Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“(၆-၄-၂၀၁၄) မှာအလှူ ပွဲ သွား ကြ ရ အောင် “

 

“(၆-၄-၂၀၁၄) မှာအလှူ ပွဲ သွား ကြ ရ အောင် “

 

 

(၁၇-၁-၂၀၁၄ )မှာ မြန် မာ ဂေ ဇက် ရွာသူ  Snow Smile   က စ တင် ခဲ့ တဲ့

အ လှူ လေး တစ် ခု ဟာ (၆-၄-၂၀၁၄) နေ့ မှာ သွား ရောက် လှူဒါန်း ဘို့ အဆင် သင့်ဖြစ် နေပြီ လို့ ဆိုုနိုင်ပါတယ်။

သူ ကိုး ကွယ် တဲ့ ဘုန်း ကြီး ကျောင်း ကို  သူ ရောက်ေ န ချိန် မှာ  ခေ တ္တခဏ အ လည်လာတဲ့

သီ လ ရှင် ဆရာလေးများ နဲ့ စကားေ ပြာ ဖြ စ် တာက နေ ဆ ရာ လေး များ ကို သူ တို့ သီ တင်း သုံး တဲ့

ကျောင်း ကို ကား နဲ့ ပြန ် ပို့ ပေး တာ က  အစ ပြု ပြီး  ဆ ရာ လေး များ   အတွက် လှူ ဒါန်း ချင်စိတ်ဖြစ် လာခဲ့ ပါ သတဲ့။

(၁၂-၂-၂၀၁၄) မှာ ကျ နော် က လဲ  Snow Smile ကိုး ကွယ ်တဲ့ ကျောင်းမှာ ကျနော် ရ ဟန်းဘောင် ကို ခဏ ဝင် ဖြစ် ပါ တယ်။

အဲ ဒီ အချိန် မှာ ဘဲ သူ ကကျ နော် ကို မယ် သီ ရှင် ဆရာ လေးများ အတွက် အလှူ ခံ ပါတယ်။

ကျ နော်  အလှူခံ တဲ့ အချိန်မှာ သူ က မယ် သီ လရှင် ဆရာလေးများအ တွက် လိုအပ် တဲ့

ပစ္စည်းများ ဝယ် ဘို့ ငွေ ကျပ်ခြောက်သိန်း အ ပြင် သူ့ မိတ် ဆွေ ဆီ ဦးစိုးလင်း ဦး +မ ဆွေ ဆွေ ဝင်း တို့ ဆီ က  အလှူ ခံ ထား တဲ့ငွေ ကျပ် တစ်  သိန်း ကို ဆရာလေးများ ပေး အပ် ပြီး ဖြစ် ပါ တယ်။

 

ကျ နော် က လဲ  ငွေ ငါး သောင်း လှူ မယ် လို ့ ကတိ ပေး လိုက် ပါ တယ်။

နောက် သူ့ မိတ် ဆွေ နှစ် ယောက် ဆီကလဲ တစ် ယောက်ငါး သောင်းစီ အလှူခံ ထား ပါ တယ်။

နောက် ကျ နော် ကို လဲ  သူ ခေါ် သွား တဲ့ အ တွက်  “ဓမ္မရံသီ “ မယ် သီ လရှင် ကျောင်း ကို

ရောက် သွား ပါ တယ်။

နောက် တော့ ဆရာ လေး များ နဲ့ စကားေ ပြာ ကြည့် တဲ့ အခါ သူတို့ ရဲ့ အခက် အ ခဲ

များ ကို သိ လာ တော့ ကူ ညိ ချင် စိတ် ပေါက် လာ ပါတယ်။

ဒီ တော့ ကိုယ့် တစ် ယောက် ထဲ အား နဲ့ ့ တော့ ဆ ရ ာ လေးတွေ ရဲ့ လို အပ် ချက် ကို

ပြည့် အောင် ဖြည့် စွမ်း ရင် ကေ တာ့ ကြာ မယ်။

ဒီ တော့ မိတ် ဆွေ တွေ ရဲ့ အား ကို ပ ါ အ ကူ အညီ တောင်းကြ ဘို့ တိုင် ပင် မိ ကြ ပါ တယ်။

အဲတော့ အင် တာ နက် ကို နေ တစ် ဆင့် အ လှူ ခံ ဘို့ စီ စဉ် ကြပါ တယ်။

“ကူ ညီ ချင် စ ရာ ရွှေ ပြည် သာ က မယ် သီ လ ရှင် ကျောင်း ကလေး “ ဆိုတဲ့

ပို်စ် လေး ကို ရေး ပြီးတော့ ကျ နော် နဲ့

တွေ့ ဘူး သူ  မ တွေ့ ဘူး သူ

စကားပြောဘူး သူ မပြောဘူး သူ

(ကျ နော်  မိတ်ဆွေ စာရင်းထဲ မှာ ရှိ သူ အားလုံး)

