လွတ်မြောက်ခြင်း
အခါခါသေခဲ့ပြီ
ဒါလည်းမမှတ်၊
ဘဝတွေအခါခါပြောင်းခဲ့ပြီ
ဒါလည်းမမှတ်၊
ဆင်းရဲဒုက္ခတွေ အကြိမ်ကြိမ်တွေ့ခဲ့ပြီ
အမှတ်မရှိ၊
နောက်ထပ်ဘဝတွေ-သေခြင်းတရား-ဆင်းရဲဒုက္ခတွေ
အကြိမ်ကြိမ်ပြောင်းလဲကြုံတွေ့ရဦးမယ်၊
သံသရာလွတ်မြောက်ခြင်းတရား
ရှာဖွေ-ကျင့်ကြံ-အားထုတ်ပါတော့ကွယ်။
မင်းသုတ
17:00 PM
5.4.2014
One comment
alinsett (gazette)
April 6, 2014 at 5:49 pm
ဒီသံသရာက လွတ်ဖို့ဆိုတာ. . . .
အင်းးးးးး
မလွယ်ပေမယ့်
လွယ်သယောင်ယောင်တွေးပြီး ကျော်ကြည့်ရဦးမှာပေါ့နော်