မာယာ များတဲ့ ည
ညဟာ
ထုံးစံအတိုင်း သူမရဲ့
အနက်ရောင် ခြုံလွှာကို လွှမ်းခြုံလို့
မြို့ပြ ဓာတ်မီးတိုင် အောက်ခြေမှာ
အေးဆေးငြိမ်သက်စွာ
လျှောက်လာနေတုန်း
မြို့ပြမီးဆိုင်ပေါ်က
ဒုစရိုက်ပြုမဲ့ ပိုးမွှားကောင်လေးတွေ
ညရဲ့ အနက်ရောင်ခြုံလွှာအောက်ထဲတိုးဝင်လို့
တစ်စီစီ အောင်ဟစ်နေကြပေါ့ ။
ညဟာ လူမြင်မတင့်တယ်မဲ့
အမူအယာနဲ့ လှုပ်ရှားမှုအချို့ကို
သူ့ခြုံလွှာနဲ့ ကွယ်ဝှက်ပေးထားတယ် ။ ည ဟာ
မာယာကောင်းတဲ့ မိန်းမလှတစ်ယောက်လို
မုသာဝါဒ ကိုကျုးလွန်နေပေမဲ့
ဘယ်သူမှ အပြစ်မပြောရှာဘူး
အ´ ကာလ ညအခါတဲ့
အဲ့ဒါကြောင့်
ညဟာ နာမယ်ပျက်မရှိ
ရပ်တည်နေနိုင်တာပေါ့ ။
ိတစ်ခါတစ်ခါ
လ သာတတ်တဲ့ညတွေဆို
သာနေတဲ့ လ ကို
မြူတွေ တိမ်တွေနဲ့ ဖုန်းကွယ်ပစ်
ည စနစ်ကိုကျင့်သုံးနေပြန်တယ် ။
အဲ့ နောက်တစ်နေ့ကျတော့
သူမဟုတ်သလို
လူတွေထဲခြေရာဖျောက်ပီး
ညကိုရောက်ဖို့ ညက ပြန်စောင့်နေတာပေါ့ ။
နေဝန်းနီ
4 comments
alinsett (gazette)
March 13, 2014 at 5:45 pm
ညအကြောင်းးးး
ကဗျာတွေ ရေးဖူးတယ်. . .
ည တွေ အကြောင်းးးပြောချင်တာတွေများလွန်းလို ့. . . .
*****************
ကဗျာလေးကို မြတ်နိုးစွာ ဖတ်ရှုခံစားသွားပါတယ် ဗျို့။
ဒါနဲ့ . . .
အဘနီ . . . နီမှာ လုံးကြီးတင် အဆံခတ်လေး ကျန်ခဲ့သလားလို ့. . .
kyeemite
March 14, 2014 at 9:23 am
ကြိုက်တယ်ဗျာ…ကဗျာကို :loll: :loll: :loll: :loll: :loll:
ဘရန်းဒက် ကေဇီ
March 14, 2014 at 11:17 am
တွားဂျမ်းဘာ။
မာရာဒွေ ရိုးနေဘီကွာ။
ကျုံလာဒဲ့ မိန်းမဒိုင်းးးး
ဒါမိုးဒွေချီးဘာ။
အဲလာ ချစ်ကောင်းရဲ့ မာယာသီချင်း ဆိုပြတာ။
ဆရာနီလို ကဗျာ မစပ်တတ်လို့…
:mrgreenn:
ခင် ခ
September 14, 2014 at 2:51 am
ညကို ညတိုင်း ဖြတ်နေကြရတယ်လေ
တကယ်တော့ ညဆိုတာ နေ့နှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးတာပါ
ဒါပေမယ့် အမှောင်ထုနဲ့ ကူးပေးတော့ တစ်ချို့က အဲဒီအမှောင်ထုထဲမှာ ပျောက်သွားတတ်တာမျိုးပေါ့