မှန် သမျှ ကို  စာ တွေ ပို့ လို့ အ ကြောင်း ကြား ခဲ့ ပါတယ်။

ပိုစ် လေး တက် ပြီး တဲ့ နေ့ က စ ပြီး အလှူ ထည့် မယ် လို့ အ ကြောင်း ကြား သူ တွေ

အ လှူ ငွေ ဘယ် လို ပို့ ရ မလဲ ဆို တာ ဆက်သွယ် လာ တဲ့

အ ဝေး ကမိတ် ဆွေ တွေ

အနီးက မိတ်ဆွေ

တွေရဲ့အ ကြောင်း ပြန် ကြား စာ တွေ ကို မြင် ရ တော့

အ တော် လေး ကို ကျေနပ် ကြည် နူး မ ိပါတယ်။

ကျ နော် နဲ့ အတူ အ လှူ ငွေ ကောက် ပေး ကြ တဲ့ မိတ် ဆွေ များ ကလဲ

ဘယ် သူ က တော့ ဆက် သွယ် လာ တယ်။

ဘယ်သူ့ အတွက် ကတော့ ထုတ်ပြီး ပြီ ဆို ပြီး စာရင်းတွေကို

ဖုန်း ကေ န ဖေစ် ဘုတ် ချက် ဘောက် ကေ န လှမ်း သတင်း ပေး တဲ့ အခါ

ကျ နော် က လဲ စာ ရင်း ပြု စု ပြီး နေ့ စဉ် တင် ပေး ပါ တယ်။

၂၀၁၄ ဖေ ဖော်ဝါ ရီက စ လိုက် တဲ့ အလှူ ခံ ခဲ့ လိုက် တာ

၃၁-၃-၂၀၁၄ နေ့ မှာ တော့

ကျနော် ဆီ မှာ

စင်္ကာပူမှာ

ရန်ကုန်မှာ

ထည့်ဝင် မယ် လို့ က တိ ပေး ထား တာ

ဆိုတဲ့ ပုံ စံ အမျိုး မျိုး နဲ့ ရှိ နေ တဲ့ ငွေ တွေ ကိုေ ပါင်း လိုက် ချိန် မှာ

မြန် မ ာ ငွေ( 3105000   )နဲ့စင်္ကာပူဒေါ်လာ 260 တိတိ

ရှိေ န ပါ ပြီ။

 

ဒီ အလှူ ဖြစ် မြောက် အောင် မြင် ရေး အတွက် ဝိုင်း ဝန်း လှူဒါန်း ကြ သူ

မိတ် ဆွေ များ ကို  အထူး ဘဲ ကျေးဇူး တင် ရှိ ပါ တယ်။

လှူဒါန်း တဲ့ မိတ်ဆွေမျာ း သာ မ ရှိ ရင် ဒီ အလှူ က အောင်မြင် မှာ မဟုတ်ပါဘူး။

နောက် တစ် ချက် က ကျနော် ကို ဝိုင်း ဝန်း ကူ ညီ ပြီး အလှူငွေေ ကာက် ခံသူ သာ

မ ရှိခဲ့ လျင် လည်း အ ခု လို အောင်မြင် မယ် မ ထင် ပါ ဘူး။

စင်္ကာပူ မှ Snow Smile

မလေး မှ ကုို ဇေယျာ

ရန်ကုန် မှ မောင် ယဉ်အောင်

ရွှေတို်က် စိုး

ဆြာအုပ်

အ မတ် မင်း

စွယ်တော် ရွက်

မပဒုမ္မာ

မေ ဇော် ဟန်

အိကြည်ပြာစုးိ

တို့ ကို လည်း အထူး ကျေး ဇူး တင် ရှိပါသည်။

မိတ် ဆွေ များ  က သာ မ ကူ ညီ လျှင် ဒီ အလှူ လေး

အခု လို လှ ပ စွာ လုပ် ဆောင် နိုင်ဘို့ ခဲ ယဉ်း ပါ သည်။

 

