာဂဒိုးကိုကျေးဇူးတင်မိသည်။
စကားမစပ်တစ်ရက်က ပုဂံတွင် မြင်းလှည်းစီးသော အခါ လမ်းဘေးတလျှောက်ပေါက်နေသော စက္ကူပန်းပင်များကို ကြည့်ရင်း ဧည့်သည်က ဘာပန်းလဲဟု မေးသော် ကျွန်မကမသိ။
ထိုအချိန်တွင် မြင်းလှည်းဆရာမှ ဘူဂန်းဘိရိရော့ လို့ခေါ်ကြောင်း သူ့ကို အင်္ဂလိပ်တစ်ယောက်က သင်ပေးတာဖြစ်ကြောင်း စာလုံးပေါင်းတော့ မသိကြောင်း ပြောလာသည်။ကျွန်မဧည့်သည်ကတော့ ဘူဂန်းဘိရိရော့ကို နားလည်သည်ဟု ဆိုပါသည်။မြင်းလှည်းဆရာကို ကျေးဇူးတင်မိသည်။
ဆိုလိုခြင်းမှာ မြန်မာနိုင်ငံသမိုင်းနှင့် မြင်းလှည်းဆရာအကြောင်းရောပြီး ပြောလိုခြင်း မဟုတ်ပါ။
ကျောင်းပြီးသည်နဲ့ ပညာသင်ပြီးခြင်း မဟုတ်ဘဲ ကျွန်မတို့ ပတ်ဝန်းကျင်ရှိ် သင်ဆရာ မြင်ဆရာကြားဆရာများမှသော်လည်းကောင်းစာအုပ်များမှသော်လည်းကောင်းပညာသင်ယူလေ့လာရန်ရှိနေသေးသည်ကိုကျွန်မနားလည်ခဲ
့ခြင်းသာဖြစ်ပါသည်။(အမှားပါခဲ့ပါက ကျွန်မ၏ တာဝန်သာ ဖြစ်ပါသည်။)
10 comments
ရဲစည်
March 6, 2014 at 5:03 pm
မန်ဒဲလား/ဆရာသော်တာဆွေ/ဆိုက်ကားဆရာ
TNA
March 6, 2014 at 6:39 pm
သူ့နယ်ပယ်နဲ့သူက သင်ယူစရာချည်းပါပဲ။ ခုထိ ကိုယ်မသိတာတွေ သူများဆီကသင်နေရတုန်း
alinsett (gazette)
March 6, 2014 at 9:17 pm
ငြင်းရန်မရှိ….
padonmar
March 7, 2014 at 12:04 am
bougainvillaea =စက္ကူပန်းပါ လကဗျာ
မမချွိ
March 7, 2014 at 12:12 pm
စက္ကူပန်းကို ဘယ်လိုခေါ်တယ် ခုမှ သိတယ်။
ဟိဟိ။
ဓာတ်ပုံရိုက်ရင် အသုံးဝင်ပြီ။
😀
padonmar
March 7, 2014 at 12:05 am
အန်တီလည်း သိတာ ၂နှစ်ပဲရှိသေးတယ်။ဒါတောင် အကြောင်းတိုက်ဆိုင်လို့၊
Mr. MarGa
March 7, 2014 at 12:52 pm
တကယ်တော့ ပညာသင်ရာမှာ ဆုံးခန်းတိုင်တယ် မရှိပါဘူးဗျာ။
ဟီးး အနော်တို့ဆိုပိုဆိုး အသစ်တွေနောက် လိုက်ရလွန်းလို့ ခလုတ်တိုက်မှာတောင် စိုးရတယ်…
kyeemite
March 7, 2014 at 2:11 pm
မှန်အိ..သင်ယူဆည်းပူးချင်းသည်ဆုံးခန်းမတိုင်ပါပေတကား 😀
Ma Ma
March 7, 2014 at 4:24 pm
အရာအားလုံးကို သိဖို့ တတ်ဖို့ မဖြစ်နိုင်တာမို့ သူ့နေရာနဲ့သူ သိတဲ့တတ်တဲ့သူကို ဆရာတင်ဖို့လိုပါတယ်။
ကြာတော့ ကြာပါပြီ။
ဖော်ဝဒ်မေးလ်တစ်ခုမှာ ဖတ်ဖူးတာ ကျောင်းပြီးလို့ အလုပ်ခွင်ဝင်လာတဲ့ လူသစ်က သူ့ထက်ရာထူးနိမ့်တဲ့သူတွေကို သူကဘွဲ့ရဆိုပြီး ဘဝင်မြင့်နေတယ်။
အဲဒီလူတွေ ရုံးထဲက ရေကန်ကို ဖြတ်ပြီး လျှောက်သွားတာတွေ့တော့ အံ့ဩမိပေမယ့်
မသိတာကို မမေးပဲ လျှောက်လိုက်တာ ရေထဲကျသွားတယ် ဆိုတာလေး ဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ်။ 🙂
moonpoem
March 8, 2014 at 2:08 pm
ပညာသင်ရတာ တကယ်ကိုပဲ ဆုံးခန်းတိုင်တယ်ကို မရှိတာပါ။၁ဝတန်းတုန်းက ၁ဝတန်းပြီးရင် ပြီးပြီ တက္ကသိုလ်တုန်းကလည်း တက္ကသိုလ်ပြီးရင် ပြီးပြီလို ့အမြဲတွေးမိတာ။ အခုလုပ်ငန်းခွင်ကျမှ တစ်ခုခုဆို ဟိုဟာဆိုလည်း မသိ ဒီဟာဆိုလည်းမသိ ဆိုင်ရာဆိုင်ရာတွေ ဖတ်ရင်းဖတ်ရင်း တစ်ခုနဲ ့တစ်ခုကို ဆက်စပ်ပြီး ကျယ်ပြန် ့လာသလို ခံစားလာရတာပါ။