ဒုက္ခဘုံမှာ သက်ရှိထင်ရှားရှိနေသ၍
တောင်ပြောမြောက်ပြောနဲ့
တောင်လိုုလိုမြောက်လိုလိုပဲဖြစ်လာတယ်
သက်ရှိထင်ရှားဇာတ်ကောင်မှာ
အဓိကက
ကောင်းမွန်တည့်မတ်တဲ့ ဒီဂရီတစ်ခုလား
အရိပ်အရောင်ခမ်းနားတဲ့ ဥစ္စာဓနလား
အဆီတစ်ထပ်အသားတစ်ထပ်ကျန်းမာရေးလား
ကျောသားရင်သားပေါင်းသင်းဆက်ဆံတဲ့လူမှုှုကွန်ယက်လား
လာဒ်ပေးလာဒ်ယူဝန်ထမ်းကောင်းလား
သေချာပါတယ်
ဒုက္ခဘုံဟာ
ဒုက္ခဘုံပီပီ ဒုက္ခရှာသူတွေကိုပဲ
နိုင်ငံသားလက်မှတ်ထုတ်ပေးတယ်
ငါတို့လည်း
ဒုက္ခဘုံသားတွေပီပီ
ဒုက္ခမရှိ ဒုက္ခရှာလို့
မနေ့ကရှာဖွေထားတဲ့
တွန့်ကြေလိမ်ခွေနေသော စေသသိက်တွေကို
ခေါက်ရိုးကျိုးအောင်မီးကြွေထိုးလို့
အများသူငါသုံးစနစ်တံမှာ
တပျော်တပါးမီးနဲ့တေ့ရင်း
ပေါက်ကွဲမှု ဂလိုဘယ်၌
ခန္ဓာကိုယ်ကိုရင်းနှီးမြှုပ်နှံထားကြတယ်
အလွန်ဆုံးရှိလှ
ရ ပေ ၃ ပေ နေရာတစ်ခုစာ
နားမည်ကြီးရင်တော့ တမျိုးတစ်ဘာသာပေပေါ့
ငါတို့
လိုက်ကနေရတဲ့ အော်ပရာမှာ
6 comments
Mr. MarGa
April 2, 2014 at 4:02 pm
အလွန်ဆုံးရှိလှ
ရ ပေ ၃ ပေ နေရာတစ်ခုစာ
အင်း………………………….
alinsett (gazette)
April 2, 2014 at 5:59 pm
အဲဒီနေရာလေး ရဖို့တောင်. . .
အင်းးး
မသေချာပါဘူးကွယ်
. . .
ko six
April 2, 2014 at 6:39 pm
ဒါဆို
နေရာက မသေချာလှဘူးပေါ့
ကေဇီ
April 3, 2014 at 2:31 pm
စကားလုံးတွေ ပြောင်မြောက်ပါပေ့ ကိုစစ်ရယ်။
🙂
surmi
April 5, 2014 at 4:09 pm
၃ ပေ ရပေ
မလွယ်သေးဘူး ကိုစစ်ရေ
မီးခိုးငွေ့လေးဘဲတွေ့ရရင် ကံကောင်း 🙁
ခင် ခ
September 14, 2014 at 2:32 am
အသေလှဖို့
နေကြရတဲ့ဘဝမှာ
ပြင်ရဆင်ရလုပ်ကြရတာ
တကယ်တွေးကြည့်ရင်မောစရာပင်။