ကျောင်း ကို ပြင် ဆင် ဘို့ အ တွက် ကတော့ Snow Smile  က တာ ဝန် ယူပြီး

လုပ် ဆောင် ပေး မှာ ဖြစ် ပါ တယ်။

အ ခု လော လော ဆယ် အ နေ နဲ့ ကတော့ ကောက် ခံ ရ ရှိ ထား သော

အ လှူ ငွေ များ ထဲ မှ နေ ၍ ကျောင်း အောက်ထပ် ကြမ်းပြင် ကို

ကြွေ ပြား ခင်း ထား ပြီး ဖြစ် ပါ တယ်။

ဆက် လက် လုပ် ဆောင်ဘို့ ရာ ထား  ထား တာ ကတော့

ဆရာ လေး များ နေ ေ ရး ထိုင် ရေး အဆင် ပြေ စေ ရန်

အပေါ် ထပ် ကို ကြမ်း ခင်း ပေး မည်။

ပြူတင်းပေါက်များ  တံ ခါး မ များ ကို တံခါးရွက် များ တပ် ဆင် ပေး မည်

ဖြစ် ပါသည်။

ကောက် ခံ ရ ရှိ ငွေ များ ကို  အသုံး ပြု ပြီး လုပ် ဆောင် လိုက် တဲ့

ကျောင်း အတွက် လုပ် ဆောင် ချက်များ နဲ့ ကုန် ကျ ငွေ များ  ကို လည်း

စာ ရင်း ထုတ် ပြန် ပေး မှာ ဖြစ် ပါ တယ်။

 

အား လုံး အား လပ် တယ် လို့ ယူ ဆ ရ တဲ့

(၆-၄-၂၀၁၄)  တနင်္ဂ နွေ နေ့ မှာ တော့

 

ဒေါ် ယု စာ ရီ

“ဓ မ္မ ရံ သီ”  သီ လ ရှင် ကျောင်း

သံ ဒင်း (၂၀) ရပ်ကွက်

မ ကွေး လမ်း

ရွှေ ပြည် သာ မြို့ နယ် ဖြစ် ပါ တယ်။

09-256037500

 

ကို သွား ရောက ်ပြီး  ကောက် ခံ ရရှိ ထား တဲ့ အလှူ ငွေ များကို သွား ရောက် အပ် နှံ မည် ဖြစ် ပါတယ်။

 

စုရပ် ကတော့

အ မှတ် 111/3
ရန် ကုန် အင်း စိန် လမ်း
ဆင် ရေ တွင်းနှင့် စံ ရိပ် ငြိမ် မှတ် တိုင် ကြား
က မာရွတ်မြို နယ် ဖြစ် ပါ တယ်။
မှာ နံနက် (7 ) နာရီေ လာက်မှာ စု ကြ မှာဖြစ် ပါတယ်။

ကား ရှိ သော မိတ် ဆွေ များ က ကား ယူ လာ  ကြမှာဖြစ် တဲ့ အတွက်

သွားရေးလာ ရေး အတွက်ကလဲ စိတ် ပူ စ ရာ မ ရှိ။

အားလုံးအဆင် ပြေ ချော မော ပါ တယ်။

 

မိတ် ဆွေ များ အား လုံး ကို လိုက် ပါ ကြ ပါ လို့ ဖိတ် ခေါ် ပါ တယ်။

ဆရာ လေး များ ထံ မှာ အလှူ ငွေ များ အပ် နှံ ပြီး လျင်

မိတ် ဆွေ များ အေးဆေးလွတ် လပ် ရင်းနှီးစွာ

စကားပြော ကြ  ဘို့ အတွက် လှော် ကား ဥယျာဉ် သို့ ဆက် လက်

ချီ တက် ကြ မည်ဖြစ် ပါ ကြောင်း

 

သ တင်းေ ကာင်း ပါးလိုက် ပါတယ်ခင်ဗျာ။

 

ကို ပေါက ်က နိုးေ ဆာ် ခြင်း

2-4-2014

 

 

 

1-24-2014  နေ့ တွင ်

မြန် မာ ဂေဇက်မှ

အမတ် မင်း က ကျပ် တစ် သောင်းငါး ထောင်

မအိမှ ကျပ် သုံး သောင်း

လှူဒါန်း ထား သည် ကို ကျေးဇူး တင်စွာဖြင့်လက်ခံရရှိ ပါသည်။

 

 

42 comments

  • ရွှေတိုက်စိုး

    April 2, 2014 at 1:00 pm

    သားလိုက်လို.ရလားဟင် အူးပေါက်… အဟီးးးးးးး

    အလှူလေးအထမြောက်သွားလို.ဝမ်းသာပါကြောင်း.. ထပ်လောင်းပြောကြားချင်ပါတယ်ဗျာ…

  • ကေဇီ

    April 2, 2014 at 1:03 pm

    သွားလို့ ရတဲ့သူများ သွားကြပါ။ (မနာလိုလေသံနဲ့ပြောသည်)
    ဟင့်!

    :hint:

    • snow smile

      April 2, 2014 at 1:27 pm

      လေ ယာဉ် လက် မှတ် တွေ ဈေး ချ နေ တယ်
      စင်္ကာ ပူ အဲ လိုင်း မှ $ 260 ထဲ
      :))))))
      သွား မဲ့ ရက် ရ အောင် လုပ် ပေး မယ် လေ
      special promotion for kz

      • ကေဇီ

        April 2, 2014 at 1:53 pm

        အမှုတန်းလန်းကြီးနဲ့မို့။

        :s:

  • snow smile

    April 2, 2014 at 1:46 pm

    တ ကယ် တမ်း ပြော ရ ရင် လှူ စ ရ ာ တွေ များ လွန်း သ မို ့
    ကျွန် မ ကိုယ် တိုင် လဲ လှူ ချင် ပါ ရဲ့ နဲ့
    မ လှူ ဖြစ် ခဲ့ တာ တွေ ရှိ ပါ တယ်
    အ ကျိုး အ ကြောင်း တိုက် ဆိုင် သွား ရင်
    သာ လှူ ဖြစ် သွား တာ မို့ ့
    အ ခု အ လှု မှာ လဲ
    ဝီုင်း ဝန်း ကူ ညီ ပေး ကြ သူ တွေ
    အ လှူ ငွေ လှူ ဒါန်း ပေး သူ တွေ အ ပြင်
    အ ကြောင်း အ မျိုး မျိုး ကြောင့်
    မ လှူ ဖြစ် ပေ မယ်.
    ဒီ အ လှူ လေး ကို ပီ တိ ဖြစ် နေ မယ့်
    သူ တွေ အား လုံး ကို လဲ
    ကျွန် မ ကျေး ဇူး တင် မိ ပါ တယ် ရှင်
    အား လုံး ကို လဲ အ ဆင် ပြေ
    အား လပ် ကြ မယ် ဆို ရင်
    လိုက် ခဲ့ ကြ ပါ လို ့ ဖိတ် ခေါ ် ပါ တယ်
    မ နက် စာ ကို
    ကို ကြီး မိုက် မိ သား စု မှ
    နန်း ကြီး သုပ် နဲ့ ဧည့် ခံ မှာ ဖြစ် ပြီး
    နေ ့ လည် စာ ကို တော့
    ကျွန် မ က တာ ဝန် ယူ မှာ ဖြစ် ပါ တယ်
    အ ခု ချိန် အ ထိ တော့
    ဘာ နဲ့ ဧည့် ခံ ရ မှန်း မ သိ သေး ပါ ဘူး
    အ ဆင် ပြေ သင့် တော် မယ့်အ စား အ သောက် မျိုး
    ကျွန်မ ကို အ ကြံ ပေး ကြ ပါ ရှင်

  • kyeemite

    April 2, 2014 at 3:10 pm

    လိုက်ပါနိုင်သူများ ဒီပို့စ်မှာကွန်မန့်လေးနဲ့ အတည်စါရင်းပေးစေချင်ပါသည်…အစားအသောက် စီစဉ်ပေးမည့်သူများ အဆင်ပြေစေရန်နဲ့ မလိုပဲ အလဟသ မဖြစ်အောင်ပါနော…
    ကိုပေါက်ရေ..ကျုပ်အလှူငွေတော့ အဲ့နေ့မှယူပေတော့ဗျာ….
    အားလုံးကိုခင်မင်ရင်းနှီးစွာဖြင့်….. 😛

  • ဟုတ် သည် ကို မိုက် ကျ နော် လဲ လိုက ်မယ် ့ လူ စာ ရင်း ကို သိ ချင် သည် ပို တာ က ကုန် အောင် ထပ် စား လို့ ရ သည်
    လို နေ ရင် ခက် မယ်
    မဒမ် မိုက် ရော ပူ တူး တူး တွေ ပါ ခေါ် ခဲ့ စေချင် ပါ သည်

    • snow smile

      April 2, 2014 at 4:05 pm

      မ လို ဘဲ အ လ ဟ သ မ ဖြစ် အောင် ပါ ဆို မှ ကုန် အောင် ထပ် စား မယ်
      လုပ် နေ တယ်
      အင်း ကျန် တာ တွေ အ ကုန် လုံး လေး ပေါက် တ ယောက် ထဲ စား ပြ
      မ ကုန် နိုင် မ ခန်း နိုင် တွေ ဖြစ် ရင် အ လ ဟ သ ဘဲ လေ
      နဲ နဲ ပါး ပါး ပို တာ အ ကြောင်း မ ရှိ
      လို နေ ရင် လဲ မ ကောင်း
      လေး ပေါက် ဘဲ လူ အ ရေ အ တွက် မေး ထား ပေး ပါ

  • (အား လုံး ကို လဲ အ ဆင် ပြေ
    အား လပ် ကြ မယ် ဆို ရင်
    လိုက် ခဲ့ ကြ ပါ လို ့ ဖိတ် ခေါ ် ပါ တယ်)

    မှန် ပါ ့ ခင် ဗျာ

    အား လုံး ကြား ကြား သ မျှ
    မိတ် ဆွေ အ ပေါင်း အသင်း အား လုံး
    အ ဆင် ပြေ မယ် ဆို ရင်
    လိုက် နိုင် အောင် ကြိုး စား ကြ ပါ လို့ တိုက် တွန်း ပါ တယ် ခင်ဗျာ
    မ ပြော မ ရှိ နဲ့ နော် ခေတ် မှီ အောင် ကံ စမ်း မဲ အစီ အစဉ် လဲ ပါ တယ် နော်
    ( ကံ စမ်း မဲ က ဘာ လဲ ဆို တာ တော့ အထူး လျိုဝှက်)

  • အာဂ

    April 2, 2014 at 4:26 pm

    လိုက်ပါမည်ခင်ဂျာ..။ ညတော့စောစောအိပ်ရမယ်ထင်ပ..လေးပေါက်ရေ..။

  • Myo Thant

    April 2, 2014 at 4:34 pm

    အနော်လိုက်မယ်နော်

  • ဦးကျောက်ခဲ

    April 2, 2014 at 5:48 pm

    ကျောက်စ်မောင်နှံ သောကြာနေ့ ညသန်းခေါင် ရွာပြန်ရောက်မှာမို့ အလှုလိုက်ဖို့မီပါတယ်… ဂွဒ်
    ဒါပေသည့် စောစောထပြီး ရွှေပြည်သာခြံကို ဝင်စရာရှိသေးတာမို့ မဒမ်မိုက် နန်းပြားသုတ်တော့လွတ်ပြီ…
    နောက်ပြီး အဲသည့်အလှုပြီးရင် ဒါဇင်ပလပ်စ်များရဲ့ တိုက်ကြီးအလှု ဆက်သွားပါမယ်…
    တိန်… အဲဒါဆို အမကြီး မနှင်းပြုံးရဲ့ နေ့လည်စာလည်းလွတ်ပြန်ပေါ့…. ဗြဲ
    ပြီးရင် မယ်နှင်းအမျိုးတွေရှိရာ ပေါင်းတည်ကိုဆက်မောင်းမှာမို့ ကားကြုံလိုက်လိုသူများ တစ်ခြမ်းရပါမည်…
    ဆိုတော့… ဒါရိုက်လာပါမည် ၊ အလှုတော်မင်္ဂလာ ရေစက်ချ အချိန်လေး အသိပေးပါခီညာ…
    😀

  • Foreign Resident

    April 2, 2014 at 11:13 pm

    ဦးကျောက်ခဲ says:
    ” ကျောက်စ်မောင်နှံ သောကြာနေ့ ညသန်းခေါင် ရွာပြန်ရောက်မှာမို့ အလှုလိုက်ဖို့မီပါတယ်
    နောက်ပြီး အဲသည့်အလှုပြီးရင် ဒါဇင်ပလပ်စ်များရဲ့ တိုက်ကြီးအလှု ဆက်သွားပါမယ်… ”

    အင်းးးးး ။ ဂဇက် က ရွာသူားတွေများ အလှူ ရေစက် လက်နှင့်မကွာဘဲ ။
    အလှူ တွေများ တစ်ခုပြီး တစ်ခုကို ဆက်လို့ ။ သာဓုပါဗျာ ။ သာဓုပါ ။

    ကိုပေါက်ရေ ကျနော့် အလှူငွေ ရပြီးပြီ ထင်ပါတယ် ။
    ကျနော့် ကိုယ်စား ဘယ်သူများ စိုက်ထားပါလိမ့် ။ ဦးပါ ထင်ပါ့ ။

  • Ma Ma

    April 3, 2014 at 7:49 am

    လိုက်ပါသူများ၏ အပျော်မျှဝေပေးချက်ကို စောင့်မျှော်မည်ဖြစ်ပါကြောင်းးးးးး 🙂

  • weiwei

    April 3, 2014 at 9:16 am

    လိုက်တော့လိုက်မယ် .. ဒါပေမယ့် နေ့လည် ၁၂ နာရီအိမ်အရောက်ပြန်ရမှာမို့လို့ အစီအစဉ် အသေးစိတ် သိချင်ပါသည် ..

  • မနက် ( ၇) နာ ရီ စု ရပ် မှာ ဆုံ ကြ ပါမည်။
    ပြီး လျင် ရွှေ ပြည် သာ ကို သွားရောက်လှူဒါန်း ကြ ပ ါမည်

    ပြီး လျင် မိမိ စိတ ်တိုင်း ကျ ပြန ်လို သည့် အချိန် တွင် ပြန် နိုင် ပါ သည်။

    လူ များ များ လိုက် မယ် ဆို လျင် တော့ လှော် ကား သို့ သွား မည် ဖြစ် ပါသည်

    အကယ် ၍ မ အား လုပ် သူ မျ ား လျင် လှော ်ကား သို့ မ သွား ပါ။

  • 3-4-2014 နေ့ တွင် မြန် မာ ဂေဇက်မှ
    စေတနာရှင် ရွာသားတ စ်ဦး မှ ကျပ်သုူံးသောင်းနှင့်
    ရန်ကုန်မြို့ ဖေစ် ဘုတ် မှ မိတ ်ဆွေ
    ကိုကိုးဥ က ကျပ် သုံး သောင်း လှူ ဒါန်း ထား သည်ကို
    လက် ခံ ရရှိပါ သည်။
    (3-4-2014) နေ့ ထိ အ လှူ ငွေ စု စု ပေါင်း
    3165000ကျပ်နှင့် S$260 တိတိလက် ခံ ရရှိ ပြီး ဖြစ် ပါသည်
    အား လုံး ကို ကျေး ဇူး တင် ပါ သည် ခင်ဗျား

  • TNA

    April 3, 2014 at 4:41 pm

    လာခဲ့ပါ့မယ်။ ပါမစ်ရပြီးကြောင်း အသိပေးအပ်ပါတယ်။ အလှုငွေတွေတော့ အဲ့နေ့မှပဲပေးတော့မယ်လေးပေါက်ရေ။

  • kai

    April 3, 2014 at 5:48 pm

    အမေရိကားကလှူမယ်ပြောထားတဲ့.. အလှုရှင်ဆီက ၁၀ဝဒေါ်လှရပြီဗျို့..။
    အဲဒါ.. အမှီမပို့နိုင်လောက်တာမို့.. စိုက်နိုင်သူရှိရင် စိုက်ထားပေးစေလိုပါတယ်ခင်ဗျ….။
    ညီတော်မောင်လည်း.. မနေ့ကမှ ရန်ကုန်ကနေ..ဂျပန်ပြန်သွားတာမို့.. မမှီလိုက်ပါ..။

    ဒီတပါတ် စနေတနင်္ဂနွေမှာတော့ သွားလွှဲပါ့မယ်ခင်ဗျ..။ :mrgreen:

  • padonmar

    April 3, 2014 at 8:28 pm

    ကိုပေါက်ရေ
    သဂျီး ဒေါ်လှ ကို ကျမ စိုက်ထား ပေးပါမယ်။အလှူနေ့ကျပေးမယ်လေ။
    သဂျီး လေစိုက်တဲ့ အလှူလေး အထမြောက်သွားအောင်ပါ။

    • Foreign Resident

      April 4, 2014 at 8:07 am

      Padonmar says:
      ” သဂျီး လေစိုက်တဲ့ ( လေစိုက်တဲ့ ) အလှူလေး အထမြောက်သွားအောင်ပါ ”

      ဟီ ဟိ ။

    • kai

      April 4, 2014 at 2:29 pm

      ကျေးကျေး..ရွာ့အရီးရေ..
      လေစိုက်တာမဟုတ်.. ရန်ကုန်ငွေလွှဲခစိုက်ပါမယ်ဆိုတာကို.. လွှဲခ၃ဒေါ်လှပါ..နောက်ကနေထပ်ပို့လွှဲတော်မူတယ်ဗျ..။
      ကြည်ရတာ..ကုသိုလ်တွေပဲ့သွားမှာစိုးတယ်ထင်…။ :mrgreen:

  • Ko chogyi

    April 4, 2014 at 7:51 am

    Rose Minn က ကျွန်တော်ဆီမှာ အလှူငွေ တစ်သောင်းအပ်ထားပါတယ်။
    ကျွန်တော်က တစ်သောင်းလှူပါမယ်။ ကိုပေါက်စာရင်းမှတ်လို့ရအောင်ပါ။

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    April 4, 2014 at 2:57 pm

    သာဓုပါဗျာ
    သီလရှင်တွေဆို လှူသူနဲလှပါတယ်

  • Ma Ei

    April 4, 2014 at 3:17 pm

    မအိ၊ သမီးလေးနဲ့
    မနက် ရ နာရီ
    စုရပ်ကိုလာခဲ့ပါမည်…

  • 4-4-2014 နေ့ တွင်
    မြန် မာ ဂေ ဇက် မှ
    Rose Min မှ ကျပ် တစ် သောင်း
    ကိုနောင်မှ ကျပ် တစ် သောင်း
    ကိုမျုိုးသန့်မှာ ကျပ်တစ် သောင်း
    နိုဇိိုမိ ကျပ် နှစ် သောင်း
    ကြောင်ကြိးမှ US $ 100
    စင်္ကာပူမှ
    ဦးခင်မောင်ကျော် မှ ကျပ် ငါးသောင်း
    နှင့်
    ဦး စိုးလင်းဦး မဆွေ ဆွေဝင်း မှ ကျပ် ငါး သောင်း ကို
    Snow Smile ထံတွင်
    ဒုတိယအကြိမ် ထပ် မံ လှူဒါန်း ထား သည်ကို
    ကျေး ဇူး တင် စွာ ဖြင့် လက်ခံ ရ ရှိ ပါ သည်။

    “အ လှူ ကောက် ခံ ရ ငွေ စု စု ပေါင်း စာ ရင်း”
    (4-4-2014) ညန လေး နာ ရီ အထိ
    စု စု ပေါင်း အ လှူ ငွေ စာ ရင်း
    Snow smile တွင် 650000 ကျပ်
    ရန်ုကုန် တွင် 872000
    ကို ပေါက် မန္တလေး ထံ တွင 1803000
    &စု စု ပေါင်း 3325000ကျပ် တိ တိ ဖြစ ်ပါ ကြောင်း
    နှင့်
    Snow smile တွင် S$ 260$
    ရန်ကုန်တွင် US$ 100 လက် ခံ ရ ရှိ ပြီး ဖြစ် ပါသည်။

    ဝိုင်းဝန်း ကြ သူ အား လုံး ကို ကျေးဇူး တင်ပါ သည်ခင်ဗျား။
    ယခု ဖော် ပြ ထား သော စာ ရင်း တွင် လှူ ဒါန် း မည်ဟု
    အကြောင်း ကြား ထား သော မိတ် ဆွေ များ ၏ စာရင်း ပါ ထည့် သွင်း ဖော် ပြ ထား ခြင်းဖြစ် ပါသည်။

  • snow smile

    April 6, 2014 at 2:09 pm

    အ လှူ ငွေ စု စု ပေါင်း သိန်း ၅ဝ လှူ ဒါန်း ခဲ့ ပါ တယ် ရှင်
    လှူ ဒါန်း သူ များ နဲ့ အ လှူ ပွဲ ကို ကြွ ရောက် သူ မိတ် ဆွေ များ
    အား လုံး ကို အ ထူး ကျေး ဇူး တင် ပါ တယ် ရှင်

  • kai

    April 6, 2014 at 4:03 pm

    ဂုဏ်ယူစွာနဲ့.. သတင်းစာထဲမှတ်တမ်းကျန်အောင်… ထည့်မှာမို့.. ဓါတ်ပုံနဲ့သတင်းရေးပြီးပို့ပေးစေလိုပါတယ်ခင်ဗျ..
    ့.. နောက်တပါတ်ထဲ… ဗုဒ္ဓဟူးနေ့လောက်အမှီပေးစေလိုပါကြောင်း..
    ဖြစ်နိုင်ရင်.. ကိုပေါက်ကိုယ်တိုင်.. စာမျက်နှာ ၁မျက်နှာစာစာတွေရယ်. ဓါတ်ပုံ၃ပုံရယ်… ရေးပါစေလို…။ :mrgreen:

  • alinsett (gazette)

    April 6, 2014 at 5:56 pm

    ဂဇက်နဲ့ပက်သက်တဲ့ ဘာပွဲကြုံကြုံ
    ကျနော်ချည်းပဲ လိုက်ချင်သွားချင်နေတဲ့ စိတ်ကို ချိုးနှိမ်ပြီး
    မိုးမင်းသားကြီးကို အလှည့်ပေးလိုက်ပါတယ်

    အရင် အခေါက်ပွဲတွေမှာ ကျနော် လာနိုင်တာက အဲဒီမိုးမင်းသားကြီးကို အနိုင်ကျင့်ပြီး ကျနော် လာခဲ့ရတာလေ

    အလုပ်တူ ဖြစ်နေပြီး
    အလုပ်မှာက သူ မရှိရင် ကျနော် ရှိကိုရှိရမယ်
    ကျနော်မရှိရင် သူ ရှိကိုရှိမှ ဖြစ်မယ့်အနေအထားမို့
    နှစ်ယောက်ပြိုင်တူလည်း မသွားနိုင်ကြ
    ကိုယ်ချည်းပဲ ပွဲမှန်သမျှ လိုက်နေရအောင်လည်း အားနာ မျက်နှာပူ

    ဒီလိုနဲ့
    လိုက်ချင်လွန်းတဲ့ ဟောဒီပျော်စရာ အလှူခရီးစဉ်ကို မလိုက်ဖြစ်ခဲ့တာ
    . . . .

    =========

    နေ့လည်က မိုးမင်းသားကြီးဆီ ဖုန်းဆက်ပြီး အလှူမှာ ဘာတွေလုပ်ကြလဲ
    ဘယ်သူတွေ လာကြလဲ
    ဘယ်လိုတွေလဲ ဆိုပြီး အားရပါးရမေးနေမိတာ
    သူပြောပြတာကို နားထောင်ပြီး
    ပျော်စရာပွဲကြီးပါလား ဆိုပြီး ဝမ်းတွေ သာနေမိပါတယ်။

    🙂

  • padonmar

    April 6, 2014 at 11:28 pm

    အလက်ဆင်း ရဲ့ after you စိတ်ဓာတ်လေး ကို ချီးကျူးပါတယ်။
    ဒါမှ ဒို့ ဂဇက်ရွာသားစစ်စစ်ဟေ့။

  • ဦးကြောင်ကြီး

    April 7, 2014 at 12:21 am

    အလှူ ပွဲသွား
    ငါးခူရဲဇား
    ဘယ်သူလဲကျား
    တမူကွဲထား
    လအူဝဲစား
    ကလူပဲများ
    ဇမ္ဗူ ဖြဲဝါး
    အယူလွဲသွား..

  • Kaung Kin Pyar

    April 7, 2014 at 2:10 pm

    ရ ရက်နေ့ရောက်မှ ဒီစာ ဖတ်ရပါတယ်…။ နောက်တစ်ခေါက်လှူဖို့များ ရှိရင် သိရအောင် ရွာထဲ အမြဲ ဝင်ကြည့်ပါ့မယ်….။ လှူဖို့ ဆော်ဩသူ ကိုပေါက်ရော ပါဝင်ကုသိုလ်ယူသူ ရွာသူားများ၏ ကောင်းမှုကိုလဲ သာဓုခေါ်ပါတယ်…။

  • Ma Ma

    April 9, 2014 at 2:51 pm

    ကိုပေါက်က အစုကြီးဆေးရုံ အလှူ ပွဲတုန်းက မဖြစ်ဖြစ်အောင် ကြိုးစားပြီး လိုက်လာခဲ့ပေမယ့်….
    ကိုပေါက်ဦးဆောင်တဲ့ ဒီအလှူ ပွဲကိုကျတော့ မလိုက်နိုင်တာ တောင်းပန်ပါတယ်။ 🙁

    ကြုံတုန်းပြောရရင်……
    ရွာထဲစရောက်ခါစတုန်းက ကိုယ်ပြောချင် ရေးချင်တာ လွတ်လွတ်လပ်လပ် ရေးနိုင်ပြောနိုင်လို့ သဘောကျတာအပြင်….
    ကိုယ်မမြင်တတ်တဲ့ ရှု့ထောင့်တွေကနေ မြင်တတ် တွေးတတ်ကြတာတွေကို သင်ယူရင်း ရွာသူားအဖြစ်ကို ဂုဏ်ယူစွာ ခံယူမိတယ်။

    အခုလို တွေ့ကြဆုံကြ စားကြသောက်ကြ စုပေါင်းလှူ ကြ တန်းကြရင်းနဲ ့မောင်ရင်းနှမတွေလို ခင်မင်လာကြလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

    မနှင်းပြုံးကိုလည်း မြင်ဖူးချင်တယ်။
    မဒမ်မိုက်လက်ရာ နန်းကြီးသုတ်ကိုလည်း ကြိုက်တယ်။
    ရွာ့ကွပ်ပျစ်ရဲ့ ပဲအီကြာကိုလည်း ကြည့်ပြီး သွားရည်ကျသွားတယ်။ 🙂

  • မ မ ေ ရ တိုက် ဆိုင် တာ လေး ပြော အုံး မယ်

    ပန်း တ နော် အ စု ကြီး တုံး က လည်း ကျ နော် တောင် ကြီး က နေ ရန် ကုန် ကို လာ ခဲ့ ရ တယ်။

    အ ခု ဒီ တစ် ခါ အ လှူ မှာ လဲ တောင် ကြီး က နေ လာ ခဲ့ ရတယ်။

    ဒီ တစ် ခါ က တော့ ဆက် တိုက် လာ ခွင့် မ ရ ဘဲ မန်း လေး ကို ပြန် ပြီး မှ လာ ခဲ့ ရ တာ ပါ။
    31 -3-2014 မှာ တောင် ကြီး သွား အဲ ဒီ ကေ န အောင် ပန်း ဆက်
    3-4-2014 ည မှာ တောင် ကြီး ကေ န မန်း လေး ကို ပြန်.။
    4ရက်ေ န့ မ နက် ရုံး တက်။
    ည ကား နဲ့ ရ န် ကုန် ပြန် ဆင်း လာ ခဲ့ ရ တာ ။
    5ရက် နေ့ မ နက် ရောက်။
    အ လှူ လုပ် မယ့် ကျောင်း ကို သွား ။
    နောက် ရက် အ လှူ လုပ် မှာ အတွက် လို အပ် တာ တွေ ပြင် ဆင်။
    ည က တော့ မောင် ယဉ် အောင် အိမ်မှာ အိပ်
    6 ရက် နေ့ အ လှူ လုပ်။
    ပြီး တာ နဲ့ ည ကား န ဲ့ မန်း လေး ပြန ်ဆင်း ။
    အဲ လို ကျပ် ကျပ် ကြီး သွား ခဲ့ လာ ခဲ့ ရ တာ မမ ရေ။

    ဒါ ပေ မယ့် အင် မ တန် ပျော် ခဲ့ ရ ပါ တယ် မမ ရေ။

    မမ တို့ မ လိုက် ဖြစ် တာ ကို လဲ နား လည် ပေး ပါ တယ် ခင်ဗျား

Leave a Reply